Sunday, 7 March 2010

ဂျူး ၏ ...

(လက္ခုပ္သံမ်ား) ဒါေပမယ့္ ဆိုတာက ကိုယ္ျဖစ္ခ်င္တာေတြ၊ ကိုယ့္ဆႏၵေတြ လုပ္လို႔ မရဘူးဆိုတဲ့ အဓိပၸါယ္နဲ႔ ဒါေပမယ့္ကို ခံထားပါတယ္။

ဒါေပမယ့္
ဘာေတြမွ ေတြးမေနနဲ႔။

ေတြးေနရင္လဲ ေမာ႐ံုပဲ။ ဘာေတြမွ ေတြးမေနနဲ႔ေတာ့။

တိမ္ေတြကိစၥ
ရာသီေတြရဲ႔ကိစၥ
ေလာကကို မေတာင္းဆိုလိုက္ေလနဲ႔
အိေျႏၵႀကီးတဲ့ေကာင္းကင္လို ေနလိုက္ေပါ့။

ေကာင္းကင္ဆိုတာကေတာ့ သူ႔ရဲ႔ေအာက္မွာ ျဖစ္ေနသမွ် ဘာေတြပဲျဖစ္ျဖစ္ အိေျႏၵတခြဲသားနဲ႔ပဲ ငံု႔ၾကည့္ေနတတ္ပါတယ္။ က်မတို႔ဟာလဲ ဘာေတြကိုမွ၊ တိမ္ေတြရဲ႔ ကိစၥ၊ ရာသီရဲ႔ ကိစၥေရာ ေလာကကို ေတာင္းဆိုလို႔ မျဖစ္ပါဘူး။ ေတာင္းဆိုလို႔ မရတဲ့အပိုင္းေတြ အမ်ားႀကီး ႐ွိေတာ့ က်မလဲ ဒီ အိေျႏၵႀကီးတဲ့ ေကာင္းကင္ႀကီးလို ေနလိုက္ေပါ့လို႔ က်မက အဓိပၸါယ္ရပါတယ္။ (လက္ခုပ္သံမ်ား)

အဲ့ဒါ က်မ ပရိသတ္ဆီ ေရာက္ေအာင္ပို႔ဖို႔ ရည္႐ြယ္ခ်က္နဲ႔ ေရးေသာ္လဲ ပရိသတ္ဆီ သံုးႀကိမ္တိုင္ မေရာက္ခဲ့တဲ့ ကဗ်ာေလးပါ။ ဒါ ဥပမာပါ။ ေနာက္ထပ္ ဥပမာေတြကိုေတာ့ က်မ ႐ြတ္မျပေတာ့ပါဘူး။ အဲ့ဒီေတာ့ အဲ့ဒါဟာ က်မရဲ႔ ညံ့ဖ်င္းမႈေတြပါ။ က်မ ညံ့ဖ်င္းမႈေတြ အားလံုးကို ေ႐ွ႔ဆက္ေျပာရရင္ အမ်ားႀကီး႐ွိပါတယ္။ ဒါေပမယ့္ မေျပာေတာ့ပါဘူး။ ဒီေလာက္ဆိုရင္ ပရိသတ္ သေဘာေပါက္ပါၿပီ။ ဒီေတာ့ က်မ ကိုယ့္ကိုယ္ကို ညံ့ေနတာကို သိသြားၿပီ။ ညံ့ေနတာကေန ေတာ္ေအာင္ လုပ္ခ်င္တယ္ဆိုတဲ့ ဆႏၵ႐ွိပါတယ္။ အဲ့ေတာ့ ညံ့ေနတာကေန ေတာ္ေအာင္ ဘယ္လိုနည္းေတြနဲ႔ က်မ ေတာ္တာ မေတာ္တာ အျမဲတမ္း စဥ္းစားပါတယ္။ ညံတာကလဲ က်မတေယာက္တည္း မဟုတ္ပါဘူး။ က်မသူငယ္ခ်င္းဆရာ၀န္ေတြ သူတို႔လဲ ညံ့ၾကပါတယ္။ သူတို႔ကို ေမးၾကည့္တဲ့အခါ သူတို႔ကလဲ ေတာ္ခ်င္တယ္လို႔ ေျပာၾကပါတယ္။ အဲ့ေတာ့ က်မတို႔ အားလံုးစုၿပီး ေတာ္ေအာင္လုပ္ၾကဖို႔ တမ်ိဳးမ်ိဳး ႐ွာမွျဖစ္မယ္။ ညံ့တာသိရင္ သူေတာ္မွာပဲ၊ အဲ့ေတာ့ ညံ့တဲ့အေၾကာင္းေတြကို ႐ွာရေအာင္၊ ငါတို႔ ဘာေၾကာင့္ ညံ့သလဲ အဲ့လို က်မတို႔ ေမးပါတယ္။ အဲ့ေတာ့ က်မတို႔က လူငယ္ေတြဆိုေတာ့ အျမဲတမ္းပဲ လူႀကီးေတြကို ပံုခ်ဖို႔ စိတ္ထက္သန္တဲ့ လူေတြပါ။ က်မတို႔က လူႀကီးေတြကို ပံုခ်တယ္။ က်မတို႔ ဘာေၾကာင့္ ညံ့သလဲ၊ က်မတို႔ ေတာ္ေအာင္ ေလ့က်င့္မေပးႏိုင္တဲ့ လူႀကီးေတြ ညံ့လို႔ က်မတို႔ ေတြးပါတယ္။ (လက္ခုပ္သံမ်ား)

အဲ့ဒါ ရာခိုင္ႏႈန္းျပည့္မွန္တဲ့ ေကာက္ခ်က္တခုေတာ့ ဟုတ္ခ်င္မွ ဟုတ္မွာေပါ့။ က်မဟာ လူငယ္ရဲ႔ ကိုယ္စား က်မ သြားၿပီးေတာ့ ေကာက္ခ်က္ခ်လိုက္တာပါ။ တကယ္တမ္းကေတာ့ က်မတို႔ဟာ ရာခိုင္ႏႈန္းျပည့္ ေတာ္ေအာင္ မႀကိဳးစားႏိုင္ရင္၊ ၈၀% ေတာ္ေအာင္ ႀကိဳးစားသင့္ပါတယ္။ ၈၀% မရရင္ ၆၀%၊ ၆၀% မရရင္ ၄၀% ရဖို႔ က်မတို႔မွာ တာ၀န္ ႐ွိပါတယ္။ ဒါေပမယ့္ က်မတို႔က ၄၀% ရတာကို ၁၀၀% မရလို႔ ဆိုၿပီး ညည္းညဴၿပီးေတာ့ စိတ္ပ်က္လက္ပ်က္ ေနခဲ့ၾကလို႔ အဲ့ဒီထက္ ည့ံလာပါတယ္။ အဲ့ေတာ့ အဲ့ဒါေတြကို သိသြားရင္ က်မတို႔ ေတာ္ၾကမယ္။ ေတာ္ေအာင္လုပ္ၾကမယ္ ဆိုၿပီးေတာ့ က်မတို႔ဟာ ေတာ္ဖို႔ ေမွ်ာ္လင့္ခ်က္ကေလး ကိုယ္စီနဲ႔ အသက္႐ွင္ဖို႔ ဆံုးျဖတ္လိုက္ၾကတယ္။ အဲ့ဒီေနရာမွာ က်မတို႔က ေမွ်ာ္လင့္ခ်က္သာ ထားတယ္။ ေမွ်ာ္လင့္ခ်က္ရဲ႔ အဓိပၸါယ္ အတိအက်ကို က်မတို႔ အေသအခ်ာ မသိပါဘူး။ အဲ့ေတာ့ ေမွ်ာ္လင့္ခ်က္နဲ႔ ပတ္သက္ၿပီးေတာ့ က်မ ဖတ္ခဲ့ဖူးတဲ့ စာအုပ္ထဲက အေၾကာင္းအရာေလးကို ေျပာရင္းနဲ႔ နိဂံုးခ်ဳပ္ေပးပါမယ္။

