လူတစ်ယောက် သစ်တောထဲက ဖြတ်လျှောက်လာတုံး ရုတ်တရက် အစာရေစာငတ်မွတ်နေတဲ့ ကျားကြီးတစ်ကောင်နဲ့တိုးမိတယ်။ ကျားကြီးကတစ်ချက်ဟိန်းပြီးခုန်အုပ်လိုက်တယ်။ သူကအမြန်ဆုံးနှုန်းနဲ့ လှည့် ပြေးပါတော့တယ်။ အစွမ်းကုန်ပြေးနေပေမဲ့ ကျားကလည်း ထက်ချပ်မကွာပြေးလိုက်လာနေတယ်။ နောက်ဆုံးမှာတော့ တောင်ကမ်းပါးအစပ်နားထိ ရောက်လာ တယ်။ ပြေးစရာမြေမရှိတော့ဘူး။
" ဒီကျားရဲ့ အဖမ်းခံရရင် အရှင်လတ်လတ်အစားခံရမယ်။ ချောက်ထဲခုန်ချလိုက်တာကမှ ကံကောင်းရင် ရှင်နိုင် သေးတယ်" လို့တွေးပြီးတောင် ကမ်းပါးကနေ လွှားကနဲခုန်ချလိုက်တော့တယ်။ သိပ်ကိုကံကောင်းသွားတယ်။ သစ်ပင်တစ်ပင်ပေါ်မှာ သွားတင်နေတယ်။ ဒီအပင်က ကမ်းပါးပြတ်တစ်နေရာမှာ ပေါက်နေတဲ့ ဆီးပင်။ ဆီးသီးတွေ ပင်လုံးပြည့် သီးနေလေရဲ့။ ဝမ်းမြောက်ဝမ်းသာ အားရ အားတက်နေဆဲမှာပဲ ကမ်းပါးပြတ်အောက် ဟိုးအဝေးဆီက ခြင်္သေ့တစ်ကောင်ရဲ့ ဟောက်သံကိုကြားလိုက်ရတယ်။ ငုံ့ကြည့်လိုက်တော့ အောက်က သူ့ကိုမော့ကြည့်နေတာ အတိုင်းသား မြင်လိုက်ရတယ်။ ရင်ထဲ "ဖိုကနဲ" တုန်သွားတယ် ။ တစ်ချက်ပြန်တွေးကြည့်ပြန်တော့ ကျားပဲဖြစ် ဖြစ်၊ ခြင်္သေ့ဘဲဖြစ်ဖြစ် သားရဲတိရိစ္ဆာန်ဘဲ။ ဘယ်အကောင်ရဲ့ အစားခံရခံရ အတူတူဘဲ ဘာမှမထူးဘူးလို့ တွေးမိသွားပြန်တယ်။ စိတ်နှလုံး ဒုံးဒုံးချလိုက်နိုင်ချိန်မှာဘဲ အသံတချို့ ကြားရပြန်တယ်။ ကြွက်နှစ်ကောင်က ဆီးကိုင်းကို ကိုက်နေတဲ့ အသံဘဲ။ ရုတ်တရက် တစ်ချက်ပြာသွားပေမဲ့ ချက်ခြင်းပြန်ပြီး ငြိမ်သက်သွားတယ်။ သစ်ကိုင်းကို ကြွက်ကိုက်လို့ အကိုင်းကျိုးကျပြီးသေတာက ခြင်္သေ့ကိုက်စားလို့သေတာထက်တော့ တော်သေးတယ်လို့တွေးမိ သွားတာကိုး။ စိတ်ပြန်လည်ငြိမ်သက်သွားတော့ ဘေးပတ်ပတ်လည်မှာ ဆီးသီးမှည့်တွေချည်းပဲဆိုတာ သေချာမြင်မိတော့ တယ်။ ဒါနဲ့ဆီးသီးတွေကိုခူးပြီး စားနေတော့တယ်။ သူ့တစ်သက်မှာ ဒီလောက်အရသာရှိတဲ့ ဆီးသီးမျိုး မစားခဲ့ဖူးဘူးလို့ သူခံစားမိတယ်။ သုံးထောင့်သဏ္ဍာန်ရှိတဲ့ သစ်ပင်ခွကြားကောင်းကောင်းတစ်ခု ရှာပြီး သေချာ ထိုင်တွေးရင်း စဉ်းစားတယ်။
