“ အရင်တုန်းက ဘယ်လိုတွေဖြစ်ခဲ့တယ် ၊ ဘာတွေမှားခဲ့တယ်ဆိုတာထက် ရှေ့မှာ
ဘယ်လိုဖြစ်သင့်တယ် ဆိုတာကိုပဲ ဦးစားပေးသင့်ပါတယ် ” Bill Gates ပြောထားတဲ့စကား
လေးတစ်ခွန်းပါ ... တကယ်တော့ ဘဝမှာ သူများပြောတာတွေမှတ်သားပြီး ကိုယ်တိုင်လေ့
လာ မှတ်သားကျင့်ကြံနေပါတယ် ... စကားဆိုတာကလည်း တစ်ခါတစ်ရံ ပြောတိုင်းလည်း
မကောင်းပါဘူး ... ဖတ်မှတ်ထားသော စကားအရဆိုလျင် “ မှန်လည်းမှန် ၊ အကျိုးလည်းရှိ ၊
သူတစ်ပါးနှစ်သက်သော စကားမျိုးပြောနှိုင်လျှင်သာ အကောင်းဆုံးဖြစ်သည် ” ဟူ၏ ...
ဘုရားရှင်၏ ရာဟုလောဝါဒသုတ်တွင် ...
“ ချစ်သား ရာဟုလာ ၊ စကားပြောတော့မည်ဆိုလျှင် မစဉ်းမစား မပြောအပ် ...
ပြောတော့မည့် စကားသည် မိမိကိုထိခိုက်မည်လား ၊ သူတစ်ပါးကိုထိခိုက်မည်လားဟု
တွေးတောအပ်၏ ။ မိမိ ၊ သူတစ်ပါး နှစ်ဦးသားတို့တွင် တစ်ဦးဦးကို ထိခိုက်မည့်စကား
ဖြစ်ပါက မပြောအပ် ။ မိမိ ၊ သူတစ်ပါး နှစ်ဦးစလုံး ကိုမထိခိုက်သော စကားကိုသာ ပြော
ကြားအပ်၏ ” ဟူ၍ဟောကြားတော်မူထားသည် ...
စကားပြောသူတိုင်းသတိထားသင့်သောအချက်တစ်ခုဖြစ်သည် ... ထို့ကြောင့်
ကျွန်တော်လေ့လာမှတ်သားထားသည်များကို ပြန်လည်ခံစားတင်ပြရာတွင် ကောင်းသော ၊
ကိုယ်နှင့်လိုက်ဖက်သော အကြောင်း အရာများကိုသာမှတ်သားထားစေချင်သည် ...
Subscribe to:
Post Comments (Atom)
-
အခါတစ်ပါး၌ မြတ်စွာဘုရားသည် သာဝတ္ထိပြည် အနာ ထပိဏ်သူဌေး၏ နှလုံးမွေ့လျော် ပျော်ဖွယ်ရာဖြစ်သော ဇေတဝန် ကျောင်းတော်၌ သီတင်းသုံးနေထိုင်...
-
စကား စကား ပြောပါများ စကားထဲက ဇာတိပြ ၊ တရား တရား ဟောပါများ တရားထဲက ပါဠိရ ဆိုသော စကားတစ်ခွန်းရှိသည် ... လူ့လောကတွင် လူသားတစ်ယောက်အဖြစ် အ...
No comments:
Post a Comment