က်မဖတ္ဖူးတဲ့ စာအုပ္တအုပ္ ႐ွိပါတယ္။ ကမၻာေက်ာ္ စိတ္ပညာ႐ွင္ ဆရာႀကီး အဲလစ္စတုန္းဆိုတာ ၾကားဖူးၾကမွာပါ။ ဂ်မန္စိတ္ပညာ႐ွင္ႀကီးပါ။ အဲဒီ အဲလစ္စတုန္းက စာအုပ္ေတြ အမ်ားႀကီး ေရးပါတယ္။ သူေရးတဲ့ စာအုပ္ေတြ အနက္က ေမွ်ာ္လင့္ခ်က္နဲ႔ ပတ္သက္ၿပီး ေရးခဲ့တဲ့ စာအုပ္ပါ။ ေခါင္းစဥ္က 'Revolution of Hope' ေမွ်ာ္လင့္ခ်က္၏ေတာ္လွန္ေရး။ အဲ့လို ဘာသာျပန္လို႔ ရမယ္ထင္ပါတယ္။ အဲ့ဒီ စာအုပ္ကို က်မ သိတ္မၾကာခင္က ဖတ္လိုက္ရပါတယ္။ လြန္ခဲ့တဲ့ ႏွစ္ႏွစ္ေလာက္ကပါ။ အဲ့ဒီေတာ့ ဒီစာအုပ္ကို ဖတ္ေတာ့ စာအုပ္ထဲမွာက ေမွ်ာ္လင့္ခ်က္နဲ႔ ပတ္သက္ၿပီးေတာ့ သူအဓိပၸါယ္ ဖြင့္ဆိုတာက အင္မတန္ သေဘာက်ဖို႔ ေကာင္းပါတယ္။ သူက ေမွ်ာ္လင့္ခ်က္ဆိုတာ ဆႏၵသက္သက္ကိုသာ ေျပာတာ မဟုတ္ပါဘူး။

က်မတို႔ကေတာ့ ေမြးကတည္းက ခုခ်ိန္ထိ ထင္လာခဲ့တယ္။ က်မတို႔ ျဖစ္ခ်င္တဲ့ ဆႏၵေတြဟာ က်မတို႔ ေမွ်ာ္လင့္ခ်က္ပဲလို႔ က်မထင္ခဲ့တယ္။ က်မဟာ သိန္း ၅၀ ေက်ာ္ေလာက္ ခ်မ္းသာတဲ့ သူေဌးမႀကီး ျဖစ္ခ်င္တယ္။ ျဖစ္ေအာင္ႀကိဳးစားရင္ ရမယ္ထင္တယ္။ က်မဟာ လက္ညိႇဳးညႊန္ရာ ေရပြတ္ေတြ အမ်ားႀကီးပိုင္တဲ့ ဘ၀ ေရာက္ခ်င္တယ္။
ဥပမာ ေျပာတာပါ။ အဲ့ဒီလို ဘ၀မ်ိဳးေရာက္ခ်င္တယ္။ အဲ့ဒါဟာ က်မရဲ႔ ဆႏၵ၊ ဒီဆႏၵဟာ က်မရဲ႔ ေမွ်ာ္လင့္ခ်က္ပဲလို႔ က်မ အဓိပၸါယ္ ေပါက္ခဲ့တယ္။ ဆရာႀကီး အဲလစ္စတုန္းက ဘာေျပာသလဲ၊ ေမွ်ာ္လင့္ခ်က္ ဆိုတာ ဆႏၵသက္သက္ကို ေခၚတာ မဟုတ္ဘူးတဲ့။ ေမွ်ာ္လင့္ခ်က္အတြက္ ဆႏၵမွာ ဆံုးျဖတ္ခ်က္ တြဲၿပီးပါရမယ္တဲ့။ ဆံုးျဖတ္ခ်က္မပါတဲ့ ေမွ်ာ္လင့္ခ်က္၊ ဆံုးျဖတ္ခ်က္မပါတဲ့ ဆႏၵဟာ ေမွ်ာ္လင့္ခ်က္အရ ေမွ်ာ္လင့္ခ်က္ အေသႀကီး ပဲတဲ့။ သူက Passive Hope လို႔ က်မတို႔ကို ႐ွင္းျပပါတယ္။ Passive ဆိုတာ ကိုယ္တိုင္ျပဳျပင္ ဖန္တီးတာ မဟုတ္ပဲနဲ႔ သူတပါးျပဳျပင္ဖန္တီးတာကို ေစာင့္ၿပီးေနတဲ့ သေဘာတရားကို Passive လို႔ ေခၚပါတယ္။ အဲ့ဒီေတာ့ သူက ဆံုးျဖတ္ခ်က္မပါတဲ့ ေမွ်ာ္လင့္ခ်က္ဟာ ေမွ်ာ္လင့္ခ်က္ ျဖစ္ရင္ေတာင္မွ ေမွ်ာ္လင့္ခ်က္ အေသႀကီးပဲတဲ့။ အဲဒီေတာ့ ေမွ်ာ္လင့္ခ်က္အေသနဲ႔ ေမွ်ာ္လင့္ခ်က္အ႐ွင္ သူက ခြဲျခားျပတယ္။ အဲ့လို ခြဲျခားျပဖို႔အတြက္လဲ သူက က်မတို႔ကို အင္မတန္ေကာင္းတဲ့ ပံု၀တၳဳကေလးတပုဒ္ကို ေျပာျပပါတယ္။

