
ဂျပန်စာရေးဆရာ Lily Franky ရေးထားတဲ့ "တိုကျိုတာဝါ" စာအုပ်ကို စာရေးဆရာမ
Heng Cao (曹姮) က တရုတ်လို ဘာသာပြန် ထုတ်ဝေခဲ့ပါတယ်။ ဘာသာပြန်သူက သူ့စာမှာဒီလိုရေးထားပါတယ်။
Lily Franky က သူငယ်စဉ် မိခင်နဲ့အတူ နေထိုင်ခဲ့တဲ့ အမှတ်တရတွေကိုရိုးရှင်းတဲ့ အဖွဲ့အနွဲ့၊ မခန့်ညားတဲ့ စကားလုံးတွေနဲ့ ရေးဖွဲ့ခဲ့ပါတယ်။
ဒီစာအုပ်ကို ဖတ်နေချိန်မှာ စာအုပ်ထဲမှာပါတဲ့ မြို့ပြရဲ့ ရုပ်ပုံတွေကိုစာဖတ်သူရဲ့ ဦးနှောက်ထဲ တရေးရေး မြင်ယောင်စေသလို အဲဒီရှုခင်းတွေရဲ့
နောက်မှာ စာရေးသူ (Franky)အတွက် အမြဲ တစ်ကုပ်ကုပ် အလုပ်ရှုပ်နေတဲ့မိခင်ကိုလည်း မြင်ယောင်စေပါတယ်။
ဂျပန်မှာ ဒီစာအုပ်ကို အုပ်ရေသိန်း၂ဝကျော် ရောင်းခဲ့ရပါတယ်။ လူတစ်ချို့ကဒီစာအုပ်ဟာ မိခင်ကိုစွဲလမ်းတဲ့ သားသမီးတွေရဲ့ အပြီးသတ် အကောင်းဆုံး
စာအုပ်ဖြစ်တယ်လို့ ဆိုပါတယ်။ ဒီစာအုပ်ကို ဖတ်ဖူးတဲ့ ဂျပန်ယောက်ျားတိုင်းမျက်ရည်ကျခဲ့
အရမ်းဖတ်ချင်ပေမယ့် သုံးလေးမျက်နှာသာဖတ်ပြီး ဆက်ဖတ်နိုင်စွမ်းမရှိခဲ့တဲ့အြေ
တူနေကြောင်း ပြောပါတယ်။ အဲဒီအဘိုးအိုက အသက်၆၅နှစ် ရှိနေပေမယ့် ဒီနေ့အထိအိပ်ယာထက်မှာ လဲနေတဲ့ မိခင်ကို ကိုယ်တိုင်ရေချိုးပေးတယ်လို့ ပြောပါတယ်။
မိခင်လို့ ဆိုလိုက်တာနဲ့ သူ့မျက်ဝန်းတွေ နီလာပြီး မျက်ရည်တွေတွဲခိုနေတာကို ကျွန်မတွေ့ခဲ့ပါတယ်။
မိခင်ကောင်းတွေက မိခင်ကိုစွဲလမ်းတဲ့သားတွေ မွေးထုတ်ပေးတယ်?
