Sunday, 28 February 2010

မိဘမေတ္တာ ...




“ လူလားမြောက်တဲ့ အရွယ်ကတည်းကလေ ... လောကဓံကို ရင်ဆိုင်တွေ့ကြုံခဲ့ပါပေ ... နိမ့်ချည်တစ်ခါ သာချည်တစ်လှည့်ရယ်နဲ့ ... သမုဒ္ဒယနယ်မှာ ကျင်လည်ကျက်စား မအားလပ်နှိုင်ရှာပေ ...
လောကဓမ္မတာ သောကအဖြာဖြာ ကြုံခဲ့ရပေ ... ချစ်သောဖေဖေ ချစ်သောမေမေ မတွေ့တာကြာလေလေ ပို၍သတိရလေလေ ... ရင်၌လွယ်ဖွား သားသမီးများက အတိုးချကန်တော့ပါရစေ ...
မြင်မိုရ်တောင်ဦး ကျေးဇူးဂုဏ်တွေ ဆပ်လို့မကုန်နှိုင်ပေ ... သီတာရေတစ်ပေါက်ကလေး ကျရုံမျှနဲ့ မိဘတိုဝမ်း မငြိမ်းချမ်းပေ ... ဖဝါးလက်နှစ်လုံး ပခုံးလက်နှစ်သစ် ဝါးဖတ်တော် ကဆီနှစ်နဲ့
လူဖြစ်အောင်ကြွေး မှက်ခြင်ယင် မသန်းရအောင် ပင်ပန်းကြီးစွာ မွေးမြူရပေ ... ဒီကျေးဇူးဂုဏ်တွေ ရည်မျှော်မှန်းလို့ သားကန်တော့ပါတယ်လေ ကျေးဇူးရှင် ဖေဖေနဲ့မေမေ ...

