ပထမအဆင့်အနေဖြင့် ဆောင်ရွက်ရနကြံစည်နေချိန်တွင် မိမိ၏ရည်မှန်းချက်၊ မိမိ၏စွမ်းဆောင်နိုင်မှုအခြေအနေ၊ ပြင်ပပံ့ပိုးမှု အခြေအနေ၊ ပေါ်ပေါက်လာနိုင်သော အနှောက့်အယှက်များနှင့် အချိန်အတိုင်းအတာတို့ကို ထည့်သွင်းစဉ်းစားပြီး ညှိနှိုင်းပြင်ဆင် ရပေလိမ့်မည်။ ဤသို့ပြင်ဆင်ပြီး အောင်မြင်နိုင်သည်ဟု အတိုင်းအတာတစ်ခုအထိ ယုံကြည်လာသောအခါမှ စတင် လက်တွေ့ လုပ်ဆောင်ကြသည်။ လက်တွေ့ဆောင်ရွက်ရာတွင်လည်း မိမိစဉ်းစားခဲ့သောအချက်အလက်များ
ကို အခြေခံ၍ မိမိရည်မှန်းထားသော အချိန်အတိုင်းအတာအတွင်း အောင်မြင်အောင်ဆောင်ရွက်ကြရေ
ပမည်။ ၎င်းအဆင့်နှစ်ဆင့်တွင် ကျွန်ုပ်တို့၏ သိစိတ်၊ မသိစိတ်ထဲတွင် ကိန်းအောင်းေသောအရာမှာ ဤလုပ်ငန်းဤကိစ္စ အောင်မြင်ရမည်ဆိုသော သန္နိဌာန်နှင့် အောင်မြင်လိမ့််မည်ဟု ယုံကြည်နေသော မျှော်လင့်ချက်တို့ပင်ဖြစ်သည်။
ကျွန်ုပ်တို့ ကျင်လည်နေထိုင်ရာကမ္ဘာကြီးအတွင်း
ရှိ ရုပ်ဝတ္ထုတိုးတက်မှုများ အတတ်ပညာပိုင်းဆိုင်ရာတိုးတက်မှု
များကို ဖန်တီး ပေးသောပညာရှင်များ၊ စစ်ပွဲများစွာကိုအနိုင်ရခဲ့သော စစ်ဘုရင်များမှစ၍ သာမန်မူလတန်းကျောင်းသားလေးများ
အထိ မည်သူမဆို အကြောင်းကိစ္စတစ်ခုကို ဦးတည်ဆောင်ရွက်တိုင်း၊ ကြံစည်တိုင်းတွင် မိမိ၏အကြံအစည် မိမိဆောင်ရွက်နေသော ကိစ္စရပ် အောင်မြင်လိမ့်မည်ဆိုသော မျှော်လင့်ချက်ဆိုသည့်အရာတစ်ခု မဖြစ်မနေပါဝင်နေမြဲဖြစ်သည်။ ဥပမာအားဖြင့် သင်သည် အလုပ်ကိစ္စတစ်ခုကို အောင်မြင်မည်ဟု အနည်းငယ်မျှမယုံကြည်ပါက (ဝါ) မမျှော်လင့်ပါက ထိုကိစ္စကို အကောင်အထည်ဖော်ဖို့ကြိုးစားမည်
မဟုတ်သလို ဤကဲ့သို့သော အဓိပ္ပါယ်မဲ့ကိစ္စများဖြင့်လည်း သင်၏တန်ဖိုးရှိသောအချိန်များ ကို အလဟဿဖြုန်းတီးလိမ့်မည်ဟု ကျွနု်ပ်မယုံကြည်ပေ။ ထို့ကြောင့် ကျွနု်ပ်တို့ငယ်စဉ်ကလေးဘဝမှ ယခု လက်ရှိအချိန်အထိ ဆောင်ရွက်လာခဲ့သော ကိစ္စရပ်တိုင်းတွင် မျှော်လင့်ချက်ဆိုသောအရာသည် “ကျွဲကူးရေပါ”ဆိုသလို အစဉ်တစိုက် တွဲလျက်် ရှိနေပေသည်။ မျှော်လင့်ခြင်းဆိုသောအရာနှင့်
