Friday, 10 December 2010

ကျွန်တော်တို့ဘာကြောင့်စာဖတ်သင့်သလဲ ...

စာဖတ်ခြင်းကို တန်ဖိုးထားလေးစားသော ဆရာချစ်နိုင်(စိတ်ပညာ) ၏ အတွေးအမြင်


စာဖတ်ခြင်းကို တန်ဖိုးထားလေးစားသော ဆရာချစ်နိုင်(စိတ်ပညာ) ပြည်သူ အကျိုးပြုနှင့် လူမှူရေးတက်ကျမ်းစာပေများဖြင့် ယနေ့လူကြီးလူငယ်များအတွက်ဦးနှောက်အဟာရ ဖြစ်စေသော  စာပေများရေးသားလေ့ ရှိသည့်  စာရေးဆရာကြီး ချစ်နိုင်(စိတ်ပညာ)မှ စာဖတ်ခြင်း၏ကောင်ကျိုးနှင့် အတွေးအမြင်များကို စေတနာနိဒါန်း ၊ မေတ္တာနိဂုံး  တို့ဖြင့်တင်ပြခဲ့ပါသည်။

အနာဂတ်မှာရင်ဆိုင်မယ့်လူအဖွဲအစည်း အသစ်က နှစ်ဆယ်ရာ စုနှောင်းပိုင်းက လူဘောင်မျိုးမဟုတ်ပဲ အလွန်လျှင်မြန်လှတဲ့ အပြေင်းအလဲလူအဖွဲအစည်း တစ်ခုအဖြစ် တွေးခေါ်ဆောင်ရွက်မှူ အစိတ်အပိုင်းတော်တော်များများထွက်ေါ်နေပါပြီ ။ခေတ် ၊စနစ် ၊ စစ်ပွဲ ၊ နည်းပညာ ၊ တီထွင်ထုတ်လုပ်မှူ အားလုံးမှာ
သာလွန်အနိုင်ရရှိနေသော အခြေအနေများကို သုံးသပ်မည်ဆိုပါက စီမံခံခွဲမှူသာလွန်ကောင်းမွန်ေသာ  နိုင်ငံအုပ်ချုပ်သူ နည်းစနစ်များကသာ ဦးဆောင်သွားသည်ကို တွေမြင်နေကြရပြီးဖြစ်သည် ။

စီ်မံခံခွဲမှူအမျိုးမျိုးအနက်မှာ တစ်ဦးခြင်းနှင့်သက်ဆိုင်တဲ့ အလုပ် ၊ အချိန် ၊ ဘဝတွေဟာလဲ ကောင်းမွန်တဲ့စီမံခံခွဲမှူများ၏ သက်ရောက်မှူရှိသလို.... နိုင်ငံတစ်ခုနှင့် နှိူင်းရှင်သုံးသပ်မည်ဆိုပါက ပြည်သူလူထုရဲ့ ရွေးချယ်မှူ ဆုံးဖြတ်မှူ ပါဝင်လုပ်ဆောင်မှူတွေကို အလေးထားတဲ့ ဒီမိုကရေစီ  စနစ်မှာ အတွေးအခေါ် အသိအမြင်
စွမ်းရည်မြင့်မားသူတွေရဲ့ အသိအမြင်တွေ စီမံခန့်ခွဲမှူတွေ ပိုပြီးအရေးပါပါမယ်။

မီးတောက်ကြီးတစ်ခုရဲ့ လောင်ကြွမ်းမှူနဲ့အပူစွမ်းအင်များသည် ထင်းတစ်ချောင်းစီ၏ စုပေါင်းစွမ်းအားများမှထွက်ပေါ်လာတဲ့အပူစွမ်းအင်နဲ့ ပမာမျှလှပါတယ် ။ ပင်လယ်တစ်ခုကို ရုတ်ချည်း ရေပြည့်  တာမျိုးမဟုတ်ဘဲ မိုးရေစက်များစွာနဲ့ စုပေါင်းထားခြင်းသာဖြစ်ပါတယ်။လူတစ်ဦးခြင်းစီရဲ့ စီမံခံခွဲ တတ်မှူ တစ်ဦးခြင်းအရည်အသွေးက အလွန်အရေးပါလှပါတယ်။ အဓိကက ပညာရေးပါဘဲ။  ကျောင်းသင်ပညာရေး ကအခြေခံကောင်း ဖို့လိုပါမယ်။ မိသားစုဘဝပျိုးထောင်မှူကအစောဆုံးဖြစ် ၍ မိဘတွေကအစ အမြော်အမြင်ရှိရပါမယ် ။

လူသားတွေဟာ ပတ်ဝန်းကျင်ဆက်ဆံရေးရိုက်ခတ်မှူနဲ့ အသိမြင်ဖွံဖြိုးခွင် ရရှိကြပါတယ်။ ဝန်းကျင်၊ ရပ်ရွာ ၊  မြို့ ပြလူနေမှူအဖွဲအစည်းရဲ့ ဆက်ဆံရေးပုံသွင်းမှူတွေက အရေးကြီးလှပါတယ်။ မိသားစုအခြေအနေနဲ့
ကျောင်းသင်ပညာရေးမှ လွမ်းမိုးပြုပြင်မှူများက  အားကစား အနုပညာ မျိုးချစ်စိတ် ဘာသာရေး ပရဟိတစိတ်ဓါတ် အချိန်ကိုအသုံးချတတ်မှူနဲ အလုပ်စီမံခန့်ခွဲနိုင်စွမ်း တွေက တစ်ဦးခြင်းစီရဲ့ ရွေးချယ်တန်ဖိုးထားမှူနဲ ကိုယ်ရည် ကိုယ်သွေးများ (personality) အရ ကွဲပြားသွားကြပါတယ် ။လူတစ်ယောက် တော် ၏
သင့်၏ ကို  " ဒီပုတ်ထဲကဒီပဲ " ဆိုတာမျိုးတော့ တရားသေပြောလိုမရပါဘူး  ။
 

ချင့်ချိန်နိုင်စွမ်းအား

လူခြင်းတူသော်လည်း အသက်ရှူပုံကွဲပြားခြင်းတွေရှိပါတယ်။
သွေးသားရင်းခြာမောင်နှမတွေမှာ  အကြိုက်စရိုက် မတူညီတာတွေက  သာဓကဖြစ်ပါတယ် ။
ကွဲပြားမှူတစ်ခုစီတော့ရှိကြပါတယ်။

ကောင်းတဲ့ လားရာကွဲပြားတူညီမှူတွေကို တူညီတဲ့ပဲ့ပင် မှူတစ်ခုအဖြစ်
စာများများဖတ်ရပါမယ် ။ စာဖတ်ခြင်းအသိဉာဏ်ရှိနေသူမှာ ဘဝရဲ့ကြုံတွေရတတ်တဲ့
ချောက်ကမ်းပါးတွေ လမ်းမှားတွေ
ကို ကြိုတင်စီမံခန့်ခွဲရှောင်လွှဲ နိုင်ပါတယ်။

လမ်းကောင်းကိုကြိုဆနိုင်လို ့အချိန်ကိုအကျိုးရှိအောင်  သုံးတတ်မယ် ။အဓိကနဲ့သာမည ခွဲခြားတတ်လာမယ်။ (ခေတ်စကားတစ်ခု အယ်ဒီတာစကား။ ။ အရေးမကြီးတာကို အရေးကြီးသလိုလုပ်တယ်။)အလုပ်ရဲ့ထွက်လာ မယ့်ရလဒ် အကောင်းအဆိုး ကိုချင့်ချိန်နိုင်မယ် စာဖတ်သူများက စာမဖတ်တဲလူထက် သိသိသာသာ
ခေါင်းတစ်လုံးစာမက ပိုမြင့်ပိုမြင်နိုင်ကြပါ တယ်။  


စာဖတ်သော အယ်ဒီတာ

ဆိုဗီယက်ရုရှားခေတ်ပြောင်းတော်လှန်ရေးကြီးကို ခေါင်းဆောင်အောင်မြင်စေခဲ့တဲ့ ကွန်မြူနစ်  ခေါင်းဆောင် “ ဗွီအိုင်လီနင်
“  ဟာ သတင်းစာဆရာ ၊ ဂျာနယ်အယ်ဒီတာအဖြစ် စာအလွန်ဖတ် သူဖြစ်တယ် ။
(အယ်ဒီတာဖြည့်စွက်။ ။အခုရှိသေးရင် ဝက်ဘ်အယ်ဒီတာ ပါဖြစ်ဦးမည်။)
စာအလွန်ဖတ်ပြီး ဆောင်းပါးတွေ  လဲ ရေးခဲ့ပါတယ် ။ စာဖတ်လွန်းတဲ့ လီနင် ဟာ အမြင်ကျယ်ပါတယ်။




စာဖတ်သော ရှေ့နေ




အမေရိကန်သမ္မတပေါင်း (၄၅) ဦးလောက်ရှိတဲ့အနက်မှာ လင်ကင်း(သို)အေဗရာဟမ်လင်ကွန်း က
ဘယ်သူှမယှဉ်သာအောင် လူသေသော်လည်း နာမည်မသေသူ လေးစားချစ်ခင်မြတ် နိုးဖွယ် 
ပုဂ္ဂိုလ် ထူးကြီးဖြစ်ပါသည် ။  လင်းကင်းရဲ့စာပေစာမျက်နှာများမှာ
ကျောင်းတတ်ရက် တစ်နှစ်ခွဲတောင်မရှိဘဲ
ကျောင်းစာလည်းကောင်းကောင်းမသင်ခဲ့ရရှာပါဘူး ။

ဒါပေမဲ့စာပေကို အလှမ်းမဝေးဘဲ ရသမျှလက်လှမ်းမှီသမျှ စာတွေကိုဖတ်မှတ်လေ့လာတယ် ။ ရှိတ်စပီယားနဲ့
အကျော်အမော်စာဆိုကြီးတွေရဲ့စာေတွနဲ့ရင်းနှီးလှတဲ့ လင်ကင်းရဲ့မိန်ခွန်းတိုင်းက အဆီအသားပြည့်ဝလှပြီး
ပြည်သူ့ဘဝင်စွဲနေလို့ ဒီနေ့ဒီနေ့အချိန်အထိ မေ့မရတသသ ဖြစ်နေဆဲ ဖြစ်ပါတယ် ။

 

စာကြည့်တိုက်မှူး


နယ်ချဲ့ဆန့်ကျင်ရေးတိုက်ပွဲကာလအတွင်းမှာ ဖက်ဆစ် ဂျပန်တွေကို တော်လှန်ကြရပါတယ် ။ အဲ့ဒီအခါမှာ ဗမာ့လွတ်လပ်ရေးတပ်မတော်ထဲကို ဟိန္ဒားသတ္တုမိုင်း အလုပ်သမားတစ်ယောက်ဟာ ယိုးဒယားမှ ရန်ကုန်သို့တိုက်ခိုက်ချီတက်လာတဲ့ စစ်ကြောင်းမှာ ရဲဘော်အဖြစ် ဝင်ရောက် လုပ်ကိုင်လိုက်ပါလာခဲ့တယ် ။သူက ဟိန္ဒားသတ္တုတွင်း အလုပ်သမားစာကြည့်တိုက်မှာ " စာကြည့်တိုက်မှူးစေတနာ့ဝန်ထမ်းလုပ်တယ်" ။ သူက အတန်းပညာ ရှစ်တန်း ၊ ကိုးတန်းသာ အောင်ပေမဲ့ စာဖတ်ဝါသနာထုံတော့ အလွန်စာဖတ်အားကောင်းတယ်။ ဘီအိုင်အေ ခေတ်မှာ သူဟာ ရာထူးအဆင့်ဆင့်တက်ပြီး အရာရှိဖြစ်လာတယ် ။

ဗိုလ်ဗထူးပေ့ါ ။ တိုက်ရည်ခိုက်ရည် ထူးထူးချွန်ချွန်ကောင်းတာကြောင့် တပ်ရင်းမှူးရာထူးပေးအပ်ခြင်းခံရတယ် ။ (ရဲဘော်သုံးကျိပ်ဝင်တွေတောင် တပ်ရင်းမှူးရာထူးမရတဲ့သူတွေရှိပါတယ်။) ဖက်ဆစ်တော်လှန်ရေးမှာတော့ ဗိုလ်ချူပ်အောင်ဆန်းက ဗိုလ်မှူးကြီး ဗထူးကို မြောက်ပိုင်းတိုင်း တိုင်းမှူးအဖြစ် ကွပ်ကဲတိုက်ခိုက်စေပါတယ် ။

စာဖတ်ခြင်းရဲ့ကောင်းကျိူးနမူနာလေးပါ ။ ဗိုလ်မှူးကြီးဗထူးလို လူကောင်းလူတော်တွေ ဦးစီးကွပ်ကဲတော့ ဖက်ဆစ်တော်လှန်ရေးကြီး ဟာလည်း ပြည်သူတွေရဲ့အားပေးကူညီမှုနဲ့အင်္ဂလိပ်တွေ တအံ့တသြ ဖြစ်ရလောက်အောင်အထိ ရာဇဝင်စာတင်ခဲ့ရတာပဲပေ့ါ ။

စာဖတ်သောမြန်မာ့ အမျိုးသားခေါင်းဆောင် 


သခင်အောင်ဆန်း (သို့)ဗိုလ်ချုပ်အောင်ဆန်းဟာ တိုက်ရေးခိုက်ရေး ရှေတန်းတင်ဦးစားပေးပြီး ၊ ရိုးရိုးသားသား ၊ အညာသားဆန်ပေမယ် တကယ့် သံတမာန်စေ့စပ်ဆွေးနွေးမှူ ၊ ရှေ့ဆောင် လမ်းပြနိုင်မှူ  ၊ ဆုံးဖြတ်ချက်တိကျ ပြတ်သားမှူနဲ့
မြင်ကြားတတ်သိလွယ်မှူတွေမှာ  ယှဉ်သာသူမရှိလောက်အောင် ထင်ရှားလှပြီး
ယနေ တိုင်မြန်မာပြည်သူလူထုရဲ့ အမှတ်အသား ကိုယ်စားပြုဖြစ်နေဆဲဖြစ်ပါတယ် ။

သခင်အောင်ဆန်းရဲ့ပင်ကိုယ်စရိုက်အဖြစ် ဘုဆတ်ဆတ် ခပ်ပြတ်ပြတ် ပြောဆိုတတ် ပြီး ၊ မလိုအပ်လျှင် နှူတ်ဆိတ်နေတတ်သော အမူအကျင့်ရှိသော်လည်း ၊ ပြောရေးပြောသင့် ပြောခွင့်ကြုံတဲ့အခါ  ထိထိရောက်ရောက် ၊
ထက်ထက်မြက်မြက်ရှိလှခြင်းက စာအလွန်ဖတ်ခြင်းကြောင့်ဖြစ်ပါတယ်။ ကိုယ်တိုင်ကဗျာနဲ့ဝထ္တူ ၊ ဆောင်းပါးများကို လည်း ရေးသားနိုင်ခဲ့သူဖြစ်ပါတယ် ။




စာဖတ်သော ထောင်ထွက်မှအလှူရှငိ

ပခုက္ကူဒေသမှထနောင်းကုန်းကျေးရွာအုပ်စု ရှားတောရွာနေငယ်အမည် တောခွေး (ခ) မောင်အုံးဖေ ရဲ့ဘဝအစကနွမ်းပါးလှပြီး မြင်းထိန်း၊ကွမ်းယာသည်၊ဖောင်သမား ကျပန်းအလုပ်စုနဲ့ဓားပြဖြစ်ပြီး ထောင်သုံးကြိမ်ကျဘူးခဲ့ပါတယ်။ ထောင်တွင်းမှ ဘဝသစ်  အတွေးသစ်တွေကိုစာပေမှားမှရယူပြီး မကောင်းမှူများစွန်
့လို့သူဌေး သူကြွယ် ကုန်သည် ပွဲစား ဖြစ်ခဲ့ပါတယ် ။

ဘဝမှတ်တမ်းများနဲ့ပခုက္ကူဦးအုန်းဦးဖေဆို တ ဲ့ကလောင်တစ်ချောင်းလဲပိုင် ဆိုင်ခဲ့ပြီး စာပေရန်ပုံငွေ (၇၆-သန်း)ကျော်  နဲ့ ပညာရေးထူးချွန်ဆုရန်ပုံငွေ (၅၄-သိန်း)  ကိုလည်း စာပေမျိုးစေ့ချလှူဒါန်းပြီး
ပရဟိတအောင်မြင်ခဲ့သူဖြစ်ပါတယ် ။



စာဖတ်သော အထွေထွေအတွင်းရေးမှူးချုပ်




အာရှကုလသမဂ္ဂခေါင်းဆောင် ပထမဦးဆုံးမြန်မာနိုင်ငံမှ  သက်တမ်းနှစ်ကြိမ်
(၁၀-နှစ်) တိတိ တာဝန်ထမ်းဆောင်ခဲ့သူ ဦးသန့်မှာ
ပန်းတစ်နော်အမျိုးသားကျောင်းမှ ကျောင်းဆရာတစ်ဦးဖြစ် ပြီး
စာအလွန်ဖတ်သူတစ်ဦးဖြစ်ပါသည်။ကမ္ဘာ့နိုင်ငံအားလုံးကကန့်ကွက်မဲမရှိ တညီ
တညွတ် တည်း ထောက်ခံရွေးချယ်ခန့်အပ်ခံရခြင်းက စာအရမ်းဖတ်လို့
ကမ္ဘာခေါင်းဆောင်နေရာ ရောက်သွားခဲ့တာပါ ။



စာအလွန်ဖတ်သော ဝန်ဇင်းမင်းရာဇာ

မြန်မာရာဇဝင်များထဲမှ ဘုရင်စိတ်ကျေပ်သည် အတိအကျမှန်ကန်စွာဖြေကြားနိုင်ခဲ့လို့ အင်းဝဘုရင် စွာစော်ကဲလက်ထက်မှ မင်းလေးဆက်တိုင်အောင် ရာထူးချီးမြှင့်ခံခဲ့ရပါတယ် ။ဘိုးရာဇာလျှောက်ထုံးများကို ယနေ့အထိ မှန်ကန်ဆဲ ကိုးကားနေရဆဲလဲဖြစ်ပါတယ် ။နန်းတော်မှာလည်း အမတ်ကြီးဘိုးရာဇာအဖြစ် ရာဇဝင် ထင်ရှားနေရခြင်းများက စာဖတ်တ ဲ့ အကျိုးများဖြစ်ပါတယ် ။


ဆရာချစ်နိုင် (စိတ်ပညာ)၏ အတွေးအမြင် နိဂုံး အဖြစ်စာဖတ်တဲ့ အကျင့် နေစဉ်ပြုလုပ်ပါ ။ အားကစားပဲ ဖတ်ဖတ် ၊  ဂျာနယ်ဘဲ ဖြစ်ဖြစ်  ၊ ဝထ္တူဘဲ ကြိုက်ကြိုက်  နှစ်သက်ရာစာအုပ်များ တန်းစီပြီးနေ့စဉ်ဖတ်ပါ ။ စာဖတ်သက်ရင်
့လာတာနဲ့အညီ စာကောင်းပေကောင်း တွေကို ၊ စီစစ် ဖတ်တတ်လာပါမယ်။ စာဖတ်သူမှန်သမျှ ကြီးပွားတိုးတတ်ကြ မှာပါ ဘဲ  ၊ ဘဝကို တန်ဖိုးရှိအောင်  ဘဝတန်ဖိုးမြှင့် ဖို့ကျွန်တော်တို့အားလုံး စာဖတ်ကြမှဖြစ်ပါမယ် ။

ရွှင်လန်းချမ်းမြေ့ကြပါစေ........