အဲ့ဒီ ပံု၀တၳဳေလးက သံုးေလးေၾကာင္းပဲ ႐ွိတဲ့ ပံုျပင္တိုကေလးပါ။ အဲ့ဒီ ပံု၀တၳဳကေလးကို ေရးခဲ့ပါတယ္။ ေခါင္းစဥ္က 'တရားဥပေဒေ႐ွ႔ေမွာက္မွာ' တဲ့၊ အဲ့ဒီ ပံု၀တၳဳထဲမွာ ဇာတ္လိုက္ ႏွစ္ေယာက္ပဲ ပါပါတယ္။ တေယာက္က ခရီးသည္ႀကီးတေယာက္၊ အဲ့ဒီ ခရီးသည္ႀကီးက သူ႔လမ္းခရီးကေနၿပီးေတာ့ တံခါးတခုရဲ႔ ေ႐ွ႔ကို ေရာက္လာပါတယ္။ အဲ့ဒီတံခါးႀကီးက ဖြင့္ထားတဲ့ တံခါးႀကီးပါ။ ပိတ္ေနတဲ့ တံခါးႀကီး မဟုတ္ပါဘူး။ ဖြင့္ထားတဲ့တံခါးဆိုေတာ့ ဖြင့္ထားတဲ့ တံခါးႀကီးရဲ႔ ဟိုဘက္မွာ သူဟာ အမ်ားႀကီး သူျမင္ခ်င္တာေတြ အကုန္ျမင္ရပါတယ္။ အဲ့ဒီဖက္မွာ အင္မတန္ သာယာေအးခ်မ္းတဲ့ ၿမိဳ႔ေတာ္ႀကီးတခု ႐ွိပါတယ္။ သည္တံခါးႀကီးက အဲ့ဒီၿမိဳ႔ေတာ္ကို ၀င္တဲ့ တံခါးႀကီးပါ။ အဲ့ဒီတံခါးႀကီးကေန လွမ္းၾကည့္လိုက္တဲ့အခါ ဟိုး ၿမိဳ႔ေတာ္ထဲမွာ လူေတြ ေပ်ာ္႐ႊင္ေနၾကတာ၊ သြားခ်င္တဲ့ ေနရာေတြ သြားေနၾကတာ၊ စကားေတြ ေျပာေနၾကတာ၊ ေရးခ်င္တာေတြ ေရးေနၾကတာ၊ နားေထာင္ခ်င္တာေတြ သူတို႔ ၾကားေအာင္ နားေထာင္ေနႏိုင္ ၾကတာ၊ အဲဒါေတြ အားလံုးကို သူျမင္ေနရေတာ့ အဲ့ဒီကို သိပ္သြားခ်င္တယ္။ အင္မတန္ ေပ်ာ္႐ႊင္တဲ့ ႏိုင္ငံႀကီး တခုပဲ။ အဲ့ဒီေတာ့ ငါသြားခ်င္တယ္။ ခက္ေနတာက တံခါးႀကီးရဲ႔ ေ႐ွ႔မွာ အေစာင့္ႀကီးတေယာက္ ႐ွိပါတယ္။ အဲ့ဒီ အေစာင့္ႀကီးက မတ္မတ္ရပ္ၿပီးေတာ့ ခရီးသည္ႀကီးဆီကို ၾကည့္ေနတယ္။ ခရီးသည္ႀကီးက အေစာင့္ႀကီးဆီကို သြားပါတယ္။ "အေစာင့္ႀကီးခင္ဗ်ာ" တဲ့၊ "က်ေနာ္ ဒီတံခါးကေန ျဖတ္ၿပီးေတာ့ ဟိုး ၿမိဳ႔ေတာ္ႀကီးဆီကို သြားခ်င္ ပါတယ္။ က်ေနာ့္ကို ၀င္ခြင့္ေပးပါခင္ဗ်ာ" တဲ့။ အဲ့ဒီလို သူက ယဥ္ေက်းစြာ ခြင့္ေတာင္းလိုက္ပါတယ္။ ဒီေတာ့ အေစာင့္ႀကီးက ၀င္ခြင့္မေပးပါဘူးလို႔ မ်က္ႏွာထားတည္တည္နဲ႔ ျငင္းလိုက္တယ္။ အဲ့ဒီေတာ့ ခရီးသည္ႀကီးက ၀င္ခြင့္မေပးေသးဘူး ဆိုေတာ့ တခ်ိန္မွာေတာ့ ငါ့ကို ၀င္ခြင့္ေပးမွာနဲ႔တူတယ္ဆိုၿပီး သူဟာ ေနာက္ျပန္ဆုတ္သြား တယ္။ ျပန္ၿပီးေတာ့ ခပ္လွမ္းလွမ္းမွာ ထိုင္ၿပီးေတာ့ ေစာင့္ေနပါတယ္။ စိတ္႐ွည္လက္႐ွည္နဲ႔ ၀င္ခြင့္ေပးတဲ့အထိ ေစာင့္တယ္။ သူတခါ မတ္တတ္ရပ္ၿပီးေတာ့ အေစာင့္ႀကီးဆီကို ျပန္သြားပါတယ္။ "အေစာင့္ႀကီးခင္ဗ်ာ က်ေနာ္ ဟို ၿမိဳ႔ေတာ္ႀကီးထဲကို ၀င္ခ်င္ပါၿပီ၊ က်ေနာ့္ကို ဒီတံခါးကေန ၀င္ခြင့္ေပးပါ" တဲ့။ အဲ့ေတာ့ မႏွစ္ကလိုပဲ အေစာင့္ႀကီးက မ်က္ႏွာမာမာနဲ႔ ၀င္ခြင့္မေပးဘူးလို႔ ျငင္းလိုက္တယ္။ သူက မႏွစ္ကလိုပဲ ေနာက္ျပန္ဆုတ္ၿပီး ခပ္လွမ္းလွမ္းမွာပဲ ထိုင္ေစာင့္ေနတယ္။ ငါ့ကို တခ်ိန္ခ်ိန္ေတာ့ ၀င္ခြင့္ေပးမွာ ထင္ပါရဲ႔၊ ဒါမွမဟုတ္ တေယာက္ေယာက္ကပဲ ငါ့ကို ၀င္ထြက္ခြင့္ လက္မွတ္ ေတာင္ေပးမွာ ထင္ပါရဲ႔၊ ဒါမွမဟုတ္ တေယာက္ေယာက္ရဲ႔ ေနာက္ကေန ကပ္ၿပီးလိုက္ရင္ ေတာ့ ငါ ဒီအထဲကို ၀င္ရလိမ့္မယ္ ထင္ပါရဲ႔။ သူဟာ ေတြးၿပီးေတာ့ သူ႔ေနရာမွာ ၿငိမ္ၿပီးေတာ့ ထိုင္ေနပါတယ္။ အဲ့ဒီလို တစံုတေယာက္က ေပးလာႏိုးနဲ႔ ေမွ်ာ္လင့္ခဲ့တာ ရက္ကေန လ၊ လကေန ႏွစ္၊ ႏွစ္ေပါင္းမ်ားစြာ ၾကာတဲ့အထိ သူက အဲ့ဒီေနရာမွာ ထိုင္ၿပီး ေစာင့္ပါတယ္။ ေနာက္ဆံုး သူဟာ အဖိုးႀကီးဘ၀နဲ႔ တုန္တုန္ခ်ိခ်ိနဲ႔ ထၿပီးေတာ့ အေစာင့္ႀကီးဆီကို ထသြားပါတယ္။ သူသြားတဲ့အခ်ိန္မွာ သူစဥ္းစားတယ္၊ ဒီတံခါးႀကီးဟာ ဖြင့္ထား တာလဲ ဟုတ္တယ္၊ ဘယ္သူမွလဲ ၀င္ခြင့္ လာမေတာင္းၾကဘူး၊ ငါတေယာက္ပဲ ၀င္ခြင့္ေတာင္းတယ္၊ ျဖတ္ဆင္း သြားတဲ့ လူလဲ မျမင္ရဘူး၊ အဲ့ဒါ ထူးေတာ့ ထူးဆန္းတယ္၊ ငါ ဒီတခါ စမ္းၾကည့္ဦးမွ ျဖစ္မယ္ဆိုၿပီး

"အေစာင့္ႀကီးခင္ဗ်ာ၊ က်ေနာ္ ဒီအေ႐ွ႔မွာ ေစာင့္လာခဲ့တာ က်ေနာ္ ဒီအေ႐ွ႔မွာ ေစာင့္လာခဲ့တာ ႏွစ္ေပါင္းမ်ားစြာ ၾကာခဲ့ပါၿပီ က်ေနာ္ အိုလဲ အိုေနပါၿပီ၊ ေသလဲ ေသရပါေတာ့မယ္ အခုအခ်ိန္ထိ က်ေနာ္ ၀င္ခြင့္မရေသးဘူး၊ က်ေနာ္ဒီေ(လက်ခုပ်သံများ) ဒါပေမယ့် ဆိုတာက ကိုယ်ဖြစ်ချင်တာတွေ၊ ကိုယ့်ဆန္ဒတွေ လုပ်လို့ မရဘူးဆိုတဲ့ အဓိပ္ပါယ်နဲ့ ဒါပေမယ့်ကို ခံထားပါတယ်။

ဒါပေမယ့်
ဘာတွေမှ တွေးမနေနဲ့။

တွေးနေရင်လဲ မောရုံပဲ။ ဘာတွေမှ တွေးမနေနဲ့တော့။

တိမ်တွေကိစ္စ
ရာသီတွေရဲ့ကိစ္စ
လောကကို မတောင်းဆိုလိုက်လေနဲ့
အိန္ဒြေကြီးတဲ့ကောင်းကင်လို နေလိုက်ပေါ့။