ပတ်သက်၍ ကျွနု်ပ်ကြားခဲ့ဖူးသော ဂရိပုံပြင်လေးတပုဒ်ကို လက်ဆင့်ကမ်း လိုပါသည်။ တစ်ခါကနတ်ပြည်မှနတ်သားတစ်ပါး နတ်သက်ကြွေ၍ လူ့ပြည်သို့ဆင်းသက်ရန် အချိန်ကျရောက်လာသောအခါ လူ့ပြည်ရှိလူသားယောကျ်ားများတွ
က် ခွန်အားကိုဖြစ်စေမည့် နတ်သစ်သီးတစ်လုံးကို ခိုးယူလာခဲ့သည်။ ထိုအချိန်က လူ့ပြည်တွင်လူသားယောကျ်ားများသာ ရှိလေသည်။ နတ်သက်ကြွေ၍လူဖြစ်လာသော ထိုလူငယ်ကလေးမှ ခိုးယူလာသော သစ်သီးကို လူသားယောကျ်ားများအား ခွဲဝေစားသုံးစေသဖြင့် လူသားယောကျ်ားများမှာ ခွန်အားဗလနှင့်ပြည့်စုံကြလေသည်။ ထိုအကြောင်းကိုနတ်မင်းကြီးကြား
သိသောအခါ အလွန်စိတ်ဆိုးသဖြင့် ရှားပါးသစ်သီးကိုခိုးယူစားသုံးေ
သာလူငယ်လေးနှင့်တကွ လူသားယောကျ်ားများကိုဖျက်ဆီးရန် “မိန်းမ”ဆိုသောအရာတစ်ခုအားဖန်
ဆင်းပြီး “ပန်ဒိုရာ (လက်ဆောင်)”ဟု အမည်ပေး၍ လူသားယောကျ်ားများထံ စေလွှတ်လိုက်လေသည်။ ၎င်းအားလူ့ပြည်သို့မသွားမီ သေတ္တာငယ်တစ်ခုအားပေး၍ ထိုသေတ္တာအား ဖွင့်မကြည့်ရန် မှာကြားလိုက်လေ၏။ ပန်ဒိုရာလည်း လူ့ပြည်သို့ရောက်ရှိ၍ နတ်သက်ကြွေလာသောလူငယ်ကလေးနှင့် ပေါင်းဖက်နေလာရာမှ တနေ့တွင် နတ်မင်းကြီးပေးလိုက်သောသေတ္တာကေ
လးအားသတိရ၍ ဖွင့်ကြည့်လိုသောဆန္ဒပြင်းပြလာ သဖြင့် ဖွင့်ကြည့်လိုက်ရာ ထိုသေတ္တာအတွင်းမှ လောဘ၊ ဒေါသ၊ အတ္တ၊ မာန်မာန၊ စစ်ပွဲ၊ ရောဂါဘယ၊ ဘေးအန္တရာယ် အစရှိသောအရာများထွက်လာသဖြင့် အလျင်အမြန်ပြန်ပိတ်လိုက်ရာ အရာတစ်ခုသာသေတ္တာအတွင်းကျန်ခဲ့ေ
လသည်။ ထိုထွက်ကျလာသောအရာများကြောင့် လူသားတို့သေကြေပျက်စီးကြရပြီး သေတ္တာအတွင်းကျန်ရှိနေသောအရာတစ်
ခုကြောင့် လူတို့အသက်ရှင်ကြရသည်။ ထိုကျန်ရှိနေသာအရာကား “မျှော်လင့်ခြင်း” ဆိုသော အရာပင်တည်း။ ထို့ကြောင့် လူတို့သည် တစ်စုံတစ်ခုသောမျှော်လင့်ချ