ဒါလေးကတော့ .. ဆရာချစ်နိုင်(စိတ်ပညာ) ရဲ့စာဖတ်ခြင်းအပေါ်ထားရှိတဲ့ အတွေးအမြင်လေးပါ ။ ဒါဆို ကျွန်တော်တို့ရော ဘယ်လို စာဖတ်ကြမလဲ .. ?? ကျွန်တော်တို့လို ကွန်ပျူတာသမားတွေ အတွက်ကတော့ အွန်လိုင်းမှာပဲ အများစု အနေနဲ့စာဖတ်ကြရမှာပါ ။ အဲ့မှာ အကျိူးရှိသော စာများကိုသာ ဖတ်ရှုလေ့လာနိုင်ဖို့အရေးကြီးပါတယ် ။ ညစ်ညမ်းစာပေများ ၊ ဝတ္ထုများလည်း အွန်လိုင်းပေါ်မှာ အများအပြား ရှိတာကြောင့် အဲ့လို အကျိူးမရှိနိုင်တဲ့ စာမျိူးတွေ အတွက် မိမိ အချိန်တွေ ၊ ငွေတွေ ကုန်ကျသွားတာကို နှမြောသင့်ပါတယ် ။

ဒါဆို.. ကျွန်တော်တို့အခု စာအုပ်တွေ ၊ မဂ္ဂဇင်းတွေ ၊ ဂျာနယ်တွေနဲ့စာဖတ်နေကြရပေမဲ့ .....နောင်အနာဂတ်မှာ ဘယ်လို စာဖတ်ကြမလဲ ?? ဆိုတဲ့ အကြောင်းအရာလေးကိုလည်း ထည့်သွင်းစဉ်းစားသင့်ပါတယ် ။ ( ဥပမာ - စာအုပ်တွေ မဂ္ဂဇင်းတွေ ပျောက်ပျက်သွားပြီး E-Reader တွေနဲ့ပဲ အလုပ်လုပ်ကြတော့မှာလား စသဖြင့်ပေ့ါ... )

"ပညာရဲရင့် ပွဲလယ်တင့်" ဆိုသလို စာများများဖတ်တဲ့ သူက မဖတ်တဲ့သူထက် ခေါင်းတစ်လုံးစာမျှ ပိုမြင့်ပြီး ပိုမြင်နိုင်စွမ်း ရှိတာကြောင့် ... မိမိတို့ရဲ့တန်ဖိုးရှိလွန်း လှတဲ့ ငွေပေးပြီး ဝယ်လို့မရတဲ့ အားလပ်ချိန်လေးတွေမှာ မိမိအတွက် အကျိူးရှိစေမဲ့ ... စာများကို ဖတ်ရှုခြင်းဖြင့် ....... အချိန်ကို တန်ဖိုး ရှိရှိ အသုံးချနိုင်ကြပါစေကြောင်းးး.............

ဆရာဒေါက်တာကျော်သိန်းပြောတဲ့ ငှက်ကလေးပုံပြင် …

      သစ်ပင်ပေါ်မှာငှက်တစ်အုပ်ရှိနေတယ် … အဲဒီငှက်အုပ်ကို သေနတ်နဲ့ ပစ်လိုက်တဲ့အခါ ငှက်တွေလန့်
ပြီး ထပျံသွားတယ် … ငှက်ဘယ်နှစ်ကောင် သစ်ပင်ပေါ်မှာ ကျန်နေခဲ့မလဲဆိုတဲ့ မေးခွန်းကိုဖြေမယ်ဆိုရင် အဖြေ ဘယ်လိုရမလဲ … ဖြေကြည့်ရအောင်ပါ …
          ၁ ။ တစ်ကောင်မှ မကျန်ပါဘူး …
          ၂ ။ တစ်ကောင် ကျန်နေခဲ့ပါတယ် …
          ၃ ။ နှစ်ကောင် ကျန်နေခဲ့ပါတယ် …
          ၄ ။ ငှက်တစ်အုပ်လုံး ကျန်ပါတယ် ….
          ဘယ်အဖြေမှန်မလဲ မေးရင် အဖြေအားလုံးမှန်တယ်လို့ ဆိုပါတယ် … ဘာလို့မှန်သလဲဆိုရင် အောက်
မှာ အဖြေကိုကြည့်ပါ …
          ၁ ။ တစ်ကောင်မှ မကျန်ပါဘူး … ဘာဖြစ်လို့လဲဆိုတော့ သေနတ်သံကြောင့်ငှက်တွေအားလုံး ထပျံ
သွားလို့ပါ …
          ၂ ။ တစ်ကောင် ကျန်နေခဲ့ပါတယ် … သေနတ်မှန်ပြီး သေသွားလို့ပါ …ခြေထောက်က ကုတ်ထား
တော့ ပြုတ်ကျမသွားပါ …
          ၃ ။ နှစ်ကောင် ကျန်နေခဲ့ပါတယ် … သမီးရည်းစား ငှက်နှစ်ကောင် ချစ်စကားတွေပြောနေလို့ ဘေးက
ဘာဖြစ်နေတယ် သူတို့မသိဘဲ လောကကြီးကိုမေ့နေလို့ပါ …
          ၄ ။ ငှက်တစ်အုပ်လုံး ကျန်ပါတယ် … တစ်ကောင်မှ ထမပျံပါဘူး … ဘာလို့လဲဆိုတော့ သေနတ်
ကျည်ဆန် မထွက်လို့ပါ ှ…
          အဖြေအားလုံး မှန်ရတဲ့အကြောင်းက အဖြေတစ်ခုချင်းစီမှာ ကာလဒေသ အခြေအနေတွေ ပါရှိနေလို့
ပါ … အဖြစ်အပျက် အကြောင်းအရာ တစ်ခုဟာ အခြေအနေတစ်ခုပေါ်မှာ အဖြေမှန်တစ်ခုဆိုတာရှိပါတယ် …
တရားသေ ဒီအဖြေပဲဆိုပြီး မှတ်ထင် ယူဆထားလို့ မရပါဘူး … ဘယ်လို Stutation ပေါ်မှာ ဘယ်လိုအဖြေရှိ
တယ်ဆိုတာတွေ့ရမှာ ဖြစ်ပါတယ် … ဒါကို Conditional Math လို့ခေါ်ပါတယ် … ဒီသဘောဟာ သင်္ချာသက်
သက်ပဲမဟုတ်ပါဘူး … စီးပွားရေး ၊ လူမှုရေး ၊ နိုင်ငံရေး ကိစ္စတွေမှာပါလေ့လာအသုံးချနှိုင်ပါတယ် …
စာဖတ်သူများအားကျေးဇူးတင်လျက် ...

နိုင်ငံခြားရောက် မြန်မာလူငယ်များ၏ အနာဂတ်အပေါ် စာရေးဆရာ အောင်သင်းအမြင် ...





စာပေဝေဖန်ရေးနှင့် နာမည်ကြီးသည့် ရန်ကုန်မြို့က စာရေးဆရာကြီး ဦး အောင်သင်းသည် လူငယ်များတိုးတက်ရေးကို စိုက်လိုက်မတ်တတ် ဟော ပြောရေးသားနေသည့် ပုဂ္ဂိုလ်တဦးဖြစ်သည်။ အသက်အရွယ်ထောက်လာ သည့်တိုင် နိုင်ငံခြားရောက် လူငယ်များ မိမိတို့စိုက်ထုတ် ရင်းနှီးခဲ့သည်များ ကို ချင့်ချိန်တတ်အောင် အကြံပေးလိုသည့်ဆန္ဒ ရှိနေသည်။ ရန်ကုန်မြို့မှ စာ ရေးဆရာကြီး ဦးအောင်သင်းအား ခေတ်ပြိုင်ဂျာနယ် အယ်ဒီတာချုပ် ဦးစိန် ကျော်လှိုင်က နိုင်ငံရပ်ခြားမှာ သွားရောက် အလုပ်လုပ်ကိုင်နေသည့် အထူး သဖြင့် ကာယလုပ်သား မြန်မာလူမျိုး လူငယ်များအနာဂတ်ကိစ္စ စတင်မေး မြန်းရာ ဆရာအောင်သင်းက ယခုကဲ့သို့ ဖြေကြားသည်။

ဖြေ ။ ။ ကိုစိန်ကျော်လှိုင်ရေ။ ဒီဆုံးမသြဝါဒရယ်လို့ ကျနော်မပြောပါရစေနဲ့။ ကျနော့်စိတ်ထဲမှာ ဒီကလေးတွေဟာ ဘာပဲဖြစ်ဖြစ်အခြေအနေအရ ရပ်ဝေး မြေခြားမှာ သွားပြီးတော့ စီးပွားရှာကြတယ်။ ဘဝကိုတည်ဆောက်ကြတယ် ဆိုတော့ ကျနော့်စိတ်ထဲမှာ အင်မတန် သနားတယ်။ ချစ်လည်းချစ်တယ်။ ကျေးဇူးလည်းတင်တယ်။ နောက် ပြီးတော့ သူတို့အပေါ်မှာ အထင်လည်းကြီးတယ် ဆိုပါတော့နော်။

ဘာကြောင့်လဲဆိုတော့ ကိုစိန်ကျော်လှိုင် သတိထားမိလားမသိဘူးခင်ဗျာ့။ ကျနော်တို့ မြန်မာလူမျိုးတွေဟာ များသောအားဖြင့် အိုးနဲ့ အိမ်နဲ့ သိပ်မခွာချင်ကြဘူး။ ကိုယ့်တိုင်းပြည်၊ ကိုယ့်ပြည်ကနေ ရပ်ဝေးမြေခြား သိပ်မ သွားချင်ကြဘူး။ ဒါပေမယ့် အဲ့ဒီကြားထဲမှာ သွားပြီးတော့ ဒီလိုလုပ်တဲ့ အတွက်ကြောင့် ကျနော် သူတို့ကို တ ကယ်ချီးကျူးပါတယ်။ တကယ်လေးစားပါတယ်။

အော် ငါတို့ထက်တော်တဲ့ ကလေးတွေပါလားလို့ ကျနော့်စိတ်ထဲမှာ မေတ္တာထားမိပါတယ်။ ဒါကြောင့် ကျနော်တို့ သူတို့ကို စကားပြောချင်တာက ပြောတဲ့အခါမှာ အဆုံးအမရယ်လို့ မဟုတ် ဘဲနဲ့ သူတို့ရဲ့အဖိုး၊ သို့မဟုတ်လို့ရှိရင်လည်း အင်မတန်ရင်းနှီးတဲ့ ဘကြီး၊ ဦးကြီးအဖြစ်နဲ့ ကျနော် ပြောချင်တာပါ။

မေး ။ ။ ဟုတ်ကဲ့ အဲဒီလို ပြောတဲ့နေရာမှာ ကျနော်တို့ အခု ဆရာပြောတဲ့ လူငယ်အမျိုးအစား တွေကို ပြန်ကြည့်တဲ့အခါကြတော့ မြန်မာနိုင်ငံကနေ နိုင်ငံရပ်ခြားမှာ အလုပ်လုပ်ကြတယ်ဆိုတဲ့ နေရာမှာ အထူးသဖြင့် ကိုရီးယားတို့၊ ဂျပန်တို့၊ နောက်တခါ မလေးရှားအစရှိတဲ့ နိုင်ငံတွေမှာ ပုံစံ အမျိုးမျိုးနဲ့ လုပ်အားကို အသုံးချပြီး အထူးသဖြင့် ကိုယ်ကာယ လုပ်အားကို အသုံးချပြီး လုပ်ကြ ရတဲ့ လူငယ်တွေ အတော်လေးများပါတယ်။ ဆိုတော့ အရေအတွက် အတော်လေးများများလာ ပါတယ်။ အထူးသဖြင့် စီးပွားရေး ကြပ်တည်းတဲ့အခါမှာ မလွှဲမရှောင်သာ ခုနဆရာပြောသလို ကိုယ့်အိမ်ကိုယ့်ယာ ခွာချင်လို့ မဟုတ်ဘဲနဲ့ မလွဲမသွေ ခွာဖို့ဖြစ်လာတဲ့အကြောင်းတွေရှိလာလို့ ခွာကြတဲ့ လူတွေလည်း ပါပါလိမ့်မယ်။ ဘာများဆရာ့အနေနဲ့ ပြောချင်ပါလဲခင်ဗျာ။

စွန့်တယ်ဆိုတာ စားရဖို့

ဖြေ ။ ။ အဲဒါနဲ့ပတ်သက်ပြီးတော့ သူတို့ရဲ့ဘဝလေးတွေကို ကျနော် ခဏခဏစဉ်းစားမိပါတယ်။ စဉ်းစားလိုက်တဲ့အခါကြတော့ သူတို့မှာလေ အရင်းအနှီး တော်တော်ကြီးပါတယ်။ အရင်းအနှီး ဆိုတာ ကိုစိန်ကျော်လှိုင်ရေ… ရင်းနှီးလိုက်ပြီဆိုရင် အမြတ်လိုချင်လို့ပဲ။ အကျိုးအမြတ်လိုချင်လို့ပဲ။ အဲတော့ အရင်းအနှီးဆိုတာ ကုန်ဆုံးသွားတာ။ ဥပမာဆိုပါတော့။ ကိုစိန်ကျော်လှိုင်က ဘူးသီးစိုက် တယ်။ စပါးစိုက်တယ်။ အဲဒီစပါးကို ရောင်းလိုက်ရတယ်ဆိုတာ ကိုယ်က ပေးလိုက်ရတာပဲ။ ပြီး တော့မှ ရလာတဲ့ဥစ္စာ အကျိုးအမြတ်။ အဲဒီလိုဆိုတဲ့အခါကြတော့။ အရင်းအနှီးဆိုတာက ကိုယ်က ပေးလိုက်ရတာပဲ။ အဲဒီပေးလိုက်ရတဲ့ ဥစ္စာက အကျိုးအမြတ်ရှိမှ စွန့်စားရကျိုး နပ်မှာပေါ့။ သဘောကတော့ စွန့်တယ်ဆိုတာ စားရမှာပေါ့ ကိုစိန်ကျော်လှိုင်ရယ်။ ဟုတ်လား။ မစားရပဲနဲ့ စွန့် တယ်ဆိုတာ အဓိပ္ပာယ်မှမရှိဘဲနဲ့။ ဒါကြောင့် သူတို့တွေကို ကျနော် ပထမဦးဆုံး သတိပေးချင်တာ ကတော့ ကိုယ်စိုက်ထားရတဲ့ အရင်းအနှီး နို့မဟုတ်လို့ရှိရင် ကိုယ့်ဘက်ကနေ ဆုံးရှုံးခံလိုက်ရတဲ့ အရင်းအနှီးကို တွက်စေချင်တယ်။ အဲဒါကို ပထမဦးဆုံး သတိပေးခြင်ပါတယ်။

လူငယ်များရင်းနှီးခဲ့သည့် အရင်းအနှီးအမျိုးအစား

အဲဒီ့သတိပေးခြင်တာ ပထမဦးဆုံး နံပါတ် (၁) မြင်သာတဲ့ အရင်းအနှီးက ဘာလဲဆိုလို့ရှိရင် ဥပမာ- ငွေ (၅) သိန်းပဲ ကုန်မယ်၊ (၁၀) သိန်းပဲကုန်မယ်။ (၁၅) သိန်းပဲကုန်မယ် အဲဒီငွေဟာ ဘယ်လိုရင်းနှီး ရတယ်ဆိုတာ ပုံစံ တယောက်နဲ့ တယောက်မတူဘူး။ တချို့ကြတော့ မိဘကပေးနိုင်လို့၊ တချို့ ကြတော့လည်း ကိုယ်ပိုင်ပိုက်ဆံရှိလို့၊ ငွေကြေးရှိလို့၊ တချို့ကြတော့လည်း ချေးငှားပြီးတော့ သွား ရတယ်။ ချေးငှားသွားတဲ့အခါမှာလည်း အတိုးက ကြီးသလား၊ နည်းသလား၊ အဲဒီလိုဆိုတော့ အဲဒီ ဟာတွေက မြင်သာတဲ့ အရင်းအနှီးတွေပါ။ အဲဒီ့ မြင်သာတဲ့ အရင်းအနှီးအကြောင်းကိုတော့ ကျနော် မပြောတော့ဘူး။ သူတို့ဘာသာသူတို့ မြင်တတ်တယ်။ ငါ ဒီလောက်ငွေကုန်ထားပြီ။ ဘယ်လောက် အရင်းအနှီးရှိတယ်။ ငါဘယ်လောက် စိုက်ထုတ်ရလိမ့်မယ်။ ဘယ်လောက် အကျိုးရှိမှဖြစ်မယ် ဆိုတာ သူတို့ တွက်နိုင်ပါတယ်။ ကျနော် အခုပြောချင်တာက မမြင်သာတဲ့ အရင်းအနှီးတွေကို သတိပေးချင်ပါတယ် ကိုစိန်ကျော်လှိုင်။

အရွယ်အရင်းအနှီး

အဲဒါတွေထဲမှာ ပထမဦးဆုံးကတော့ ကိုစိန်ကျော်လှိုင်ရေ သူတို့ကိုယ်သူတို့ သတိမထားမိတဲ့ အရင်း အနှီးကို ကျနော်ပြောချင်ပါတယ်။ အဲဒါကတော့ အရွယ်၊ အသက်အရွယ်ဆိုတာ အရေးကြီးပါတယ်။ ဆိုပါတော့ ကိုစိန်ကျော်လှိုင်ရယ်။ ကလေးတယောက်က အသက် (၂၂) နှစ်မှာ နိုင်ငံခြားကို ထွက် တယ်။ အဲဒီ (၂၂) နှစ်ဆိုတော့ (၃) နှစ် လုပ်မယ်ဆိုလို့ရှိရင် သူပြန်လာတဲ့အချိန်မှာ အသက် (၂၅) နှစ် ဖြစ်သွားပြီ။ တကယ်လို့ အသက် (၂၅) နှစ်မှာ ထွက်မယ်။ (၃) နှစ်ဆိုရင် သူပြန်လာတဲ့အခါကြ အသက် (၂၈) နှစ် ဖြစ်သွားပြီ။

အသက် (၂၅) နှစ်ကြမှ ထွက်ဖြစ်တယ်ဆိုရင် (၅) နှစ်နေမယ်ဆိုရင် အသက် (၃၀)။ ကိုယ့်အရင်း အနှီးက အဲဒီ့ (၃) နှစ်၊ (၅) နှစ်ပေးလိုက်တဲ့ အရင်းတွေသည် အရွယ်ကောင်းတွေဖြစ်နေတော့ အင်မတန်ကောင်းတဲ့ အရွယ်ကို ကိုယ်ပေးလိုက်ရတာ။ ပေးလိုက်ရတာအခါကြတော့ ဥပမာ အသက် (၃၀) ကျော်သွားမယ်ဆိုလို့ရှိရင် နောက်တခါ ပြန်သွားတဲ့အခါကြ သင်္ဘောဆိုလို့ရှိရင် လည်း သင်္ဘောသားဆိုရင်လည်း လက်မခံတော့ဘူးနော် ကိုစိန်ကျော်လှိုင်။

အဲဒီတော့ ပြောချင်တာက အဲဒီအရွယ်အရင်းအနှီးကို ကြပ်ကြပ်ကြီး သတိထားဖို့လိုမယ်လို့ ကျနော် ပြောချင်ပါတယ်။ အဲဒီတော့ ပထမဦးဆုံး အရွယ်အရင်းအနှီးပါ။ အဲဒီ့ အရွယ်အရင်းအနှီးကို ဆုံးရှုံး လိုက်တဲ့ ကိစ္စဟာ ပေါ့ပေါ့သေးသေး မထင်နဲ့။ နောက်တခါပြန်ပြီး အလုပ်တခုကို စဖို့လို့အတွက်ကို တော်တော်လေး အခက်အခဲကြုံသွားတတ်ပါတယ်။ ဥပမာဆိုပါတော့ အသက် (၂၂) နှစ်နဲ့ အသက် (၃၀) ဆိုလို့ရှိရင် တော်တော်ကွာသွားပြီ။ အသက် (၂၅) နှစ်နဲ့ (၃၀) ဆိုရင်လည်း တော်တော် ကွာသွားပြီ။

အဲဒီတော့ အလုပ်ရှင်တွေ လိုချင်တဲ့ ဥစ္စာက ငယ်ငယ်အရွယ် သန်တုန်းမြန်တုန်းကို လိုချင်တာပေါ့။ အထူးသဖြင့် ကာယကိုအားပြုပြီး၊ အားစိုက်ပြီးလုပ်ရတဲ့ သူတွေဆိုလို့ရှိရင် ပိုပြီးတော့ အဲဒီဟာကို တန်ဖိုးထားကြတယ်။ အဲဒီတော့ အရွယ်အရင်းအနှီးဟာ သိပ်ပြီးတော့ အရေးကြီးတယ်ဆိုတာကို ပထမဦးဆုံး သိဖို့လိုပါတယ် ကိုစိန်ကျော်လှိုင်ရေ။ ဒါ သူတို့ သတိထားဖို့ပါ။ ကောင်းပြီ။ အဲဒီတော့ ကျနော်ဒါတွေပြောနေတာ တခြားကြောင့်မဟုတ်ဘူးနော်။ နောက်ပိုင်းရောက်တဲ့အခါကြတော့ ပိုပိုပြီး ထင်ရှားလာလိမ့်မယ်။ သိပ်အရေးကြီးပါတယ်။

ဦးနှောက်အရင်းအနှီး

နောက်တခုက ဘာလဲဆိုတော့ ဦးနှောက်အရင်းအနှီး။ ဦးနှောက်အရင်းအနှီးဆိုတာက နိုင်ငံခြားကို သွားလိုက်တယ်။ ဥပမာဆိုပါတော့။ ပညာနဲ့ အလုပ်လုပ်ဖို့သွားလိုက်တယ်။ အဲ့ ပညာနဲ့။ အခုဆို ပါတော့ ကျနော့် တပည့်တပန်းတွေထဲက၊ ကျနော့်ဆွေမျိုးသားချင်းလို ဖြစ်နေတဲ့ ကလေးတွေထဲက ဥပမာ- ကုလသမဂ္ဂမှာ သွားအမှုထမ်းတယ်။ သူတို့က ဆည်းပူးနိုင်တယ်။ ဟိုမှာ ဆည်းပူးစရာ ပညာတွေရှိတယ်။ ပညာတိုးတိုးနေတာ။ မဆည်းပူးလို့လည်းမရဘူး။

