Sunday, 28 February 2010

ညီလေး ...


ကိုကြီးပို့ပေးတဲ့မေးလ်လေးတွေဖတ်ပြီးညီလေးအတွက် တစ်စုံတစ်ခုဖြစ်နေမယ်ဆိုရင် ကိုယ်ကြီးကျေနပ်ပါတယ် ... ဆရာတက္ကသိုလ်ဘုန်းနိုင်ရေးတဲ့ ကဗျာလေးလိုပေါ့ကွာ ...

သစ္စာ
ငါ့စာဖတ်၍..မမြတ်တိုင်စေ..မရှုံး
စေသား..ပျင်းပြေနှစ်ခြိုက်..တေးွဖွယ်ထိုက်ရာ
တစ်ပုဒ်တစ်လေ..တွေ့ငြားပေမူ..စာပေကျေးကျွန်..ငါ့ဝတ်ပွန်ပြီ..ငါမွန်အမြတ်..
ငါအတတ်ဟု..စာဖတ်သူပေါ်..ခေါင်းကိုကျော်၍..ငါသော်ဆရာ..မလုပ်ပါတည်း.။
(တက္ကသိုလ် ဘုန်းနိုင်)

တဲ့ ... မရံှးရင်တော်ပါပြီ ... နောက်တစ်ခုက မင်းဆယ်တန်းစာမေးပွဲ ပြန်ဖြေမယ်ဆိုတော့ပိုပြီးဝမ်းသာတယ်ကွာ ... တစ်ကယ်တော့ ညီလေးပြောသလိုပေါ့ ...
အပြစ်တွေမရှာဘဲ ပြောရရင် ဆယ်တန်းမအောင်ချင်တဲ့ကျောင်းသား ဘယ်ရှိပါ့မလဲနော် ... ဘာဘဲဖြစ်ဖြစ် ညီလေးကနေပြီး မင်းအောင်နိုင်ထွေးကို ပါနားလည်အောင် ပြောပြစေချင်ပါတယ် .... အပြစ်မရှာဘဲ အဖြေရှာချင်တဲ့ သဘောလို့မှတ်လိုက်ပေါ့ ကွာ ... တစ်ကယ်တော့ လူ့ဘဝ ဆိုတာဘာ လဲ ... သေရင်ဘာမှမဟုတ်တော့ဘူးလေ ...
အဲ ... မသေခင်လေး အတွင်းမှာ အတက်နှိုင်ဆုံး တစ်ခုခုဖြစ်အောင်တော့ လုပ်ဖို့လိုတယ်ကွ ... သူများတောင်ဖြစ်နှိုင်သေးတာ ညီလေးဘာလို့မဖြစ်နှိုင်ရမှာလဲပေါ့ ... နားကျည်းမှု
ကိုခံစားမှုအသွင်ပြောင်းလိုက်ရင် ညီလေးမှာ အားတစ်ခုရလာလိမ့်မယ် ... အဲဒိ အားကို ညီလေးရဲ့လို့အပ်တဲ့ ဘာသာရပ်တစ်ခုခုမှာ အသုံးချကြည့်လိုက်စမ်းပါ ... ဘယ်ဟာမဆို
ကျော်လွားနှိုင်လာလိမ့်မယ် ... အဲမှာ ကိုယ်ကိုကိုယ် ယုံကြည်မှုတစ် ခုရလာလိမ့်မယ် ... အဲယုံကြည်မှုက ဘာမဆို ဖြစ်အောင်လုပ်နှိုင်လာလိမ့်မယ် ...
နောက်တစ်ခုက မေမေ ပြောခဲ့ဘူးတဲ့ စကားလေးတစ်ခွန်းပါ ... အဲဒါဘာလဲဆိုတော့ “ အဝတ် အစား ဆိုတာက ဝယ်ဝတ်လို့ ရပေမဲ့တဲ့ ... ပညာက ဝယ်
ဝတ်လို့မရနှိုင်ဘူးတဲ့ ” ... ဘယ်လောက်ကောင်းတဲ့စကားလေးလဲကွာ ... တစ်ကယ်လို့များ အဲစကားလေးကို စဉ်းစားကြည့်လိုက်မယ်ဆိုရင် ..... မေမေက တစ်ကယ်တော့ ရေးတက်ဖတ်တက်လောက်ဘဲ ပညာသင်ခဲ့ဘူးတာကွ ... သူတို့ခေတ်တုန်းက ခုလိုမျိုး အခွင့်အလမ်းတွေ အခွင့် အရေးတွေ မရခဲ့ဘူးလေ ... ကိုကြီးတို့ အဖွားက ဈေးတောင်း
