ဆရာတော် ဦးဇောတိက၏ မှတ်သားဖွယ်ရာ ဒေါသနည်းအောင် နေနည်းတရားတော်
စိတ်အနှောက်အယှက်ဖြစ်ရတာ နဲချင်ရင် မလိုအပ်ပဲနဲ့ လူများများနဲ့ မရောပါနဲ့ ။ အလုပ်များတဲ့
သူဟာ တစ်နေ့ တစ်နေ့ လူတွေနဲ့စကားပြောရတာ နဲမှာမဟုတ်ဘူး ။ အခက်အခဲရှိလို့ ပြောချင်ရင် ၊
တိုင်ပင်ချင်ရင် တကယ်ကောင်းတဲ့ အကြံဉာဏ်မျိုးပေးနှိုင်မဲ့သူကိုပဲ ပြောပါ ။ မဆိုင်တဲ့သူတွေကို မပြော
ပါနဲ့ ။ စိတ်ပျက်စရာ ပြောတက်တဲ့သူတွေကို ဘယ်တော့မှ မပြောပါနဲ့ ။ စိတ်ပျက်စရာပြောတက်တဲ့
သူကိုပြောရင် ကိုယ်ပါစိတ်ဓါတ်ကျမယ် ။ စိုးရိမ်စိတ်တွေ များလာမယ် ။ စိတ်ပင်ပန်းမယ် ။ ကိုယ်လုပ်
မယ့်အလုပ်မျိုးကို လုပ်နေတဲ့သူ ၊ အတွေ့အကြုံများတဲ့သူမှသာ ကိုယ့်အခက်အခဲကို နားလည်မယ် ။
ဒါကြောင့်ဘယ်သူနဲ့ တိုင်ပင်တယ် ဆိုတာကိုသေသေချာချာစဉ်းစားပါ ။
အေးအေးဆေးဆေးပြောတက်အောင် လေ့ကျင့်ပါ ။ အေးအေးဆေးဆေး လုပ်တက်အောင်လေ့
ကျင့်ပါ ။ အလျင်လိုတဲ့ အကျင့်ဟာ စိတ်ပင်ပန်းစေတယ် ။ အလျင်လိုနေရင် စိတ်မရှည်ဘူး ။ အလျင်လို
နေတဲ့သူဟာ စိတ်တိုဖို့ ပိုများတယ် ။ မှားလို့ပြန်လုပ်ရရင် အချိန်ပိုကုန်တယ် ။ ဒါကြောင့် “ အရင်လိုရင်
အရနှေးတယ် ” လို့ပြောတာ ။ စိတ်ရှည်ရှည်နဲ့ သေသေချာချာ တိတိကျကျလုပ်တက်တဲ့ အလေ့အကျင့်
ဟာ ရေရှည်မှာ စိတ်အေးချမ်းမှုကို ပေးတယ် ။
လတ်တလော အဆင်ပြေအောင် လွယ်လွယ်နဲ့ ကတိမပေးလိုက်ပါနဲ့ ။ ကိုယ့်ကိုသဘောကျအောင်
ဘာတွေပေးမယ် ၊ ဘာတွေလုပ်ပေးမယ် ၊ ဘယ်လိုအခွင့်အရေးတွေပေးမယ် ဆိုတာမျိုးကို မစားရ ဝခမန်း
မပြောပါနဲ့ ။ ကိုယ့်ကိုအင်မတန်သဘောကောင်းတယ်လို့ မြင်စေချင်ရင် ချက်ခြင်းဝမ်းသာသွားအောင်
မပြောပါနဲ့ ။ ပြောတုန်းမှာ လွယ်နဲ့ပြောပြီး တစ်ကယ်လုပ်တဲ့အခါ ကိုယ်မတက်နှိုင်ရင် မူလကကိုယ်စေ
တနာမှန်ပေမဲ့လည်း ကိုယ့်စေတနာကို တဖက်ကယုံမှာ မဟုတ်ဘူး ။ အပြောနဲ့ အလုပ်မညီတာတွေ များ
လာတဲ့အခါ ကိုယ့်စကားကို ကြာတော့ဘယ်သူမှ ယုံတော့မှာမဟုတ်တော့ဘူး ။ တစ်ကယ်ပေးနှိုင်မှ ၊