သူတို့လုပ်ငန်းက ကာယလုပ်ငန်းအနေနဲ့ ထွက်တဲ့အခါကြတော့ ဆည်းပူးဖို့ အချိန်မရှိဘူး။ မရှိတဲ့ အခါကြတော့ သူတို့က ခိုင်းတာလုပ်တာကြီး အကျင့်ပါသွားတယ်။ အဲဒီတော့ ကိုယ်ကိုယ်တိုင်က ဒီဦးနှောက်နဲ့ ကြံစည်တွေးတောတဲ့ဘက်မှာ သူက ခြောက်ခန်းသွားတယ်။

ဆိုကြပါစို့။ သံချည်သံကွေး လုပ်တယ်ဆိုပါတော့။ သံချည်သံကွေး လုပ်ပြီးတော့ သံချည်သံကွေးရဲ့ ဟိုဘက် ဘာတတ်စရာရှိသေးလဲ။ ဥပမာ- ဘာမှတတ်စရာ သိပ်မရှိတော့ဘူး။ စားပွဲထိုးဆိုပါတော့။ စားပွဲထိုး ကျွမ်းကျင်တယ်။ ကောင်းပြီ။ ဒါမှမဟုတ်လို့ရှိရင်လည်းပဲ စက်ရုံအလုပ်သမားလုပ်တယ်။ စက်ရုံမှာ အလုပ်ကြမ်းလုပ်ရတယ်။ သူ့အတွက် ဘာပညာတိုးတက်ဖို့ရှိလဲ။

ဥပမာ- ကားမောင်းတယ်။ ကားမောင်းတာကနေပြီးတော့ ပိုက်ဆံတော့ရနေတာပေါ့။ ဒါပေမယ့် သူ့ရဲ့အဖို့မှာ ဘာဖြစ်သွားလဲဆိုတော့ ရှေ့ဆက်ဖို့လို့အတွက်ကို သိပ်ပြီးတော့ တော်တော်ခက် သွားတယ်။ ဒါကြောင့်မို့လို့ ပညာမတိုးဘဲနဲ့ သူများခိုင်းတာသာလျှင် လုပ်ရတဲ့ ဦးနှောက်ကို ထုတ်ပေးနေရတဲ့ဟာ။ ကိုယ့်ဦးနှောက်နဲ့ ကြံစည်ဖို့ အချိန်မရဘူး။ အဲဒီလို ဖြစ်သွားတတ်တယ်။ ဒါကြောင့်မို့လို့ အဲဒီဦးနှောက် အရင်းအနှီးပေါ့။ အင်္ဂလိပ်လိုပြောရင်တော့ creative thinking ပေါ့နော်။ ကိုယ့်အတွက် ငါဘာလုပ်မလဲဆိုတော့ စဉ်းစားပြီးတော့ တီထွင်ကြံစည်တဲ့ စိတ်ကူး စိတ်သန်း ခေါင်းပါးသွားတတ်တယ်။ တီထွင်ဉာဏ်တုန်းသွားတတ်တယ်။ အဲဒီအရင်းအနှီးက တော်တော်ကိုကြောက်ဖို့ကောင်းပါတယ်။

ဘယ်လောက်ထိ ကြောက်ဖို့ကောင်းသလဲဆိုလို့ရှိရင် ကိုယ့်တိုင်းကိုယ့်ပြည်ကို ပြန်လာလိုက်တယ်။ ပြန်လာလိုက်တဲ့အခါကြတော့ အဲဒီ ကိုယ်နေခဲ့တဲ့ (၄-၅) နှစ် အတောအတွင်းမှာ သူငယ်ချင်းတွေက သူ့လိုငွေရင်းငွေနှီးမရှိတဲ့အတွက်ကြောင့်မို့လို့ ပြည်ပကို မသွားနိုင်ဘူး။ မသွားနိုင်တဲ့အတွက်ကြောင့် ကိုယ့်ပြည်တွင်းမှာပဲနေတယ်။

နေတဲ့အခါကြတော့၊ ဥပမာဆိုပါတော့။ မြေပဲစိုက်ခင်းလုပ်တဲ့ ကလေးတယောက်ရှိတယ်။ မြေပဲကို ဒီအတိုင်းရောင်းတယ်။ နောက်ကြတော့ ငါ ဒီအတိုင်းနေလို့ရှိရင် ငွေအမြတ်နည်းတယ်။ အဲဒီတော့ ဒီမြေပဲကို ငါကိုယ်တိုင်သွားပြီးတော့ မုံရွာကနေပြီးတော့ မန္တလေးကို သွားချမလား။ နို့မဟုတ်ရင် ရန်ကုန်အထိအောင် ဆင်းမလား။ ဒါတွေ စဉ်းစားလာတယ်။ အဲဒီတော့ ကူးသန်းရောင်းဝယ်ရေးကို သူသဘောပေါက်လာတယ်။

ဒါမှမဟုတ်လို့ရှိရင် မြေပဲကို ဒီအတိုင်း ရောင်းမလား။ နို့မဟုတ်လို့ရှိရင် လှော်ပြီးတော့ ရောင်းမ လား။ အထုပ်လေးတွေနဲ့ ရောင်းမလား။ စသည်အားဖြင့် added value ပေါ့နော်။ နောက်ထပ် ကိုယ်ရောင်းတဲ့ပစ္စည်းကို ကိုယ်လုပ်တဲ့လုပ်အားကို ပိုပြီး ကောင်းသထက်ကောင်းအောင် တီထွင်လာတဲ့အခါကြတော့ အဲဒီ နိုင်ငံခြားသွားပြီးတော့ စီးပွားရှာပြီးတော့ ပြန်လာတဲ့ကလေးက
ဒီ (၄-၅) နှစ်ရှိလို့ ပြန်ရောက်လာတဲ့အချိန်မှာ သူ့ သူငယ်ချင်းက သူ့ထက်ကြီးပွားတိုးတက်နေတာ၊ ဖြစ်ထွန်းနေတာ ဖြစ်သွားတတ်တယ်။

အဲဒီတော့ ကိုယ်က တီထွင်မှုခေါင်းပါးသွားတဲ့ ဥစ္စာဟာ အန်မတန်ကြောက်စရာကောင်းတယ်။ ဒါကြောင့်မို့လို့ တီထွင်မှု ခေါင်းပါးသွားတဲ့ဟာမျိုး၊ ဦးနှောက်အရင်းအနှီးမျိုး ကုန်မသွားစေချင်ဘူး။ ဒါကျနော် သူတို့အတွက် စိုးရိမ်တဲ့အချက် ဖြစ်ပါတယ်။

ဦးနှောက်အရင်းအနှီး မတုံးစေလိုလျှင်

မေး ။ ။ အဲလိုမျိုး တီထွင်တဲ့ ဦးနှောက်တုံးမသွားအောင် အခုလောလောဆယ်မှာ အကြောင်း အမျိုးမျိုးကြောင့် နိုင်ငံရပ်ခြားမှာ ကိုယ်ကာယကို အားပြုလုပ်ရတဲ့ လူငယ်တွေအနေနဲ့ ဘာလုပ်သင့် တယ်လို့ ဆရာအကြံပေးခြင်လဲခင်ဗျ။

ဖြေ ။ ။ ဒီလိုခင်ဗျ။ ကျနော် အဲဒီဟာနဲ့ ပတ်သက်ပြီး တော်တော်လေး စဉ်းစားပါတယ်။ သူတို့ က ပင်ပန်းတဲ့အခါကြတော့ စာဖတ်ဖို့ အချိန်မရဘူး။ ဥပမာ- ပြန်သွားတယ်ဆိုလို့ရှိရင် လုပ်အားပေး ရ အချိန်ပိုဆင်းရတာတွေရှိတယ်။ ပြန်သွားရပြီဆို သူတို့က အိပ်ချင်ပြီ။ တနင်္ဂနွေ တပတ်ကလေးမှာ တရက်တလေ ရပြန်တော့လည်း အပျော်အပါးလေး ဘာလေး သွားချင်၊ လာချင် အဲလိုကုန်ကုန် သွားတယ်။ အဲဒီတော့ အဲဒီအချိန်တွေဟာ သူတို့ကုန်နေတဲ့အချိန်တွေကို တန်ဖိုးထားတတ်ဖို့ အရေးကြီးပါတယ်။

အဲဒီတော့ကို ဥပမာ- ကျနော်အကြံဉာဏ်ပေးခြင်တာက သူနဲ့ အနီးစပ်ဆုံး အထက်ဆင့် လုပ်ငန်း ပေါ့ ဥပမာ- သူသံချီ သံကွေးကို သူလုပ်နေတယ်။ သံချီသံကွေးကို သူလုပ်နေရင်းကနေပြီးတော့ အထက်ဆင့်ဖြစ်တဲ့ ပန်းရံကိုင်တဲ့လုပ်ငန်း။ အထူးသဖြင့် သံချီသံကွေးအတွက် မူလ ဘောင်ချပေး တဲ့ စီမံကိန်းလုပ်ငန်း၊ ဘယ်လိုဘယ်လိုရှိရတယ် ဘယ်လိုဘယ်လိုလုပ်ရတယ်ဆိုတာတွေ။ အနီးစပ် ဆုံးလုပ်ငန်းတွေကို သူကနောက်တဆင့် နောက်တဆင့် တက်တက်ပြီးတော့ သိအောင် လုပ်နေ ရင်းကနေ အနားမနေဘဲနဲ့ ဦးနှောက်နဲ့ မျက်စိကို အနားမနေဘဲနဲ့ ဆက်ပြီးတော့ ကြိုးပမ်းသွားမှ သာလျှင် သူတို့ဟာ ရပြီးသားဖြစ်လိမ့်မယ်လို့ တွက်တယ်။

ဥပမာ ကားမောင်းတယ်ဆိုပါတော့။ ကားမောင်းတဲ့လုပ်ငန်း လုပ်နေရတာပဲ။ သူက ကားမောင်းနေ ရတာပဲ။ ဒါပေမယ်လို့ သူနဲ့ အနီးစပ်ဆုံးက စက်ပြင်တဲ့ လုပ်ငန်း။ အဲဒီ စက်ပြင်တဲ့လုပ်ငန်းကို ဆက်လက်ပြီး ဆည်းပူးသင့်တယ်လို့ ကျနော်ထင်ပါတယ်။ ဥပမာ- ကွန်ပျူတာလုပ်ငန်းကို လုပ်နေ တဲ့ကလေးဟာ ဒီကွန်ပျူတာနဲ့ ပတ်သက်ပြီးတော့ စာစီစာရိုက်၊ စာရင်းအင်းပေါ့။ တွက်တာလောက်၊ စာရင်းသွင်းတာလောက်၊ ထုတ်တာလောက်၊ အဲလောက်လေးတင်မကဘဲနဲ့ အဲဒီထက်ပိုပြီးတော့ မြင်တဲ့ ဥပမာ- ပရိုဂရန်းမင်းလို ဟာမျိုး။ ဟုတ်လား အဲဒါမျိုးထိအောင် ဆက်ပြီးလေ့လာတာမျိုး။

သခင်စိတ်ထားပါ သူခိုးစိတ်မထားပါနှင့်

ပြောချင်တာက သီးခြားကြီး မလုပ်နိုင်တော့ဘူးဆိုရင် ကိုယ်နဲ့မပြတ်တဲ့ နောက်တဆင့်ကို ဆက်ပြီး တော့ အမြဲတန်း မပြတ်လေ့လာနေပါလို့ ကျနော်ပြောချင်ပါတယ်။ အဲဒီ့ဥစ္စာက ဘာလဲဆိုလို့ရှိရင် မိမိကိုယ်မိမိ ရိုသေပြီးတော့နေတဲ့ သခင်စိတ်နဲ့ ကြိုးပမ်းနေတာပေါ့။ သူများ ခိုင်းတာတင် လုပ်နေ တယ်ဆိုလို့ရှိရင် အဲဒါ ကျွန်စိတ်နဲ့ တာဝန်ကျေအောင်လုပ်နေတာတင်ပဲ ဖြစ်မယ်။

အဲဒီကြားထဲမှာမှ ကိုယ်က တတ်နိုင်သမျှ အသက်သာခိုပြီးတော့ ကပ်ပြီးတော့နေမယ်ဆိုလို့ ရှိရင် အဲဒါ သူခိုးစိတ်ခေါ်တယ်။ ကျနော့်စိတ်ထဲမှာ သူခိုးစိတ်မဖြစ်စေချင်ဘူး။ နောက်ပြီးတော့ ကျွန်စိတ် လည်း မဖြစ်စေချင်ဘူး။ သခင်စိတ်နဲ့ ကိုယ့်ကိုယ်ကိုယ် ပိုင်နိုင်အောင်လေ့လာစေချင်တယ်။ ကိုယ် ရတဲ့ ဥစ္စာသည် ငွေကြေးတွင်မကဘဲနဲ့ ငါသည် ပညာမပါဘဲနဲ့ ကိုယ့်ရပ်ကိုယ့်ရွာကို မပြန်ဘူးဆိုတဲ့ စိတ်မျိုးနဲ့ လေ့လာစေချင်တယ်။ အကောင်းဆုံးနည်းကတော့ ကိုယ့်လုပ်ငန်းနဲ့ အနီးစပ်ဆုံး နေရာ မှာရှိတဲ့ အဆင့်မြင့်ဆုံးပညာကို ရနိုင်သမျှရအောင် ကြိုးပမ်းခြင်းသည် ပြန်လာလျှင် အင်မတန်ကြီး တဲ့ အမြတ်ဖြစ်လိမ့်မယ်လို့ ကျနော်ပြောချင်ပါတယ်။

မေး ။ ။ ဟုတ်ကဲ့ဆရာ။ အဲတော့ တဘက်ကလည်း ပြန်ကြည့်လို့ရှိလျှင် ကနေ့လူငယ်တွေ အများစုပေါ့နော် အခုလို နိုင်ငံရပ်ခြားမှာသွားပြီးတော့ အလုပ်လုပ်ကြရတယ်ဆိုတာ အများအားဖြင့် ပြည်တွင်းမှာ စီးပွားအကျပ်အတည်းတွေဖြစ်ပြီးေတာ့မှ သွားကြရတာများပါတယ်။ ဆရာပြောသလို အရင်းအနှီးတွေလည်း တော်တော်များပါတယ်။ သို့သော် တဘက်က ဆရာ့အနေနဲ့ နောင်နိုင်ငံခြား သွားမယ့်လူငယ်လေးတွေကို စိုးရိမ်မိတော့ သူတို့အတွက် အားပျက်သွားစေနိုင်မယ့် အနေအထား မျိုး ရှိနိုင်မယ်လို့များ ယူဆမိလားခင်ဗျ။

ဖြေ ။ ။ ကိုစိန်ကျော်လှိုင်ပြောတာ ဟုတ်ပါတယ်။ အားပျက်တယ်ဆိုတာနဲ့ အားပျက်သွားမယ် ဆိုတာနဲ့ အသင့်ပြင်တာနဲ့ဆိုတာက တမျိုးစီပါ။ တကယ်လို့ အားပျက်သွားမယ် ဆိုလို့ရှိလျှင် ပျက်နိုင်တယ်။ ပျက်တယ်ဆိုတာ တကယ့်ကို ပျက်သွားမယ်ဆိုလို့ရှိလျှင် အခြေအနေအကုန်လုံးကို ကိုယ့်အခြေအနေ အကုန်လုံး။ ပတ်ဝန်းကျင်အခြေအနေ အကုန်လုံးကို ကြည့်ပြီးတော့မှ ပျက်သွား ပြီး မသွားဖြစ်တာဟာ သွားပြီး ဒုက္ခရောက်တာနဲ့စာရင် အင်မတန်သက်သာပါတယ်။

တကယ်လို့ သွားမယ်ဆိုလို့ရှိလျှင် အားမပြတ်စေတဲ့ နည်းလမ်း အဲဒါတွေ အကုန်လုံးတွက်၊ ဒါတွေ ငါရင်ဆိုင်နိုင်သလား၊ အဲဒီအရင်းအနှီးတွေ ငါပေးနိုင်သလားတွက်၊ တွက်ပြီးမှ သွားလို့ရှိလျှင် ဒီ (Prepare) နော်။ ကိုယ့်ကိုယ်ကိုယ် အသင့်ပြင်သွားတဲ့အတွက်ကြောင့် အဲဒီလိုကလေးမျိုးအတွက် ပိုပြီး အကျိုးရှိလိမ့်မယ်လို့ ကျနော်ထင်ပါတယ်။

မိသားစုပတ်ဝန်းကျင်အရင်းအနှီး

မေး ။ ။ ဟုတ်ကဲ့ အများကြီးကောင်းပါတယ်ဆရာ။ အခုလို ဆွေးနွေးပြောပြတာလေ။ လူငယ် တွေအတွက်ကို။ နောက်ထပ်ရော ဆရာ့အနေနဲ့ ဒီထက်ပိုပြီးတော့ လူငယ်တွေကို ဘာများမှာကြား ချင်သေးလဲခင်ဗျ။

ဖြေ ။ ။ ကျနော်ပြောမယ် ကိုစိန်ကျော်လှိုင်ရေ။ ကျနော် ခုနဥစ္စာပြန်ဆက်ချင်တယ်။ အဲဒီဆုံးရှုံး မှုတွေဆိုလိုက်တဲ့ ကိစ္စထဲမှာနော်။ အရင်းအနှီးတွေအထဲမှာ ပထမဦးဆုံး စပြီးတော့ အရင်းအနှီးက ဘာလဲဆိုတော့ မိသားစု ပတ်ဝန်းကျင်။ ကိုယ့်မိသားစုနဲ့ ကိုယ်ကင်းကွာသွားပြီးတော့ အဲဒီကင်းကွာ သွားတဲ့ (၅) နှစ်အတွင်းမှာ အပြောင်းအလဲတွေ အများကြီးဖြစ်နိုင်တယ်။ ညီမလေးက အိမ်ထောင် ကျသွားနိုင်တယ်။ အကိုဖြစ်တဲ့သူက အိုးခွဲသွားနိုင်တယ်။ မိဘဖြစ်တဲ့သူက ကျန်းမာရေးချို့တဲ့လာ နိုင်တယ်။ အမျိုးမျိုးဖြစ်သွားနိုင်တယ်။

အဲဒီဥစ္စာမျိုးတွေမှာ ကိုယ်က တာဝန်ယူရတဲ့ဟာမျိုးတွေ ပါလာနိုင်တယ်။ တာဝန်မယူဘဲနဲ့ နေနိုင် တာလည်း ပါလာနိုင်တယ်။ အဲတော့ တာဝန်ဆက်ယူရမယ်ဆိုလို့ရှိရင် အဲဒီ့အရင်းအနှီးအတွက်က လည်း သူက ပြင်ဆင်ရတော့မယ်။

အဲဒါ ခုနက ပြောတဲ့ မိသားစုပတ်ဝန်းကျင် အရင်းအနှီး။ ပြီးတော့ ဆိုကြပါစို့။ မိဘကနေပြီးတော့ မကျန်းမာဘူးဆိုလု့ိရှိလျှင် ကိုယ်က ပစ်ထားလို့လည်းမရဘူး။ တတ်နိုင်သမျှ တဘက်တလမ်းက တာဝန်ယူရတော့မယ်။ အဲဒီအရင်းအနှီးတွေကလည်း ရှိသေးတယ်။ အဲဒါ ကျနော် မိသားစုအရင်း အနှီး။ နောက်တခုက ဘာလဲဆိုတော့ ပြောင်းလဲသွားတဲ့ အပြောင်းအလဲတွေ။ အဲဒီ့ အပြောင်းအလဲ တွေရဲ့ အရင်းအနှီးတွေ။ ဥပမာဆိုကြပါဆို့။ ကိုယ်သွားတုန်းက စီးပွားရေးဝန်းကျင်ကတမျိုး။ ခု ကိုယ်ပြန်လာတော့ တမျိုး။ စီးပွားရေး ဝန်းကျင်က ပထမတုန်းက ကိုယ်သွားတဲ့လမ်းတွေက ရေလမ်း။ ခုကားလမ်းဖြစ်သွားပြီ။ ပထမတုန်းက ကိုယ်သွားတဲ့ ကားလမ်းတွေ ခုကျ ရထားလမ်း ဖြစ်သွားပြီ။