က်ဖြင့် အသက်ရှင်နေကြသည်ဆိုသောအချက်မှာ ငြင်းဆန်ရန်ခက်ခဲလှသည်။ ကျွနု်ပ်တို့ဘဝတလျှောက် လုပ်ကိုင်ခဲ့သမျှ၊ လုပ်ကိုင်ဆောင်ရွက်နေဆဲကိစ္စများ
တွင် မျှော်လင့်ချက်ဆိုသောအရာသည် မပါမဖြစ်ပါနေမြဲဖြစ်သည်။ မျှော်လင့်ချက်မရှိပါက ကျွနု်ပ်တို့သည် မည်သည့်ကိစ္စကိုမျှ စိတ်ဓါတ်ထည့်၍ အားသွန်ခွန်စိုက် ကြိုးစားလုပ်ဆောင်မည်မဟုတ်ချေ။ ထိုအခါကျွနု်ပ်တို့ ဘဝတွင်လည်း မည်သည့်အောင်မြင်မှုမျိုးကိုမဆို လက်ဝယ်ပိုင်ပိုင်ရနိုင်ဖို့ ဝေးစွ၊ လှမ်းမျှော်၍ပင်ကြည့်နိုင်မည်
မဟုတ်ချေ။
မျှော်လင့်ချက်ဆိုသောအရာနှင့်
ပတ်သက်၍ ကျွနု်ပ်ဦးနှောက်ဉာဏ်မှီသလောက် ခွဲခြမ်းစိတ်ဖြာကြည့်ရလျှင် မိမိ ကိုယ်တိုင်ကိုယ်ကျ ဆောင်ရွက်လုပ်ကိုင်ခွင့်ရသော ကိစ္စရပ်များအပေါ်တွင်ထားရှိသော မျှော်လင့်ချက်နှင့် သူတပါးဆီမှ ပေးလာမည့်အရာတစ်ခု ဆုံးဖြတ်ချက်တစ်ခုအပေါ်တွင်ထားရှ
ိသော မျှော်လင့်ချက်ဟူ၍ နှစ်မျိုးနှစ်စားရှိပေလိမ့်မည်။ မိမိကိုယ်တိုင်ကိုယ်ကျ လုပ်ကိုင်ဆောင်ရွက်ရသောကိစ္စရပ်
များအပေါ်တွင်ထားရှိသော မျှော်လင့်ချက်တို့သည် မိမိ၏ စွမ်းဆောင်ရည်၊ ကြုံတွေ့နေရသော အခြေအနေ၊ ဖြစ်နိုင်ချေအလားအလာ စသည်ဖြင့်အခြေအအေရပ်ရပ်ကို စဉ်ဆက်မပြတ် ထိတွေ့ခွင့်ရရှိနေသည့်အတွက် မိမိမျှော်လင့်ချက် (မျှော်လင့်ထားသော အရာတစ်ခု)ကို မည်သည့်အချိန်တွင် အကောင်အထည် ဖော်နိုင်မည် ဆုပ်ကိုင်နိုင်မည်ကို ကြိုတင်မှန်းဆနိုင်ပေသည်။ သူတပါးဆီမှပေးလာမည့်အရာတစ်ခု၊ ဆုံးဖြတ်ချက်တစ်ခု အပေါ်တွင်ထားရှိရသောမျှော်လင့်ချ
က်ကား သူတပါး၏အဆုံးအဖြတ်ပေါ်တွင်မူတည်ေ