ခေါင်းရွက်ပြီး သူသားသမီးတွေကို အမွေတွေပေးခဲ့ပေမဲ့ ပညာအမွေဆိုတာ ကိုမပေးနှိုင်ခဲ့ဘူး ... မေမေသာ ပညာတက်တစ်ယောက်ဖြစ်ခဲ့ရင်ဆိုတာ ညီလေးတွေးမိဘူးလား ... မေမေသာ ပညာတက်တစ်ယောက်ဖြစ်ခဲ့မယ်ဆိုရင် ခုလိုမျိုးအထင်လွဲတာတွေ အပြစ်ပြောတာတွေရှိမှာ မဟုတ်ဘူးလို့ကိုကြီးထင်တယ် ... အန်တီနွယ်ကို ကြည့် စကားပြောတာ
ဆုံးမတာ ဘယ်လောက်ကွာသလဲ ... ခင်ဝသုန် အိမ်က လူတွေကိုကြည့် ... ဖေဖေ ပြောပြောနေတဲ့ ဦးကျော်ဝင်းတို့အိမ်ကိုကြည့် ဦးကျော်ဝင်း မိန်းမကကျောင်းဆရာမလေ ...
အဲတော့သူသားသမီးတွေကို သူဘယ်လိုဆုံးမသလဲဆိုတာ ညီလေးတွေးကြည့်စေချင်တယ် ... မေမေ ကိုအပြစ်ပြောနေတာမဟုတ်ဘူးနော် ... မေမေက ဘာဘဲပြောပြော ဖေဖေ့
ထက်စာရင် ကိုကြီးတို့ကို နားလည်ပေးနှိုင်တယ် ... သူပညာမတက်တော့ သူသားတွေကိုပညာတက်ဖြစ်စေချင်တယ် ... အပြောမတက်တော့ ဆဲသလို နဲနဲတော့ ခံစားရခက်တယ် ..
ဘာဖြစ်လို့လဲဆိုတော့ စဉ်းစားတွေးခေါ်နှိုင်တဲ့ ပညာသူမှာမရှိဘူးလေ ... သူတွေ့ကြုံဖြတ်သန်းခဲ့ဘူးတဲ့ လောကအတွေ့အကြုံကို တိုက်ရိုက်ပြောတော့ ကိုကြီးတို့ညီအကို မောင်
နှမတွေ အထင်လွဲကုန်တာပေါ့ကွာ ... တစ်ကယ်ပြောရရင် မေမေသေတုန်းက ကိုကြီးမငိုခဲ့ဘူး ... ဒါပေမဲ့ ရင်ထဲမှာအမြဲငိုနေတယ် ... မေမေ မသေခင်တစ်ရက်ပေါ့ ... ကိုကြီးနဲ့မေ
မေဈေးသွားပြီး ဝက်အူချောင်းတွေ ဝယ်ခဲ့ကြတာ ... ကိုကြီးစိတ်ထဲမှာ မေမေ့ ကိုအမြဲ အမှတ်ရနေတယ်ကွ ... ဒီနိုင်ငံခြားဆိုတာ ရောက်နေပေမဲ့ ဟင်းချက်တိုင်း သတိရနေတာ ...
“ နင်တို့စားချင်တာတွေပြောထား ဈေးထဲမှာ ဘာဝယ်ရမှန်းမသိဘူး ” တဲ့ ... အဲဒါကိုကြီးကိုယ်တိုင် ဈေးဝယ်တော့မှသိတာကွ ... ဝန်ထမ်းမိသားစု ဖေဖေ လုပ်စာတစ်ခုထဲနဲ့ ချိုးခြံ
ချွေတာရတော့ ဈေးဝယ်ရနဲနဲခက်တယ်လေ ... ပိုက်ဆံပေါတဲ့လူဆိုတစ်မျိုးပေါ့ ... ဒါပေမဲ့မေမေတော်တယ်လို့ပြောရမယ် ကိုကြီးတို့ ညီအကိုတစ်တွေ ထမင်းနဲ့ဟင်းအမြဲစားခဲ့