အဲဒီတော့ ကိုယ့်အတွက်က ကုန်သွယ်မယ်ဆိုရင် စီးပွားရေး လမ်းကြောင်းတွေက တော်တော် များများပြောင်းလဲကုန်ပြီ။ အများကြီး။

နောက်တခုက ပတ်ဝန်းကျင်ကြီးတခုလုံးက ပြောင်းသွားတာတွေလည်းရှိသေးတယ်။ ဥပမာဆို ပါတော့။ ကိုယ်သွားတုန်းက ကိုယ့်ပတ်ဝန်းကျင်က ကွင်းပြင်ကြီး ခုကြတော့ ကွန်ဒိုမီနီယံတိုက် ခန်းတွေဖြစ်နေတတ်တယ်။ တခါတရံကျတော့ ကိုယ်နေခဲ့တဲ့ ရွာလေးက ပျောက်သွားတယ်။ အဲဒါက ခုနကပြောတဲ့ စီမံကိန်းထဲမှာပါသွား။ ကိုယ်သွားတုန်းက ရွာလေးမဟုတ်တော့ဘူး။ စိုက်ပျိုးရေးဝန်းကျင်ကြီး ဖြစ်သွားတတ်တယ်။ မွေးမြူရေးဝန်းကျင်ကြီး ဖြစ်သွားတတ်တယ်။ ကိုယ်သွားတဲ့အခါတုန်းက ကျေးရွာ။ အခုကျတော့ ရေကြီးလို့ ဘာကြီးလို့ အစရှိသဖြင့် အမျိုးမျိုး ပြောင်းလဲသွားနိုင်တယ်။ အဲဒီ ပတ်ဝန်းကျင်အပြောင်းအလဲတွေကလည်း ရှိပါသေးတယ်။ အဲဒါကလည်း တချက်စဉ်းစားရမယ်နော်။

နောက်တခုက ဘာလဲဆိုတော့ ကိုယ်က စုဆောင်းထားတဲ့ငွေက ဘယ်မှာထားလဲ။ ကိုယ့်ဆီမှာ ထားသလား။ ဘဏ်မှာထားသလား။ ကိုယ့်လက်ထဲမှာ စုထားသလား။ အိမ်ပြန်ပြီးပို့ရလား။ ပို့ရ လို့ရှိလျှင် အဲဒီငွေကြေးကို ထိန်းသိမ်းတဲ့သူက ဇနီးလား၊ မိဘလား။ ဆွေမျိုးသားချင်းထဲကလား။ သို့မဟုတ်လို့ရှိလျှင် အပေါင်းအသင်းထဲကလား။ သို့မဟုတ်လို့ ယုံကြည်စိတ်ချရတဲ့ မိတ်ဆွေလား။ အဲဒီတော့ ဇနီးသည်ဆီ ပို့မယ်ဆိုပါတော့။ ဇနီးသည်က ငွေကြေးထိန်းသိမ်းတဲ့ ဥစ္စာမလိမ္မာဘူး ဆိုပါတော့။ ကိုယ်ပြန်လာတဲ့အခါကြတော့ အဲဒီဘာမှမရှိတော့ဘူး။ ကိုယ့်လက်ထဲမှာ ယူပြီးပြန် လာတဲ့ငွေက (၂) သိန်း၊ (၃) သိန်းပဲရှိလျှင် အဲဒါလေးပဲ။ အဲဒါလေးနဲ့ သူငယ်ချင်းအပေါင်းအသင်း တွေနဲ့ တလလောက် စားလိုက်သောက်လိုက်တဲ့အခါကြတော့ ပိုက်ဆံ သုံးစရာမရှိတော့ဘူး။ အရင်းအနှီး ဘာမှလုပ်စရာမရှိတော့ဘူး။ မရှိတော့ကို နောက်ထက်တခါချေးပြီးတော့ တခါပြန် ထွက်ရတယ်။

အဲဒီလို အဖြစ်မျိုးတွေလည်း ကျနော့်မျက်စိအောက်မှာ တွေ့တွေ့နေရတယ်။ အဲဒါ ဇနီးသည် မလိမ္မာလို့ရှိလျှင် ပြောတာ။ ဇနီးသည်က လိမ္မာလို့ရှိလျှင်တော့ ပို့လိုက်တဲ့ငွေကို ပြန်ပြီးတော့ တိုးပွားအောင်၊ ခိုင်မြဲအောင် လုပ်ထားနိုင်တယ်။ ဒါ အားကိုးရတဲ့အခြေအနေ။

ကောင်းပြီ မိဘကထိန်းမယ်။ မိဘက ထိန်းမယ်ဆိုတဲ့အခါကျတော့ မိဘလက်ထဲမှာ အမြဲတန်းရှိ နေမှလား။ သို့မဟုတ် တခြားသော သားချင်းတွေရဲ့ ပြဿနာတွေ ပေါ်လာနိုင်သလား။ ဥပမာ- အကိုအကြီးဆုံးဖြစ်တဲ့သူက စီးပာွးရေးပျက်သွားလို့၊ အလုပ်ပြုတ်သွားလို့ (သို့မဟုတ်) အချုပ်ထဲဝင်သွားရလို့ ပိုက်ဆံကုန်သွားတယ် ဆိုပါတော့။ ဒီဟာ စိုက်ထုတ်ပြီး မိဘက သုံးလိုက်ရတယ်ဆိုပါ တော့။ ကိုယ်ဘယ်လိုလုပ်မလဲ။

ကျနော်ပြောချင်တာက ကိုယ့်အခြေအနေ။ ကိုယ်လုပ်ထားတဲ့ စီးပွားဟာ ကိုယ့်နေရပ် ဇာတိမြေမှာ ဘယ်လောက်ထိအောင် ခိုင်လဲဆိုတာ ပြန်တွက်မိရဲ့လား။ ဒါတွေလည်း စဉ်းစားဖို့လိုမယ်လို့ ကျနော်ထင်ပါတယ်။

လူမှုရေးဝန်းကျင်အပြောင်းအလဲ

နောက်တခုက လူမှုရေးဝန်းကျင်အနေနဲ့ ပြောင်းသွားတာရှိတယ်။ လူမှုရေးဝန်းကျင်တွေနဲ့ စီးပွား ရေးဝန်းကျင်တွေနဲ့ ရောပြီးတော့ ပြောင်းသွားတာ။ ဥပမာ- အရင်တုန်းက လူမှုရေးဝန်းကျင်တွေက လဖက်ရည်ဆိုင်ထိုင်တယ်။ ပျော်ပွဲရွှင်ပွဲတွေရှိတယ်။ အခုကျတော့ ကျေးရွာမှာ ဘိလိယက်ခုံတွေက ရောက်နေပြီ။ ဥပမာ- ကာယာအိုကေတွေခေတ်စားလာတယ်။ အဲဒါမျိုးတွေက အများကြီး။ အဲဒီ တော့ အဲဒီ့အချိန်မှာသွားပြီးတော့ စီးပွားရေးလုပ်တဲ့သူငယ်ချင်းတွေက ကိုယ့်ထက်ကြီးပွားချင် ကြီးပွားနေတတ်တယ်။ ပြောချင်တာက စီးပွားရေးဝန်းကျင်ကြောင့်မို့လို့ ကိုယ့်ပတ်ဝန်းကျင်က ပြောင်းသွားတတ်တယ်။ အဲဒီတော့ ကိုယ်ပြန်လာတဲ့အခါမှာ ဆုံးရှုံးရတဲ့အရင်းအနှီးတွေ မျက်ခြေ ပြတ်သွားတတ်တယ်။

ကိုယ်မျက်ခြေပြတ်သွားတဲ့အချိန်မှာ ကိုယ်ပြန်လာတဲ့အချိန်မှာ အပြောင်းအလဲတွေကြားမှာ ကိုယ်က အူကြောင်ကြောင် ဖြစ်နေတတ်တယ်။ နောက်တခါ ထပ်ပြီးတော့ နိုင်ငံခြားရောက်သလို ပြန်ဖြစ် သွားတတ်တယ်။ ဖြစ်သွားတဲ့အခါကြတော့ ဘယ်နေရာကနေစပြီးတော့ ဘယ်ကိုဦးတည်ရာမှန်း မသိဖြစ်သွားတတ်တယ်။ အဲဒါကြောင့်မို့လို့ ကိုယ့်အရပ် ကိုယ့်ဒေသကို မျက်ခြေမပြတ်အောင် ဘာတွေဖြစ်နေသလဲဆိုတဲ့ဟာကို အမြဲတန်းမပြတ် သိနေအောင် နိုင်ငံခြားကနေပြီးတော့ ကြိုးစား သင့်တယ်လို့ ကျနော်ထင်ပါတယ်။ အဲဒါတချက်။

နောက်တချက်က ဘာရှိသေးလဲဆိုတော့ ကိုယ်က နိုင်ငံခြားမှာနေရင်းကနေ တယောက်ယောက်နဲ့ တွေ့ရော အဲဒါ အိမ်ထောင်ရက်သားကျချင်ကျတတ်တယ်။ ကျတဲ့အခါကြတော့ ဘယ်လိုလုပ်မလဲ။ ကိုယ့်အမျိုးသမီးက ဗမာအမျိုးသမီးပဲလား။ နေရပ်ကိုပြန်မှာလား။ ဒါမှမဟုတ်လို့ရှိရင် နိုင်ငံခြားမှာပဲ အခြေချတော့မလား။ နိုင်ငံခြားမှာပဲ အခြေချတော့မယ်ဆိုလို့ရှိရင် အဲဒီနိုင်ငံတွေက ဘယ်နိုင်ငံလဲ။ အဲဒီက ဘာသာရေး၊ ကိုးကွယ်ရေး ယဉ်ကျေးမှုတွေနဲ့ ကိုယ့်ရဲ့ အသက်ကြီးတဲ့ဘဝမှာ ပျော်နိုင်မ လား။ ဒါတွေအကုန်လုံး စဉ်းစားရတော့မယ်။

အဲဒီတော့ ပြောချင်တာက နိုင်ငံခြားမှာ အခြေချတော့မယ်ဆိုချင်တောင်မှ ကိုယ့်ဒေသ ပတ်ဝန်းကျင်နဲ့လည်း တော်တော့်ကို ကွာနေပြီ။ ကိုယ့်သား၊ ကိုယ်သမီးရဲ့ ပတ်ဝန်းကျင်နဲ့လည်း ကွာသွားပြီ။ ကိုယ့်သားသမီးတွေ ထွန်းကားလာတဲ့အခါမှာ ဗမာအမျိုးသားတယောက်က မျှော်လင့်တဲ့ မိဘဘဝမျိုးကို မမျှော်လင့်နိုင်ဘူး။ နိုင်ငံခြားသားတယောက်ရဲ့ မိဘအဖြစ်နဲ့ ကိုယ်ရောက်သွားတော့မယ် ဆိုတာကို ကြိုပြီးတော့ စဉ်းစားထားဖို့ဆိုတာ လိုတယ်လို့ ကျနော်ထင်ပါတယ်ခင်ဗျာ။ ။

တန်ဖိုး ...

Sunday, 13 June 2010

အတုမြင်အတက်သင် ...

           လူငယ်များသည် အတုမြင်အတတ်သင်ကြသော သဘောရှိသည် ... မိမိ၏ရှေ့
မှသွားသော လူများကိုကြည့်၍ တုပပြိုင်ဆိုင် လုပ်ကိုင်လိုသော စိတ်ဆန္ဒသည် လူငယ်တို့
တွင့် ရှိသည်သာဖြစ်သည် ... ပညာနှင့် အသက်မွေးကြကုန်သော လူအသိုင်းအဝိုင်းအ
တွင် မွေးဖွား ကြီးပြင်းလာကြရသော သူတို့သည် ပညာအကြောင်း ကိုသိသည်သာဖြစ်
သည် ... ပညာအကြောင်းကို မသိသောပါတ်ဝန်းကျင်တွင် မွေးဖွားကြီးပြင်းလာကြကုန်
သော လူငယ်အပေါင်းသည်လည်း ပညာ၏ ကောင်းကျိုးကို မသိသည်မှာ အဆန်းမဟုတ်
တော့ပေ ... ကျင်လည်ရာ ပါတ်ဝန်းကျင်အသိုင်းအဝိုင်းကြောင့် မိမိ၏ ရည်ရွယ်ချက်ပန်း
တိုင်ဆိုသည်မှာ များစွာ ပြောင်းလဲတက်လေသည် ...

Saturday, 12 June 2010

ကျွန်တော်လူငယ်တစ်ဦးပါ ...

လူငယ်ဆိုတာ
ခိုင်မာရဲရင့်
စွမ်းရည်မြင့်မား
ပြတ်သားထူးချွန်
ကောင်းမွန်ရိုးသား
ကြိုးစားထက်မြက်
အနာဂါတ်အတွက်ဖြစ်ရမည် ...
( အကြည်တော် “ မိတ္တ ဟဒယ ဟာသတက်ကျမ်း ” )
လူငယ်ဆိုသည်မှာ “ ယနေ့လူငယ် နောင်ဝယ်လူကြီး ” ဟု၍ ငယ်စဉ်ကလေးဘဝက
စတင်၍ ယနေ့တိုင် လူတိုင်းပါးစပ်ဖျားတွင် ပြောဆိုလျက်ရှိကြသည် ... လူငယ်များစွာမှလူတော်
များစွာ ဖြစ်ခွင့်ရှိသည် ... လူငယ်များစွာမှလည်း လူမိုက်များစွာဖြစ်ကြကုန်သည် ... လူတော်
ထက် လူမိုက်များရှိခြင်းကကောင်းသည်ဆိုးသည်များ မှာ လူငယ်တစ်ယောက်၏ ခံယူချက်တစ်
ခုပေါ်တွင် မူတည်လျက်ရှိသည် ... လူငယ်တစ်ယောက်မှာ ရှေ့ဆောင်လူကြီးများ၏ နည်းနာကို
အနည်းနဲ့ အများ ပုံတူကူးချလေ့ရှိသည် ... ဥပမာ - အရက်သောက်တတ်သော လူကြီးအသိုင်း
အဝိုင်းအတွင်းရှိသော လူငယ်တစ်ယောက်မှာ အရက်သောက်ဖို့ ၅၀ % ခန့်ရှိသည် ... ကျန်
သော ၅၀ % မှာ မိဘအုပ်ထိန်းသူနှင့် လူငယ်တစ်ယောက်၏ ခံယူချက်တစ်ခုပေါ်တွင် မူတည်
ကြောင်းတွေ့ရသည် ...

Sunday, 23 May 2010

ဘဝကောင်းကြောင်းလေးပါး ...




အဂ္ဂမဟာပဏ္ဍိတ

အရှင်ဦးဥာဏိဿရ


ဆရာဟူသည် ...

              “ ဆရာဟူသည် တပည့်မရှား တစ်ပြားမရှိ ပီတိကိုစား အားရှိပါသည် ” တဲ့ ... ဆရာတွေ
အကြောင်းကျွန်တော် နဲနဲပြောပြမယ် ... စဉ်းစားပြီး ချင့်ချိန်ရအောင်ပါ ... ဘာဖြစ်လို့လည်း ဆိုတော့
ကျောင်းဆရာ သားသမီးဖြစ် တဲ့ ကျွန်တော်က နည်းနည်းလောက်ပဲသိထားလို့ပါ ...

အရည်အချင်း ...

           တစ်ကယ်တော့ ကျွန်တော်တို့လူငယ်တွေဟာ မိမိမှာရှိတဲ့ အရည်အချင်းကို တန်ဖိုး မထား
တက်ကြဘူး ... တစ်ကယ်တမ်းစဉ်းစားကြည့်ရင် ကျွန်တော်တို့ ဘွဲ့တစ်ခုရရှိဖို အချိန်တွေ ၊ ငွေတွေကို
အသုံးချခဲ့ကြရတာ ... မိမိရရှိထားတဲ့ ဘွဲ့ကို မိမိ တန်ဖိုးမထားရင် ဘယ်သူကလာပြီးတန်ဖိုးထားမှာ
လဲ ... တစ်ကယ်တမ်း တန်ဖိုးမရှိဘူးဆိုရင် ငယ်ငယ်လေးထည်းက သက်မွေးပညာဘဲသင်မှာပေါ့ ...
ဥပမာ လက်မှုပညာတစ်ခုခု ၊ စက်မှုပညာ တစ်ခုခုပေါ့ ... ငယ်ငယ်လေးထဲက ကားဝပ်ရှော့တစ်ခုမှာ
လုပ်ရင်ကားပြင်တက်တဲ့ ဝပ်ရှော့ဆရာတစ်ယောက်ဖြစ်လာမှာပေါ့နော် ... သူလည်းခုလိုခေတ်မျိုးမှာ
ဘဝရပ်တည်လို့ရနှိုင်တာဘဲ ... စဉ်းစားဖို့ပြောတာပါ ... တစ်ကယ်လိုက်လုပ်ဖို့လည်းမဟုတ်ပါဘူး ...

How about thinking !

            တစ်ကယ်တမ်း ပြောရရင် ကျွန်တော်လည်း လူငယ်တစ်ယောက်ပါပဲ ... အသက်သုံးဆယ်ဆို
တဲ့အရွယ်ဟာ တစ်ကယ်တော့ သိပ်မရင့်ကျက်လှပါဘူး ... ဘဝဆိုတာ ဖြတ်သန်းရတဲ့ အတွေ့အကြုံ
ရယ် ခေတ်ရယ်စနစ်ရယ်ဆိုတာ အမြဲတမ်း ပြောင်းလဲခဲ့ပါတယ် ... ဘယ်သူမှကောင်းတယ်ဆိုးတယ်
လို့တော့ မပြောချင်တော့ပါဘူး ... တစ်ကယ်တော့ဖြတ်သန်းခဲ့ရတဲ့ခေတ်တစ်ခုမှာ မိမိကိုယ်ကို အမြဲ
တမ်း စဉ်းစားဝေဖန်နေမိတာတော့ အမှန်ပါ ... တစ်နေ့နေ့မှာ တော့ ဖြစ်ရမယ်ဆိုတဲ့ မျှော်လင့်မှုယုံ
ကြည်မှုတွေကို အခြားသူတွေ သိစေချင်တာတစ်ခုတည်းပါ ...
              ကြိုက်လို့ ဖတ်မှတ်ထားတဲ့ ပုံပြင်လေးတစ်ခုပေါ့ ...

Tuesday, 27 April 2010

မေ့ပြစ်ချင်ပါတယ် ...

           စွဲလမ်းမိခဲ့တယ် ... စွဲလန်းမှုဆိုတာ လူကိုရူးသွပ်စေသတဲ့လား ... သူကိုမတွေ့ခင်ပေါ့ ...
ကြုံးဝါးခဲ့ဘူးတယ် ... ကျွန်တော် သူ့ကိုဘယ်တော့မှ မစွဲလမ်းစေရဘူးပေါ့ ... တစ်ခါတစ်လေမှာ
အထင်သေးခဲ့တဲ့ သူတိုင်းကို အဲဒီအထင်သေးခဲ့တဲ့ အရာတွေကပဲ ပြန်ပြီး ဒုက္ခပေးသတဲ့လား ...
ကိုယ်တိုင်စဉ်းစားကြည်ခဲ့တယ် ... အဲဒီစွဲလမ်းစိတ်ကြီးကိုလည်း ဖျောက်ဖျက်ပြစ်ချင်တယ် ...
           မရပါဘူး ... တစ်ခါတုန်းကပေါ့ သူ့ကိုစိတ်နာနာနဲ့ တစ်နှစ်လောက် မေ့ထားပြစ်ခဲ့ဘူး
တယ် ... သူကလည်း ကျွန်တော်ကို မေ့ချင်ယောင်ဆောင်ခဲ့တယ် ... ဒါပေမဲ့ သူကနောက်ကွယ်
မှာ ကျွန်တော့ကို ဆွဲဆောင်ထားတာ ကျွန်တော်မသိလိုက်ဘူး ... အဲဒီအတွက် ကျွန်တော်အရှုံးပေး
လိုက်ရတယ် ... အဲလိုမှန်းသိရင် ကျွန်တော်အစ မလုပ်ခဲ့ပါဘူး ... ဒုက္ခတွေကို ထွေးပိုက်ရင်း သူပြု
ခဲ့တဲ့ စွဲလမ်းစိတ်ကို ကျွန်တော်မေ့ဖြောက်ပြစ်ချင်တဲ့စိတ်က ပိုတိုးပွားလာလေလေ သူက ကိုယ်ကို
ပိုစွဲလမ်းလေလေပါပဲ ...

Sunday, 25 April 2010

ကျီးလိုမဖြစ်ပါစေနဲ့ ...

ဦးသုမင်္ဂလ (ဒယ်အိုးဆရာတော်) ဟောကြားတော်မူသောတရားတော်

ဆင်ခြင်စဉ်းစားခြင်း ...