နသည့်အတွက် မျှော်လင့်ရသည်မှာ ရင်မောဖွယ်ကောင်းလှပေသည်။ ထို့ကြောင့် ကျွန်ုပ်တို့သည်ဘဝတလျှောက်တွင် သူတပါးဆီမှ အရာတစ်ခုကို မျှော်လင့် တောင့်တနေရသောအဖြစ်မျိုးကို နည်းနိုင်သမျှနည်းစေလျက် မိမ၏မျှော်လင့်ချက်များ ကိုနိုင်သမျှ ကိုယ်တိုင်ရုပ်လုံးပေါ်အောင် ဆောင်ရွက်သင့်ပေသည်။ ကမ္ဘာတဝှမ်းတွင် ခေတ်အဆက်ဆက် နယ်ပယ်အသီးသီးတွင် အောင်မြင်မှုရရှိခဲ့ကြသောသူ အများစု၏ သမိုင်းကိုလေ့လာကြည့်လျှင် ၎င်းတို့သည်မိမိ၏ ရည်မှန်းချက် (ဝါ) မျှော်လင့်ချက်ကို ကိုယ်တိုင်ကိုယ်ကျ ရုပ်လုံးပေါ်အောင်ဖော်ဆောင်ခဲ့ြ
ကသူများဖြစ်သည်ကို လေ့လာတွေ့ရှိရပေလိမ့်မည်။
သူတပါး၏ ဆုံးဖြတ်ဆောင်ရွက်ချက်အပေါ် ေမျှော်လင့်နေရသော အဖြစ်မျိုးနှင့်ပတ်သက်၍ အဓိပ္ပါယ်ဖွင့်ဆိုရလျှင်-
(၁). မိတ်ဆွေတစ်ဦးတယောက်ထံမှ ပေးအပ်လာမည့်အရာတစ်ခု၊ အကူအညီတစ်ခု၊ အခွင့်အလမ်းတစ်ခုအပေါ်တွင် ထားရှိသောမျှော်လင့်ချက်။
(၂).မိမိချစ်ခငနှစ်သက်သောသူဆီမှ တုန့်ပြန်လာမည့် တုန့်ပြန်မှုအပေါ် ထားရှိသောမျှော်လင့်ချက်။
(၃). မိဘ၊ ညီအစ်ကို၊ မောင်နှမများအပေါ်တွင် ထားရှိသောမျှော်လင့်ချက်။
(၄). မိဘများမှ သားသမီးများအပေါ်တွင်ထားရှိသောေ
မျှာ်လင့်ချက် ဟူ၍ ခွဲခြမ်းစိတ်ဖြာနိုင်ပေသည်။
အထက်ပါအချက်အလက်များအား လူနှင့်လူ့ပတ်ဝန်းကျင်တွင် ကျင်လည်နေထိုင်ကြသော ကျွန်ုပ်တို့ဘဝတလျှောက် တချိန်မဟုတ်တချိန် ကြုံတွေ့ကြရမည်ဖြစ်သည်။ အဆိုပါ အကြောင်းအရာများအပေါ်တွင် မျှော်လင့်ချက်တစ်ခုထားရှိရာ၌ ကျွန်ုပ်တို့ ပြင်ဆင်ထားသင့်သည်မှာ မျှော်လင့်ချက်အလွန်အကျွံမထား
ရန်နှင့် အကယ်၍ မျှော်လင့်ထားသလိုဖြစ်မလာခဲ့လျှ
င် မည်သို့ရှေ့ဆက်မည်နည်းဟူသော ဒုတိယ၊ တတိယ စီမံကိန်းများထားရှိရန်ဖြစ်သည်။ ၎င်းတို့အနက်မှ သားသမီးများအပေါ်တွင်ထားရှိသောမိ
ဘတို့၏ မျှော်လင့်ချက်နှင့်ပတ်သက်၍ ကျွန်ုပ် အကျယ်တဝင့် ဆွေးနွေးတင်ပြလိုပါသည်။ အဘယ့်ကြောင့်ဆိုသော် ကျန်သောအကြောင်းအရာများနှင့်ပတ်
သက်၍ မိမိမျှော်လင့်ထားသလိုဖြစ်မလာခဲ