ဘာဖြစ်လို့ ဂျပန်ယောက်ျားတွေရဲ့ မိခင်ကိုစွဲလမ်းတဲ့ အစွဲအလမ်းကတစ်ခြားလူတွေထက် ပိုရသလဲ? ဒါကို ဂျပန်နိုင်ငံရဲ့လူနေမှုစရိုက်နဲ့
ဖွဲ့စည်းပုံကနေ ကြည့်ရပါလိမ့်မယ်။ ဒီခေတ်မှာ ဂျပန်နိုင်ငံဟာ စက်မှုပညာထွန်းကားတဲ့နိုင်ငံ ဖြစ်တယ်ဆိုပေမယ့် ဂျပန်အမျိုးသမီးတွေဟာ
အိမ်ထောင်ကျတာနဲ့ လင်သားကိုပြုစုတဲ့ အိမ်ရှင်မဘဝကိုရွေးခြယ်လိုက်တော
မွေးထုတ်ပေးတဲ့ ရင်းမြစ်ဖြစ်ခဲ့တယ်။ မိသားစုကို ဦးစားပေးတဲ့မိခင်တွေ၊သားသမီးကိ
မိခင်ကိုပိုစွဲလမ်း၊ ပိုချစ်ခဲ့ကြတယ်။ အထူးသဖြင့် ယောက်ျားလေးတွေကကြီးပြင်းလာသည့်
လက်မလွတ်တတ်ခဲ့ကြဘူး။
နောက်အကြောင်းတစ်ခုက ဂျပန်အမျိုးသမီးတွေရဲ့ အသက်ပိုရှည်ကြတာနဲ့လည်ဆိုင်ပါလိ
ပျှမ်းမျှအသက်က ၈၅နှစ်အထိ ရှည်နိုင်ကြပါတယ်။ ငယ်စဉ်ကတည်းက မိခင်ရဲ့အပြုအစု၊ ဂရုစိုက်မှုကို ခံရပြီး မိခင်ကို မှီခိုနေထိုင်တဲ့ "Neet"
လူမျိုးစုတွေမှာ ကိုယ့်ကိုယ်ကို နေထိုင်ကြီးပြင်းတဲ့ အင်အားတွေမဲ့ခဲ့ရတယ်။ ဖခင်သေဆုံးပြီးနောက် မိခင်နဲ့အတူ နှစ်ယောက်အတူ
နေရတဲ့အချိန်တွေ ပိုများပြီး ကြီးပြင်းလာတဲ့သားတွေကအမေရဲ့ရင်
ယောက်ျားတွေက မိခင်ရဲ့နေရာမှာ အစားထိုးတဲ့ အိမ်ထောင်ဖက်ကိုရှာဖို့ပိုခက်ခဲ
မိခင်ကို စွဲလမ်းတဲ့ ယောက်ျားမျိုးကို မကြောက်ပါနဲ့
ဟိုအရင်တစ်ချိန်က မိခင်ကိုစွဲလမ်းတဲ့ ဂျပန်ယောက်ျားမျိုးကို ကျွန်မလည်းအမြင်စောင်းခဲ့ဖူးတယ်
ချစ်လွန်းနေတယ်။ သူ့ကို ယူလို့မဖြစ်ဘူးနော်" စတဲ့ စကားကို အမြဲကြားရတတ်ပါတယ်။ တကယ်တော့ အမေ့ကိုစွဲလမ်းတတ်တဲ့ လူတွေမှာ နိုင်ငံ၊
ဒေသခွဲခြားလို့ မရပါဘူး။ "ကမ္ဘာပေါ်မှာ အမေကို မချစ်တဲ့၊မစွဲလမ်းတဲ့သားဆိုတာ မရှိဘူး" လို့ ကျွန်မတို့ ပြောနိုင်ပါတယ်။
"ကမ္ဘာပေါ်မှာ အမေကို မချစ်တဲ့၊ မစွဲလမ်းတဲ့သားသမီးဆိုတာ မရှိဘူး" ဆိုရင်ပိုမှန်ပါလိမ့်မယ်။ အမေကိုချစ်ကြောင်း ထုတ်ဖော်မပြောရုံ၊ အမှုအရာ မပြရုံဘဲ