" အနှေးနဲ့အမြန် သေရတော့မဲ့အတူတူ မသေခင် တစ်ရေးတစ်မော ကောင်းကောင်းအိပ်ပစ်လိုက်မယ်"
ဒါနဲ့ သစ်ကိုင်းကိုမှီပြီး တခေါခေါ အိပ်မောကျသွားတော့တယ်။ အိပ်ရာကနိုးလာတော့ ကြွက်အဖြူနဲ့အမဲ နှစ်ကောင်းလုံးကိုမတွေ့ရတော့ဘူး။ ကျားနဲ့ခြင်္သေ့ကိုလည်း မတွေ့ရတော့ဘူး။ သူကသစ်ကိုင်းတွေကို အသာအယာဆွဲရင်း ကမ်းပါးထိပ်ကို ခဲရာခဲဆစ် တဖြည်းဖြည်းချင်း တွယ်တက်လာခဲ့တယ်။ နောက်ဆုံးတော့
အန္တရာယ်ဘေးက သီသီလေးလွဲလာခဲ့တော့တယ်။ ဖြစ်ပုံက သူအိပ်ပျော်သွားတုံး ဆာလောင်လွန်းတဲ့ ကျားကဘယ်လိုမှမအောင့်မစောင့်နိုင်တော့တဲ့အဆုံး ကမ်းပါးပေါ်က ဟိန်းဟောက်ရင်း လိုက်ပြီးခုန်ချသွားတယ်။ ကြွက်အဖြူနဲ့အမဲနှစ်ကောင်က ကျားဟိန်းသံကြောင့် ကြောက်လန့်ပြီးထွက်ပြေးကုန်ကြတယ်။ ကမ်းပါးပေါ်ကခုန်ချလိုက်တဲ့ကျားနဲ့ ကမ်းပါးအောက်က ခြင်္သေံ့တို့ တိုက်ပွဲအကြီးအကျယ်ဖြစ်ပွားပြီး နှစ်ကောင်လုံး ဒဏ်ရာဒဏ်ချက်တွေနဲ့ မောဟိုက် ထွက်ခွာသွားကြပြီ။ လူတွေက အမိဝမ်းက ကျွတ်တဲ့အချိန်ကစပြီး အကျပ်အတည်းအခက်အခဲတွေဟာ ကျားကြီးလိုဘဲ တစ်ကောက်ကောက် နောက်ကမပြတ်လိုက်နေတယ်။ ခြင်္သေ့နဲ့တူတဲ့ သေခြင်းတရားဟာလည်း ကမ်းပါးအောက်က လည်တဆန့်ဆန့်နဲ့ မျှော်ကြည့်နေတယ်။ နေ့လယ်နေခင်းနဲ့ ညဉ့်နက်သန်းကောင်တို့နဲ့တူတဲ့ ကြွက်အဖြူနဲ့အမဲတို့ဟာ ခဏတာဘဝရဲ့ ခန္ဒာကိုယ်ကို တစ်လှည့်စီကိုက်ဖြတ်နေတယ်။ တနေ့နေ့မှာတော့ ခြင်္သေ့ကြီး ခံတွင်းထဲ ကျရောက်မှာကတော့ ဧကန်ပါဘဲ။ လူ့ဘဝရဲ့ အဆိုးဆုံးအခြင်းအရာဟာ သေခြင်းဘဲဆိုတာ သိနေမှတော့ တစ်နည်းဘဲရှိတယ်။ သောကကင်းကင်းနဲ့ သစ်ပင်ပေါ်က အသီးကို ဇိမ်ခံတတ်ဖို့ဘဲ။ ပြီးတော့ သောကကင်းကင်းနဲ့ တစ်ရေးဝအောင် အိပ်ပစ်လိုက်ဖို့ဘဲ။ အဲဒီလိုရှုတ်ထွေးမှုကင်းတဲ့စိတ်မျိုးထားနိုင်မှသာ ဘဝရဲ့ ချိုမြိန်တဲ့ "ဆီးသီး"ရဲ့ အရာသာ ချဉ်ပြုံးပြုံးကို ခံစားရမှာပါ။

BeautyMax Magazin မှ မောင်မောင်လှိုင် ၏ စာပုဒ်လေးပါ။
No comments:
Post a Comment