့လျှင် ကျွန်ုပ်တို့တွင် ပြင်ဆင်ရန် အခွင့်အလမ်းရှိသေးသော်လည်း၊ သားသမီးများအပေါ် မျှော်လင့်ချက်တစ်ခုထားရှိပြီး အချိန်တန်၍ မျှော်လင့်ထားသလိုဖြစ်မလာခဲ့လျှ
င် ( ကြို တင်စဉ်းစား ပြင်ဆင်ထားသော အခြားရွေးချယ်မှုများ မရှိခဲ့ပါက) ပြင်ဆင်နိုင်ရန် အခွင့်အလမ်းနည်းပါးသွားပြီဖြစ်ေ
သာကြောင့်ပင်တည်း။ အဓိကအားဖြင့် ကုန်လွန်သွားသောအချိန်များအား အစားထိုးနိုင်ရန်မလွယ်ကူတော့ချေ
။ ထို့ကြောင့် ကျွန်ုပ်တို့သည် မျိုးဆက်သစ်များနှင့်ပတ်သက်၍ မျှော်လင့်ချက်တစ်ခုကို မူသေဆုပ်ကိုင်ထားခြင်းမျိုးအား ရှောင်ရှားပြီး ၎င်းတို့၏ အသက်အရွယ်၊ ဝါသနာ၊ ဉာဏ်ရည်ဖွံ့ဖြိုးမှုနှင့် စွမ်းဆောင်နိုင်မှုတို့အပေါ် မူတည်၍ ၎င်းးတို့နှင့် ကိုက်ညီအဆင်ပြေစေမည့် ရည်မှန်းချက် (ဝါ) မျှော်လင့်ချက်တစ်ခု၊ အနာဂတ်အခြေအနေတစ်ခုကို ကြိုတင်ပြင်ဆင်ထားသင့်ပေသည်။ ဥပမာအားဖြင့် အရာရှိတစ်ယောက်ဖြစ်လာစေရန် သတ်မှတ်ထားသော ဆေးအဆင့် သတ်မှတ်ချက် ခန္ဓာကိုယ်ကြံ့ခိုင်မှု မပြည့်စုံသော ကလေးတယောက်အား အရာရှိတစ်ယောက်ဖြစ်စေရမည်ဟု ရည်ရွယ်ထားခြင်းမျိုး၊ ဆရာဝန်တစ်ယောက်ဖြစ်လာစေရန် ဉာဏ်ရည်မမှီသော ဝါသနာဗီဇမပါသော ကလေးတစ်ယောက်အား ဆရာဝန်တစ်ယောက်ဖြစ်ကိုဖြစ်ရမည်
ဟူသော တယူသန်မျှော်လင့်ချက်မျိုး ထားရှိကာ အတင်းအကျပ်ပုံသွင်းယူမှုမျိုးကို မိဘများအနေဖြင့် အထူးသတိထားဆင်ခြင်သင့်ပေသည်။ အဘယ့်ကြောင့်ဆိုသော် ဤသို့အတင်းအကြပ်ပုံစံသွင်းယူြ
ခင်းမျိုးမှ ရရှီလာမည့် အကျိုးဆက်မှာ ကလေးငယ်၏ စိတ်ပိုင်းဆိုင်ရာကိုထိခိုက်စြေ
ခင်း၊ ဝါသနာဗီဇမပါသော နယ်ပယ်တစ်ခုတွင် မည်သို့မျှ အောင်မြင်မှုမရပဲ တိုးတက်မှုမရှိပဲ အနာဂတ်မဲ့သလို ဖြစ်စေနိုင်ခြင်း စသည်တို့အပါအဝင် မိမိ၏မျိုးဆက်သစ် သားသမီးတို့ကို အကြီးအကျယ်ထိခိုက်စေနိုင်သောေြ