ငယ်စဉ်တောင်ကျေး ကလေးဘဝက တေးဆိုလို့ချော့မြူပုံတွေ ... မှတ်မိနေသေးပေ ခိုဖြူ ခိုပြာ ခိုဝါနက်ကယ် အဖမ်းခက်လို့ ဆိုတဲ့အသံတွေ ... မိထ္တီလာကန်တော်အောက်က ဖားကလေးတွေ
ကောက်ကာပေးဖို့ မှာလိုက်တဲ့အသံလေးတွေ သားဖြင့်ကြားယောင်မိတယ်လေ ...
ငယ်စဉ်တောင်ကျေး ကလေးဘဝက တေးဆိုလို့ချော့မြူပုံတွေ ... မှတ်မိနေသေးပေ ခိုဖြူ ခိုပြာ ခိုဝါနက်ကယ် အဖမ်းခက်လို့ ဆိုတဲ့အသံတွေ ... မိထ္တီလာကန်တော်အောက်က ဖားကလေးတွေ
ကောက်ကာပေးဖို့ မှာလိုက်တဲ့အသံလေးတွေ သားဖြင့်ကြားယောင်မိတယ်လေ ...
သက္ကလရေကြည် ဪ ... သန္ဓေတည်ကတည်းက ပူဖန်စပ်ခါး ရှောင်ရှားကာနေ မကောင်းမေတ္တာ ဪ ... ကောင်းရာညွန်လို့ ရင်းနှိးပေးဝေ အတက်ကိုလည်းသင်စေ ... ထိမ်းမြားခြင်းဝတ်
ငါးထွေ ကြေပြွန်ပါပေ ... ကြီးမားသောမေတ္တာမျိုးနဲ့ သားသမီးဆီုးတွေကိုလည်း ပစ်ရိုးထုံးစံမရှိခဲပေ ... တို့ဘုရားသော်မှ နို့တစ်လုံး( နို့နှစ်လုံး )ဖိုးကြေ ... အန န္တဂိုဏ်းဝင် ကျေးဇူးရှင်မိဘနှစ်
ပါးကို သားကန်တော့ပါတယ်လေ ...
တစ်အူထုံဆင်း တို့မောင်နှမအရင်းတွေ ချစ်ခြင်းမေတ္တာဂရုဏာထားလို့လေ ကျေးဇူးရှင်မိဘနှစ်ပါးရဲ့ သြဝါဒစကား မကြားရတာ ကြာခဲ့ပြီလေ ... ချစ်သောဖေဖေ ချစ်သောမေမေ သားတို့
သမီးတို့ လက်ဆယ်ဖြာယှက်ကာမိုးလို့ ရှစ်ခိုးလို့ကန်တော့ပါရစေ ... ကျေးဇူးရှင် ဖေဖေနဲ့ မေမေ ... ကျေးဇူးရှင် ဖေဖေနဲ့ မေမေ ... ကျေးဇူးရှင် ဖေဖေနဲ့ မေမေ ... ကျေးဇူးရှင် ဖေဖေနဲ့ မေမေ ...
ကျေးဇူးရှင် ဖေဖေနဲ့ မေမေ ... ”
ဟင်္သာတ ထွန်းရင် ရဲ့ “ မိသားစုကန်တော့ပွဲ ” သီချင်းလေးပါ ... သေချာခံစားကြည့်မယ်ဆိုရင် နားလည်လောက်ပါရဲ့ ... ဒီစာကိုဖတ်ပြီဆိုကတည်းက စာတက်ပုဂ္ဂိုလ်ဖြစ်
တဲအတွက် သိပ်မရှင်းပြချင်ပါဘူး ... လောက၌ အမိ အဖ မရှိဘဲ လူအဖြစ်မွေးဖွားလာသောသူတစ်ယောက်မျှ မရှိပါ ... မိဘဟူသည် စုန်ရေသာရှိစမြဲမို့ အမိ အဖ တို့အားလုပ်ကြွေးစေလိုသော
သားသမီးကောင်းများ ဖြစ်စေလိုသော ဆန္ဒမှလွဲ၍ အခြားဆန္ဒ မပါရှိကြောင်းရိုးသားစွာ ဝန်ခံပါ၏ ... အမေများနေ့၌ ဘဘ ဦးသုခပြောသော “ မိန်းမရွင်ဘဲ ဖြစ်နေပါစေ အမေဟာအမေပါဘဲ ”
ကိုယ်တိုင်သားသမီးအဖြစ်မှ အမိအဖအဖြစ်သို့ ရောက်ရှိလာလတ္တံ ကုန်သော အမျိုးကောင်းသား အမျိုးကောင်းသမီးများ အားဤစာလေးဖြင့် အမှတ်ရနေစေချင်ပါသည် ...
ကျွန်ုပ်သည် စာတက်ပုဂ္ဂိုလ်မဟုတ် ကျော်ကြားလိုသော သူအဖြစ်မဟုတ် ... မိဘတည်းဟူသော အန္တဂိုဏ်းဝင် ကျေးဇူးရှင် ကွယ်လွန်သွားသော အမိ ... မိမိအား ပညာ
ကျေးဇူကိုသိမြင်စေခြင်းအလိုငှါ ပညာသင်ပေးခဲ့သော အဖ တို့အား ဤစာလေးဖြင့် ဂါရဝပြုအပ်ပါ၏ ... ဤမှန်သော သစ္စာစကားကြောင့် အမိ အဖတို့အား လုပ်ကြွေးပြုစုရသော သား
ဖြစ်ရပါလို၏ ... ဆုတောင်းခြင်းမဟုတ် ဆုပန်ခြင်းသာဖြစ်သည် ... စကားချပ် ... နို့တစ်လုံးဖိုး ၊ နို့နှစ်လုံးဖိုးကြေသည် အငြင်းပွားမှုမှာ အဓိကမဟုတ် ... ကျေးဇူးရှင် တို့အား ကျေးဇူးဆပ်
တက်ဖို့သာ အဓိကဖြစ်သည် ... `ဤသည်မှာ ကျွန်ုပ်၏ ခံယူချက်သာဖြစ်သည် ... မိဘမေတ္တာဆိုတာ အစုန်သာရှိ အဆန်မရှိပေ ကိုယ်တွေ့ကြုံမှ နောင်တဆိုတာ ရတက်ကြ၏ ...

No comments:

Post a Comment

အကျင့်ဆိုး ...