တနေ့မှာ ဆရာက ဖန်ခွက်တစ်လုံးကို လက်မှာကိုင်ထားပြီး “ ဒီဖန်ခွက်က ဘယ်လောက်လေးမယ်ထင်သလဲ ” လို့ ကျောင်းသားတွေကို မေးတယ်.. ၅၀ဂရမ်၊ ၁၀၀ ဂရမ် အစရှိသဖြင့် အမျိုးမျိုးအဖြေတွေကို
သူရတယ် ..ဆရာက ဆက်ပြောတယ် ..
“ ဒီဖန်ခွက်ရဲ့ တကယ့် အလေးချိန်ကိုတော့ ဆရာမသိပါဘူး။ ဒါပေမဲ့ ဆရာမေးချင်တာ ဒီဖန်ခွက်ကို ဒီအတိုင်းပဲ ဆရာ ခဏလောက် ကိုင်ထားရင် ဘာဖြစ်မလဲ
ဆိုတာပဲ ...” " ဘာမှမဖြစ်ဘူ " လို့ ကျောင်းသူတစ်ယောက်ကဖြေတော့ " တော်တော်ကြာကြာကိုင်ထားရင်ရော " လို့ ဆရာက ဆက်မေးတယ် .. " လက်တွေညောင်းပြီး ထုံကျင်လာမယ် " လို့ ဖြေကြတယ် …
“ ကောင်းပြီ ..တနေကုန်ကိုင်ထားရင်ရောကွာ ”လို့ ဆရာမေးတော့ ရွှတ်နောက်နောက်ကျောင်းသားတစ်ယောက်က " မင်းလက်ကြီး ထုံကျင်လာမယ်၊ ပြီးတော့ လက်မောင်းကိုက်လာမယ် ၊ ပြီးတော့ မင်းရဲ့
ကြွက်သားတွေအညောင်းမိ လေဖြတ်ပြီး ဆေးရုံရောက်မယ် " လို့ ပြောတော့ တတန်းလုံး ဝိုင်းရယ်ကြတယ် … ဆရာက “ မင်းပြောတာမှန်တယ် ..ဒါဆိုရင် ဘာလို့ အဲ့လိုဖြစ်သွားတာလဲ ..ငါကိုင်ထားတဲ့အချိန်
အတွင်းမှာ ဖန်ခွက်ရဲ့ အလေးချိန် ပိုတိုးလာလို့လား ” လို့ ဆက်မေးတော့ မတိုးပါဘူးလို့ တညီတညွှတ်တည်းဖြေကြတယ် …“ ဖန်ခွက်ရဲ့ အလေးချိန်ပြောင်းသွားတာလဲ မဟုတ်ပဲနဲ့ ..ဆရာက ဘာလို့ အဲ့လို
နာကျင်မှုဝေဒနာတွေ တိုးပြီး ခံစားရတာလဲ၊ အဲ့ဒီ ဝေဒနာတွေ သက်သာအောင် ဆရာ ဘာလုပ်ရမလဲ ” လို့မေးတော့ ကျောင်းသူတစ်ယောက်က “ Put the Glass Down . ” “ ဖန်ခွက်ကို အောက်ပြန်ချထား
လိုက်ပေါ့ ” လို့ ဖြေလိုက်ပါတယ် … ဆရာက “ သိပ်မှန်ပါတယ် ..မင်းတို့ ဘဝမှာ ကြုံရတဲ့ ပြဿနာတွေကို ခေါင်းထဲမှာ ခဏလောက်ထည့်ထားရင် ဘာမှမဖြစ်သေးပါဘူး။ အကြာကြီး သိမ်းထားပြီး စဉ်းစား
နေတဲ့အခါ ကြာလာတော့ မင်းတို့ကို စတင်ပြီး နာကျင်မှုပေးလာမယ် ၊ ဝေဒနာဖြစ်စေလာမယ်။ ပြဿနာတွေကို ဖြေရှင်းရတာ ဘဝရဲ့ ရသ တစိတ်တပိုင်းပါ။ ဒါပေမဲ့ နေ့တနေ့ရဲ့ အဆုံးမှာတော့ တနေကုန်
အဖြေရှာမရတဲ့ အဲ့ဒီအကြောင်းတွေကို မေ့ထားခဲ့ပါ။ နောက်တနေ့အတွက် ဒါတွေဆက်တွေးတောဖို့ အားအင်တွေလိုပါတယ် …လူသစ် စိတ်သစ်နဲ့ မနက်ဖြန်တွေကို ရင်ဆိုင်ဖို့ ဖန်ခွက်တွေကို ခဏလောက်
ပြန်ချထားခဲ့ပါ .. ” လို့ ဆရာက မှာလိုက်ပါတယ် ..
Subscribe to:
Post Comments (Atom)
-
အခါတစ်ပါး၌ မြတ်စွာဘုရားသည် သာဝတ္ထိပြည် အနာ ထပိဏ်သူဌေး၏ နှလုံးမွေ့လျော် ပျော်ဖွယ်ရာဖြစ်သော ဇေတဝန် ကျောင်းတော်၌ သီတင်းသုံးနေထိုင်...
-
စကား စကား ပြောပါများ စကားထဲက ဇာတိပြ ၊ တရား တရား ဟောပါများ တရားထဲက ပါဠိရ ဆိုသော စကားတစ်ခွန်းရှိသည် ... လူ့လောကတွင် လူသားတစ်ယောက်အဖြစ် အ...
No comments:
Post a Comment