တစ်ကယ်လုပ်ပေးနှိုင်မှပဲ ပြောပါ ။ ပေးနှိုင်တာထက် နည်းနည်းလျော့ပြောတာ ကောင်းတယ် ။
အရေးမကြီးတဲ့ကိစ္စမှာ သူများမှားနေလည်း သူ့အမှားကို သူသိလာအောင်စောင့်သင့်ပါတယ် ။
ကိုယ်မှန်တိုင်းဝင်ပြောပြီး အနိုင်မယူသင့်ဘူး ။ နိုင်လို့ရတိုင်း နိုင်ချင်တာဟာ မရင့်ကျက်တဲ့စိတ်ထား
ဖြစ်တယ် ။ စိတ်ချမ်းသာချင်ရင် ရင့်ကျက်တဲ့စိတ်ထား ၊ သဘောထားကြီးတဲ့ စိတ်ထားမျိုးကို မွေးယူရမယ် ။
ဘယ်အလုပ်မျိုးဖြစ်ဖြစ် အဆင်မပြေမှုရှိပါတယ် ၊ အခက်အခဲရှိပါတယ် ။ ဆရာဝန်အလုပ်ခက်သလို၊
ကျောင်းဆရာအလုပ်လည်းခက်ပါတယ် ။ ဈေးရောင်းတဲ့အလုပ်ခက်သလို ကားမောင်းတဲ့အလုပ်လဲ ခက်
ပါတယ် ။ ကားမောင်းတဲ့အလုပ်က စိတ်ရှည်ဖို့တော်တော်လိုအပ်ပါတယ် ။ ဆရာဝန်အလုပ်လည်း စိတ်ရှည်
ဖို့လိုပါတယ် ။ လူနာရဲ့အသက်ကို လုနေရတဲ့အခါမျိုးမှာ သေမင်းနဲ့ရင်ဆိုင်တိုက်ပွဲလို ဖြစ်နေတဲ့အခါမှာ
တော်တော် ပင်ပန်းပါတယ် ။ လူနာကအားကိုးတစ်ကြီးနဲ့ကြည့်တဲ့ မျက်လုံးရဲ့အဓိပ္ပါယ်ဟာ ဆရာဝန်တွေ
ရဲ့ စိတ်မှာပြင်းထန်တဲ့ ဂရုဏာကိုဖြစ်စေတယ် ။ ကျောင်းဆရာ၊ ဆရာမတွေလည်း စိတ်ရှည်ဖို့လိုပါတယ် ။
စာမေးပွဲကျတဲ့ ကျောင်းသားရဲ့စိတ်မှာ ကိုယ့်ကိုကိုယ်ယုံကြည်မှုမရှိတော့သလို ဖြစ်သွားတာဟာ တော်
တော် သနားစရာကောင်းပါတယ် ။ ကိုယ့်တပည့်လေး အောင်ပါ့မလားဆိုပြီး ဆရာ ၊ ဆရာမတွေ သော
ကဖြစ်ရတယ် ။ မိဘတွေဆင်းဆင်းရဲရဲနဲ့ သားသမီးကို ပညာတက်စေချင်လို့ ကျောင်းထားတယ် ။ စာမေး
ပွဲကျရင် ဆက်ထားဖို့ မလွယ်တော့ဘူး ။
လူများများနဲ့ ဆက်ဆံရတဲ့အလုပ်တွေက ဆက်ဆံရေး အခက်အခဲ အမြဲရှိပါတယ် ။ လူတိုင်းကို
စိတ်ကျေနပ်အောင် ဘယ်သူမှ လုပ်မပေးနှိုင်ဘူး ။ မကျေနပ်တဲ့သူက အပြစ်တင်မယ် ၊ မကောင်းပြောမယ်
။ အဲဒိအခါစိတ်တိုမယ် ၊ ဒေါသဖြစ်မယ် ၊ စိတ်ဓါတ်ကျမယ် ။ ဒါကြောင့် ကိုယ့်အလုပ်နဲ့ ပတ်သက်ပြီး ဖြစ်
နှိုင်တဲ့အခက်အခဲတွေကို ကြိုတင်ပြီး တွေးထားပြီးတော့ ဒီအခက်အခဲမျိုးကတော့ တွေ့ရမှာသေချာတယ်