ကောင်းကင်ဆိုတာကတော့ သူ့ရဲ့အောက်မှာ ဖြစ်နေသမျှ ဘာတွေပဲဖြစ်ဖြစ် အိန္ဒြေတခွဲသားနဲ့ပဲ ငုံ့ကြည့်နေတတ်ပါတယ်။ ကျမတို့ဟာလဲ ဘာတွေကိုမှ၊ တိမ်တွေရဲ့ ကိစ္စ၊ ရာသီရဲ့ ကိစ္စရော လောကကို တောင်းဆိုလို့ မဖြစ်ပါဘူး။ တောင်းဆိုလို့ မရတဲ့အပိုင်းတွေ အများကြီး ရှိတော့ ကျမလဲ ဒီ အိန္ဒြေကြီးတဲ့ ကောင်းကင်ကြီးလို နေလိုက်ပေါ့လို့ ကျမက အဓိပ္ပါယ်ရပါတယ်။ (လက်ခုပ်သံများ)

အဲ့ဒါ ကျမ ပရိသတ်ဆီ ရောက်အောင်ပို့ဖို့ ရည်ရွယ်ချက်နဲ့ ရေးသော်လဲ ပရိသတ်ဆီ သုံးကြိမ်တိုင် မရောက်ခဲ့တဲ့ ကဗျာလေးပါ။ ဒါ ဥပမာပါ။ နောက်ထပ် ဥပမာတွေကိုတော့ ကျမ ရွတ်မပြတော့ပါဘူး။ အဲ့ဒီတော့ အဲ့ဒါဟာ ကျမရဲ့ ညံ့ဖျင်းမှုတွေပါ။ ကျမ ညံ့ဖျင်းမှုတွေ အားလုံးကို ရှေ့ဆက်ပြောရရင် အများကြီးရှိပါတယ်။ ဒါပေမယ့် မပြောတော့ပါဘူး။ ဒီလောက်ဆိုရင် ပရိသတ် သဘောပေါက်ပါပြီ။ ဒီတော့ ကျမ ကိုယ့်ကိုယ်ကို ညံ့နေတာကို သိသွားပြီ။ ညံ့နေတာကနေ တော်အောင် လုပ်ချင်တယ်ဆိုတဲ့ ဆန္ဒရှိပါတယ်။ အဲ့တော့ ညံ့နေတာကနေ တော်အောင် ဘယ်လိုနည်းတွေနဲ့ ကျမ တော်တာ မတော်တာ အမြဲတမ်း စဉ်းစားပါတယ်။ ညံတာကလဲ ကျမတယောက်တည်း မဟုတ်ပါဘူး။ ကျမသူငယ်ချင်းဆရာဝန်တွေ သူတို့လဲ ညံ့ကြပါတယ်။ သူတို့ကို မေးကြည့်တဲ့အခါ သူတို့ကလဲ တော်ချင်တယ်လို့ ပြောကြပါတယ်။ အဲ့တော့ ကျမတို့ အားလုံးစုပြီး တော်အောင်လုပ်ကြဖို့ တမျိုးမျိုး ရှာမှဖြစ်မယ်။ ညံ့တာသိရင် သူတော်မှာပဲ၊ အဲ့တော့ ညံ့တဲ့အကြောင်းတွေကို ရှာရအောင်၊ ငါတို့ ဘာကြောင့် ညံ့သလဲ အဲ့လို ကျမတို့ မေးပါတယ်။ အဲ့တော့ ကျမတို့က လူငယ်တွေဆိုတော့ အမြဲတမ်းပဲ လူကြီးတွေကို ပုံချဖို့ စိတ်ထက်သန်တဲ့ လူတွေပါ။ ကျမတို့က လူကြီးတွေကို ပုံချတယ်။ ကျမတို့ ဘာကြောင့် ညံ့သလဲ၊ ကျမတို့ တော်အောင် လေ့ကျင့်မပေးနိုင်တဲ့ လူကြီးတွေ ညံ့လို့ ကျမတို့ တွေးပါတယ်။ (လက်ခုပ်သံများ)

အဲ့ဒါ ရာခိုင်နှုန်းပြည့်မှန်တဲ့ ကောက်ချက်တခုတော့ ဟုတ်ချင်မှ ဟုတ်မှာပေါ့။ ကျမဟာ လူငယ်ရဲ့ ကိုယ်စား ကျမ သွားပြီးတော့ ကောက်ချက်ချလိုက်တာပါ။ တကယ်တမ်းကတော့ ကျမတို့ဟာ ရာခိုင်နှုန်းပြည့် တော်အောင် မကြိုးစားနိုင်ရင်၊ ၈၀% တော်အောင် ကြိုးစားသင့်ပါတယ်။ ၈၀% မရရင် ၆၀%၊ ၆၀% မရရင် ၄၀% ရဖို့ ကျမတို့မှာ တာဝန် ရှိပါတယ်။ ဒါပေမယ့် ကျမတို့က ၄၀% ရတာကို ၁၀၀% မရလို့ ဆိုပြီး ညည်းညူပြီးတော့ စိတ်ပျက်လက်ပျက် နေခဲ့ကြလို့ အဲ့ဒီထက် ညံ့လာပါတယ်။ အဲ့တော့ အဲ့ဒါတွေကို သိသွားရင် ကျမတို့ တော်ကြမယ်။ တော်အောင်လုပ်ကြမယ် ဆိုပြီးတော့ ကျမတို့ဟာ တော်ဖို့ မျှော်လင့်ချက်ကလေး ကိုယ်စီနဲ့ အသက်ရှင်ဖို့ ဆုံးဖြတ်လိုက်ကြတယ်။ အဲ့ဒီနေရာမှာ ကျမတို့က မျှော်လင့်ချက်သာ ထားတယ်။ မျှော်လင့်ချက်ရဲ့ အဓိပ္ပါယ် အတိအကျကို ကျမတို့ အသေအချာ မသိပါဘူး။ အဲ့တော့ မျှော်လင့်ချက်နဲ့ ပတ်သက်ပြီးတော့ ကျမ ဖတ်ခဲ့ဖူးတဲ့ စာအုပ်ထဲက အကြောင်းအရာလေးကို ပြောရင်းနဲ့ နိဂုံးချုပ်ပေးပါမယ်။

ကျမဖတ်ဖူးတဲ့ စာအုပ်တအုပ် ရှိပါတယ်။ ကမ္ဘာကျော် စိတ်ပညာရှင် ဆရာကြီး အဲလစ်စတုန်းဆိုတာ ကြားဖူးကြမှာပါ။ ဂျမန်စိတ်ပညာရှင်ကြီးပါ။ အဲဒီ အဲလစ်စတုန်းက စာအုပ်တွေ အများကြီး ရေးပါတယ်။ သူရေးတဲ့ စာအုပ်တွေ အနက်က မျှော်လင့်ချက်နဲ့ ပတ်သက်ပြီး ရေးခဲ့တဲ့ စာအုပ်ပါ။ ခေါင်းစဉ်က 'Revolution of Hope' မျှော်လင့်ချက်၏တော်လှန်ရေး။ အဲ့လို ဘာသာပြန်လို့ ရမယ်ထင်ပါတယ်။ အဲ့ဒီ စာအုပ်ကို ကျမ သိတ်မကြာခင်က ဖတ်လိုက်ရပါတယ်။ လွန်ခဲ့တဲ့ နှစ်နှစ်လောက်ကပါ။ အဲ့ဒီတော့ ဒီစာအုပ်ကို ဖတ်တော့ စာအုပ်ထဲမှာက မျှော်လင့်ချက်နဲ့ ပတ်သက်ပြီးတော့ သူအဓိပ္ပါယ် ဖွင့်ဆိုတာက အင်မတန် သဘောကျဖို့ ကောင်းပါတယ်။ သူက မျှော်လင့်ချက်ဆိုတာ ဆန္ဒသက်သက်ကိုသာ ပြောတာ မဟုတ်ပါဘူး။

