Sunday, 7 March 2010

၀န်ခံချက် သို့မဟုတ် ရင်ဖွင့်စာ !

ကျွန်တော်သည် စာပေဗဟုသုတ များစွာလိုလားပြီး ဖြစ်ချင်စိတ်လွန်စွာကြီးမားသော လူတစ်ယောက်ဖြစ်သည်။

သို့ရာတွင် ကျွန်ုပ်ဖြစ်ချင်လိုသော ဆန္ဒနှင့်ဘဝမှာ များစွာထပ်တူမကျနှိုင်ဘဲ ရှိလေသည် ။ ကျွန်တော်၏ ဘဝတစ်လျောက်လုံးတွင်ရုန်းကန်လှုပ်ရှားမှုများမှာ များစွာပင်ရှိခဲ့သော်ငြားလည်း ယနေ့အချိန်အထိ များစွာတိုးတက်မှုမရှိသေးပါ ။ ကျွနု်ပ်အား နားမလည်သောသူများ ၊ ကျွနု်ပ်အားစောင့်ကြည့်နေသူများလည်း များစွာတွေ့ရှိခဲ့ရလေသည် ။ထို့ကြောင့် ကျွန်ုပ်ကိုယ်တိုင် လေလာ
ဆန်းစစ်လျက်ရှိလေသည် ။ သို့ရာတွင်များစွာ မတွေ့နှိုင်ဘဲရှိလေသည် ။ ရိုးသောသူသည် ရွာပြင်ထုတ်ခံရသကဲ့သို့ ကျွနု်ပ်သာပင်ရွာပြင်တွင် နေရလေ့ရှိသည် ။ များသောသူမှာ ကျွန်ုပ်လိုရှိကောင်းရှိလိမ့်မည် ။ လူငယ်များ ကျွန်ုပ်လိုဖြစ်စေချင်သည် ။ အထူးသဖြင့်
ကျွနု်ပ်၏ ညီများကို ပိုရု်ဖြစ်စေချင်ပါသည် ။ ကျွန်ုပ်ဖြတ်သန်းခဲ့ရသော အတွေ့အကြုံအရ ယနေ့ကမ္ဘာပေါ်တွင် ပညာသည် ရှေ့ဆုံးသို့ ရောက်လျက်ရှိနေသည် ။ ထို့ကြောင့်ပညာသည် ကျွန်ုပ်အတွက် အမွတ်သိပ်ဆုံးအရာပင် ဖြစ်လာခဲ့သည် ။ ငွေဆိုသောအရာသည် ရှာလျှင်ရှာနှိုင်သလောက် ရရှိနှိုင်ပြီး သုံးလျှင်ခဏလေးနှင့် ကုန်သွားနှိုင်ပါသည် ။ပညာဆိုသည်မှာကား ရှာလျှင်မကုန်နှိုင်ဘဲ သုံးလျှင်လည်း မကုန်နှိုင်သော အရာဖြစ်လေသည် ။ ထိုသည်မှာကျွန်ုပ်၏ အယူအဆဖြစ်လေသည် ။ “ ပညာရွှေအိုး လူမခိုး ” ဟူသောဆိုရိုးစကားသည် အထင်အရှားပင်ရှိလေသည် ။
မိဘတိုင်းသည် သားသမီးတိုင်းကို လူချွန်လူကောင်းဖြစ်စေချင်သည် ။ ကျွန်ုပ်တို့သားသမီးတစ်ချို့လည်း မိဘများ၏ ဆန္ဒအတိုင်းပင်ဖြစ်ချင်စိတ်ရှိသည် ။ သို့ရာတွင်ဖြတ်သန်းရသော အနေအထားမှာ များစွာကွာခြားလေသည် ။ ဝန်ထမ်းမျိုးရိုးဖြစ်သော ကျွန်ုပ်၏ မိဘများမှာ များစွာ မချမ်းသာပေ ။ သို့ရာတွင် သူတို့တက်နှိုင်သလောက် ထောက်ပံ့မှုပြုခဲ့သောကြောင့် ကျွန်ုပ်မှာ မြန်မာစာဘွဲ့ရသူ တစ်ယောက်အဖြစ်သာ လူဘုံအလယ်တွင် ရပ်တည်နှိုင်ခဲ့လေသည် ။ ကျွနု်ပ်၏ ကြိုးစားမှု ရှိခဲ့ခြင်းကြောင့်လည်းဖြစ်သည် ။ မိုးသည်နေရာတိုင်းရွာသော်လည်း မိုးရေ ရရန်မှာ ခံယူတက်ဖို့လည်း များစွာလိုအပ်လေသည် ။ ကျောင်းတွင် အခြေခံသင်ကြားသောစာမှာ တူသော်လည်း ဖြစ်ပေါ်လာသော ဘဝအနေအထားမှာ မတူညီကြပေ ။ ဆိုလိုသည်မှာ ခံယူချက်မတူသောကြောင့်ဖြစ်သည် ။ များများလုပ်လျှင် များများရနှိုင်သကဲ့သို့ များများမလုပ်သောသူမှာလည်း များမျာမရှိနှိုင်ပေ ။ “ Give and take ” အပေးရှိမှ အယူရှိနှိုင်မည်ဖြစ်သည် ။

1 comment:

  1. မှန်တယ်ကိုကို ပညာထက်ငွေကြေးကို ဦးစားပေးမိတဲ့ ကျွန်တော့်ဘဝတော့ ရေစုန်ဘဲလိုက်နေတယ် ပြန်စန်တက်ဖို့ အင်အားက မရှိသေးဘူးလေ

    ReplyDelete

အကျင့်ဆိုး ...