၊ ဒီလိုအပြောမျိုးခံရမှာသေချာတယ် ၊ ဒါကြောင့်အခက်အခဲနဲ့တွေ့ရတဲ့အခါ ၊ အပြောခံရတဲ့အခါ စိတ်မ
ပျက်ဘူး ၊ စိတ်မညစ်ဘူး ၊ စိတ်ရှည်ရှည်ထားမယ်လို့ မကြာခဏနှလုံးသွင်းပါ ။ လူတွေအပေါ်တက်နှိုင်သ
လောက် စိတ်ရှည်ရှည်ထားပါ ။ သူတို့ကိုနားလည်ဖို့ ကြိုးစားပါ ။ ဒေါသအလျောက်နာသွားအောင် မပြော
ပါနဲ့ ။ ကိုယ့်စေတနာက မှားနေရင် ကိုယ့်စေတနာက ကိုယ့်ကို အကျိုးပေးမှာပါပဲ ။ ပြဿနာ တော်တော်
များများဟာ ဆက်ဆံရေးအဆင်မပြေလို့ ဖြစ်ရတာပါ ။ တစ်ယောက်ပြောချင်တာကို တစ်ယောက်ဆုံးအောင်
နားမထောင်ရင် တစ်ယောက်ကိုတစ်ယောက် နားလည်မှာမဟုတ်ဘူး ။ တစ်ယောက်စကားကို တစ်ယောက်
အဓိပ္ပါယ်မှန်အောင် မကောက်နှိုင်ရင် အထင်လွဲတာတွေ ဖြစ်လာမယ် ။ ဒါကြောင့်ဆက်ဆံရေး အဆင်ပြေ
ချင်ရင် တစ်ဖက်သား ပြောချင်နေတာကို ဂရုတစိုက်နားထောင်ပါ ။ သူ့စိတ်ထဲမှာပြောချင်နေတာကို ပြော
ခွင့်ပေးပါ ။ အထူးသဖြင့် အရေးကြီးတဲ့ ကိစ္စပြောမယ်ဆိုရင် အထင်လွဲတာမဖြစ်ဖို့ ပိုပြီးအရေးကြီးတယ် ။
သူပြောချင်နေတာကို ပြည့်ပြည်စုံစုံ ပြောနှိုင်အောင် သူ့ကိုမေးခွန်းတွေမေးပြီး ရှင်းခိုင်းပါ ။ သူ့အခက်အခဲ
ကို ကိုယ်ကကိုယ်ချင်းစာပါတယ်ဆိုတာ သူသိအောင်ပြောပါ ။ တစ်ယောက်ရဲ့အခက်အခဲကိုတစ်ယောက်
ကူညီနေပြီး နေသွားရတာ ကျေနပ်စရာသိပ်ကောင်းပါတယ် ။
မှတ်ချက် ။ ။ ဂျပန်နိုင်ငံထုတ် ရွှေဗမာ ( ဂျူလိုင်လ တစ်ရက်နေ့ နှစ်ထောင့်ကိုးခုနစ် ။ အတွဲအမှတ်
၁၅၁ ) တွင်ထုတ်ဝေ သောသတင်းစာမှ ကူးယူဖေါ်ပြပါသည် ။
Subscribe to:
Post Comments (Atom)
-
အခါတစ်ပါး၌ မြတ်စွာဘုရားသည် သာဝတ္ထိပြည် အနာ ထပိဏ်သူဌေး၏ နှလုံးမွေ့လျော် ပျော်ဖွယ်ရာဖြစ်သော ဇေတဝန် ကျောင်းတော်၌ သီတင်းသုံးနေထိုင်...
-
စကား စကား ပြောပါများ စကားထဲက ဇာတိပြ ၊ တရား တရား ဟောပါများ တရားထဲက ပါဠိရ ဆိုသော စကားတစ်ခွန်းရှိသည် ... လူ့လောကတွင် လူသားတစ်ယောက်အဖြစ် အ...
No comments:
Post a Comment