             လူဆိုတာ ဘဝကိုအချိန်အတိုင်း အတာတစ်ခုအတွင်း ဖြတ်သန်းသွားကြသူ များသာဖြစ်တယ် ...ဘာဘဲဖြစ်ဖြစ် ရောက်လာချိန်လေးတစ်ခုအတွင်း ကျွန်ုပ်ဘာလုပ်နှိုင်မလဲ  ... ကျွန်ုပ်ကိုကျွန်ုပ် ဘာတွေပြင်
ဆင်ထားသလဲ ... သူများအကျိုးမဆောင်ရွက်နှိုင်ရင်တောင်မှ ကိုယ့်ကိုကိုယ်ဘယ်လောက်တိုးတက်အောင်
ဆောင်ရွက်ခဲ့ဘူးသလဲ ... တစ်ခါတစ်လေ စဉ်းစားကြည့်သင့်တယ် ...

Friday, 23 April 2010

စဉ်းစားမိခြင်း ...

         တစ်ကယ်တော့ဘဝဆိုတာ ဒီနေ့လုပ်ခဲ့သမျှ အချိန်လေးတစ်ခုအပေါ်မှာ မူတည်ပြီး ကြီးကျယ်ခြင်း ၊ နိမ့်ကျခြင်းစသည်ဖြင့် အစီအစဉ်တကျ ဖြစ်တက်တယ် ... မွေးဖွားခြင်း၊သေဆုံးခြင်းကြားအတိုင်းအတာ
တစ်ခုကို ဘဝလို့လူတိုင်းယေဘုယအားဖြင့်သိနေကြတယ် ... ဒါပေမဲ့လူတိုင်း လိုချင်တောင့်တခြင်းများ
စွာနဲ့ အချိန်တစ်ခုကို ဖြတ်သန်းသွားကြတာချည်းပဲ ... ခံယူချက်ကွာတာနဲ့ ဖြစ်တည်ခြင်းတွေကြတော့ မတူညီကြတော့ဘူးလေ ...

Thursday, 22 April 2010

နှမ်းသုံးဆုပ်ဒုတ်သုံးချက် ...

ဦးသုမင်္ဂလ (ဒယ်အိုးဆရာတော်) ဟောကြားတော်မူသောတရားတော်

Friday, 16 April 2010

လူစွမ်းကောင်း ...

ကမ္ဘာ့ရာဇဝင်ကို လေ့လာမည်ဆိုလျင် နိုင်ငံအသီးသီး၌ လူစွမ်းကောင်းတွေ ရှိခဲ့ကြသည်ကို တွေ့ရလိမ့်မည်၊ မြန်မာ့ရာဇဝင်၌လည်း ပုဂံခေတ်က ကျန်တပ်မတော်သား၊ ငထွေရူး၊ ငလုံးလက်ဖယ်၊ ညောင်ဦးဖီးဟူ၍ လူစွမ်းကောင်းတွေရှိခဲ့ကြသည်၊ သူတို့လေးဦးလောက် မကျော်ကြားသော်လည်း အခြားလူစွမ်းကောင်းတွေ မြန်မာ ရာဇဝင်၌ ရှိခဲ့ကြသည်၊ လူတွေက လူစွမ်းကောင်းတွေကို ချစ်ခင်မြတ်နိုးကြသည်၊ လူစွမ်းကောင်းကို သူရဲကောင်းအဖြစ်လည်း သတ်မှတ်ကြသည်။


ဤဆောင်းပါး၌ လူရယ်၊ စွမ်း ရယ်၊ ကောင်းရယ် တစ်ခုချင်း၏ အဓိပ္ပာယ်ကိုဖွင့်ဆိုချင်သည်၊ လူဖြစ် လာလျင် ပထမ-လူလူသူသူဖြစ်ဖို့ လိုသည်၊ ဒုတိယ-စွမ်းဖို့လိုသည်၊ တတိယ-ကောင်းဖို့လိုသည်၊ လူလူသူသူလည်းဖြစ်မှ၊ တစ်ခုခုလည်း စွမ်းမှ၊ ကောင်းလည်း ကောင်းမှ လူ စွမ်းကောင်းဟု ဆိုနိုင်ပေမည်၊ လူ တိုင်း လူစွမ်းကောင်းဖြစ်ခွင့်ရှိသည်၊ လူစွမ်းကောင်းဖြစ်အောင်လည်း ကြိုးစားကြရမည်။

လူထုထဲမှာ အသိရှာ ...

ကုသိုလ် ဥစ္စာ၊ ကျန်းခံ့သာ၍၊
ပညာ တန်ခိုး၊ တမျိုးမျိုးမှ၊
အကျိုးမထွက်၊ ထိုနေ့တွက်၊
သက်သက် ဝမ်းနည်းဘွယ်။

ဤကား ပညာရှိတို့၏ မိန့်ကြားချက်တည်း။ လိုက်နာဘွယ် မှတ်သားဘွယ်ဖြစ်၏။ တနေ့တာအတွက်ကိုပင် အကျိုးထွက် မထွက် ” တနေ့တာစစ်တန်း”ထုတ်ကြည့်ရန် အလေ့အထကို ပေးအပ်ခဲ့ကြခြင်းဖြစ်သည်။

လူ့ဖြစ်ဘဝတွင် ဘယ်လိုမှ အသက်ရှင်ရကျိုးနပ်မည်နည်း။ အချို့ကား ထမင်းနပ်မှန် စားနေရလျှင် အသက်ရှင်ရကျိုးနပ်သလောက် ထင်မှတ်နေကြသည်။ ဤမျှလောက် ထင်မှတ်နေကြသည်။ ဤမျှလောက်ဖြင့် အသက်ရှင်ရကျိုးနပ်သည်ဆိုလျှင် လူ့ဘဝသည် ဘာမျှ အဖိုးမတန်တော့ပေ။ ဘာမျှလည်း အဓိပ္ပါယ်ရှိတော့မည် မဟုတ်ပေ။

နှစ်သစ်မှာ မင်္ဂလာအပေါင်းနှင့်ပြည့်စုံပါစေ ...

နှစ်သစ်မှာ မင်္ဂလာအပေါင်းနှင့်ပြည့်စုံပါစေလို့ ရှေးဦးစွာ နှုတ်ခွန်းဆက်သလိုက်ပါတယ် ... နေ့ရက်များသည် ကုန်ဆုံး၍ နှစ်သစ်သို့ကူးပြောင်းလာစဉ် နှစ်ဟောင်း နွမ်းညစ်နေသည်များကို သင်္ကြန်ရေ ဖြင့် သန့်စင်ဆေးကြောပြီးသကာလ ... ယနေ့ပြုသောအမှုသည် မနက်ဖြန်အတွက် မျှော်လင့်ချက်ဖြစ်သလို ပြီးခဲ့သော မနေ့ကသည်လည်း ယနေ့အတွက် အတိတ် ( သမိုင်း ) သာဖြစ်သည် ... မိမိမျှော်လင့်ချက်များကို အိမ်မက်ရင်းပြီးခဲ့သော အတိတ် ( သမိုင်း ) များကို အကောင်းအဆိုးခွဲခြားကာ သိမြင်နှိုင်ကြပါစေ ... လူငယ်ဆိုသည်မှာ ... တက်ကြွသော မျိုးဆက်သစ်များ ဖြစ်သဖြင့် “ ကောင်းမှုမြတ်နှိုး ၊ ကောင်းအောင်ကြိုး၍ ၊ ကောင်းကျိုးကိုယ်၌ တည်စေမင်း ” ( ကန်တော်မင်းကျောင်းဆရာတော် ၊ လောကသာ ရပျို့ ) ဆိုသကဲ့သို့ မိမိ၏ တတ်လမ်းများကို မိမိကိုယ်တိုင် ဖန်တီးနှိုင်သော အမျိုးကောင်းသားဖြစ်ကြပါစေ ... “ အသိပညာရှိခြင်းရဲ့ မှတ်ကျောက်ဟာ ပွင့်လင်းတဲ့စိတ်ပဲ ... ပွင့်လင်းတဲ့စိတ်ရှိတဲ့ ဝန်းကျင် မှာ အိုင်ကျူမြင့်တတ်တယ် ” လို့ ( Mark Twain ) ကဆိုပါတယ် ... ကျွန်တော်တို့လူငယ်များသည် ပြီးခဲ့သော အတိတ်သမိုင်းများကို သင်္ခန်းစာအဖြစ်ယူ၍ ... အနာဂတ်ကို ကောင်းမွန်အောင်ပြုပြင်နှိုင်စွမ်းရှိသူများဖြစ်သည်... ထိုကြောင့် မိမိ၏ အနာဂတ်အား မိမိ၏ဆန္ဒဖြင့် ပြုပြင်နှိုင်ကြပါစေ ... ဗုဒ္ဓမြတ်စွာဘုရား၏ဟောကြားချက်တွင်လည်း “ အပ္ပမာဒေန သမ္မာဒေထ ” မမေ့မလျော့ မပေါ့ မတန် အစဉ်သတိတရားဖြင့် နေကြလော ... သတ္တဝါအများ အို ... ချစ်သားတို့ ကံ ၊ စိတ် ၊ ဥတု ၊ အဟာရတည်း ဟူသော အကြောင်းတရား လေးပါးတို့ ပြုပြင်သမျှ ၊ စီရင်သမျှ ခံနေကြရကုန်သော ရုပ်နမ်နှစ်ပါးသင်္ခါရတရားတို့ သည် ဖြစ်လျှင် ပျက်သော သဘောရှိကုန်၏ ... မြဲမြန်သောသတိဖြင့် သီလ ၊ သမာဓိ ၊ ပညာတရားတို့ကို ပြည့်စုံ တိုးပွားအောင် အားထုတ်ရစ်ကုန်လော ... ( ဒီဃနိကာယ် ၊ မဟာဝဂ္ဂပါဠိ - ၁၂၈ ) တွင်ဟောကြားထားသည် ... ထို့ကြောင့် အဆိုး ၊ အကောင်းအား ခွဲခြားနှိုင်ကြပါစေလို့ မင်္ဂလာနှစ်သစ်မှာ ဆန္ဒပြုလိုက်ပါတယ် ...

သင်္ကြန်နှင့်ပါတ်သက်သော ခံစားမှုအမှတ်တရ ...

သူမ်ားေတြ သင်္ကြန်မှာ ပျော်ရွှင်နေကြချိန် ကျွန်တော်တို့ အဝေးရောက်များက
တော့ ... ဪ ... သင်္ကြန်တောင်ရောက်ပြီနော် ... စိတ်ထဲ တသ လွမ်းမောရုံ ... မှတပါး အခြားမရှိ ...ကျွန်တော်တို့ အလုပ်လုပ်နေရတယ် ... အလုပ်က ပြန်ရောက်တာနဲ့ ကွန်ပျူတာဖွင့် ရန်ကုန်သင်္ကြန်ကို လွမ်းမောရန် ရှာဖွေ စိတ်ဖြေမယ်ပေါ့ ...ကျွန်တော်တို့က ကိုယ်တိုင် မဖြစ်နှိုင်လေတော့ “ စိတ်နွမ်းအသာဖြေ မာလာငွေ ကန်ရေအေးရယ်နှင့် ” ဆိုသလို ဟိုကြည့်ဒိကြည့် သူများပျော်တာလေးတွေ လိုက်ကြည်နေတုန်း ဗြုန်း ... ဆိုသီတင်းဆိုးတစ်ခုကြားလိုက်ရတယ် ... စိတ်မကောင်းပါဘူး ... ဘယ်သူကလုပ်လုပ် ကျွန်တော်တို့က စိတ်မကောင်းရုံမှတစ်ပါးအခြားမရှိပါ ... “ ပြုသူ အသစ် ဖြစ်သူ အဟောင်း ” ဆိုသလို လုပ်ရက်ကြလေခြင်း ... “ သဒိသံ ပါကံ ဇနေတိ ” တူသောအကျိုးပေးမည်သာဖြစ်သည် ... လောလောဆယ် အဆင်ပြေဖို့ သံသရာကိုမျက်စိမှိတ်ပြီး ပြုလုပ်ကြသောသူများ ဖြစ်သဖြင့် နှစ်သစ် မြန်မာအတာသင်္ကြန်ကို အရုပ်ဆိုးအကျဉ်းတန်ပြုလုပ် သူများအား မုဒိတာ ပွားရုံသာပင် ... “ အကောင်းဖြစ်ရန် အဆိုးခံသည် ” ဟုမှတ်ယူကာ ... နှစ်သစ်မှာ မင်္ဂလာအပေါင်းနှင့် ပြည့်စုံပါစေ ဟု ဆန္ဒပြုလျက် ...

Saturday, 10 April 2010

သတိရပါလေစ ...

       “ သတိရပါလေစ ...  ”
   သူလာနိုး မျှော်ကိုးကာရည် ၊
   တမ်းတကာမှန်းဆ လွမ်းလှပါသည်
   မှန်းဆရော်ရမ်း သူလာလမ်းကို
   ကမ်းလင့်စောင့်မျှော်  ကိုယ့်အပေါ်ကို
   သက်ဝေနှမ သတိရပါလေစ ...
   ကိုယ်မှာဖြင့်လေ စိတ်တွင်စွဲလမ်း
   ကိုယ့်အသည်းပန်းကို
   စိုးရိမ်စိတ်စေ လွမ်းငွေ့ရည်ဖြင့်
   မေတ္တာသွန်းလောင်း ကျမ္မာစေကြောင်း
   တောင်းဆုကိုပြု ကောင်းမှုဖြင့်စေ တည်နေလေ၏  ...
   သတိရတိုင်း ဖုန်းဆက်
   မှာရက်ကဲ့ နှမငယ်
   သူမရှိတဲ့ အခိုက်
   ရင်၌ဗျာပွေ စိုးရိမ်သောက
   ပူသမျှကို လွမ်းတေးမဆုံး
   ကြိမ်မီးအုံးသို့ ဆုံးဆုံးကြမ္မာ
   ကိုယ်ဘက်မှာကား သူလာလမ်း
   မျှော်ကာမှန်း၍ တမ်းတမ်းတတ
   လွမ်းသမျှကို ရင်၌စာစီ
   တွေးပန်းချီဖြင့် လွမ်းသဖြင့်သာ
   ပန်းပွင့်ပါလျှင် အပင်တိုင်းမှာ
   ပန်းတွေချည်းတဲ့ ... ”
   
   ဇော်လေး ( ၁၁ . ၄ . ၂၀၁၀ )
  
   

စိတ်ကို ဘယ်လို ထွက်ပေါက်ပေးရမလဲ ...

             လူတိုင်းလူတိုင်းမှာ အဖြေတစ်မျိုးမျိုးတော့ရှိတက်ကြပါတယ် ... လူတွေဟာ စိတ်ဆိုးတက်တယ် ပျော်ရွှင်တက်တယ် ဝမ်းသာ ဝမ်းနဲ ရှိတက်ကြစမြဲမို့ကျွန်တော်ဖတ်ခဲ့ရဘူးတဲ့ Post  လေးတင်ပေးလိုက်ပါ
တယ် ... နှစ်သက်လိမ့်မယ်လို့ထင်ပါတယ် ...

Friday, 9 April 2010

ဂျပန်တွေရဲ့ ရာဇဝင်ပုံပြင် ...

              ရှေးရှေးတုန်းက ဂျပန်တံငါတွေ ငါးရှဉ့်ဖမ်းထွက်ကြတော့ သူတို့ရဲ့လှေက သေးတာကြောင့် လှေဝမ်းထဲ ဖမ်းရထားတဲ့ ငါးရှဉ့်တွေဟာ ကမ်းမကပ်ခင် သေကုန်ကြတယ် ... ဒါပေမယ့် တံငါတစ်ဦးရဲ့ လှေအပြင်အဆင်တွေက တစ်ခြား တံငါသည်တွေရဲ့ လှေနဲ့တူတယ်ဆိုပေမယ့် သူဖမ်းရတဲ့ ငါးရှဉ့်တွေက
ကမ်းကပ်တဲ့အထိ မသေဘဲ ရှိနေသေးတာကို တွေ့ရတယ် ... ဒါကြောင့် သူ့ငါးရှဉ့်အရှင်တွေက တစ်ခြားသူတွေထက် အမြဲဈေးကောင်း ပိုရခဲ့တယ် ... နှစ်ကြာလာတော့ အဲဒီတံငါသည်ဟာ စုဆောင်းမိပြီး အရွယ်ထောက်လာတာကြောင့် ငါးဖမ်းမထွက်ခဲ့တော့ဘူး ... ဒါပေမယ့် သားကို ငါးရှဉ့်ဖမ်းတဲ့ လျှို့ဝှက်ချက်
သင်ပေးလိုက်တယ်။

If you want to get ahead in life , go an extra mile !

            " ဘဝမှာ သူများထက်ပိုပြီးရှေ့ ကိုရောက်ချင်သလား၊ တစ်မိုင်ပိုသွားပါ "
             (If you want to get ahead in life, go an extra mile) ဆိုတဲ့
ဆိုရိုးစကားရှိပါတယ်။ ဆိုလိုတာက သူများထက်သာချင်လျှင်သူများထက်
ပိုပြီးအလုပ်လုပ်ပါ။ ကောင်းကွက်က အဲဒီမိုင်ပိုထဲမှာ ပြိုင်စရာလူမရှိတက်ဘူး ...
လူအများစုဟာ ပေးထားတဲ့လခနဲ့ တန်ရုံပဲ အလုပ်လုပ်မယ်ဆိုတဲ့စိတ် ထားရှိကြတယ် ...
တချို့ ကြတော့ လခနဲ့ တန်အောင်တောင်မလုပ်တော့ဘဲ အချိန်ရရ ဘာရရခိုးကြခိုကြတယ် ...
အလုပ်ကိုမပြုတ်ရုံလေး ထိန်းလုပ်နေတဲ့သူတွေလည်း တွေ့ ဖူးပါလိမ့်မယ် ...
မိုင်ပိုသွားတဲ့လူ ရှားပါတယ် ...

ဘဝဟူသောအိမ်ကိုတည်ဆောက်ရာဝယ် ...

        အသက်ကြီးရင့်ပြီ ဖြစ်တဲ့ လက်သမားဆရာကြီးဟာ သူ့အလုပ်ကနေ ရပ်နားဖို့ ဆုံးဖြတ်လိုက်တယ် ...
သူ့ရဲ့ အိမ်ဆောက်တဲ့ အလုပ်ကနေ ရပ်နားပြီး သူမိန်းမနဲ့အတူ မိသားစုဘဝကို အေးအေးချမ်းချမ်းနဲ့ ပျော်
ရွှင်စွာ ဖြတ်သန်းတော့မယ့်အကြောင်း သူ့ရဲ့ အလုပ်ပိုင်ရှင်ကို အကြောင်းကြားလိုက်တယ် ... အပါတ်စဉ်
ဝင်ငွေရနေတဲ့ ဒီအလုပ်ကို သူနှမြောပေမဲ့ သူနားချင်ပြီ ... နားကိုနားတော့မယ်လို့ စိတ်ဒုန်းဒုန်းချလိုက်
တယ် ...

Thursday, 8 April 2010

စကားပြောဆိုခြင်းဆယ်မျိုး ...

              မြန်မာစာသည်သိမ်မွေ့နက်နဲ့သကဲ့သို့မြန်မာစကားသည်လည်းရှုပ်ထွေးလှ၏...မြန်မာစကား
ပြောဆိုပုံတွင ်... ရေကူးညာတင်၊ကောက်ပင်ရိတ်လှီးရေစီးဖောင်ဆန်၊အိုးတန်ဆန်ခပ်ဆီပွတ်ကျည်ပွေ့၊
ဆင်ဝှေ့ရန်ရှောင် ၊ တောင်သူယာခုတ်၊ကြက်ဆုတ်ခွပ်ပစ် ၊ ရေစစ်ကရား၊ ခက်တင်မောင်းနင်း ဆိုခြင်းစကား ' ဤဆယ်ပါး ' မှတ်သားကျင့်ဆောင်ရာ ဟူ၍ရှိ၏ ...

Sunday, 4 April 2010

What is that ?

ကိုယ်တိုင်သားသမီးအဖြစ်မှ အမိအဖအဖြစ်သို့ ရောက်ရှိလာလတ္တံ ကုန်သော အမျိုးကောင်းသား အမျိုးကောင်းသမီးများ အားဤ Video လေးဖြင့် အမှတ်ရနေစေချင်ပါသည် ... မိဘတည်းဟူသော အန္တဂိုဏ်းဝင် ကျေးဇူးရှင် ကွယ်လွန်သွားသော အမိ ... မိမိအား ပညာ ကျေးဇူကိုသိမြင်စေခြင်းအလိုငှါ ပညာသင်ပေးခဲ့သော အဖ တို့အား ဤ Video လေးဖြင့် ဂါရဝပြုအပ်ပါ၏ ... ဤမှန်သော သစ္စာစကားကြောင့် အမိ အဖတို့အား လုပ်ကြွေးပြုစုရသော သား ဖြစ်ရပါလို၏ ... ဆုတောင်းခြင်းမဟုတ် ဆုပန်ခြင်းသာဖြစ်သည် ...