ရတယ်လေ ... သူနှစ်လုံး တို့ သုံးလုံးတို့နဲ့သာ ပိုက်ဆံတွေသုံးခဲ့ရင် ကိုယ်ကြီးတို့ဒီလိုဘဝမျိုးတောင် ရောက်လာမှာမဟုတ်ဘူးနော် ...
နောက်တစ်ခုက ပညာ ဆိုတာဘာလဲ ပြောစရာရှိလာတယ် ... ကိုကြီးဖတ်ဖူးတဲ့စာအုပ်ထဲမှာတော့ ကောင်းခြင်း ဆိုးခြင်း မှားခြင်း မှန်ခြင်း ကိုဝေခွဲနှိုင်တာ
ကိုခေါ်တာတဲ့ ... အတန်းပညာတက်မှ မဟုတ်ဘူးနော် ... ကာလဒေသအရ ခေတ်ပညာဆိုတာတော့ သင်ထားတက်ထားရမှာပေါ့နော် ... ကျောက်ခေတ်ဆိုပါတော့ကွာ ... အမဲ များ
များလိုက်နှိုင်တဲ့ လူကိုမှ ပညာတက်လို့ခေါ်ကြတာလေ ... အမဲလိုက် မုဆိုးက အမဲ့လိုက်ပညာမတက် ဘဲနဲ့တော့ သားကောင် ဘယ်ရနှိုင်ပါ့မလဲနော် ... ညီလေးစဉ်းစားကြည့်လေ .
အဲတော့က တက္ကသီလာတို့ ... ခုခေတ် အခေါ် မြကျွန်းညိုညို ဒဂုန်တက္ကသိုလ် ပေါ့ကွာ ... ပေါလာလိုက်ကြတာ လိုက်လို့မဆုံးနှိုင်ဘူးလေ ...
ရှင်မဟာရဌသာရ ဆုံးမစာထဲမှာ ရေးထားတာတစ်ခုပြောပြမယ် ... သကျရူပံ ၊ ကြံကြံသမျှတောင့်တရာရာ ၊ တက်ကောင်းစွာသားတဲ့ ... ဘာဘဲဖြစ်ဖြစ်တက်
အောင်သင်ကွာ ... ဝိဇ္ဇာသိပ္ပ ၊ လူကိစ္စကို ၊ ငယ်ကမသင် ၊ ပျော်ပါးလွင်မူ ၊ အကြင်သူအား ၊ စကားခြေတင် ၊ သဘင်မပြဲ့ ၊ ခံတွင်းမဲ့သို့တဲ့ ... ကိုကြီးရယ် ဝင်းထွဋ်ငြိမ်းရယ် စကားပြော
နေတဲ့ အခါ ညီလေးတို့ နားထောင်ရုံသက်သက် နေခဲ့ကြရတယ်မဟုတ်လား ... ညီလေးသာ ဆယ်တန်းအောင်လို့ တက္ကသိုလ်ကျောင်းသားတစ်ယောက်ဆိုရင် ညီလေးတို့ပြောတာ
ကိုကြီးတိုနားထောင်လို့ရတာပေါ့နော် ...
ဘိုးဘွားမိဘ ၊ သူကြီးမ၍ ၊ မလျမညှိုး ၊ မစိုးမရိမ် ၊ နတ်စည်းစိမ်သို့ ၊ ရွှေအိမ်ဘုံမြင့် ၊ ခုနစ်ဆင့်ဝယ် ၊ နေလင့်ကစား ၊ ပြဿဒ်ဖျားဝယ် ၊ နားသည့်ကျီးမျှ ၊
တဲ့ ... ဝင်းထွဋ်ငြိမ်း တတိယတန်းအင်္ဂျင်နီယာ ... ကိုကြီးက ဂျပန်မှာ ဆိုပေမဲ့ ... ညီလေးတို့ကို ကိုကြီးတို့ဆီက ပိုက်ဆံဖြစ်စေ တစ်ခုခု အကူအညီပေးလို့ရပေမဲ့ ညီလေးတို့ကို
ကိုယ်ကြီးတို့ဆီမှာရှိတဲ့ဟာတွေ မေမေပြောသလို ဝယ်ဝတ်လို့ မရနှိုင်ဘူးလေ ... ညီလေးမှာသာ ဆယ်တန်းအောင်ခဲ့ရင် ဘာဖြစ်ချင်သလဲ ... သင်္ဘောသားလား ... အင်္ဂျင်နီယာလား ..
