တစ်ခါတစ်ရံလူတို့သည် မိမိလုပ်နှိုင်စွမ်းရည်ထက် ပိုမိုလိုချင်ကြသည် … လူတို့သည် မိမိဘဝတသက်တာတွင်မိမိပြုခဲ့ဘူးသောစိတ်၊စေတနာနှင့်အလုပ်ကိုလုပ်ကိုင်ကြိုးစားခဲ့ပါလျှင်အောင်မြင်သောလူတစ်
ယောက်ဖြစ်လာမည်မှာအမှန်ပင်ဖြစ်သည်…သို့သော်အလုပ်ကိုကားသက်သက်သာသာသာလုပ်ကိုင်လိုကြသည် …ဘဝဆိုသောအချိန်အတိုင်းအတာတစ်ခုတွင်မိမိမည်မျှအလုပ်ပင်ပန်းကြီးစွာလုပ်ခဲ့ဘူးပါသလဲ…မိမိကိုယ်မိမိ သုံးသပ်ရန်လိုအပ်ပေသည်…သို့ရာတွင်မိမိငယ်စဉ်ကစ၍ဖခင်ဖြစ်သူကစာကျက်ခိုင်းလျှင်အကြောင်းတစ်ခုခုပြ၍ ငြင်းဆန်တက်သည် …လက်တွေ့မိမိသိမြင်လာသောအခါမိမိငယ်စဉ်ကလုပ်ရမည်ကိုမလုပ်ခဲ့သောကြောင့် လက်တွေ့ဒုက္ခဆိုသော လူ့ဘောင်လူ့လောကတွင် လက်ပစ်ကူးနေရသည် … တစ်ကယ်တော့ “ ဝိဇ္ဇာသိပ္ပ ၊ လူကိစ္စကို ငယ်ကမသင် ၊ ပျော်ပါးလွင်မူ အကြင်သူအား ၊ စကားချေတင် သဘင်မပြဲ့ ၊ ခံတွင်းမဲ့သို့ … ” ဆိုသလို မိမိသာ ငယ်စဉ်ပညာရှာရမည့်အချိန်တွင် ပညာကိုတလေးတစား သင်ယူမှုမပြု့ခဲ့သောကြောင့် “ လုပ်ခြေလုပ်လက် ၊ စဉ်ဆက်နည်းမှီး မကျင့်သီးသော် ၊ချည်းနှီးဥစ္စာလိုခါမရ၊တောင့်တစိုးရိမ်ဖန်ကြိမ်များစွာ အိုသောခါလည်း ၊ မဟာဒုက္ခ တွင်းဆုံးကျသည် ၊ နောင်တနှလုံးမငြိမ်တည်း ..”ဆိုသကဲ့သို့ ကြီးစွာမှ နောင်တရမိသည် …
ယ္ခုလည်းအလုပ်ထဲရောက်မှ အလုပ်ထဲကလူတွေကြည့်ပြီးစိတ်ပျက်မိသည် … ဪ … လူတွေ
လူတွေ သူလိုကိုယ်လိုပါပဲလားလို့ပေါ့ … တစ်ကယ်တော့ အလုပ်ဆိုတာကိုလုပ်မည် ဆိုရင်ရေသာခိုအ
ချောင်လိုက်ချင်သော စိတ်ရှိသူတော်တော်များများကိုတွေ့ရသည် … ကျွန်တော်လည်းလောကီသားပေမို့
ထိုသိုသောစိတ် အနည်းငယ်ရှိသည် … သိုရာတွင် မိမိသိထားသည်များကို ဆင်ခြင်ပြီး မိမိကိုယ်ကိုသာ
ကောင်းအောင်ကြိုးစားမိသည် … ထိုသို့ကြိုးစားလုပ်ကိုင် ရာတွင်လည်း အပြစ်က မလွတ်ချင် “ မင်းကို
အလုပ်ကြိုးစားလုပ်လို့ ရွှေတံဆိပ်ပေးမည် ” ဟူ၏ … လူတို့သည် အပေးအယူ ဟူသောသဘောကို မ
သိ၍လား … ရေသာခိုချင်၍လားမသိ … အခြားသူ၏ စိတ်ကို ကိုယ်တိုင် ဝင်ကြည့်၍ မရနှိုင်ပေ … မြန်မာ
စကားပုံတွင်မူကား “ သမီးပေးမှ သားမက်ရမည် ” ဟူ၏ … သမီးမပေးချင်ဘဲ သားမက်လိုချင်၍လားမသိ
… မသိခြင်းများစွာဖြင့် … လူတွေအကြောင်း ကြည့်ရင်းကြည့်ရင် စိတ်ပျက်မိသည်သာ … ကျွန်တော်တို့
ဆယ်တန်းကျောင်းသာ ဘဝ စာခိုးချသော ခေတ်တစ်ခေတ်ရှိခဲ့ဘူးသည် … ကျွန်ုပ်လည်း အများမိုးခါးရေ
သောက်လျှင်သောက်မည် ဟူသောစိတ်ဖြင့် စာခိုးချဖို့ကြိုးစားမိခဲ့ဘူးသည် … ဆယ်တန်းမြန်မာစာ စ၍
ဖြေသောနေ့တွင် ဖြစ်သည် … တစ်ကယ်တော့ကျွန်တော်သည် မြန်မာစာကို လွန်စွာနှစ်သက်သည်ဖြစ်