အမြဲတမ်းအတွက်အမှတ်တရ ...

We will change for my home ...

ဖေဖေ ...
                       သားရိုသေစွာစာရေးလိုက်ပါတယ် ... ဖေဖေ စိတ်ချမ်းသာ ကိုယ်ချမ်းသာနဲ့ နေနှိုင်ပါစေလို့ သားဆန္ဒပြုလိုက်ပါတယ် ... တကယ်တမ်း မိသားစုဘဝရဲ့အနှစ်သာရ ဆိုတာခုလိုရပ်ဝေးမြေခြားရောက်ေ
နရတဲ့အချိန်ပိုလို့သိသာနှိုင်ပါတယ် ... တကယ်တော့ဖုန်းနဲ့ဆက်သွယ် ပြောဆိုလို့ရပေမဲ့ အကြောင်းကြောင်းကြောင့်စာရေးလိုက်တာပါ ... တစ်ခါတစ်လေ ဖုန်းထဲမှာကိုယ်ပြောချင်တဲ့ စကားကိုပြောချင်ပေမဲ့ အသံမကြည်လင်တဲ့အခါ အဓိပ္ပါယ်လွဲသွားနှိုင်လို့လေ ... နောက်တစ်ခုက ခုလိုသိအောင် တက်အောင်ပညာတွေသင်ပေးခဲ့တဲ့ဖေဖေနဲ့မေမေ့ကိုသားကျေးဇူးတင်ပါတယ် ... ဘာဘဲဖြစ်ဖြစ် မိဘဆိုတာလက်ဦးဆရာပါပဲ ...

Friday, 2 April 2010

ခေတ်သစ်ရန်ပွဲ

ဇာတ်လမ်းအစ ...
    အင်တာနက်ကဖေးဆိုင်တစ်ခုအတွင်း ဆိုင်အဝင် ကောင်တာတွင် ဆိုင်ထိုင်နေသောကောင်မလေးနှင့် ကူညီပေးသူကောင်လေးတစ်ယောက်ရှိနေ၏ ... ဆိုင်အတွင်း အသည်းအသန်chatting လုပ်နေကြသူ
ကောင်လေးကောင်မလေးများ မျက်စိအစာကျွေးနေသောဦးလေးကြီးများ တစ်ဖက်အခန်းတွင် ဖရုသဝါစာ စကားလုံးများဖောဖောသီသီသုံးပြီး Game ဆော့နေကြသော အရွယ်မျိုးစုံယောကျ်ားလေးများလည်းရှိနေကြသည် ... ထိုအချိန်တွင် ဆိုင်အတွင်းသို့ ပိုက်ဆံအိတ်ခပ်ကြီးကြီးလွယ်ထားြပီးမျက်နှာတွင် မိတ်ကပ်များ
ကိုစိတ္တဇပန်းချီဆရာတစ်ယောက်စိတ်ကြိုက်ချယ်ထားသကဲ့သို့ပြင်ဆင်ထားသောအမျိုးသမီးကြီးတစ်ဦး
ဝင်လာလေသည် ...
“ သမီးရေ အန်တီ့သမီးနဲ့ video chat ပြောချင်လို့ပါကွယ် လုပ်ပေးပါအုန်း  ... ’’
“ ဟုတ်ကဲ့ပါ သမီးဘေးက ဒီကွန်ပြူတာမှာထိုင်လိုက်နော် ... ’’

Thursday, 25 March 2010

မှန်သောစကားကိုဆိုခြင်း ...

          “ အရင်တုန်းက ဘယ်လိုတွေဖြစ်ခဲ့တယ် ၊ ဘာတွေမှားခဲ့တယ်ဆိုတာထက် ရှေ့မှာ
ဘယ်လိုဖြစ်သင့်တယ် ဆိုတာကိုပဲ ဦးစားပေးသင့်ပါတယ် ” Bill Gates ပြောထားတဲ့စကား
လေးတစ်ခွန်းပါ ... တကယ်တော့ ဘဝမှာ သူများပြောတာတွေမှတ်သားပြီး ကိုယ်တိုင်လေ့
လာ မှတ်သားကျင့်ကြံနေပါတယ် ... စကားဆိုတာကလည်း တစ်ခါတစ်ရံ ပြောတိုင်းလည်း
မကောင်းပါဘူး ... ဖတ်မှတ်ထားသော စကားအရဆိုလျင် “ မှန်လည်းမှန် ၊ အကျိုးလည်းရှိ ၊
သူတစ်ပါးနှစ်သက်သော စကားမျိုးပြောနှိုင်လျှင်သာ အကောင်းဆုံးဖြစ်သည် ” ဟူ၏ ...

Tuesday, 16 March 2010

မိဘမေတ္တာ ( ၂ ) ...

        “ ကြွေးမွေးမပျက် ၊ ဆောင်ရွက်စီမံ ၊ မွေခံထိုက်စေ ၊ လှူမျှဝေ၍ ၊ စောင့်လေမျိုးနွယ် ဝတ်ငါးသွယ်
ကျင့်ဖွယ်သားတို့တာ ” ဟူသော ငယ်စဉ်ကလေးဘဝကစ၍ ရွတ်ဆို ခဲ့ဘူးသည် ။ တစ်ကယ်တော့ သား
သမီးတိုင်းသည် အမိ ၊ အဖ တည်းဟူသော အနန္တဂိုဏ်းဝင် ကျေးဇူးရှင်မိဘ နှစ်ပါးမှပေါက်ပွား ခဲ့ကြသည်
သာပင် … ထို့ကြောင့် အမိ အဖ တို့အား ကြွေးမွေးပြုစု စောင့်ရှောက် ရမည်မှာ သားသမီးများ၏ တာဝန်
သာ … တစ်ခါတစ်ရံ မိဘတို့သည် မှားတတ်ကြသည်လည်းရှိသည် … ထိုသို့သော အချိန်မျိုးတွင် သားသ
မီးများဖြစ် သော ကျွန်ုပ်တို့မှာ စိတ်လိုက်မာန်ပါ ပြောခဲ့ဆိုခဲ့ ကြဖူးသည်သာ … “ တောင်းဆိုးပလုံးဆိုး သာ
ပစ်ရိုးထုံးစံရှိသည် ၊ သားဆိုး သမီးဆိုးကို ပစ်ရိုးထုံးစံ မရှိ ” ဆိုသောစကားအရ မိဘတိုင်းသည် သားသမီး
တိုင်းကို ခွင့်လွတ်ခဲ့ကြသည်သာ … မိဘ မေတ္တာဆိုသည် မှာ မိဘနှင့်ခွဲခွါရသော အခါမှသာ ပိုလို့သိသာ
ခဲ့သည် … တကယ်တော့ မိဘတိုင်းသည် သားသမီးတိုင်း ကို ဆင်းစီးပြီးမြင်းရံစေချင်သည် … သားသမီး
တိုင်း ကောင်းစားတာကိုသာမြင်ချင်ကြသည် … ထို့သို့သော အခါမျိုးတွင် စိတ်လိုက်မာန်ပါ ပြောဆိုဆက်
သည်ကို သားသမီးများအနေဖြင့် နားလည်ပေးသင့်သည် … မိဘမေတ္တာ မည်မျှကြီးမားသည်ကို …

Saturday, 13 March 2010

တိုးတိုးလေးရင်ဖွင့်ထားတယ် ( ၂ )

                          တစ်ခါတစ်ရံလူတို့သည် မိမိလုပ်နှိုင်စွမ်းရည်ထက် ပိုမိုလိုချင်ကြသည် … လူတို့သည် မိမိဘဝတသက်တာတွင်မိမိပြုခဲ့ဘူးသောစိတ်၊စေတနာနှင့်အလုပ်ကိုလုပ်ကိုင်ကြိုးစားခဲ့ပါလျှင်အောင်မြင်သောလူတစ်
ယောက်ဖြစ်လာမည်မှာအမှန်ပင်ဖြစ်သည်…သို့သော်အလုပ်ကိုကားသက်သက်သာသာသာလုပ်ကိုင်လိုကြသည် …ဘဝဆိုသောအချိန်အတိုင်းအတာတစ်ခုတွင်မိမိမည်မျှအလုပ်ပင်ပန်းကြီးစွာလုပ်ခဲ့ဘူးပါသလဲ…မိမိကိုယ်မိမိ သုံးသပ်ရန်လိုအပ်ပေသည်…သို့ရာတွင်မိမိငယ်စဉ်ကစ၍ဖခင်ဖြစ်သူကစာကျက်ခိုင်းလျှင်အကြောင်းတစ်ခုခုပြ၍ ငြင်းဆန်တက်သည် …လက်တွေ့မိမိသိမြင်လာသောအခါမိမိငယ်စဉ်ကလုပ်ရမည်ကိုမလုပ်ခဲ့သောကြောင့် လက်တွေ့ဒုက္ခဆိုသော လူ့ဘောင်လူ့လောကတွင် လက်ပစ်ကူးနေရသည် … တစ်ကယ်တော့ “ ဝိဇ္ဇာသိပ္ပ ၊ လူကိစ္စကို ငယ်ကမသင် ၊ ပျော်ပါးလွင်မူ အကြင်သူအား ၊ စကားချေတင် သဘင်မပြဲ့ ၊ ခံတွင်းမဲ့သို့ … ” ဆိုသလို မိမိသာ ငယ်စဉ်ပညာရှာရမည့်အချိန်တွင် ပညာကိုတလေးတစား သင်ယူမှုမပြု့ခဲ့သောကြောင့် “ လုပ်ခြေလုပ်လက် ၊ စဉ်ဆက်နည်းမှီး မကျင့်သီးသော် ၊ချည်းနှီးဥစ္စာလိုခါမရ၊တောင့်တစိုးရိမ်ဖန်ကြိမ်များစွာ အိုသောခါလည်း ၊ မဟာဒုက္ခ တွင်းဆုံးကျသည် ၊ နောင်တနှလုံးမငြိမ်တည်း ..”ဆိုသကဲ့သို့ ကြီးစွာမှ နောင်တရမိသည် …

Friday, 12 March 2010

ကျွန်ုပ်နှင့်ရွှေစာရံစေတီရှေ့စကားဝိုင်း …

        တစ်နေ့သ၌ ကျွန်ုပ်သည် ဘာအံသို့အလည်ကိစ္စဖြင့်ခရီးသွားပြီး အပြန်တွင်ဖြစ်သည် …ကျွန်ုပ်သည် ဘာအံမှနေ၍ ရွှေနဒီဟူသော လွန်စွာငြိမ့်ညောင်းသော Express ကားကြီးဖြင့်ရန်ကုန်မြို့တော်
ဆီသို့ပြန်လာခဲ့လေသည် … ကြီးမားခိုင်ခံလှသော သံလွင်တံတားကြီးကိုဖြတ်၍ လှပလှသော ကရင်ပြည်နယ်၏ရှုမျှော်ခင်းများမှာ အလွမ်းဓါတ်ခံရှိသူအဖို့လွမ်းဆွေသယောင် ရှိလှ၏ … အတိတ်က ကျွန်ုပ်အလုပ်ကိစ္စဖြင့်အခေါက်ခေါက်အခါခါ ခရီးသွားလာစဉ်က ဤသို့ရှုခင်းများအား သိပ်ခံစားမှုမရှိခဲ့ … ဘဝဆိုသည်မှာလည်း ကရင်ပြည်နယ်၏ ကျက်သရေဆောင် သံလွင်မြစ်ရေကဲ့သို့စီးဆင်းမြဲသာ စီးဆင်းလျက်ရှိလေသည် … ထို့သို အတွေးများ၏ အနောက်သို့ခရီးဆန့်နေခိုက် သထုံမြို့အနီး ဝါးပါးရေလှောင်တမံအနားအရောက်တွင်ဖြစ်သည် “ ဖောင်း ” ဟူသောအသံနားထဲသို့ဝင်လာ၏ … ရုတ်တရက်မို့လို့လားမသိ ကြောက်စိတ်အနည်းငယ်ကြီးစိုး သွားခဲ့သည် …

Monday, 8 March 2010

ပလေတို နဲ့ ဆိုကရေးတီး

တစ်နေ့မှာ "ပလေတို" က ဆရာဖြစ်သူ "ဆိုကရေတီး" ကို အချစ်ဆိုတာ ဘာလဲလို့ မေးသတဲ့။ ဆိုကရေတီးက ပလေတိုကို ဂျုံခင်းထဲ နောက်ပြန်မလှည့်တမ်း တစ်ခေါက်သွားစေပြီး သွားရာလမ်းတစ်လျှောက်မှာ အကောင်းဆုံး၊ အကြီးဆုံးဂျုံနှံတစ်ခုကို ခူးစေခဲ့တယ်။

Sunday, 7 March 2010

ပဏ္ဍိတလက္ခဏာ ...

စစ်ကိုင်းတောင်ရိုး၊ ကမ္ဘာ့ ဗုဒ္ဓတက္ကသိုလ် အဓိပတိ

မဟာဓမ္မကထိက ဗဟုဇနဟိတဓရ

အဂ္ဂမဟာသဒ္ဒမ္မဇောတိကဓဇ

အဂ္ဂမဟာပဏ္ဍိတ

အရှင်ဦးဉာဏိဿရ

ဟောကြားတော်မူသောတရားတော်

Flash နဲ့ လုပ်ထားတဲ့ မြန်မာသီချင်းလေးတွေ ...

ဖော်ဝက်မေလ်းတစ်ခုထဲက ရတာပါ.......
သိတဲ့လူတွေရှိသလို မသိတဲ့လူတွေရှိပါလိမ့်မယ်......
သူငယ်ချင်းအားလုံးအတွက် ဝေမျှပေးလိုက်ပါတယ်......

ရွှေတိဂုံ http://megaswf.com/view/e6a13ed300232165fe4856c031f95c8a.html
လမ်းဆုံ http://megaswf.com/view/fa36957b39d09a243e440cae737fdc6b.html
ကြွေပါစေ http://megaswf.com/view/5411508bbb32bb7aa6f65fc91a4c04e1.html
လိုက်ဖက်တဲ့ဘ၀ http://megaswf.com/view/08cb0fe1a6452d5f407f4ead28f8db24.html
ကိုယ့်အနားရှိစေချင်
http://megaswf.com/view/9c6850235311fcad7c376bbf176103a0.html
သူလေး http://megaswf.com/view/3e3030504108cdf940b01ae5188221bb.html
မင်းအတွက်ပါ http://megaswf.com/view/31b3061e64c1f9ff6e34aaabdc3fef3e.html
တယောက်သောသူ http://megaswf.com/view/81809adf28545bb60c599e647e47d7d2.html
နှင်းဝေတဲ့ဆောင်း http://megaswf.com/view/f84a49f2621e6e358e15b74abfbd0e33.html
အချစ်ကြီးသူ http://www.megaswf.com/view/21c6790665b3fbdf6f969d50e9e1cf2a.html
ညစဉ်ညတိုင်း http://www.megaswf.com/view/0d62ef70789db9db7b7edb29149ea4a7.html
မချစ်နဲ့တော့ http://www.megaswf.com/view/c852a4f70384392916c3b36861095560.html
ခွင့်ပြုတယ်ခွင့်လွှတ်တယ်
http://www.megaswf.com/view/608e353d39e5538ef57a8687bab4e0bb.html
နိဒါန်း http://megaswf.com/view/c0289cb865fb2150bb8bda37ce00ba96.html
အမေတခုသားတခု(၁) http://megaswf.com/view/947ab1f7728d01dd032fa41dd8ac6421.html
သူ့ကိုကျနော်ချစ်သည်
http://megaswf.com/view/b65dabb4c01c415009f754cbdb1cbd25.html
ရင်နာတယ်ဧပရယ် http://megaswf.com/view/3ef0560a17f8895cfe2992c3898d2b27.html
နောက်ဆုံးရင်ခွင် http://megaswf.com/view/b84346e617a0e097e3f8615070a00fba.html
ရင်ဘတ်ထဲကဒါဏ်ရာဟောင်း
http://megaswf.com/view/5fafc39c97497a88f16465c8fd0ff505.html
ဝေဒနာပြတင်းပေါက်
http://www.megaswf.com/view/479112ca031100ed36b6f9227a26aac6.html
နှင်းဆီ http://megaswf.com/view/a506e7b2c0b0e8c52c0bdfdee0f59c8f.html
အမေ့ရုပ်ရည် http://megaswf.com/view/01b95b0dc2fdfa52f662372fe6a2ae43.html
မြိုင်နန်းစံကပန်းတပွင့်
http://megaswf.com/view/59f7acac0c287a697bbe7a6f4f82574d.html
ပါရမီဖြည့်ဘက် http://megaswf.com/view/13efb7e0eb1ba0fd6abe410857eb8310.html
ရူးတော့မယ် http://megaswf.com/view/df7e207cd571323fcac05932444587a0.html
ကလေးလေး http://megaswf.com/view/e64db4e78858bfd7ffe64d8184486991.html
မေမေ http://www.megaswf.com/view/a1113afd92a9b15de1c6ce5393076b64.html
မင်းစချော့ပါ http://www.megaswf.com/view/1b870eaecaf7538e023d63a2af5c678b.html
ရတုအဆက်ဆက် http://megaswf.com/view/45063e03fba5e3960b162c930c9547d0.html
ယုံကြည်ခြင်း http://megaswf.com/view/867953fe0d99cdc0193d0a59cc13f6c9.html
ဂန္ဓဝင်ဆည်းဆာ http://megaswf.com/view/2705daf0dc76ba105ed38514a7663364.html
ကောင်မလေး http://megaswf.com/view/98bca75d00e831b4a88e1402183f1eb5.html
အမေတခုသားတခု (၂) http://megaswf.com/view/64fc78ec5f26d19f60e70210e2f754a1.html
အမေတခုသားတခု (၃) http://megaswf.com/view/3700e136a49440b42644e4c1ea6cde90.html
အကြွေးဟောင်းဆပ်ခွင့်
http://megaswf.com/view/a8a8e85548890604393cfa4a0d1224e2.html
ဝေးဝေးနေမယ် http://megaswf.com/view/0d6e12fb2e28c0ed4c06a2e5799d6f42.html
မင်းကိုသတိရရင် * http://megaswf.com/view/4e2f0389b11bc797525e14923d2286c5.html
ချစ်သူကို http://megaswf.com/view/0361b1032b4fc46ea27798c42ab4a35d.html
ဘဝခြင်းခြားလည်းချစ်
http://megaswf.com/view/3ae979750bbaf1d81748bb6abb47e5ec.html
မင်းမရှိတဲ့အခါ http://www.megaswf.com/view/00e92df52a38e751fd20ee1de3fa4f08.html
ဒီဇင်ဘာည (၂) http://megaswf.com/view/718ca3137bbd882d12de833cb2492cc8.html
အရမ်းဘဲချစ်တယ် http://megaswf.com/view/bf4d01e49583c646bce1715ba4ed0545.html
သနပ်ခါးချစ်သူ http://megaswf.com/view/2a1f8d19c1ad963ba3f77617196f4a15.html
ရိုမီယိုဂျူးလီးယက် http://megaswf.com/view/0cca370addad339c5b4564d774a88bd0.html
အချစ်ဆုံးမို့ http://megaswf.com/view/7baff2d686e075bde6e68f78546cbe99.html
ချစ်သူ http://megaswf.com/view/9ab93d0ca1ab5a8a38fbe566a3865d26.html
မင်းလွမ်းတတ်ရင် http://megaswf.com/view/e06fd687fc0edcb2f7c632dd15b06b80.html
ရင်ခုန်နှစ်သစ် http://megaswf.com/view/a7b2ee1987063f9c1d115e8b66b0f7f5.html
နှလုံးသားရှိတဲ့အရပ်
http://megaswf.com/view/9e82f0480ea8e399f2c612837e7df1f7.html

မြန်မာသီချင်းလေးတွေကို ခံစားနိုင်ကြပါစေ

""ဒီသီချင်းတွေကိုအိမ်မှာယူသွား
ပြီးနားထောင်ချင်ရင်...tools> page info > media> save as> နဲ့ download လုပ်ပြီးယူလို့ရပါတယ်...""


မိခင်ချစ်တဲ့သား ...


ဂျူး ၏ ...

ပြဿနာ ...

ဆရာက ကျောင်းသားနှစ်ယောက်ကို မေးခွန်းမေးပါတယ်။ အင်မတန်အဆင့်မြင့်ပြီး အတော်စဉ်းစားယူရတဲ့ သင်္ချာဉာဏ်စမ်းတွေပါ။

အို ... သခင် ...