ကာင့်ဖြစ်သည်။ သားသမီးတို့၏အနာဂတ် မသေချာတော့သည်ကို သိရှိလာပါက မိဘအတွက်လည်း နောက်ဆုံးအချိန်အထိ စိတ်အေးနိုင်မည်မဟုတ်တော့ချေ။ ထို့ကြောင့် မည်သူမဆို မျှော်လင့်ချက်တစ်ခု၊ ရည်မှန်းချက်တစ်ခု ထားရှိပြင်ဆင်ရာတွင် အဘက်ဘက်က စဉ်းစားဆင်ခြင် သုံးသပ်နိုင်ပါမှ မိမိ၏မျှော်လင့်ချက်ကို အမှန်တကယ် လက်တွေ့ဆုပ်ကိုင်နိုင်ရန် နီးစပ်မည်ဖြစ်သည်။
ကျွနု်ပ်တို့ဘဝတွင်လည်း ပညာရေး၊ စီးပွားရေး၊ လူမှုရေး (အချစ်ရေးနှင့်အိမ်ထောင်ရေးအပါ
အဝင်) စသော အခြေအနေအရပ်ရပ်နှင့် ပတ်သက်၍မျှော်လင့်ချက်အမျိုးမျိ
ုးထားရှိခဲ့ဘူးကြပြီး ၎င်းတို့အနက်မှ အချို့ကိုလည်းကောင်း၊ အများစုကိုသော်လည်းကောင်း အောင်မြင်စွာဆုပ်ကိုင်နိုင်ခဲ့ြ
ကပြီးဖြစ်မည်ဟု ကျွနု်ပ်ယုံကြည်ပါသည်။ မျှော်လင့်ချက်ဆိုသော အရာသည် ကျွနု်ပ်တို့ဘဝ၏အစိတ်အပိုင်းတော
်တော်များများတွင် အတိုင်းအတာတစ်ခုအထိလွှမ်းမိုးေ
နသည့်အလျှောက် မျှော်လင့်ချက်တစ်ခုအမှန်တကယ်
လက်တွေ့ ဖြစ်လာခြင်း၊ ဖြစ်မလာခြင်းသည် ကျွနု်ပ်တို့၏ အနာဂတ်ကို အတိုင်းအတာ တခုအထိ ရိုက်ခတ်လာနိုင်ပေသည်။ မိမိ၏မျှော်လင့်ချက်များ အမှန်တကယ်ဖြစ်လာသဖြင့် ဆက်လက်ဆောင်ရွက်ရမည့် ကိစ္စများကို အကောင်အထည်ဖော်ဆောင်ရွက်ရာတွင် အားအင်ဖြစ်စေခြင်း၊ မိမိကိုယ်ကိုယုံကြည်မှုရှိလာခြင်
းများဖြစ်လာနိုင် သကဲ့သို့ မျှော်လင့်ထားသောအရာတစ်ခုဆုံးရံ
ှုးလိုက်ရသဖြင့် (သို့မဟုတ်) မိမိမျှော်လင့်ထားသလိုဖြစ်မလာသြ
ဖင့် စိတ်ပျက် ဝမ်းနည်းခြင်း၊ အားငယ်ခြင်း၊ ယုံကြည်မှုပျောက်ဆုံးခြင်းများ
လည်း ရှိလာနိုင်ပေသည်။ ထို့ကြောင့် မျှော်လင့်ချက်တစ်ခု ထားရှိရာတွင် ဖြစ်လာနိုင်သည့်အလားအလာ မိမိ၏စွမ်းဆောင်နိုင်မှု၊ ပံ့ပိုးပေးမည့်အခြေအနေအရပ်ရပ် ပေါ်ပေါက်လာနိုင်သည့် အတားအဆီးစသည်တို့ကို ထည့်သွင်းစဉ်းစား၍ ၎င်းမျှော်လင့်ချက်အပေါ်ထားရှိသော မိမိ၏လေးနက်မှု အာရုံစူးစိုက်မှုတို့ကို သုံးသပ်ချင့်ချိန်သင့်ပေသည်။ အထူးသဖြင့် အဓိပ္ပါယ်မဲ့သောမျှော်လင့်ချက်မျ