ကျမတို့ကတော့ မွေးကတည်းက ခုချိန်ထိ ထင်လာခဲ့တယ်။ ကျမတို့ ဖြစ်ချင်တဲ့ ဆန္ဒတွေဟာ ကျမတို့ မျှော်လင့်ချက်ပဲလို့ ကျမထင်ခဲ့တယ်။ ကျမဟာ သိန်း ၅၀ ကျော်လောက် ချမ်းသာတဲ့ သူဌေးမကြီး ဖြစ်ချင်တယ်။ ဖြစ်အောင်ကြိုးစားရင် ရမယ်ထင်တယ်။ ကျမဟာ လက်ညှိုးညွှန်ရာ ရေပွတ်တွေ အများကြီးပိုင်တဲ့ ဘ၀ ရောက်ချင်တယ်။
ဥပမာ ပြောတာပါ။ အဲ့ဒီလို ဘဝမျိုးရောက်ချင်တယ်။ အဲ့ဒါဟာ ကျမရဲ့ ဆန္ဒ၊ ဒီဆန္ဒဟာ ကျမရဲ့ မျှော်လင့်ချက်ပဲလို့ ကျမ အဓိပ္ပါယ် ပေါက်ခဲ့တယ်။ ဆရာကြီး အဲလစ်စတုန်းက ဘာပြောသလဲ၊ မျှော်လင့်ချက် ဆိုတာ ဆန္ဒသက်သက်ကို ခေါ်တာ မဟုတ်ဘူးတဲ့။ မျှော်လင့်ချက်အတွက် ဆန္ဒမှာ ဆုံးဖြတ်ချက် တွဲပြီးပါရမယ်တဲ့။ ဆုံးဖြတ်ချက်မပါတဲ့ မျှော်လင့်ချက်၊ ဆုံးဖြတ်ချက်မပါတဲ့ ဆန္ဒဟာ မျှော်လင့်ချက်အရ မျှော်လင့်ချက် အသေကြီး ပဲတဲ့။ သူက Passive Hope လို့ ကျမတို့ကို ရှင်းပြပါတယ်။ Passive ဆိုတာ ကိုယ်တိုင်ပြုပြင် ဖန်တီးတာ မဟုတ်ပဲနဲ့ သူတပါးပြုပြင်ဖန်တီးတာကို စောင့်ပြီးနေတဲ့ သဘောတရားကို Passive လို့ ခေါ်ပါတယ်။ အဲ့ဒီတော့ သူက ဆုံးဖြတ်ချက်မပါတဲ့ မျှော်လင့်ချက်ဟာ မျှော်လင့်ချက် ဖြစ်ရင်တောင်မှ မျှော်လင့်ချက် အသေကြီးပဲတဲ့။ အဲဒီတော့ မျှော်လင့်ချက်အသေနဲ့ မျှော်လင့်ချက်အရှင် သူက ခွဲခြားပြတယ်။ အဲ့လို ခွဲခြားပြဖို့အတွက်လဲ သူက ကျမတို့ကို အင်မတန်ကောင်းတဲ့ ပုံဝတ္ထုကလေးတပုဒ်ကို ပြောပြပါတယ်။

အဲ့ဒီ ပုံဝတ္ထုလေးက သုံးလေးကြောင်းပဲ ရှိတဲ့ ပုံပြင်တိုကလေးပါ။ အဲ့ဒီ ပုံဝတ္ထုကလေးကို ရေးခဲ့ပါတယ်။ ခေါင်းစဉ်က 'တရားဥပဒေရှေ့မှောက်မှာ' တဲ့၊ အဲ့ဒီ ပုံဝတ္ထုထဲမှာ ဇာတ်လိုက် နှစ်ယောက်ပဲ ပါပါတယ်။ တယောက်က ခရီးသည်ကြီးတယောက်၊ အဲ့ဒီ ခရီးသည်ကြီးက သူ့လမ်းခရီးကနေပြီးတော့ တံခါးတခုရဲ့ ရှေ့ကို ရောက်လာပါတယ်။ အဲ့ဒီတံခါးကြီးက ဖွင့်ထားတဲ့ တံခါးကြီးပါ။ ပိတ်နေတဲ့ တံခါးကြီး မဟုတ်ပါဘူး။ ဖွင့်ထားတဲ့တံခါးဆိုတော့ ဖွင့်ထားတဲ့ တံခါးကြီးရဲ့ ဟိုဘက်မှာ သူဟာ အများကြီး သူမြင်ချင်တာတွေ အကုန်မြင်ရပါတယ်။ အဲ့ဒီဖက်မှာ အင်မတန် သာယာအေးချမ်းတဲ့ မြို့တော်ကြီးတခု ရှိပါတယ်။ သည်တံခါးကြီးက အဲ့ဒီမြို့တော်ကို ဝင်တဲ့ တံခါးကြီးပါ။ အဲ့ဒီတံခါးကြီးကနေ လှမ်းကြည့်လိုက်တဲ့အခါ ဟိုး မြို့တော်ထဲမှာ လူတွေ ပျော်ရွှင်နေကြတာ၊ သွားချင်တဲ့ နေရာတွေ သွားနေကြတာ၊ စကားတွေ ပြောနေကြတာ၊ ရေးချင်တာတွေ ရေးနေကြတာ၊ နားထောင်ချင်တာတွေ သူတို့ ကြားအောင် နားထောင်နေနိုင် ကြတာ၊ အဲဒါတွေ အားလုံးကို သူမြင်နေရတော့ အဲ့ဒီကို သိပ်သွားချင်တယ်။ အင်မတန် ပျော်ရွှင်တဲ့ နိုင်ငံကြီး တခုပဲ။ အဲ့ဒီတော့ ငါသွားချင်တယ်။ ခက်နေတာက တံခါးကြီးရဲ့ ရှေ့မှာ အစောင့်ကြီးတယောက် ရှိပါတယ်။ အဲ့ဒီ အစောင့်ကြီးက မတ်မတ်ရပ်ပြီးတော့ ခရီးသည်ကြီးဆီကို ကြည့်နေတယ်။ ခရီးသည်ကြီးက အစောင့်ကြီးဆီကို သွားပါတယ်။ "အစောင့်ကြီးခင်ဗျာ" တဲ့၊ "ကျနော် ဒီတံခါးကနေ ဖြတ်ပြီးတော့ ဟိုး မြို့တော်ကြီးဆီကို သွားချင် ပါတယ်။ ကျနော့်ကို ဝင်ခွင့်ပေးပါခင်ဗျာ" တဲ့။ အဲ့ဒီလို သူက ယဉ်ကျေးစွာ ခွင့်တောင်းလိုက်ပါတယ်။ ဒီတော့ အစောင့်ကြီးက ဝင်ခွင့်မပေးပါဘူးလို့ မျက်နှာထားတည်တည်နဲ့ ငြင်းလိုက်တယ်။ အဲ့ဒီတော့ ခရီးသည်ကြီးက ဝင်ခွင့်မပေးသေးဘူး ဆိုတော့ တချိန်မှာတော့ ငါ့ကို ဝင်ခွင့်ပေးမှာနဲ့တူတယ်ဆိုပြီး သူဟာ နောက်ပြန်ဆုတ်သွား တယ်။ ပြန်ပြီးတော့ ခပ်လှမ်းလှမ်းမှာ ထိုင်ပြီးတော့ စောင့်နေပါတယ်။ စိတ်ရှည်လက်ရှည်နဲ့ ဝင်ခွင့်ပေးတဲ့အထိ စောင့်တယ်။ သူတခါ မတ်တတ်ရပ်ပြီးတော့ အစောင့်ကြီးဆီကို ပြန်သွားပါတယ်။ "အစောင့်ကြီးခင်ဗျာ ကျနော် ဟို မြို့တော်ကြီးထဲကို ဝင်ချင်ပါပြီ၊ ကျနော့်ကို ဒီတံခါးကနေ ဝင်ခွင့်ပေးပါ" တဲ့။ အဲ့တော့ မနှစ်ကလိုပဲ အစောင့်ကြီးက မျက်နှာမာမာနဲ့ ဝင်ခွင့်မပေးဘူးလို့ ငြင်းလိုက်တယ်။ သူက မနှစ်ကလိုပဲ နောက်ပြန်ဆုတ်ပြီး ခပ်လှမ်းလှမ်းမှာပဲ ထိုင်စောင့်နေတယ်။ ငါ့ကို တချိန်ချိန်တော့ ဝင်ခွင့်ပေးမှာ ထင်ပါရဲ့၊ ဒါမှမဟုတ် တယောက်ယောက်ကပဲ ငါ့ကို ဝင်ထွက်ခွင့် လက်မှတ် တောင်ပေးမှာ ထင်ပါရဲ့၊ ဒါမှမဟုတ် တယောက်ယောက်ရဲ့ နောက်ကနေ ကပ်ပြီးလိုက်ရင် တော့ ငါ ဒီအထဲကို ဝင်ရလိမ့်မယ် ထင်ပါရဲ့။ သူဟာ တွေးပြီးတော့ သူ့နေရာမှာ ငြိမ်ပြီးတော့ ထိုင်နေပါတယ်။ အဲ့ဒီလို တစုံတယောက်က ပေးလာနိုးနဲ့ မျှော်လင့်ခဲ့တာ ရက်ကနေ လ၊ လကနေ နှစ်၊ နှစ်ပေါင်းများစွာ ကြာတဲ့အထိ သူက အဲ့ဒီနေရာမှာ ထိုင်ပြီး စောင့်ပါတယ်။ နောက်ဆုံး သူဟာ အဖိုးကြီးဘဝနဲ့ တုန်တုန်ချိချိနဲ့ ထပြီးတော့ အစောင့်ကြီးဆီကို ထသွားပါတယ်။ သူသွားတဲ့အချိန်မှာ သူစဉ်းစားတယ်၊ ဒီတံခါးကြီးဟာ ဖွင့်ထား တာလဲ ဟုတ်တယ်၊ ဘယ်သူမှလဲ ဝင်ခွင့် လာမတောင်းကြဘူး၊ ငါတယောက်ပဲ ဝင်ခွင့်တောင်းတယ်၊ ဖြတ်ဆင်း သွားတဲ့ လူလဲ မမြင်ရဘူး၊ အဲ့ဒါ ထူးတော့ ထူးဆန်းတယ်၊ ငါ ဒီတခါ စမ်းကြည့်ဦးမှ ဖြစ်မယ်ဆိုပြီး

