Sunday, 7 March 2010

တမ်းတလျက် ...

သတိရလွမ်းဆွတ်တက်သူအဖို့ ရင်မှာတမ်းတလျက် ချစ်သူဆီသို့သာ စိတ်ကမျောလွင့်နေမိသည်။ နှလုံးလမ်းကြောင်းမှာ ကျွန်းခံပေဦးတော့ သူ့ကိုသာတမ်းတမိသည် ။ “ ချစ်ရသည်က အသက်ထက်ဆုံး ” ဟူသော သီချင်းကနားထဲကမထွက် ။ မိုင်ပေါင်းများစွာ ပင်လယ် သမုဒ္ဒရာ ကာဆီးထားလည်း ချစ်စိတ်ကိုမျိုသိပ် မထားနှိုင်ခဲ့ ေဩာ် ..... အချစ် ............

နေမင်းကွယ်ညှိုး မိုးညအရောက် ပြာလွင်သော ကောင်းကင်ပြင်တွင် ကြယ်စင်ကလေးများ စိန်ပွင့်အလား တဖိတ်ဖိတ် တလက်လက် တောက်ပနေချိန် ဘော်ငွေရောင်လမင်းကလည်း ထိန်လင်းအေးမြစွာ ပြည့်ပြည့်ဝဝသာနေသည် ။ အေးမျသော ဂျပန်ဆောင်းက ရင်ထဲက အပူကိုမငြိမ်းနှိုင်ခဲ့ ။ဆောင်ဦးလေပြည်ဝယ် လွင့်ပျံလာသော ငှက်ကလေးများ၏ တေးဆိုငြီးပုံမှာ အလွမ်းဓါတ်ခံရှိသူအဖို့ ပြောမပြနှိုင်လောက်အောင်ပင် ရှိပေသည် ။ ည၏အလှက မည်မျှပင် သာယာစေကာမူ စိတ်အစဉ်က ချစ်သူထံပါး တစ်ဖဝါးမှမခွါခဲ့ ။
ဪ .......... ကျွန်တော်ကြားဖူးခဲ့သော “ အချစ်စစ် အချစ်မှန် မည်သည် ဘယ်သောအခါမှ သာယာဖြောင့်ဖြူးခြင်းမရှိ ” ဆိုသည်မှာ ကျွန်တော်အတွက် ရေးခဲ့သလားမသိ ။ သို့ရာတွင်ချစ်သည့်စိတ်မှာ တစ်နေ့တစ်ခြား ဒီရေအလားတိုး လို့သာ ။

စန္ဒယားချစ်ဆွေ၏“ သူ့မျက်နှာ ကျွန်တော့်အသည်းထဲစွဲနေတယ် ၊ သူသာကျွန်တော့်ဘဝသူသာကျွန်တော့်ရဲ့ကမ္ဘာ ၊ တာဝန်မဲ့ တစ်ယောက်လို့ ဖြစ်နေသောကျွန်တော်ရယ်၊အချိန်တိုင်းမှာ သူသာဖြစ်နေတဲ့အထိ အစဉ်ပဲရင်ထဲငြိတွယ်၊ သူနဲ့တွေ့လေတိုင်းဘာကြောင့်များစိတ်အားငယ်၊ အလိုလို ဝမ်းနဲလာတယ်ကွယ် ၊ တွေ့ကြတော့လည်းအနားတွင်စကားပင် ပြောဖို့ရယ် အင်အားမရှိတယ်ကွယ် ၊ အသဲလှိုက်လှိုက်စုံခိုက်ခိုက်တုန် ရင်ခုန်လှတယ်ကွယ် ၊နှစ်ယောက်သားမှာကွယ် သိနားလည်ရက်ပါနဲ့ဟန်ဆောင်နေကြရတဲ့ အဖြစ်သနစ်ရယ် ၊ တစ်ကယ်တော့ ပင်ပန်းလှပါတယ်ကွယ် ၊ဒါဟာလည်း တစ်ဦးကိုတစ်ဦးကရယ် ကြည်ကြည်နူးနူး ပန်းလိုလှစေချင်တဲ့ဆန္ဒနဲ့ကွယ် ၊ ယုယညှာတာ အစစထောက်ထား မဖောက်ပြား နေလာခဲ့တယ် ၊စိတ်ချင်းသဘောချင်း ဝါသနာချင်းတူတဲ့ဘဝဝယ် ၊ အတူသွား အတူစား နေလာခိုက်ဝယ်မပြယ်သောမေတ္တာများနဲ့ကွယ် ၊ ချစ်စကားမကျတကျ အလှအပတွေလည်းပြောမိခဲ့တယ် ၊ဒီလိုအချိန်တိုင်းမယ် နှစ်ယောက်သားမျက်လုံးတွေထဲဝယ် ၊ သာယာကြည်နူးခြင်းနဲ့အချစ်ဗိမ္မာန်နန်းကို ၊ အတူလိုလိုမြင်ကြရတယ်ကွယ် ။ ူဪ ... ဒါပေမဲ့ချစ်ကြမ္မာကံရယ် ချစ်ဗိမ္မာန်နန်းကို ပျံသန်းရင်းကွယ် တောင်ကျိုးခဲ့ရတဲ့ငှက်ငယ်သဖွယ် မဖြစ်ရပါစေနဲ့လို့ ဆုတောင်းရင်းကွယ် ... ချစ်အားငယ်သူမယ်.... ချစ်အားငယ်ရသူမယ် .............. ” သကဲ့သို့ ခံစားမှုမှာထပ်တူထပ်မျှပင် ရှိပေလိမ့်မည် ။

ဪ ..... အလွမ်းတွေကို စမ်းရေထဲ မမျှောဘဲ ဂျပန်ပင်လယ်ထဲသို့သာမျှောလိုက်ချင်တော့သည် ။ ဆန္ဒ နှင့် ဘဝမှာ မည်သည့်အခါမှ ထပ်တူမကျနှိုင်ပါ သိပါရက်နှင့်ရူးသွပ်မိုက်မဲသူမှာ ကျွန်တော်သာ ။ မည်သိုပင်ဆိုစေ ... တမ်းတလျက်သာ.....

No comments:

Post a Comment

အကျင့်ဆိုး ...