ားအပေါ်အလွန်အကျွံ အလေးအနက်ထားမိပြီး ထင်သလိုဖြစ်မလာသဖြင့် စိတ်ပျက်ဝမ်းနည်းအားငယ်ရခြင်း၊ ယုံကြည်မှုပျောက်ဆုံးခြင်းမျိုး ကျွနု်ပ်တို့ဘဝတွင်မကြုံရလေအော
င် (သို့မဟုတ်) နည်းနိုင်သမျှနည်းအောင် ကြိုတင်ပြင်ဆင်ကာကွယ်ထားသင့်ေ
ပသည်။ သို့မှသာကျွနု်ပ်တို့သည် ယုံကြည်မှု ပျောက်ဆုံးနေသော မရေရာသောအနာဂတ်နှင့် အဓိပ္ပါယ်မဲ့အသက်ရှင်နေထိုင်နေရေ
သာသူများအဖြစ်ကို ရှောင်ရှားနိုင်ပေလိမ့် မည်။
ကျွနု်ပ်တို့သည် ဘဝတလျှောက်လုံးတိုင် ရည်မှန်းချက်အမျိုးမျိုးနှင့်
ပတ်သက်သော မျှော်လင့်ချက်များစွာကို ထားရှိခဲ့ဖူး ကြပြီး အတိုင်းအတာတစ်ခုအထိ အောင်မြင်စွာအကောင်အထည်ဖော်နို
င်ခဲ့ကြ၍သာ လက်ရှိရောက်ရှိနေသော ဘဝအသီးသီး တွင် ရပ်တည်နေနိုင်ကြခြင်းဖြစ်သည်။ ဆက်လက်၍လည်းကျွနု်ပ်တို့ဘဝ၏နော
က်ဆုံးအချိန်အထိလည်း ရည်မှန်းချက်အမျိုးမျိုး ကို ဆက်လက်အကောင်အထည်ဖော်ဆောင်ရွက်
နေကြရဦးမည်။ ထို့ကြောင့်ကျွနု်ပ်တို့၏ ပစ္စုပ္ပန်နှင့် အနာဂတ်တွင်ထားရှိမည့် ရည်မှန်းချက်များအပေါ်တွင် ထားရှိသောမျှော်လင့်ချက်များနှ
င့်ပတ်သက်၍ စတင်ပြင်ဆင်သည့် အချိန်ကတည်းက အရာရာကို စဉ်းစားသုံးသပ်ချင့်ချိန်သင့်ေ
ပသည်။ သို့မှသာ အဓိပ္ပါယ်မဲ့သောမျှော်လင့်ချက်
တခုကြောင့် တန်ဖိုးရှိသောအချိန်များ ဆုံးရံှုးရခြင်း၊ ယုံကြည်မှုပျောက်ဆုံးရခြင်း စသောအခြေအနေများကိုရှောင်လွှဲနို
င်ပေမည်။ စာဖတ်သူ မိတ်ဆွေများအနေဖြင့် ဤကျွန်ုပ်၏ တင်ပြဆွေးနွေးမှုများမှတဆင့် တစုံတရာရရှိခဲ့သည်ဆိုလျှင်ပင် ယခုစာရေးရသော ကျွန်ုပ်၏ ရည်မှန်းချက် (ဝါ) မျှော်လင့်ချက် ပြည့်ဝပြီဟု ဆိုနိုင်ပေသည်။
စာဖတ်သူမိတ်ဆွေများအားလုံးကိုေ
လးစားသော
ပိုင်စိုးသူ
http://www.mmcybermedia.com/ မှကူးယူဖေါ်ပြပါသည် ...
No comments:
Post a Comment