"အစောင့်ကြီးခင်ဗျာ၊ ကျနော် ဒီအရှေ့မှာ စောင့်လာခဲ့တာ ကျနော် ဒီအရှေ့မှာ စောင့်လာခဲ့တာ နှစ်ပေါင်းများစွာ ကြာခဲ့ပါပြီ ကျနော် အိုလဲ အိုနေပါပြီ၊ သေလဲ သေရပါတော့မယ် အခုအချိန်ထိ ကျနော် ဝင်ခွင့်မရသေးဘူး၊ ကျနော်ဒီရှေ့မှာ စောင့်နေသမျှ နှစ်တွေမှာလဲ ဒီတံခါးကြီးထဲကို ဝင်တဲ့သူရယ်လို့ တယောက်မှ မတွေ့သေးပါဘူး၊ ကျနော်တယောက်တည်းပဲ ဒီရှေ့မှာ ရှိတယ်၊ အဲဒါဟာ ဘာသဘောလဲ ခင်ဗျာ" တဲ့။ သူက အဲ့ဒီလို မေးလိုက်တော့ အစောင့်ကြီးက "ဟုတ်တယ် ခင်ဗျားက လွဲပြီးတော့ တယောက်မှ အထဲကို ဝင်ခွင့်မတောင်းသေးဘူး၊ ဝင်လို့လဲ မရသေးဘူး၊ ဘာကြောင့်လဲဆိုတော့ ဒီတံခါးဟာ ခင်ဗျားအတွက် ရည်ရွယ်ပြီး ဖွင့်ထားတဲ့ တံခါးဖြစ်လို့ပဲ၊ ဘယ်သူမှလဲ လာမမေးပါဘူး၊ အခုတော့ ကျနော် ဒီတံခါးကို ပိတ်ရပါတော့မယ်" တဲ့ ပြောပြီးတော့ သူ့ရှေ့မှာပဲ တံခါးကြီးကို ပိတ်လိုက်တယ်၊ ဒီတော့ ကပ်ဖကာရဲ့ အဲ့ဒီ ပုံဝတ္ထုလေးကို အဲလစ်စတုန်းက ကျမတို့ကို ရှင်းပြခဲ့တယ်၊ ဒီလူဟာ နှစ်ပေါင်းများစွာ ဒီထဲကို ဝင်ချင်တဲ့ စိတ်နဲ့ စောင့်ဆိုင်းနေခဲ့တာ အဲ့ဒါဟာ မျှော်လင့်ချက် မဟုတ်ဘူးတဲ့။ စောင့်ဆိုင်းမှုဆိုတာ ပါလာရင် ဒါဟာ ဆန္ဒပဲ ဖြစ်တယ်။ ဒါ မျှော်လင့်ချက် မဖြစ်နိုင်ဘူး၊ မျှော်လင့်ချက်ရယ်လို့ ပြောတဲ့အတွက် သူဟာ တံခါးထဲကို ဝင်ဖို့ ကြိုးစားသင့်တယ်။ ဒီတံခါးကို သူကိုယ်တိုင် ဝင်ဖို့ မကြိုးစားပဲ တစုံတယောက်ရဲ့ အမိန့်အာဏာ၊ တစုံတယောက်ရဲ့ အားကိုးမှုနဲ့ သူဝင်ဖို့ သူဟာ စောင့်နေခဲ့တာ။ ဒါကြောင့် သူဟာ ဒီတံခါးထဲကို ဝင်ခွင့် မရခဲ့ဘူး။

