ကိုယ်ချင်းစာစိတ်ဆိုတာ … လူတိုင်းမှာမရှိနိုင်တာကတော့ ကျမအတွက် အံ့ဩစရာတခုဖြစ်ခဲ့ရပါတယ်..။
ကျမကိုယ်တိုင်ကပဲ..လူတိုင်းအပေါ်ကိုယ်ချင်းစာတတ်ခဲ့ဲပြီး.. မေတ္တာတရားကိုသာ အဓိကထားခဲ့သူ ဖြစ်ခဲ့
တာကြောင့်လဲပါမယ်ထင်ပါတယ်..။ လူတိုင်းလူတိုင်းဟာ .. ကိုယ့်သမိုင်းကို .. ကိုယ့်ဘာသာ ကိုယ်ရေးကြ
တာပါပဲ…။ သမိုင်းလို့ဆိုတာထက် ကိုယ့်အထ္တုပ္ပတ္တိ ကိုယ် ရေးကြတာလို့ပြောရင် ပိုမှန်ပါလိမ့်မယ်…။
ဆိုပါတော့ ..ရှည်ရှည်ဝေးဝေးကြည့်ပြီးမပြောဘဲ.. တနေ့စာလေးပြောကြည့်ရအောင်ပါ..။
မနက်မိုးလင်းကနေ..ည မိုးချုပ်အိပ်ရာဝင်ချိန်အထိ.. တနေ့တာလုံးမှာ….. ကိုယ်ဘာလုပ်ခဲ့သလဲ..။
ကောင်းတဲ့အလုပ်…လုပ်ခဲ့သလား၊မကောင်းတဲ့အလုပ်…လုပ်ခဲ့သလား။ ကိုယ်ဘာပြောခဲ့သလဲ၊
ကောင်းတဲ့စကား….ပြောခဲ့သလား၊ မကောင်းတဲ့.စကား….ပြောခဲ့သလား။ကိုယ်ဘယ်လိုစိတ်ထားခဲ့သလဲ၊
ကောင်းမြတ်တဲ့စိတ်….ထားခဲ့သလား၊ မကောင်းမြတ်တဲ့စိတ်….ထားခဲ့သလား။
ပါဠိလိုပြောရရင်တော့ ကာယကံ.. ဝစီကံ... မနောကံ...နဲ့ဆိုင်ပါတယ်။ အဲဒီ ကံ ၃ ပါးကိုစောင့်ထိန်းနိုင်ခဲ့
သလားလို့ ကိုယ့်ကိုကိုယ် ပြန်လည် သုံးသပ်ခြင်းတမျိုးပါပဲ။ အမှန်တကယ်စောင့်ထိန်းနိုင်မှု..ရှိ..မရှိ.. ဆိုတာလဲ
ကိုယ့်ထက်တော့....ဘယ်သူမှပိုပြီးသိနိုင်မှာမဟုတ်ပါဘူး။ လောကမှာ သူတပါးကိုလိမ်တာထက်… မိမိ ကိုယ်ကို
မိမိလိမ်လည်တာဟာ .. အဆိုးဆုံးပါပဲ။ မှန်တချပ်ကို ထုတ်ပြီးကြည့်လိုက်တဲ့အခါ.. ကိုယ့်မျက်နှာပဲ ကိုယ်ပြန်
မြင်ရသလို အဲဒီ ကိုယ်ပြန်မြင်ရတဲ့ မျက်နှာပေါ်မှာပဲ အမဲ့အပြုံးတွေကို တွေ့နိုင်တယ်လေ။ မိမိလုပ်ခဲ့သမျှ..ကံ..၃
ပါးရဲ့ ..အတိုင်းအတာ ဘယ်လောက်ရှိတယ်ဆိုတာ မှန်ထဲမှာ ကိုယ့်မျက်နှာကိုယ်ပြန်မြင်ရသလိုပါပဲ။
လိမ်လို့မရပါဘူး။ စိတ်နှလုံး ကြည်လင်လို့ ပြုံးနေရင် မှန်သားပြင်ပေါ်မှာ ကိုယ်ပြန်မြင်ရတာ အပြုံးပဲ မဟုတ်လား။
ဒီလိုပဲ စိတ်နှလုံး မကြည်လင်လို့ မဲ့နေရင်လဲ ပြန်မြင်ရတဲ့ ကိုယ့်မျက်နှာပေါ်မှာ အမဲ့သာတွေ့ရမှာမလွဲဘူးလေ။
အဲဒါကြောင့် တနေ့တာလုံး ကိုယ်လုပ်ခဲ့တာတွေကို ကိုယ့်မျက်နှာကိုယ် မှန်ထဲပြန်ကြည့်သလို သုံးသပ်စေချင်တာပါ။ ကာယကံ အားဖြင့်ကိုယ်ထိလက်ရောက် လုပ်ကိုင်ခဲ့တာတွေထဲမှာ.. သူတပါးကို ဘယ်လိုကူညီ အကျိုး ပြုနိုင်ခဲ့သလဲ။ကူညီအကျိုးပြုနိုင်ခဲ့တဲ့အတွက် ကျေနပ်မှုဖြစ်ခဲ့ရရင် ကြည်နူးမှုကိုရမှာပဲ။ သူတပါးကိုဘယ်လို ထိခိုက်နာကျင်စေခဲ့သလဲ။ ထိခိုက်နစ်နာစေနိုင်ခဲ့တာကို ဆင်ခြင်မိရင် စိတ်မကောင်းဖြစ်မှာပဲ။ ဝစီကံအားဖြင့် နှုတ်နဲ့ပြောဆိုဆက်ဆံခဲ့တာတွေထဲမှာ သူတပါးကို စိတ်ချမ်းသာအောင် ဘယ်လိုပြောဆိုနိုင် ခဲ့သလဲ။ ပြောဆိုနိုင်ခဲ့တဲ အလျောက် မိမိကိုယ်တိုင်လဲ စိတ်ချမ်းသာခဲ့ရမှာပဲ။ သူတပါးကို စိတ်ထိခိုက်အောင် ဘယ်လိုပြောခဲ့မိသလဲ။ အဲဒီလို ပြောခဲ့မိတဲ့အတွက် တဖက်သား ခံစားရသလို ကိုယ်ရော မခံစားရဘူးလား။ မနောကံ အားဖြင့် စိတ်နဲ့လုပ်ဆောင်ခဲ့တဲ့အထဲမှာ သူတပါးအပေါ် မွန်မြတ်ကောင်းမွန်
တဲ့စိတ်ထားနိုင်ခဲ့ သလား။ ထားနိုင်ခဲ့တယ်ဆိုတဲ့အတွက် မိမိကိုယ်တိုင် ကြည်နူးရမှာပဲ။
သူတပါးအပေါ် ကောက်ကျစ်တဲ့စိတ် ထားခဲ့သလား။ အဲဒီမကောင်းတဲ့စိတ်ထားခဲ့မိတာကို မိမိကိုယ်တိုင်သိရဲ့လား။ အားလုံးကိုခြုံပြီး ဆင်ခြင် ကြည့်လိုက်ရင် ကိုယ်၊ စိတ်၊ နှလုံး ၃ ပါးစလုံးနဲ့ လုပ်ဆောင်ခဲ့တာတွေထဲမှာ ကောင်းတဲ့လုပ်ရပ် ရာနှုံး များများတွေ့ရင် နောက်နေ့မှာ ငါ..ဒီနေ့ထက်ပိုပြီး ကောင်းမွန်တဲ့ လုပ်ရပ်ကို ကျင့်ကြံမယ်လို့ဆုံးဖြတ်လိုက် ပါ။ ဒါမှမဟုတ်.. မကောင်းတဲ့လုပ်ရပ် ရာနှုံးများနေရင်လဲ နောက်နေ့ကျရင် ဒီလိုမများအောင် ကြိုးစားမယ်လို့ အသိတရားလေး ထားလိုက်ပါ။ အဲဒီ အသိတရားလေးကနေ အမှန်နဲ့အမှားကိုခွဲခြားနိုင်မယ့်သတိတရား လေး ရလာပါလိမ့်မယ်။ အဲဒီ သတိတရားလေးက နဂို ရှိရင်းစွဲ မေတ္တာစိတ် အရင်းခံကို ပိုမိုတိုးပွါးလာစေနိုင် မှာ ဖြစ်ပါတယ်။ မေတ္တာတရားဆိုတာ သိပ်ကိုသိမ်မွေ့လှပါတယ်။ တချို့..တချို့သောသူတွေမှာတော့ မေတ္တာတရား ကင်းမဲ့ ရလောက်အောင် ကိုယ်ချင်းစာတရား မထားနိုင်ကြရလောက်အောင် ဖြစ်နေကြတာ။ ကျမ ကိုယ်တွေ့ ကြုံခဲ့ရတဲ့အတွက် အံ့သြခြင်း
မက အံ့သြရင်း အော်...ဒီလိုလူတွေဟာ နေ့တိုင်း ကိုယ့်မျက်နှာကိုယ် မှန်ထဲ ပြန်မကြည့်ရဲ့သူတွေလား။ ဒါမှမဟုတ်... မှန်ထဲမှာ ပေါ်လာမယ့် ပုံရိပ်စစ်အတွက် မှန်မကြည့်ရဲသူတွေလား လို့ တွေးတော နေမိပါတော့တယ်။ ။
Subscribe to:
Post Comments (Atom)
-
အခါတစ်ပါး၌ မြတ်စွာဘုရားသည် သာဝတ္ထိပြည် အနာ ထပိဏ်သူဌေး၏ နှလုံးမွေ့လျော် ပျော်ဖွယ်ရာဖြစ်သော ဇေတဝန် ကျောင်းတော်၌ သီတင်းသုံးနေထိုင်...
-
စကား စကား ပြောပါများ စကားထဲက ဇာတိပြ ၊ တရား တရား ဟောပါများ တရားထဲက ပါဠိရ ဆိုသော စကားတစ်ခွန်းရှိသည် ... လူ့လောကတွင် လူသားတစ်ယောက်အဖြစ် အ...
No comments:
Post a Comment