တစ်ခါက ဘာရဒွာဇပုဏ္ဏားသည် ဘုရားရှင်ထံလာ၍ ကြမ်းတမ်းရိုင်းစိုင်းသော စကားတို့ဖြင့် ဆဲရေးတိုင်းထွာ၏ ။ ခြိမ်းခြောက်ခြင်းလည်းပြု၏ ။ အယူဝါဒများဖြင့် ခြိမ်းခြောက်ခြင်းလည်းပြု၏ ။ ဘုရားရှင်က ဆိတ်ဆိတ်နေ၍ သည်းခံတော်မူသည် ။ ပုဏ္ဏားကြီးမော၍ အပြောရပ်သွားသောအခါ မြတ်စွာဘုရားက ချိုသာစွာဖြင့် မေးတော် မူလေသည် ။ “ ဘာရဒွာဇ ၊ သင့်ရဲ့ ဆွေမျိုးတွေနဲ့ မိတ်ဆွေတွေဟာ သင့်အိမ်သို့ တစ်ခါတစ်ရံ မလာကြပါ သလော ” “ လာကြပါတယ် ” “ သူတို့ကသင့်အတွက် လက်ဆောင်ပဏ္ဍာများ ယူဆောင်လာခဲ့ကြဖူးပါသလား ” “ ယူဆောင်လာခဲ့ကြဖူးပါတယ် ” “ ထိုလက်ဆောင်များ သင်က လက်ခံယူလိုက်ရင် ထိုပစ္စည်းတွေဟာ ဘယ်သူ့ထံ ရောက်သွားမလဲ ” “ ကျွနုပ်က လက်ခံရင် ကျွနုပ်ထံသို့ ရောက်ရှိပါတယ် ” “ အကယ်၍ သင်က လက်မခံဘဲ ပစ္စည်းတွေကို ပြန်ပေးလိုက်ရင် ဒီပစ္စည်းတွေက ဘယ်သူ့ထံ ရောက်သွားမလဲ ” “ပစ္စည်းလာပေးသူထံ ပြန်ရောက်ပါတယ် ” “ အို - ပုဏ္ဏား ၊ ထိုနည်းတူပဲ ငါ့ထံသို့ သင်ယ္ခုလာရောက်ပြီး ဆဲရေး ခြိမ်းခြောက်ပုတ်ခတ် စွပ်စွဲတာတွေကို ငါ လက်မခံဘူး ၊ သင်သာ ပြန်ယူသွားပါတော့ ”
သောကဆိုသည်မှာ ဝန်ထုပ်ဝန်ပိုးဖြစ်၏ ။ စိုးရိမ်သောကကို ဖြစ်စေ ၊ ကဲ့ရဲ့ဝေဖန်မှုပင်ဖြစ်စေ သင်က လက်မခံလျှင် သင့်ကို မည်သည့် အရာကမျှ ဒုက္ခမပေးနှိုင်ပါ ။
သောကဆိုသည်မှာ ဝန်ထုပ်ဝန်ပိုးဖြစ်၏ ။ စိုးရိမ်သောကကို ဖြစ်စေ ၊ ကဲ့ရဲ့ဝေဖန်မှုပင်ဖြစ်စေ သင်က လက်မခံလျှင် သင့်ကို မည်သည့် အရာကမျှ ဒုက္ခမပေးနှိုင်ပါ ။
No comments:
Post a Comment