ညီလေး ဝါသနာပါတဲ့ ဒီဇိုင်းနာဆိုလား ... ဘာမဆိုဖြစ်အောင်လုပ်ပေးလို့ရနှိုင်တယ်လေ ... ဆယ်တန်းဆိုတာ လူ့ဘဝတစ်ဝက်ကို သက်မှတ်ပေးတယ်လို့တောင်ဆိုလို့ရတယ် ...
ကိုကြီးဆယ်တန်းတက်တုန်းက ကိုကြီးမှာသာ အဲလိုထောက်ပံ့မှုမျိုးသာရှိခဲ့ရင် ကိုကြီးအင်္ဂျင်နီယာတစ်ယောက်ဖြစ်နေလောက်ပြီနော် ... ဒါပေမဲ့ ကိုကြီးအင်္ဂျင်နီယာမဖြစ်ခဲ့ပေမဲ့ ...
အင်္ဂျင်နီယာတွေနဲ့ တန်းတူအလုပ်လုပ်နေရတယ်လေ ... ဆရာဦးအောင်သင်း ရေးထားတဲ့စာထဲကလိုပေါ့ ... “ ဆရာဝန်ဆိုတာ မဖြစ်နှိုင်ပေမဲ့ နပ်(စ်)မတော့ ဖြစ်သင့်တယ် ” တဲ့ ...
ဂျပန်စကားပုံလိုပေါ့ ... ခုနစ်ကြိမ်လဲကျ ရှစ်ကြိမ်မှာပြန်ထနှိုင်ရမယ်တဲ့ ... အဲတော့ ကျခဲ့တာတွေကိုမေ့ထား ... ခုတစ်ကြိမ်ညီလေးအစွမ်းရှိသလောက်
ခုကျန်တဲ့ နှစ်လကိုအသုံးချလိုက်နော် ... ညီလေးမင်းအောင်နိုင်ထွေးကိုပါနားလည်အောင်ပြောလိုက်နော် ... ကိုကြီး ညီလေး တို့ကိုအားပေးနေမယ် ... ညီလေးပြောတဲ့ ပုစ္ဆာတစ်ခု
ရဲ့အဖြေပေါ့နော် ... ညီလေးရဲ့ အနိုင်မခံအရှံးမပေး ဘဲဆယ်တန်းစာမေးပွဲ ပြန်ဖြေမယ်ဆိုတဲ့ဇွဲ နဲ့ စိတ်ဓါတ်ကို ကိုကြီးအရမ်းလေးစားတယ် ... အဲအတွက်စာမေးပွဲဖြေဖို့ ပိုက်ဆံဘယ်လောက်ကုန်ကုန်ကွာ ... ဖြစ်အောင်လုပ် ! ...
“ ဆန္ဒတောကိ ံ နာမကမ္မံ နသိစ္ဇျတိ ” ပြင်းပြသော အလိုဆန္ဒ ရှိသူသည် ပြီးမြောက်အောင်မြင်နှိုင်၏ လို့ ဘုရာဟောကြားခဲ့တာရှိတယ် ...
ကြိုးစားလိုက်စမ်းကွာ ... အားရှိသလောက်ပေါ့ ...

“ အပ္ပမာဒေန သမ္မာဒေထ ” မမေ့မလျော့ မပေါ့မတန် အစဉ်သဖြင့် သတိတရားဖြင့် နေကြလော့ ။ သတ္တဝါအများ အိုချစ်သားတို့ ၊ ကံ ၊ စိတ် ၊ ဥတု ၊အဟာရ တည်းဟူသော အကြောင်းတရား လေးပါးတို့ ပြုပြင်သမျှ၊ စီရင်သမျှ ခံနေကြရကုန်သော ရုပ်နာမ်နှစ်ပါး သင်္ခ ါရတရားတို့သည် ဖြစ်လျှင် ပျက်သောသဘော ရှိကုန်၏ ။ မြဲမြန်သောသတိဖြင့် သီလ ၊ သမာဓိ ၊ ပညာတရားတို့ကို ပြည့်စုံတိုးပွားအောင် အားထုတ်ရစ်ကုန်လော့ ” (ဒီဃနိကာယ် ၊ မဟာဝဂ္ဂပါဠိ-၁၂၈)

No comments:

Post a Comment

အကျင့်ဆိုး ...