Sunday, 7 March 2010

ဪ … ဒုက္ခ … ဒုက္ခ …

ဪ … ဒုက္ခ … ဒုက္ခ … တစ်ခါတစ်လေ ပိုက်ဆံကိုလိုချင်ပြန်တော့ အလုပ်ကမကောင်းတော့ဘူး …
“ ကျွန်ုပ်တို့ ဘာပဲလိုချင်လိုချင် ၊ ကျွန်ုပ်တို့ ဘာပဲရချင်ရချင် ၊ ဌင်းကိုမရ ၊ ဌင်းသည်ဒုက္ခဖြစ်သည် ”
တဲ့ ဆရာတော်ဦးဉာဏိဿရ ဟောကြားတဲ့တစ်ရားတစ်ပုဒ်မှာ နာလိုက်ရတယ် … ဒါပေမဲ့ လူဆို
တာမျိုးက အဲဒုက္ခဘုံမှာဘဲပျော်နေကြတာ သတ္တဝါမဟုတ်လား … ကျွန်တော်အပါအဝင်ပေါ့ …
ဒုက္ခနဲ့ပါတ်သက်လို့ စာအုပ်တစ်အုပ်ထဲမှာ ဖတ်မှတ်လိုက်ရတယ် …

တစ်ခါကမျောက်တစ်ကောင်ဟာ တောရကျောင်းနားမှာ နေရင်း တရားအားထုတ်တဲ့ ပုဂ္ဂိုလ်တွေ ပါးစပ်က ဒုက္ခ ၊ ဒုက္ခ လို့ ရေရွတ်နေတာ နားမလည်နိုင်လို့ ဘုန်းကြီးကို သွားမေး လျှောက်တယ်တဲ့ ... ဘုန်းကြီးက မျောက်နားလည်အောင်ပြောရမှာ ဆို တော့ကာ ကဲ နောက်နေ့ လာခဲ့ဆိုပြီး ချိန်းလိုက်ပြီး ဂုံနီအိတ် တစ်လုံးထဲ အစာ မကျွေးပဲ ခွေးဆိုးတစ်ကောင် ထည့်ချည်ထားလိုက် တယ်တဲ့ ... နောက်နေ့ မျောက် ရောက်လာတော့ မင်းသိချင်တဲ့ ဒုက္ခ ဒီအိတ်ထဲမှာ ရှိတယ် ... ဒါပေမဲ့ ဒါကို သစ်ပင် မရှိတဲ့ ကွင်းပြင်ထဲကျမှ ဖွင့်ကြည့်လို့ မှာလိုက်လေတော့ မျောက်လဲ အိတ်ကြီးကို မနိုင်မနင်း ဒရွတ်တိုက်ဆွဲပြီး သယ်သွားတယ်တဲ့ ... အထဲက ခွေးဘယ်လောက် ဒေါသတွေ ထွက်နေမလဲ ဆိုတာ နဲ့ ကွင်းပြင်ထဲရောက်လို့ ဖွင့်ကြည့်လိုက်တော့ ထွက်လာတဲ့ ခွေးနာ နဲ့ ပြေးတက်စရာ သစ်ပင်မရှိတဲ့ မျောက်အဖြစ်ကို တွေးကြည့် တာနဲ့ တွေးစရာတွေလဲ အများကြီး ကျန်ခဲ့တယ် ...
အဲလိုစာအုပ်လေးတွေဖတ်လိုက်ရတော့လည်းစိတ်ထဲတစ်မျိုးတော့ဖြစ်သွားမိတယ် … တစ်ခါတစ်လေ လူတွေ
ဟာမလိုအပ်တာတွေစိတ်ထဲ ထည့်ထားတက်ကြတယ် … အဲတော့ဒုက္ခကို လက္ခံထားသလိုဖြစ်နေတက်တယ်
တစ်ကယ်တော့ဒုက္ခဆိုတာကြီးကလည်း သူဟာသူနေနေတာထင်ပါ့ … ကိုယ်ကိုယ်တိုင်ကလည်းအဲဒုက္ခ ကြီး
နဲ့ဘဲ မွေ့လျော်နေလို့လားမသိ … ကျွန်တော့နောက်ဒုက္ခတစ်ခုက “ ချစ်သူနဲ့ကွေကွင်းရခြင်း” ဆိုတဲ့ ဒုက္ခ
လေးပါ … မျှဝေခံစားနှိုင်ကြပါစေ …

No comments:

Post a Comment

အကျင့်ဆိုး ...