နောက်ဆုံးကြတော့ တံခါးကြီးက ပြန်ပိတ်သွားရပြီတဲ့။ ကမ္ဘာပေါ်မှာ လူတော်တော်များများဟာ ဒီလို စိတ်ထားမျိုး ရှိကြတယ်။ ကျနော်တို့တွေအားလုံးမှာ ဒီအဖိုးအိုလို စိတ်ထားမျိုး ရှိကြတယ်။ ဒါ မျှော်လင့်ချက်ပိုင်ရှင်တွေ မဟုတ်ဘူးလို့ အဲလစ်စတုန်းက ပြောပါတယ်။ ဒီတော့ ကျမတို့က အဲ့ဒီ ပုံဝတ္ထုကို ကြည့်ပြီးတဲ့အခါမှာ ကျမတို့ ညံ့နေတာတွေ တော်လာအောင် မျှော်လင့်ချက်ဆိုတာ စောင့်ဆိုင်းနေရုံနဲ့ မရဘူး၊ ကျမတို့ ကိုယ်တိုင် မဖြစ်ဖြစ်အောင် လုပ်မယ် ဆိုတဲ့ ဆုံးဖြတ်ချက် ပါဖို့ လိုပြီးလို့ ကျမ အဲ့လို တွေးပါတယ်၊ အဲ့ဒါနဲ့ အဲလစ်စတုန်းပြောသလို မျှော်လင့်ချက် အရှင်ဖြစ်အောင် ကျမတို့ နည်းလမ်းတွေ ရှာကြပါတယ်။ ဒီအစောင့်ကြီး ကျော်ပြီးတော့ အထဲကို ဝင်ဖို့ နည်းလမ်းတွေ၊ ဒါပေမယ့် ကျမ ဘာနည်းလမ်းမှာ မတွေ့သေးပါဘူး။ ခုချိန်ထိ တံခါးကြီးက ပွင့်နေဆဲပါ။ ဒါပေမယ့် ကျမ နည်းလမ်းမတွေ့သေးတဲ့အတွက် မတော်သေးပဲ ညံ့ဖျင်းတဲ့ လူတယောက် ဖြစ်နေပါတယ်၊ ဒါဟာ ကျမတယောက်တည်း မဟုတ်ပါဘူး၊ ကျမသူငယ်ချင်းတွေ အကုန်လုံး ဒီလိုပါပဲ။ ဆရာဝန်တွေ၊ တချို့ စာရေးဆရာတွေ ကျမလောက်နီးပါး ညံ့တဲ့လူတွေ ရှိပါလိမ့်မယ်။ ဒီတော့ ကျမတို့ အထဲကို ဝင်ဖို့ နည်းလမ်းတခုခုတော့ ရှိမယ်ဆိုပြီး ရှာကြပေမယ့် နည်းလမ်းမတွေ့ခဲ့တော့ ကိုယ်ကိုကိုယ် နည်းနည်းတော့ ဒေါသဖြစ်မိတယ်။ ဘေးက ကြည့်တဲ့ ပရိသတ်လဲ ဒီလောက်ညံ့ရသလားဆိုပြီး ဒေါသထွက်ချင် ထွက်ပါလိမ့်မယ်။ အမှန်အတိုင်း ဝန်ခံရရင်တော့ ကျမဟာ ဒီခရီးသည်ကြီးလို ဖြစ်နေဆဲပါ။ ဒီနေရာမှာ ကျမ စာနယ်ဇင်း သတင်းစာဆရာကြီး တယောက်ကို လူတယောက်မေးတဲ့ မေးခွန်းနဲ့ ကိုယ့်ကိုကိုယ် ဖြေသိမ့်ပါတယ်။ သူက နိုင်ငံကျော် စာနယ်ဇင်း သတင်းစာဆရာကြီးတယောက်ကို ဘာမေးသလဲ ဘာပြောသလဲဆိုတော့ "ခင်ဗျားတို့ သတင်းစာဆရာတွေဟာ ပြဿနာတွေကို ရှာနေကြတာပဲ၊ ပြဿနာတွေကို ရှာပြီး ဒီပြဿနာရဲ့ အဖြေကိုတော့ ပြည်သူတွေကို ချပြဖို့ သတိမရကြဘူး၊ ခင်ဗျားတို့ တော်တော်ညံ့တဲ့ လူတွေပဲ" လို့ သတင်းစာဆရာကြီးကို ဝေဖန်ပါတယ်။ ဒီတော့ သတင်းစာဆရာကြီးက ပြန်ပြောလိုက်ပါတယ်။ "ဟုတ်ကဲ့၊ ကျနော်ဟာ ပြဿနာရဲ့ အဖြေမသိလို့သာ သတင်းစာဆရာ လုပ်နေတာပါ၊ ပြဿနာရဲ့ အဖြေကိုသာ သိရင် နိုင်ငံရေးသမားပဲ လုပ်မှာပေါ့" တဲ့။ အဲ့ဒီလို သူက ဖြေတယ်၊ ဒီတော့ ကျမလဲ ဒီသတင်းစာဆရာကြီးလိုပဲ ဖြေရပါ လိမ့်မယ်။ ကျမဟာ စာရေးဆရာသာ ဖြစ်ပါတယ်၊ စာရေးဆရာ ဖြစ်တဲ့အတွက် ပြဿနာတွေ ရှာတယ်လို့ အဓိပ္ပါယ် သက်ရောက်ရင် သက်ရောက်သွားပါလိမ့်မယ်။ ကျမဟာ ပြဿနာတွေရဲ့ အဖြေကို မသိလို့သာ စာရေးဆရာ ဖြစ်နေတာပါ။ ပြဿနာတွေရဲ့ အဖြေကို သိရင် နိုင်ငံရေးသမား လုပ်မှာပေါ့။ အဲ့ဒီလိုဆိုရင် (လက်ခုပ်သံများ) အဲလို့သာဆိုရင် ကျမကို ခုလို ရန်ကုန် စက်မှုတက္ကသိုလ် စာပေဟောပြောပွဲ စင်မြင့်ပေါ်မှာ ကျမကို တွေ့ရမှာ မဟုတ်တော့ပါဘူး။ ကျေးဇူးတင်ပါတယ်ရှင်။ ။
(လက်ခုပ်သံများ)

ဂျူး
(၁၉၉၆ လောက်က ရန်ကုန်စက်မှုတက္ကသိုလ်မှာ ဟောပြောချက်ကို ဒေါင်းအိုးေ၀ စာစောင်( ? ခုနှစ်) မှ ကူးယူ ဖော်ပြခြင်း ဖြစ်ပါတယ်။)႐ွ႔မွာ ေစာင့္ေနသမွ် ႏွစ္ေတြမွာလဲ ဒီတံခါးႀကီးထဲကို ၀င္တဲ့သူရယ္လို႔ တေယာက္မွ မေတြ႔ေသးပါဘူး၊ က်ေနာ္တေယာက္တည္းပဲ ဒီေ႐ွ႔မွာ ႐ွိတယ္၊ အဲဒါဟာ ဘာသေဘာလဲ ခင္ဗ်ာ" တဲ့။ သူက အဲ့ဒီလို ေမးလိုက္ေတာ့ အေစာင့္ႀကီးက "ဟုတ္တယ္ ခင္ဗ်ားက လြဲၿပီးေတာ့ တေယာက္မွ အထဲကို ၀င္ခြင့္မေတာင္းေသးဘူး၊ ၀င္လို႔လဲ မရေသးဘူး၊ ဘာေၾကာင့္လဲဆိုေတာ့ ဒီတံခါးဟာ ခင္ဗ်ားအတြက္ ရည္႐ြယ္ၿပီး ဖြင့္ထားတဲ့ တံခါးျဖစ္လို႔ပဲ၊ ဘယ္သူမွလဲ လာမေမးပါဘူး၊ အခုေတာ့ က်ေနာ္ ဒီတံခါးကို ပိတ္ရပါေတာ့မယ္" တဲ့ ေျပာၿပီးေတာ့ သူ႔ေ႐ွ႔မွာပဲ တံခါးႀကီးကို ပိတ္လိုက္တယ္၊ ဒီေတာ့ ကပ္ဖကာရဲ႔ အဲ့ဒီ ပံု၀တၳဳေလးကို အဲလစ္စတုန္းက က်မတို႔ကို ႐ွင္းျပခဲ့တယ္၊ ဒီလူဟာ ႏွစ္ေပါင္းမ်ားစြာ ဒီထဲကို ၀င္ခ်င္တဲ့ စိတ္နဲ႔ ေစာင့္ဆိုင္းေနခဲ့တာ အဲ့ဒါဟာ ေမွ်ာ္လင့္ခ်က္ မဟုတ္ဘူးတဲ့။ ေစာင့္ဆိုင္းမႈဆိုတာ ပါလာရင္ ဒါဟာ ဆႏၵပဲ ျဖစ္တယ္။ ဒါ ေမွ်ာ္လင့္ခ်က္ မျဖစ္ႏိုင္ဘူး၊ ေမွ်ာ္လင့္ခ်က္ရယ္လို႔ ေျပာတဲ့အတြက္ သူဟာ တံခါးထဲကို ၀င္ဖို႔ ႀကိဳးစားသင့္တယ္။ ဒီတံခါးကို သူကိုယ္တိုင္ ၀င္ဖို႔ မႀကိဳးစားပဲ တစံုတေယာက္ရဲ႔ အမိန္႔အာဏာ၊ တစံုတေယာက္ရဲ႔ အားကိုးမႈနဲ႔ သူ၀င္ဖို႔ သူဟာ ေစာင့္ေနခဲ့တာ။ ဒါေၾကာင့္ သူဟာ ဒီတံခါးထဲကို ၀င္ခြင့္ မရခဲ့ဘူး။