အို .... သခင္ သခင်ရွှင်ပြုံး မြင်ချင်ဆုံးလည်း မြင်ခွင့်မရ ကိုယ့်ဘဝကို စာတာထောက်ထား ရှိနေစေချင် ကိုယ်စိတ်ဘဝင်ကို သခင်မြင်လှည့် ကြင်လျက်နေ လွမ်းတေးမဆုံး ပြုံးလျက်ရွှင်စေ ကိုယ်စိတ်ဌာနေ ......အမှာခြွေ......

၀န်ခံချက် သို့မဟုတ် ရင်ဖွင့်စာ !

ကျွန်တော်သည် စာပေဗဟုသုတ များစွာလိုလားပြီး ဖြစ်ချင်စိတ်လွန်စွာကြီးမားသော လူတစ်ယောက်ဖြစ်သည်။

ဝေဒနာအပိုင်းအစ ...

မြင်သာမြင် မကြင်ရ ကိုယ်ဘဝမှာဖြင့် မျှော်လင့်လျက် နေရက်တွေကို လက်ရေတွက်ချိုး ။ လတွေနှစ်ပြောင်း ချိန်ကြာညောင်းလည်း မေ့မရသည်မှာ တစ်ဘဝတာ ။ စောင့်မျှော်တမ်းတ နွမ်းလျလျနှင့် တစ်ရက်ကုန်လို ့ တစ်မိုးသောက်လည်း စောင့်နေတော့မည် နောက်တစ်နေ့ဆီ သူလာနိုးကို မျှော်ကိုးကာရည် တမ်းတကာမှန်းဆ လွမ်းလှပါသည် ။

တမ်းတလျက် ...

သတိရလွမ်းဆွတ်တက်သူအဖို့ ရင်မှာတမ်းတလျက် ချစ်သူဆီသို့သာ စိတ်ကမျောလွင့်နေမိသည်။ နှလုံးလမ်းကြောင်းမှာ ကျွန်းခံပေဦးတော့ သူ့ကိုသာတမ်းတမိသည် ။ “ ချစ်ရသည်က အသက်ထက်ဆုံး ” ဟူသော သီချင်းကနားထဲကမထွက် ။ မိုင်ပေါင်းများစွာ ပင်လယ် သမုဒ္ဒရာ ကာဆီးထားလည်း ချစ်စိတ်ကိုမျိုသိပ် မထားနှိုင်ခဲ့ ေဩာ် ..... အချစ် ............

ချစ်သူ ...

ချစ်သူ ... ငါ့ဘဝမှာ မင်းကိုခွဲခဲ့ရပေမဲ့ ပြန်ဆုံမယ့် နေ့တွေကို လက်ချိုးရေတွက်နေမိတယ် ... ချစ်သူ ... ရေခြားမြေခြားမှာ ယုံကြည်မှု့တွေကို စတေးပြီး အဝေးမှာနေရပေမဲ့ တစ်ရက်မှ မေ့မရပါဘူး ... ချစ်သူ ... ချစ်တက်တဲ့သူတွေကို ခံစားစေချင်တယ်ဆိုပေမဲ့ ခံစားမှုတွေကို မျိုသိပ်ပြီး သတိရတိုင်းလည်း ဖုန်းဆက်ချင်နေမိတယ် ... ချစ်သူ ... ပျော်ရာမှာမနေ တော်ရာမှာနေ ဆိုရိုးစကား ရှိခဲ့ပေမဲ့ ကိုယ့်ရဲ့စိတ်က မင်းအနားမှာလေ ... ချစ်သူ ... တစ်နေ့နေ့တော့ မင်းရဲ့အနားကို ကိုယ်ပြန်လာမယ်နော် ... ပြန်လာမဲ့ရက်ကို ပဝါကမ်း၍ လက်လှမ်းကြိုနေပါနော် ... အဝေးမှချစ်သူ မင်းသိပါလေစ ကိုယ်ဘယ်လောက်မင်းကို လွမ်းရတယ် ဆွေးရတယ်ဆိုတာ ... လူဆိုတာ ကိုယ်တိုင်ခံစားကြည့်မှ သိတက်တာပါချစ်သူ ... ဘာပဲဖြစ်ဖြစ် မင်းကို ကိုယ် သိပ် ... ချစ်တယ် ... ချစ်သူ ... ( ၇.၂.၂၀၁၀ ) “ ကြာတော့လည်း လွမ်းဖို့မေ့သွားမှာပါ ... ” ( မောင်လှမျိုး ချင်းချောင်းခြံ )

ချစ်သူရယ် သိစေချင်လိုက်တာ ...

“ အချစ်စစ်ဟာ ကြိုခင်းထားတဲ့ပန်းခင်းမဟုတ်မှန်း ဒို့မျက်ရည်ကိုမြင်ရင်မင်းသိပါတယ် ...
ချစ်ခြင်းနဲ့ဘဝကိုခွင့်ရှိတဲ့ သူလို ဒို့ကကံကောင်းတယ်ဆိုရင်မင်းနဲ့နီးမယ် ...
တောတောင်ပင်လယ်တွေတောင် အချစ်နဲ့ကျော်ဖြတ် လေးဖက်မှာအမှောင်နံရံတွေဒို့နှစ်ယောက်ရဲ့ကြား ...

ဒေါသနည်းအောင်နေနည်း ...

ဆရာတော် ဦးဇောတိက၏ မှတ်သားဖွယ်ရာ ဒေါသနည်းအောင် နေနည်းတရားတော်
စိတ်အနှောက်အယှက်ဖြစ်ရတာ နဲချင်ရင် မလိုအပ်ပဲနဲ့ လူများများနဲ့ မရောပါနဲ့ ။ အလုပ်များတဲ့
သူဟာ တစ်နေ့ တစ်နေ့ လူတွေနဲ့စကားပြောရတာ နဲမှာမဟုတ်ဘူး ။ အခက်အခဲရှိလို့ ပြောချင်ရင် ၊
တိုင်ပင်ချင်ရင် တကယ်ကောင်းတဲ့ အကြံဉာဏ်မျိုးပေးနှိုင်မဲ့သူကိုပဲ ပြောပါ ။ မဆိုင်တဲ့သူတွေကို မပြော
ပါနဲ့ ။ စိတ်ပျက်စရာ ပြောတက်တဲ့သူတွေကို ဘယ်တော့မှ မပြောပါနဲ့ ။ စိတ်ပျက်စရာပြောတက်တဲ့
သူကိုပြောရင် ကိုယ်ပါစိတ်ဓါတ်ကျမယ် ။ စိုးရိမ်စိတ်တွေ များလာမယ် ။ စိတ်ပင်ပန်းမယ် ။ ကိုယ်လုပ်
မယ့်အလုပ်မျိုးကို လုပ်နေတဲ့သူ ၊ အတွေ့အကြုံများတဲ့သူမှသာ ကိုယ့်အခက်အခဲကို နားလည်မယ် ။
ဒါကြောင့်ဘယ်သူနဲ့ တိုင်ပင်တယ် ဆိုတာကိုသေသေချာချာစဉ်းစားပါ ။

စိုက်တဲ့အတိုင်းရိတ်ရတယ် ...

“ စိုက်တဲ့အတိုင်း ရိတ်ရတယ် ” လို့ ဆရာတစ်ယောက်ကပြောဘူးတယ် ... ဟုတ်တယ်နော် ... ငစိန် စိုက်ပြီး ဧည့်မထစားချင်လို့မဖြစ်နှိုင်ဘူးလေ ... တစ်ခါတစ်လေ လူတွေက လိုအပ်တာထက်ပိုလိုချင်ကြတယ် ... တစ်ကယ်တော့ ကိုယ်ဖြစ်ချင်တာကို ကိုယ်ဖြစ်အောင်အစထဲက ကြိုတင်ပြင်ဆင်ထားဖို့လိုတယ် ... သူများအရာရှိဖြစ်တော့မှ ကိုယ်ကသူ့လိုမဖြစ်ရကောင်းလားဆိုပြီး မနာလို ဝန်တို လို့မဖြစ်နှိုင် ဘူး ... တစ်ကယ်တော့ မူလတန်းကျောင်း ကစပြီး အထက်တန်းရောက်တဲ့ အထိ သင်ရိုးအတူတူ သင်လာပြီး ... ပြီးမှ ဆရာဝန်မဖြစ်ရကောင်းလားဆိုလို့ ဘယ်သင့်တော်ပါမလဲနော် ... တကယ်တော့ဘဝဆိုတာကို ငယ်ငယ်လေးထဲက ပြင်ဆင်ထားသင့်တာပါ ... နောက်ကျမှရတဲ့ အသိကို နောင်တလိုဆိုမလား ...

ဪ … ဒုက္ခ … ဒုက္ခ …

ဪ … ဒုက္ခ … ဒုက္ခ … တစ်ခါတစ်လေ ပိုက်ဆံကိုလိုချင်ပြန်တော့ အလုပ်ကမကောင်းတော့ဘူး …
“ ကျွန်ုပ်တို့ ဘာပဲလိုချင်လိုချင် ၊ ကျွန်ုပ်တို့ ဘာပဲရချင်ရချင် ၊ ဌင်းကိုမရ ၊ ဌင်းသည်ဒုက္ခဖြစ်သည် ”
တဲ့ ဆရာတော်ဦးဉာဏိဿရ ဟောကြားတဲ့တစ်ရားတစ်ပုဒ်မှာ နာလိုက်ရတယ် … ဒါပေမဲ့ လူဆို
တာမျိုးက အဲဒုက္ခဘုံမှာဘဲပျော်နေကြတာ သတ္တဝါမဟုတ်လား … ကျွန်တော်အပါအဝင်ပေါ့ …
ဒုက္ခနဲ့ပါတ်သက်လို့ စာအုပ်တစ်အုပ်ထဲမှာ ဖတ်မှတ်လိုက်ရတယ် …

ကျွန်တော်တက်ခဲ့ရတဲ့ကျောင်း ...

ကျွန်တော်တက်ခဲ့ရတဲ့ကျောင်း …
တစ်ကယ်တော့ဘဝမှာ “ လက်ဦးဆရာမည်ထိုက်စွာ ပုဘာစရိယ မိနဲ့ဖ ” ဆိုတဲ့ စကားအတိုင်း
မိဘရဲ့ အရိပ်အာဝါသ မှာ ကျောင်းစတက်ခဲ့တယ် … အဲသည်မှစ၍မူလတန်းကျောင်း ၊ အထက်တန်းကျောင်း ၊ တက္ကသိုလ်စသဖြင့်ကျောင်းတက်ခဲ့ရတယ် … ခုတော့ဘဝဆိုတဲ့ကျောင်းမှာ အညံဆုံးကျောင်းသားအဖြစ် ကျောင်းဆက်တက်နေခဲ့တယ် … ဘာဖြစ်လို့လဲဆိုတော့ ကျောင်းပြီးသွားမှဘဲ ဘဝသင်္ခန်းစာတွေကိုလေ့ လာသင်အံရင်း ငယ်ငယ်ကပေါ့ပေါ့နေပေါ့ပေါ့စားတက်တဲ့အကျင့်ကြောင့် ဒုက္ခပင်လယ်ပြင်မှာ လက်ပစ်ကူးနေရလို့လေ …

မျှော်လင့်ခြင်း ...

ခေါင်းစဉ်-မျှော်လင့်ခြင်း
ရေးသူအမည်- ပိုင်စိုးသူ
ကျွနု်ပ်တို့ဘဝတွင် ရည်မှန်းချက်တခုကို အကောင်အထည်ဖော် ဆောင်ရွက်ခြင်းနှင့်ပတ်သက်၍
(၁)။ ဆောင်ရွက်ရန်ကြံစည်နေချိန် (ဝါ) အစပျိုးချိန်
(၂)။ လက်တွေ့ဆောင်ရွက်နေချိန် နှင့်
(၃)။ အောင်မြင်စွာဆောင်ရွက်ပြီးချိန် ဟူ၍ အဆင့်သုံးဆင့် ရှိလေသည်။
ပထမအဆင့်အနေဖြင့် ဆောင်ရွက်ရနကြံစည်နေချိန်တွင် မိမိ၏ရည်မှန်းချက်၊ မိမိ၏စွမ်းဆောင်နိုင်မှုအခြေအနေ၊ ပြင်ပပံ့ပိုးမှု အခြေအနေ၊ ပေါ်ပေါက်လာနိုင်သော အနှောက့်အယှက်များနှင့် အချိန်အတိုင်းအတာတို့ကို ထည့်သွင်းစဉ်းစားပြီး ညှိနှိုင်းပြင်ဆင် ရပေလိမ့်မည်။ ဤသို့ပြင်ဆင်ပြီး အောင်မြင်နိုင်သည်ဟု အတိုင်းအတာတစ်ခုအထိ ယုံကြည်လာသောအခါမှ စတင် လက်တွေ့ လုပ်ဆောင်ကြသည်။ လက်တွေ့ဆောင်ရွက်ရာတွင်လည်း မိမိစဉ်းစားခဲ့သောအချက်အလက်များ
ကို အခြေခံ၍ မိမိရည်မှန်းထားသော အချိန်အတိုင်းအတာအတွင်း အောင်မြင်အောင်ဆောင်ရွက်ကြရေပမည်။ ၎င်းအဆင့်နှစ်ဆင့်တွင် ကျွန်ုပ်တို့၏ သိစိတ်၊ မသိစိတ်ထဲတွင် ကိန်းအောင်းေသောအရာမှာ ဤလုပ်ငန်းဤကိစ္စ အောင်မြင်ရမည်ဆိုသော သန္နိဌာန်နှင့် အောင်မြင်လိမ့််မည်ဟု ယုံကြည်နေသော မျှော်လင့်ချက်တို့ပင်ဖြစ်သည်။

ကျရှုံးခြင်းဘေးက ပြတင်းပေါက်ကို ဖွင့်ကြည့်လိုက်ပါ ...

( ၁ ) လူ(၃)ယောက်နှင့် ပင့်ကူ
မိုးရွာပြီးခါစ ပင့်ကူတစ်ကောင်ဟာ မိုးမိပြီး စုတ်ပြဲသွားတဲ့ ပင့်ကူအိမ်အမျှင်ကနေ စိုရွဲှနေတဲ့နံရံပေါ်
တွယ်တက်ဖို့ ကြိုးစားခဲ့တယ်။ မိုးစိုနေတဲ့အတွက် ပင့်ကူဟာ အမြင့်တစ်နေရာကို ရောက်တာနဲ့
ပြန်ပြုတ်ကျလာတယ်။ ပင့်ကူဟာ အကြိမ်ကြိမ် ကြိုးစားပြီး တက်ခဲ့ပေမယ့် အကြိမ်ကြိမ် ပြန်ပြုတ်ကျခဲ့ရတယ်။

ခုနစ်ခါလဲရင် ရှစ်ခါထမယ် ...

ဒုတိယ ကမ္ဘာစစ်ကြီးပြီးတော့...စစ်ရှုံးသူနိုင်ငံတွေထဲမှာ ဂျပန်နိုင်ငံဟာ အဓိက ပါဝင်ခဲ့တယ်..။
သူတိုက်ထားတဲ့ စစ်ကုန်ကျစရိတ် ၊ သူသိမ်းပိုက်ထားလို့ စစ်ရှုံးတော့ ပြန်လည်ပေးချေရမဲ့ စစ်လျော်ကြေး
နှစ်ပေါင်းများစွာတောင်မှ ကျေနိုင်ပါ့မလား..။

စိတ်ချမ်းသာဖို့လိုရင်းပါ ...

လယ်သမားတစ်ယောက်ရဲ့မြည်းလေးတစ် ကောင်ဟာ အကာအရံ မရှိတဲ့ လယ်ထဲက ရေတွင်းထဲ
ကျသွားတယ်။ မြည်းလေးဟာ ရေတွင်းထဲကနေ အော်အော်ပြီးတော့ သူ့ သခင်ကိုခေါ်တယ် ။
လယ်သမားကြီးဟာ ဘာလုပ်ရမလဲလို့တွေးတယ်။ နောက်ဆုံးတော့ လယ်သမားကြီးက စဉ်းစားတယ်။

အတွေးကတ်ပြား ...

လူတစ်ယောက်ထံမှ အစစအရာရာ
သိမ်းပိုက်သွားနိုင်သော်လည်း
တစ်ခုကိုမှု ယူ၍မရ။
ယင်းကား ၊ လူ့လွတ်လပ်ခွင့်တို့အနက်
အရင်းခံအကျဆုံးဖြစ်သည့်
‘မိမိလမ်းကို မိမိရွေးချယ်ပိုင်ခွင့်’ ဖြစ်ပေသည်။
[ဗစ်တာ ဖရန်ကဲလ်]

ကောလိပ်ရောက်စ နှစ်များတုန်းကမှု ကျွန်တော်ကမကျေနပ်စိတ် ဒေါသစိတ်တွေ
များနေသည့် လူငယ်တစ်ယောက်ဖြစ်ပါသည်။ ကျွန်တော့်ဒေါသက အရပ်ရပ်သို့
ပျံ့နှံ့နေသည်။ လောကကြီးထဲမှာ ကျွန်တော်ဘာကိုမှ မကျေနပ်ချင်ပါ။

သေခြင်းမတိုင်မီ ...

လူတစ်ယောက် သစ်တောထဲက ဖြတ်လျှောက်လာတုံး ရုတ်တရက် အစာရေစာငတ်မွတ်နေတဲ့ ကျားကြီးတစ်ကောင်နဲ့တိုးမိတယ်။ ကျားကြီးကတစ်ချက်ဟိန်းပြီးခုန်အုပ်လိုက်တယ်။ သူကအမြန်ဆုံးနှုန်းနဲ့ လှည့် ပြေးပါတော့တယ်။ အစွမ်းကုန်ပြေးနေပေမဲ့ ကျားကလည်း ထက်ချပ်မကွာပြေးလိုက်လာနေတယ်။ နောက်ဆုံးမှာတော့ တောင်ကမ်းပါးအစပ်နားထိ ရောက်လာ တယ်။ ပြေးစရာမြေမရှိတော့ဘူး။

လူ့ဘဝ၌ ဖြစ်ရခြင်းအနှစ်သာရ ...

လူ့ဘဝ၌ ဖြစ်ရခြင်း၏ အနှစ်သာရကား ဘာလဲ


Thursday, 23 April 2009 13:12
သံပုရာသီး၏ ပင်ကိုယ်အရသာသည် ချဉ်သောအရသာရှိ၏ ။ ထိုအရသာအာရုံအား ခင်မင်နှစ်သက် တပ်မက်သူအဖို့ ထိုအာရုံနှင့်ဆုံလျင် ရာဂစိတ်ကိုဖြစ်စေ၏။ ထိုအရသာ အာရုံအား မခင်မင်မနှစ်သက်သောသူအဖို့ ထိုအာရုံနှင့်ဆုံလျင် ဒေါသစိတ်ကိုဖြစ်စေ၏။ အမှန်က သံပုရာသီး၏ ပင်ကိုယ်သဘာဝသည် ပင်ကိုယ်သဘာဝအတိုင်း ရပ်တည်၏၊ ဖောက်ပြန်ပျက်စီးခြင်းသဘောရှိ၏။ ထိုအာရုံနှင့်ဆက်ဆံသော စိတ်၌သာ ထိုစိတ်၏ စေ့ဆော်မှုအလိုအတိုင်း ထိုစိတ်၌ ဖြစ်ပေါ်၏။

ယုံကြည်မှုဆိုတာဘဝရဲ့တွန်းအား ...

Faith is the force of life.
Leo Tolstoy (1828-1910)

ယုံကြည်မှုဆိုတာ ဘဝရဲ့တွန်းအားပဲ။
(လီယိုထော်လ်စ်တွိုင်း)

သက်ရှိအရာဝတ္ထုဖြစ်စေ၊ သက်မဲ့အရာဝတ္ထုဖြစ်စေ တွန်းအားမရှိပဲ ရွေ့လျားနေတဲ့အရာတစ်ခုခုကို စာဖတ်သူမြင်ဖူးပါသလား။ ကျနော်အနေနဲ့တော့ တစ်ခါမှမမြင်ဖူးပါ။ အရာရာတိုင်းရဲ့ရွေ့လျားမှုဟာ နောက်ကွယ်က တွန်းအားတစ်မျိုးမျိုးကြောင့်လို့ ကျနော်ကတော့ ယုံကြည်ပါတယ်။ သစ်ရွက်ကလေးတစ်ရွက် ရွေ့လျားနေတာကိုပဲကြည့်လေ။ လေပြေလေညင်းလေးရဲ့တိုက်ခတ်တွန်းထိုးမှုကြောင့်ဆိုတာ သိနိုင်ပါတယ်။ သို့မဟုတ် တခြားအကြောင်းတစ်ခုခု၊ ဒါမှမဟုတ် တွန်းအားတစ်ခုခုကြောင့် ဆိုတာကတော့ မလွဲပါဘူး။

ပညာသည် အရာရာလော


ရီဗျူး
ဗြိတိလျှဝန်ကြီးချုပ် "တိုနီဘလဲ"၏ ပေါ်လစီမိန့်ခွန်းတစ်ခုတွင် ဤသို့ ပြောခဲ့ဘူးသည်။ "ကျွန်တော်တို့မှာ ထိပ်တန်းဦးစားပေး လုပ်ငန်းသုံးခု ရှိပါတယ်။ ဒါတွေကတော့ ပထမ ပညာရေး၊ ဒုတိယ ပညာရေး၊ တတိယ ပညာရေးပါပဲ" ..ဟူ၏။ သူ့မိန့်ခွန်းမှာ ဗြိတိလျှလူထု၏ ဟဒယနှင့် သွားတွေ့သလို၊ ပညာရှင် အသိုင်းအဝိုင်း၏ ကောင်းချီးပေးမှုလည်း ရခဲ့ပါသည်။ "ပညာခေတ်"၏ စံပြဝန်ကြီးချုပ်ဆိုသော အပြောအဆိုမျိုးနှင့်ပင် ချီးကျူးဂုဏ်ပြုကြသည်များ ရှိသည်။

ကိုယ်ချင်းစာစိတ် ...