ကွာပါလိမ့်မယ်။ အမှုအရာ အေးစက်၊ ကြမ်းတမ်းတဲ့ ယောက်ျားတွေထက်စာရင် အမေကိုစွဲလမ်းတဲ့ ယောက်ျားတွေက ပိုနူးညံ့သိမ်မွေ့ပါတယ်။
စာရေးဆရာ Lily ရဲ့ စာအုပ်ထဲမှာ အမေသေဆုံးသွားပြီးမှ ဘာကြောင့် အစကတည်းကအမေ့ကိုချစ်ကြောင်း မပြောဖြစ်ခဲ့တာလဲဆိုပြီး နောင်တရကြောင်း
ရေးသားထားပါတယ်။ အမေ့ကိုချစ်လွန်းတဲ့ ရွံ့ရှာဖွယ်သားအဖြစ် လူတွေကဲ့ရဲ့ကြမှာစိုးလို့ မပြောဖြစ်ခဲ့ကြောင်း ဆိုပါတယ်။ ဒါကြောင့် ရင်ထဲက
ခံစားချက်ကို ဖုံးဖိထားခဲ့ရတယ်။ တကယ်လို့ အခြားလူရဲ့ အစွေအစောင်းအကြည့်တွေကို သူဂရုမစိုက်ခဲ့ဘူးဆိုရင် အမေနဲ့သူဒီ့ထက် ပိုရင်းနှီးမယ်၊
အမေနားမှာနေပြီး အမေ့ကို ဂရုစိုက်စကားတွေ ပြောဖြစ်မယ်လို့ ဆိုပါတယ်။တကယ်တော့ အမေ့ကိုချစ်တဲ့၊ စွဲလမ်းတဲ့သားက ကြောက်စရာ တစ်စက်မှ
မကောင်းပါဘူး။ သူတို့မှာ တစ်ခြားလူထက် ပိုနူးညံ့သိမ်မွေ့တဲ့ ခံစားချက်တွေပိုင်ဆိုင်ထားတာလေး တစ်ခုတည်းပါ။
သင့်မှာ မိခင်ကိုချစ်ခင် စွဲလမ်းတဲ့စိတ် ဘယ်လောက်ရှိသလဲ
စမ်းသပ်ကြည့်ရအောင်.. Yes, No ထဲက အဖြေတစ်ခုကို ရွေးပေးပါ။
၁) ငယ်စဉ်ကတည်းက စကားနားထောင်ပြီး လိမ္မာတဲ့ကလေးလို့ မကြာခဏ ချီးကျူး ခံရဖူးတယ်။
(Yes) (No)
၂) မေမေဝယ်ပေးတဲ့ ပစ္စည်းနှစ်မျိုးကို သင့်ကိုယ်ပေါ်မှာ အချိန်မရွေး
တွေ့နိုင်တယ်။ (yes ) (No)
၃) နေ့တိုင်း မေမေနဲ့ စကားငါးခွန်းအထက် ပြောဖြစ်တယ်။ (yes ) (No)
၄) မကြာခဏ မေမေနဲ့အတူ ဈေးဝယ်ထွက်ဖြစ်တယ်။ (yes ) (No)
၅) စိတ်ညစ် ဝမ်းနည်းစရာတွေ ကြုံတိုင်း မေမေကို အရင်သတိရမိတတ်တယ်။ (yes ) (No)
၆) "ငါ့မေမေကပြောတယ်" ဆိုတဲ့ စကားကို အကျင့်တစ်ခုလို သုံးစွဲတတ်တယ်။ (yes ) (No)
၇) သင်ဟာ အစာဂျီးများသူ (အစာရွေးသူ) ဖြစ်တယ်။ (yes ) (No)
၈) သင့်အပြင်ပန်းက ကြည့်ပျော်ရှုပျော်ဆိုပေမယ့် ဆန့်ကျင်ဖက်လိင်ရဲ့
နှစ်သက်မှုကို မရခဲ့ဘူး။
(yes ) (No)
၉) ဖေဖေကို သိပ်မချစ်ဘူး။ (yes ) (No)