ေနာက္ဆံုးၾကေတာ့ တံခါးႀကီးက ျပန္ပိတ္သြားရၿပီတဲ့။ ကမၻာေပၚမွာ လူေတာ္ေတာ္မ်ားမ်ားဟာ ဒီလို စိတ္ထားမ်ိဳး ႐ွိၾကတယ္။ က်ေနာ္တို႔ေတြအားလံုးမွာ ဒီအဖိုးအိုလို စိတ္ထားမ်ိဳး ႐ွိၾကတယ္။ ဒါ ေမွ်ာ္လင့္ခ်က္ပိုင္႐ွင္ေတြ မဟုတ္ဘူးလို႔ အဲလစ္စတုန္းက ေျပာပါတယ္။ ဒီေတာ့ က်မတို႔က အဲ့ဒီ ပံု၀တၳဳကို ၾကည့္ၿပီးတဲ့အခါမွာ က်မတို႔ ညံ့ေနတာေတြ ေတာ္လာေအာင္ ေမွ်ာ္လင့္ခ်က္ဆိုတာ ေစာင့္ဆိုင္းေန႐ံုနဲ႔ မရဘူး၊ က်မတို႔ ကိုယ္တိုင္ မျဖစ္ျဖစ္ေအာင္ လုပ္မယ္ ဆိုတဲ့ ဆံုးျဖတ္ခ်က္ ပါဖို႔ လိုၿပီးလို႔ က်မ အဲ့လို ေတြးပါတယ္၊ အဲ့ဒါနဲ႔ အဲလစ္စတုန္းေျပာသလို ေမွ်ာ္လင့္ခ်က္ အ႐ွင္ျဖစ္ေအာင္ က်မတို႔ နည္းလမ္းေတြ ႐ွာၾကပါတယ္။ ဒီအေစာင့္ႀကီး ေက်ာ္ၿပီးေတာ့ အထဲကို ၀င္ဖို႔ နည္းလမ္းေတြ၊ ဒါေပမယ့္ က်မ ဘာနည္းလမ္းမွာ မေတြ႔ေသးပါဘူး။ ခုခ်ိန္ထိ တံခါးႀကီးက ပြင့္ေနဆဲပါ။ ဒါေပမယ့္ က်မ နည္းလမ္းမေတြ႔ေသးတဲ့အတြက္ မေတာ္ေသးပဲ ညံ့ဖ်င္းတဲ့ လူတေယာက္ ျဖစ္ေနပါတယ္၊ ဒါဟာ က်မတေယာက္တည္း မဟုတ္ပါဘူး၊ က်မသူငယ္ခ်င္းေတြ အကုန္လံုး ဒီလိုပါပဲ။ ဆရာ၀န္ေတြ၊ တခ်ိဳ႔ စာေရးဆရာေတြ က်မေလာက္နီးပါး ညံ့တဲ့လူေတြ ႐ွိပါလိမ့္မယ္။ ဒီေတာ့ က်မတို႔ အထဲကို ၀င္ဖို႔ နည္းလမ္းတခုခုေတာ့ ႐ွိမယ္ဆိုၿပီး ႐ွာၾကေပမယ့္ နည္းလမ္းမေတြ႔ခဲ့ေတာ့ ကိုယ္ကိုကိုယ္ နည္းနည္းေတာ့ ေဒါသျဖစ္မိတယ္။ ေဘးက ၾကည့္တဲ့ ပရိသတ္လဲ ဒီေလာက္ညံ့ရသလားဆိုၿပီး ေဒါသထြက္ခ်င္ ထြက္ပါလိမ့္မယ္။ အမွန္အတိုင္း ၀န္ခံရရင္ေတာ့ က်မဟာ ဒီခရီးသည္ႀကီးလို ျဖစ္ေနဆဲပါ။ ဒီေနရာမွာ က်မ စာနယ္ဇင္း သတင္းစာဆရာႀကီး တေယာက္ကို လူတေယာက္ေမးတဲ့ ေမးခြန္းနဲ႔ ကိုယ့္ကိုကိုယ္ ေျဖသိမ့္ပါတယ္။ သူက ႏိုင္ငံေက်ာ္ စာနယ္ဇင္း သတင္းစာဆရာႀကီးတေယာက္ကို ဘာေမးသလဲ ဘာေျပာသလဲဆိုေတာ့ "ခင္ဗ်ားတို႔ သတင္းစာဆရာေတြဟာ ျပႆနာေတြကို ႐ွာေနၾကတာပဲ၊ ျပႆနာေတြကို ႐ွာၿပီး ဒီျပႆနာရဲ႔ အေျဖကိုေတာ့ ျပည္သူေတြကို ခ်ျပဖို႔ သတိမရၾကဘူး၊ ခင္ဗ်ားတို႔ ေတာ္ေတာ္ညံ့တဲ့ လူေတြပဲ" လို႔ သတင္းစာဆရာႀကီးကို ေ၀ဖန္ပါတယ္။ ဒီေတာ့ သတင္းစာဆရာႀကီးက ျပန္ေျပာလိုက္ပါတယ္။ "ဟုတ္ကဲ့၊ က်ေနာ္ဟာ ျပႆနာရဲ႔ အေျဖမသိလို႔သာ သတင္းစာဆရာ လုပ္ေနတာပါ၊ ျပႆနာရဲ႔ အေျဖကိုသာ သိရင္ ႏိုင္ငံေရးသမားပဲ လုပ္မွာေပါ့" တဲ့။ အဲ့ဒီလို သူက ေျဖတယ္၊ ဒီေတာ့ က်မလဲ ဒီသတင္းစာဆရာႀကီးလိုပဲ ေျဖရပါ လိမ့္မယ္။ က်မဟာ စာေရးဆရာသာ ျဖစ္ပါတယ္၊ စာေရးဆရာ ျဖစ္တဲ့အတြက္ ျပႆနာေတြ ႐ွာတယ္လို႔ အဓိပၸါယ္ သက္ေရာက္ရင္ သက္ေရာက္သြားပါလိမ့္မယ္။ က်မဟာ ျပႆနာေတြရဲ႔ အေျဖကို မသိလို႔သာ စာေရးဆရာ ျဖစ္ေနတာပါ။ ျပႆနာေတြရဲ႔ အေျဖကို သိရင္ ႏိုင္ငံေရးသမား လုပ္မွာေပါ့။ အဲ့ဒီလိုဆိုရင္ (လက္ခုပ္သံမ်ား) အဲလို႔သာဆိုရင္ က်မကို ခုလို ရန္ကုန္ စက္မႈတကၠသိုလ္ စာေပေဟာေျပာပြဲ စင္ျမင့္ေပၚမွာ က်မကို ေတြ႔ရမွာ မဟုတ္ေတာ့ပါဘူး။ ေက်းဇူးတင္ပါတယ္႐ွင္။ ။
(လက္ခုပ္သံမ်ား)

ဂ်ဴး
(၁၉၉၆ ေလာက္က ရန္ကုန္စက္မႈတကၠသိုလ္မွာ ေဟာေျပာခ်က္ကို ေဒါင္းအိုးေ၀ စာေစာင္( ? ခုႏွစ္) မွ ကူးယူ ေဖာ္ျပျခင္း ျဖစ္ပါတယ္။)

No comments:

Post a Comment

အကျင့်ဆိုး ...