ကိုယ်ချင်းစာစိတ်ဆိုတာ … လူတိုင်းမှာမရှိနိုင်တာကတော့ ကျမအတွက် အံ့ဩစရာတခုဖြစ်ခဲ့ရပါတယ်..။
ကျမကိုယ်တိုင်ကပဲ..လူတိုင်းအပေါ်ကိုယ်ချင်းစာတတ်ခဲ့ဲပြီး.. မေတ္တာတရားကိုသာ အဓိကထားခဲ့သူ ဖြစ်ခဲ့
တာကြောင့်လဲပါမယ်ထင်ပါတယ်..။ လူတိုင်းလူတိုင်းဟာ .. ကိုယ့်သမိုင်းကို .. ကိုယ့်ဘာသာ ကိုယ်ရေးကြ
တာပါပဲ…။ သမိုင်းလို့ဆိုတာထက် ကိုယ့်အထ္တုပ္ပတ္တိ ကိုယ် ရေးကြတာလို့ပြောရင် ပိုမှန်ပါလိမ့်မယ်…။
ဆိုပါတော့ ..ရှည်ရှည်ဝေးဝေးကြည့်ပြီးမပြောဘဲ.. တနေ့စာလေးပြောကြည့်ရအောင်ပါ..။

ကံကိုယုံပြီး ဆူးပုံမနင်းပါနှင့် ...

ကံကိုယုံ၍မပုံလိုက်ပါနဲ့ဆိုတာဟာ ကံပစ်ရေးဝါဒတစ်ရပ်ကို ထူထောင်ပြောကြားချင်လို့ မဟုတ်ပါဘူး ... “ကံသာလျှင် ကိုယ်ပိုင်ဥစ္စာရှိကုန်၏ ”လို့မြတ်စွာ ဗုဒ္ဒက ဟောကြားတော်မူခဲ့တယ် မဟုတ်ပါလား ... သို့သော်လည်း ကံကိုပစ်ပယ်ခြင်းဟာ အစွန်းတစ်ဖက် ရောက်သလို ကံကို ကိုးကွယ်ခြင်းဟာလည်း အစွန်းတစ်ဘက်ရောက်လွန်းနေပါတယ် ... တကယ်တော့ လူတစ်ယောက်အဖြစ်ရပ်တည်မှု မရှိခင်
ကတည်းက ဘဝပေါင်းများစွာ အသေင်္ချေအနန္တ ကံတစ်ရားတွေဟာ ပါကောင်းပါလာနိုင်ပါတယ် ...

ခဏ ပြန်ချထားခဲ့ပါ ...

တနေ့မှာ ဆရာက ဖန်ခွက်တစ်လုံးကို လက်မှာကိုင်ထားပြီး “ ဒီဖန်ခွက်က ဘယ်လောက်လေးမယ်ထင်သလဲ ” လို့ ကျောင်းသားတွေကို မေးတယ်.. ၅၀ဂရမ်၊ ၁၀၀ ဂရမ် အစရှိသဖြင့် အမျိုးမျိုးအဖြေတွေကို
သူရတယ် ..ဆရာက ဆက်ပြောတယ် ..

အိပ်မက်တွေ အခိုးမခံရစေနဲ့ ...

အမေရိကရှိ ကျောင်းတစ်ကျောင်း၏ စာသင်ခန်းတစ်ခုတွင် ဖြစ်ပါသည်။ ဆရာက ကျောင်းသားများကို "ကျွန်တော်၏ရည်မှန်းချက်" ခေါင်းစင်ဖြင့် စာစီစာကုံးတစ်ပုဒ် ရေးခိုင်းခဲ့သည်။
ကျောင်းသားတစ်ဦးက ဆရာပေးသည့် ခေါင်းစဉ်ကို အနှစ်ခြိုက်ကြီး နှစ်ခြိုက်ပြီး ဗလာစာအုပ်ပေါ်တွင် သူ့ရည်မှန်းချက်ကို ချက်ချင်းချရေးခဲ့သည်။ သူ၏ ရည်မှန်းချက်မှာ " ကျွန်တော်
ကြီးပြင်းလာတဲ့အခါ မြေကွက်ကြီးတစ်ကွက်ကို ပိုင်ဆိုင်နိုင်ဖို့ မျှော်လင့်ပါတယ်။ အဲဒီမြေကွက်ပေါ်မှာ သစ်ပင်၊ ပန်းမာလ်တွေ အပြည့်စိုက်ပြီး စိမ်းစိုတဲ့ဥယျာဉ်လုပ်ပါမယ်။ ပြီးတော့ ပန်းခြံ
အလယ်မှာ သစ်သားအိမ်လေးတွေ ဆောက်ပြီး အသားကင်ဖို့ နေရာတွေ ထားရှိပါမယ်။ ဟိုတယ်တစ်လုံးကိုလည်း ဆောက်ပြီး ကိုယ့်မိသားစုအပြင် အခြား လာရောက်လည်ပတ်သူတွေ
ကိုလည်း အနားယူအပန်းဖြေစေပါမယ်" ဟူ၍ဖြစ်သည်။

အောင်မြင်ရေးသော့ချက် ...

လူတိုင်းသည် ကိုယ့်ဘဝကို အောင်မြင်ဖို့ကြိုးစားနေကြတယ် ဒါပေမယ့်လူတိုင်းမအောင်မြင်ကြပေ ...
ဘာကြောင့်လဲဆိုတော့ ကိုယ့်ဘဝကို ကိုယ်အရင်သိအောင်မလုပ်ကြ ... ကိုယ့်နဲ့သင့်တော်တဲ့အလုပ်၊
ကိုယ်ရရှိတဲ့ဝင် ငွေကိုလည်း မချိန်တွယ်မစဉ်းစားတတ်ကြ ...

Saturday, 6 March 2010

မအောင်မြင်ခင်အချိန် ...

တစ်ခါက

တောင်ဥက္ကလာ ကားလမ်းမ တစ်ခုမှာ ရှိတဲ့ လူငယ်တော်တော်များများ ထိုင်သော နေရာတစ်နေရာကို ဦးထုပ်ခပ်ငိုက်ငိုက် ဆောင်းထားပြီး ဂျင်းအကျီၤဝတ် လူနှစ်ယောက် ဝင်လာတယ်.။ သူတို့ မျက်နှာတွေကို သေချာစွာ မမြင်ရ.။ ဒါကြောင့် ဘယ်သူတွေမှန်းလည်း မသိ.။ ဘယ်သူမှလည်း သူတို့ကို အလေးထား စိတ်ဝင်စား မနေကြပါ.။

ပညာ၏တန္ဖိုး ...

ပညာ၏ တန်ဖိုးကို ချင့်တွက်ခြင်း
ကိုအောင်နိုင်

ပညာဆိုတဲ့အသံဟာ ကျွန်တော်တို့ရဲ့ နားမှာ ကြားရတာကိုက ချိုပါတယ်။ ပညာဆိုတဲ့ အသံက ကြားနာသူတွေရဲ့ နားမှာသာ ချိုအေးတာ မဟုတ်ပါဘူး။ ပြောသူတွေရဲ့ နှုတ်မှာလည်း ချိုနေတတ်ပါတယ်။ ကျွန်တော်တို့ ပညာတွေကို သင်ယူလိုကြတယ်။ ကိုယ်သင်ယူထားတဲ့ ပညာတွေကို တစ်ပါးသူတွေကို သင်ပေးလိုကြတယ်။ မိဘတွေက သူတို့ရဲ့ သားသမီးတွေကို ပညာတွေ သင်ယူတတ်မြောက်နိုင်အောင် ကြိုးစားကြတယ်။ ဆရာတွေက သူတို့သင်ယူလေ့လာထားတဲ့ ပညာတွေကို ပြန်ပြီး သင်ပေးချင်ကြတယ်။ ဒီလိုနဲ့ ပညာဆိုတဲ့ မြစ်ကြီးတစ်စင်းဟာ ကျွန်တော်တို့ရဲ့ လူ့အဖွဲ့အစည်းမှာ တိတိကျကျပဲ ရေစီးသန်လာရတယ်။
ဗုဒ္ဓစာပေထဲမှာ ပညာကို အလင်းရောင်နဲ့ ခိုင်းနှိုင်းဖော်ပြထားတာတွေ ရှိတယ်။ ပါဠိဘာသာနဲ့ ပညာအာလောကလို့ ရေးကြပါလိမ့်မယ်။ ပညာတည်းဟူသော အလင်းရောင်လို့ ဘာသာပြန်ထားတာကို ရှေးက မြန်မာစာပေမှာ တွေ့ရနိုင်တယ်။ ပညာပဇ္ဇောတဆိုတာက ပညာ၏ ထွန်းတောက်ခြင်း၊ ပညာကြောင့် ထွန်းလင်းတောက်ပခြင်းဆိုတဲ့ အဓိပ္ပာယ်ဖြစ်ပါတယ်။ ပညာဒီပ၊ ပညာပဒီပဆိုတဲ့ ပါဠိစကားလုံးတွေရဲ့ အဓိပ္ပာယ်တွေကတော့ ပညာဆီမီးပဲ ဖြစ်ပါတယ်။ ပညာတည်းဟူသော ဆီမီးလို့လည်း တွေ့ရနိုင် ပါတယ်။ ပညာဟာ ဆီမီးနဲ့တူတဲ့ သဘောဖြစ် ပါတယ်။ လူတစ်ယောက်ဟာ ပညာဆိုတဲ့ ဆီမီးခွက် တစ်ခွက်ကိုသာ လက်ထဲမှာ ကျစ်ကျစ်ပါအောင် ကိုင်ဆောင်ထားမယ်ဆိုရင် ဘဝမှာ ဘယ်လောက်ပဲ မှောင်မိုက်ပါစေ၊ ဒီမီးခွက်ကို ထွန်းညှိပြီး ကိုယ်လိုရာအရပ်ကိုရောက်အောင် သွားနိုင်ပါလိမ့်မယ်။

သင်ကြားခြင်းနှင့်သင်ယူခြင်း ...

စစ်ကိုင်းတောင်ရိုး၊ ကမ္ဘာ့ ဗုဒ္ဓတက္ကသိုလ် အဓိပတိ

မဟာဓမ္မကထိက ဗဟုဇနဟိတဓရ

အဂ္ဂမဟာသဒ္ဒမ္မဇောတိကဓဇ

အဂ္ဂမဟာပဏ္ဍိတ

အရှင်ဦးဉာဏိဿရ

ဟောကြားတော်မူသောတရားတော်

ဆာလောင်မွတ်သိပ်ပါ... အရူးထပါ...



၂၀၀၅ ခုနှစ် ဇွန်လ ၁၂ရက် နေ့တွင် ကျင်းပခဲ့သော *Stanford *တက္ကသိုလ် ဘွဲ့နှင်းသဘင် အခမ်းအနား တွင် *Apple Computer* နှင့်* Pixar Animation Studio*တို့ကို စတင်တည်ထောင်ခဲ့သူ *Steve Jobs* ပြောကြားခဲ့ သည့် မိန့်ခွန်း

ကမ္ဘာ့ အကောင်းဆုံး တက္ကသိုလ်ကြီးတစ်ခု ရဲ့ ဘွဲ့ရ မောင်မယ်များကို တွေ့ဆုံစကားပြော ခွင့် ရတဲ့အတွက်ကြောင့် အင်မတန် ဂုဏ်ယူမိကြောင်း ပြောပါရစေ။ ကျွန်တော်ဟာ တက္ကသိုလ်ဘွဲ့ရ တစ်ယောက်မဟုတ်ပါ။ အမှန်အတိုင်း ပြောရရင် ဘွဲ့နှင်းသဘင် အခမ်း အနား ဆိုတာ ဒီနေ့မှ တက်ဖူးတာပါ။ ဒီ ဘွဲ့နှင်း သဘင်အခမ်းအနားမှာ ကျွန်တော့ဘဝ ဇာတ်လမ်းလေး သုံးပုဒ် ပြောပါရစေ။ မိန့်ခွန်းအရှည်ကြီး မဟုတ် ပါ။ ကြီးကြီးကျယ်ကျယ် အကြောင်းအရာတွေ မဟုတ်ပါ။ ဇာတ်လမ်း သုံးပုဒ် ထဲပါ။

Thursday, 4 March 2010

သီလနှင့်ပညာ ...





အဂ္ဂမဟာပဏ္ဍိတ

အရှင်ဦးဥာဏိဿရ




ဘောင်တွေကို ကျော်ကြည့်ပါ ...

အမေရိကန်တွေ အာကာသထဲ့သွားတော့ကမ္ဘာ့မြေဆွဲအား မရှိတော့တဲ့ ဟင်းလင်းပြင်မှာ
သူတို့ ဘောပင်တွေက မှင်မထွက်တော့တာတွေ့ရတယ်။ဒီတော့ ပညာရှင်တွေ
နာရီထောင်ပေါင်းများစွာသုတေသနလုပ်၊ပိုက်ဆံဒေါ်လာသန်းပေါင်းများစွာ
သုံးပြီးချိန်မှာ pump pen လို့ခေါ်တဲ့ ဖိအားပေးပြီးသုံးရတဲ့ ဘောလ်ပင်ကိုတီထွင်နိုင်ခဲ့တယ်။အမေရိကန်ရဲ့
ပြိုင်ဖက်ဆိုဗီယက်တေတွကအမေရိကန် ဒီပြသာနာဖြစ်နေတာကို သိတယ်။ သူတို့ကတော့
အချိန်နာရီမကုန်ဘဲ ပိုက်ဆံလည်း ဘာမှ မကုန်ဘဲ ဒီပြသာနာကို ဖြေရှင်းလိုက်တယ်။
ဒါကတော့ သူတို့ အာကာသယာဉ်မူး တွေကို ခဲတံတွေပေးပြီး သုံးခိုင်းလိုက်တာပါ။
ဒီပြသာနာကို ပြန်ကြည့်ရင် အမေရိကန်တွေဟာ နည်းပညာရဲ့ ဘောင်ခတ်မူကိုခံရပြီး
ဘောင်ထဲက စဉ်းစား အဖြေရှာခဲ့တာ ဖြစ်တယ်။

Wednesday, 3 March 2010

Character is poor man capital ...




အဂ္ဂမဟာပဏ္ဍိတ

အရှင်ဦးဥာဏိဿရ




ပညာရှိပါမှပွဲဖြစ်သည် ...



အဂ္ဂမဟာပဏ္ဍိတ

အရှင်ဦးဥာဏိဿရ


Tuesday, 2 March 2010

ဂျပန်သီချင်းလေးပါ ... အနားမှာရှိတယ်နော် ... တဲ့ ...

လမ်းခွဲတာ ဝမ်းနည်းစရာလား...

ကိုယ်သိပ်ချစ်ရတဲ့ သူတွေနဲ့ အသက်ရှင်နေစဉ် ခေတ္တခဏ လမ်းခွဲရတဲ့ အခါမျိုးမှာပဲ ဖြစ်ဖြစ်၊ ကိုယ် သို့မဟုတ် သူ တစ်ယောက်ယောက်က ကိုယ်ကို စွန့်သွားတာပဲဖြစ်ဖြစ် ကိုယ် သိပ်ချစ်တဲ့လူတစ်ယောက် က လူ့လောကကို အရင်စွန့်ခွာပြီး အပြီးအပိုင် လမ်းခွဲရတဲံ အခါ မျိုးမှာပဲဖြစ်ဖြစ် ဝမ်းနည်းတတ်ကြတာဟာ သူသူ ကိုယ်ကိုယ် လူအများစုရဲ့ ဖြစ်ရိုးဖြစ်စဉ် သဘာဝတစ်ခုပါပဲ။

ပါတ်ဝန်းကျင်ကို ဘယ်လိုတုန့်ပြန်မလဲ ...

ပန်းလိုချင်အပင်ကိုပျိုးတက်မှဆိုတဲ့လယ်တွင်းသားစောချစ်ဝတ္ထုထဲကလိုပေါ့ ... ကျွန်တော်က ပန်းပွင့်လှလှလေးကိုဘဲလိုချင်ခဲ့တာပါ ... လူတိုင်း လူတိုင်းမှာ သူနဲ့ ထိစပ်ပတ်သတ်နေတဲ့ ပတ်ဝန်းကျင်ဆိုတာရှိတယ်။ လူတစ်ယောက်ရဲ့ အပြုအမူ၊ အပြောအဆို၊ အလုပ်အကိုင်တွေဟာ သူနဲ့ ထိစပ် ပတ်သက်နေတဲ့ ပတ်ဝန်းကျင်ကို တနည်းနည်းနဲ့တော့ သက်ရောက်မှုဖြစ်တယ်။ အဲဒီသဘောတရားနဲ့ ပြောင်းပြန် ပတ်ဝန်းကျင်က လူတစ်ယောက်ရဲ့ သက်ရောက်မှုကို ပြန်တုံ့ ပြန်တဲ့အခါ အဲဒီတုံပြန်မှုက အဲဒီ့လူကိုပြန် သက်ရောက်တယ်။
လူတစ်ယောက်ဟာ အစွန်းတစ်ဖက်ကနေ လွတ်မြောက်ဖို့ ကြိုးစားတဲ့အခါ ရုန်းကန်အားများပြီး အထိန်း အကွပ်မဲ့ ဖြစ်သွားတတ်တယ်။ အဲဒီ့အခါ ကိုယ်လွတ်ချင်တဲ့ အစွန်း တစ်ဖက်ကနေ လွတ်သွားပေမယ့် အခြား အစွန်း တစ်ဖက်ကို ရောက်သွားတာမျိုး ကြုံရနိုင်တယ်။ ဖြစ်ပျက်နေတဲ့ အဖြစ်အပျက်တွေကတော့ အားလုံးအတွက် အတူတူပါပဲ။ ဒါပေမယ့် အဲဒီ့ အဖြစ်အပျက်တွေကို ဘယ်လို တုံ့ပြန်သလဲ အပေါ်မှာ မူတည်ပြီး… ရလာဒ်တွေ ကွဲသွားတတ်တယ်။ တခါတခါမှာ အဖြစ်အပျက်တွေက ကိုယ်ဘယ်လိုမှ ရှောင်လွဲ ငြင်းဆန်လို့ မရတာမျိုးတွေ ရှိတယ်။ ဒါပေမယ့်…ငါတို့ရဲ့ တုံ့ပြန်မှုတွေကိုတော့ ငါတို့ပဲပိုင်တယ်…။ အဲဒီတော့ အဖြစ်အပျက်တွေတိုင်းကို ကိုယ့်ဘက်က ဘယ်လိုတုံ့ပြန်မလဲဆိုတာကို မှန်မှန်ကန်ကန် ရွေးချယ်တတ်ဖို့လိုလိမ့်မယ်…။ ငါ့ညီရေ…ဘယ်လို အဖြစ်အပျက်တွေ ဖြစ်လာပါစေ… ကောင်းသော ရလာဒ်တွေ ထွက်လာဖို့… ကောင်းသော တုံ့ပြန်မှုတွေကိုပဲ ငါတို့ တုံ့ပြန်ကြတာပေါ့…။ အဲဒီ့လိုဖြစ်ဖို့ အတွက်ကလဲ သိပ်တော့ မခက်လှပါဘူးကွာ…။ မင်းလဲ ဗုဒ္ဓဘာသာ မြန်မာလူမျိုးတစ်ယောက်ပဲ ဗုဒ္ဓဘာသာရဲ့ အနှစ်သာရ ဗုဒ္ဓရဲ့ဆုံးမသြ၀ါဒ တစ်ခုကိုပဲ နှလုံးသွင်းပေါ့…။ အဲဒါက မကောင်းမှုရှောင်၊ ကောင်းမှုဆောင်၊ ဖြူအောင်စိတ်ကိုထား…တဲ့။

အကျင့်ဆိုး ...