၍ အလွတ်ရသည် … သို့ရာတွင် အမှတ်များများလိုချင်သော လောဘကြောင့် အများနည်းတူ ခိုးချမည်
ဟူသောစိတ်ဖြင့် စာမေးပွဲခန်းထဲသို့ ယူဆောင်သွားခဲ့ဘူးသည် …
ကံဆိုးသည်လားမပြောတက် ကျွန်တော်ယူသွားသည့် နေ့မှစစ်ဆေးသောဆရာမှာ မိမိဖခင်ဖြစ်သူ
နှင့်သူငယ်ချင်းဖြစ်၍နေသည် … ထိုဆရာမှာလည်း ကျွန်ုပ်အားတွေ့သည်နှင့် “ ဪ … မင်းကို … ” ဆိုပြီး“ဆန်ရင်းနာနာဖွတ်”ဟူသောစိတ်ဖြင့်သေချာစွာစစ်ဆေးခဲ့သည်…စစ်ဆေးတာမှအောက်ခံဘောင်းဘီ
ကစ၍ချွတ်ရှာလေသည်…ဖြစ်ချင်တော့ကျွန်ုပ်ကလည်းထိုအထဲတွင်မှထည့်ထားမိသည်…မိလိုက်တာမှကွီခနဲ့ပင် … ကိစ္စကထိုနေရာတွင်ရပ်မသွားဘဲရုံးခန်းရောက်ပြီးနားချ(ဆူပူ)သဖြင့်စာမေးပွဲဖြေချိန်နောက်ကျခဲ့ရသည် … အကြောင်းကြောင့် အကျိုးဖြစ်သည်ဟူသော သဘောရှိသည်ဖြစ်ရာ … ထိုနေ့စာမေးပွဲမှာကောင်းမွန်စွာ ဖြေဆိုနှိုင်ခဲ့ခြင်းမရှိတော့ပေ…အကျိုးကားထိုနှစ်စာမေးပွဲကျခဲ့လေတော့သည်…ထိုအချိန်မှစ၍အချောင်ရ
လိုသောစိတ်မှာ “ တစ်ခါသေဘူး ပျဉ်ဖိုးနားလည် ” ဆိုသကဲ့သို့ ပျောက်ကွယ်သွားခဲ့လေသည် …
ကျွန်ုပ်သည်အခြားသူများဖြစ်ပျက်မှုများကိုသင်္ခန်းစာအဖြစ်ယူတက်သောစိတ်ဓါတ်ကိုမွေး၍အလုပ်လုပ်ခဲ့
သော်လည်းရေသာခိုချင်သောလူများနှင့်သာတွေ့ဆုံခဲ့ရသည်သာ…မိမိကပဲညံနေ၍လားမသိပေါင်းသင်း
ဆက်ဆံရေးမကောင်း၍လားမသိ…အားနာစွာဖြင့်သာလိုက်ရောညီထွေပြုခဲ့သဖြင့်မိမိသာပိုမိုပင်ပန်းခဲ့
သည်…ရန်ခါရာဇသင်္ကြန်အမတ်ကြီးပြောသောစကားကိုအမှတ်ရမိသည်…“ဪ…ငါကပဲပြားပင်လိုမှမကျင့်
ခဲ့တာကို”တဲ့…လေယူရာယိမ်းနွဲ့တက်သောပဲပြားပင်တို့သည်သဘာဝဘေးအန္တရာယ်ကိုကြံကြံခံနှိုင်သကဲ့
သို့ … ပဲပြားပင်ကဲ့သို့မကျင့်ခဲ့မိသောကြောင့် မဲဇာသို့ အပို့ခံခဲ့ရရှာသော ရာဇသင်္ကြန်အမတ်ကြီး၏ ခံစားမှုကို “ မဲဇာတောင်ခြေ ” ကဗျာမှသိခွင့်ရခဲ့သဖြင့် ကိုယ်ချင်းစာမိသည် … မိမိသည်ပင်လျှင် လူတို့၏အကြိုက်ကိုမလိုက်ဆောင်နှိုင်ခဲ့…လူဆိုသည်မှာလည်း“သူ၏အကြိုက်ဆယ်ခါလိုက်၍မလိုက်တစ်ခါ
ရှိခဲ့ပါမူကြီးစွာရန်သူမှတ်ယူ၏”ဆိုသောစကားကဲ့သို့ရှိလေ၏…
ဪ …သဗ္ဗေသတ္တာကမ္မသကာပါတကား …
Subscribe to:
Post Comments (Atom)
-
အခါတစ်ပါး၌ မြတ်စွာဘုရားသည် သာဝတ္ထိပြည် အနာ ထပိဏ်သူဌေး၏ နှလုံးမွေ့လျော် ပျော်ဖွယ်ရာဖြစ်သော ဇေတဝန် ကျောင်းတော်၌ သီတင်းသုံးနေထိုင်...
-
စကား စကား ပြောပါများ စကားထဲက ဇာတိပြ ၊ တရား တရား ဟောပါများ တရားထဲက ပါဠိရ ဆိုသော စကားတစ်ခွန်းရှိသည် ... လူ့လောကတွင် လူသားတစ်ယောက်အဖြစ် အ...
No comments:
Post a Comment