Sunday, 28 February 2010

အမှတ်တရစကား ...

နိုင်ငံခေါင်းဆောင်ကြီးတစ်ယောက်ကပြောတဲ့စကားလေးပါ .... အမှတ်ရမိလို့ ... “ လူတော်လူကောင်း ” ဆိုတဲ့ စကားလုံးလေးကိုလူတိုင်း သိကြ
မယ်ထင်ပါတယ် ... အဲဒါကို သူသုံးသပ်သွားပုံလေးပါ ... ဘယ်စာအုပ်ထဲကဆိုတော့လည်းမမှတ်မိဘူး ... အဲလိုပြောလိုက်လို့ အကိုးအကားမခိုင်လုံဘူးလို့လဲ
မထင်စေချင်ပါဘူး ... စာကိုဆက်ဖတ်ပြီးသတ္တိရှိရှိ တိုးထွက်လာသော လျှပ်တပြတ် စကားလုံးများ ( သို့ ) ဆက်စပ်မဲ့ စဉ်းစားကြည့်စေချင်ပါတယ် ...
အဲဒါက “ နိုင်ငံတစ်နိုင်ငံ တိုးတက်စေချင်ရင် လူတော်လူကောင်းတွေထက် ၊ လူကောင်းလူတော်ဖြစ်အောင် လုပ်ဖို့လိုတယ် ” ... စဉ်းစားကြည့်လိုက်
ရင် နဲနဲတော့ ဆန်းသလားနော် ... လူတော်တွေက သူတို့တော်တာတွေ တက်တာတွေကို ဂုဏ်ယူနေတက်ကြတယ် ... အဲဒိတော့ ကိုယ်ကျိုးစီးပွားတစ်ခုတည်းကို
ပဲ ကြည့်တက်ကြတယ် ... လူကောင်းတွေကတော့ အဲလိုမဟုတ်ဘူးတဲ့ အများအကျိုးအတွက်ပဲ အလုပ်လုပ်တက်ကြတယ် ... ဒီနှစ်ဦးကိုယှဉ်ပြီးစဉ်းစားကြည့်စေချင်
တယ် ... အဲဒါကြောင့်လူကောင်းတွေကို လူတော်ဖြစ်စေချင်ပါတယ် ... စဉ်းစားပြီး အချင်းများကြပါစေနဲ့ ... မြန်မာဆိုဒ်ဘာကြီးပွားတိုးတက်ပါစေ ...
အများအကျိုး၊ ရွက်သယ်ပိုးက၊ ခနိုးခနဲ့ ၊ ဆိုကဲ့ရဲ့လည်း၊ မဖဲ့စကောင်း၊ ကိုယ့်လမ်းကြောင်းကို၊ စိတ်ကောင်းနှင့် ယှဉ်၊ ရှေးရှုနှင်လော့။ (ရွှေဟင်္သာဆရာတော်ဘုရားကြီး)

No comments:

Post a Comment

အကျင့်ဆိုး ...