၁ဝ) မေမေက အိမ်ထောင်ရှင်မဖြစ်တယ်။ (yes ) (No)
မေးခွန်း (၁ဝ) ခုလုံးကို No လို့ ဖြေခဲ့သူ
သင့်မှာ မိခင်ကို ချစ်ခင်စွဲလမ်းတဲ့စိတ် ဝ% ပဲရှိပါတယ်။ သင်နဲ့
မေမေရဲ့ဆက်ဆံရေးက အေးစက်လွန်းပါတယ်။
yes လို့ ၁ မှ ၃ ခုအထိ ဖြေခဲ့သူ
သင့်မှာ မိခင်ကို ချစ်ခင်စွဲလမ်းတဲ့စိတ် ၃ဝ% ရှိပါတယ်။ တစ်ခြားလူတွေ
သီးခံလောက်တဲ့ အဆင့်ထဲမှာ ပါပါတယ်။ တစ်နည်းပြောရရင် "ရိုသေတဲ့ သားသမီး"
လို့ ဆိုနိုင်ပါတယ်။
yes လို့ ၄ မှ ၆ ခုအထိ ဖြေခဲ့သူ
သင့်မှာ မိခင်ကို ချစ်ခင်စွဲလမ်းတဲ့စိတ် ၆ဝ% ရှိပါတယ်။ သင်ဟာ မိခင်ကို
မတော်လှန်တတ်သူဖြစ်တယ်။ မေမေက သင့်ဘဝရဲ့ အရေးကြီးဆုံးနေရာမှာ
ရှိခဲ့ပါတယ်။ မေမေကို ယုံကြည်မှီခိုတတ်တဲ့ သားသမီးလိမ္မာ ဖြစ်ပါတယ်။
yes လို့ ၇ မှ ၉ ခုအထိ ဖြေခဲ့သူ
သင့်မှာ မိခင်ကို ချစ်ခင်စွဲလမ်းတဲ့စိတ် ၉ဝ% ရှိပါတယ်။ တစ်ခြားလူ
သီးခံနိုင်တဲ့ အတိုင်းအတာထက် ကျော်လွန်ပြီး မိခင်ကို
နှစ်သက်စွဲလမ်းသူဖြစ်တယ်။ ငယ်စဉ်ကတည်းက အရိပ်တကြည့်ကြည့် ခံရသူဖြစ်ပြီး
ဘာကိစ္စမဆို မိခင်ကို အားကိုးတတ်သူဖြစ်တယ်။ မေမေ မရှိရင်
အသက်မရှင်နိုင်တဲ့ အမျိုးအစားထဲက ဖြစ်တယ်။ တကယ်လိုသင်ဟာ မိခင်နဲ့
အမြဲအတူနေတဲ့ ယောက်ျားလေးဆိုရင် သင်ယူမယ့် မိန်းကလေးအတွက် ယောက္ခမနဲ့
ချွေးမကြားက ပြဿနာတွေကို ဖြစ်ပွါးစေနိုင်ပါတယ်။
မေးခွန်း(၁ဝ)ခုစလုံး yesလို့ ဖြေခဲ့သူ
သင့်မှာ မိခင်ကို ချစ်ခင်စွဲလမ်းတဲ့စိတ် ၁ဝဝ% အပြည့် ရှိပါတယ်။
ဒီလိုယောက်ျားမျိုးက မိန်းမ မယူနိုင်လောက်အောင် မိခင်ကိုပဲ
အစွဲလမ်းလွန်သွားပါတယ်။ မေမေထက်ကောင်းတဲ့မိန်းမ ဒီလောကမှာ
မရှိတော့ဘူးလို့ ထင်သူဖြစ်တယ်။ တစ်ခြားမိန်းကလေးထက် မေမေရှိနေရင်
အရာရာပြည့်စုံပြီလို့ ထင်သူဖြစ်တယ်။ ကုစရာဆေးမရှိလောက်အောင် မိခင်ကို
ချစ်ခင်၊ နှစ်သက်၊ စွဲလမ်းသူ ဖြစ်ပါတယ်။
နိုင်းနိုင်းစနေ ဘာသာပြန်သည်။
No comments:
Post a Comment