ညီလေး ...
ဒီနေ့ကတော့ မနေ့က အဆက်လို့ သဘောထားလိုက်ပေါ့ကွာ ... ညီလေး ခုဆယ်တန်းမှာ “ သီကုံးပန်းသွင်နေ့တိုင်းဆင် ” ကဗျာလေးကိုသိတယ်မဟုတ်လား ... တစ်ကယ်တော့ အဲဒီကဗျာ
လေးတွေကို သေချာလိုက်နာပြီး ကျင့်သုံးမယ်ဆိုရင် ဘဝမှာ တက်ကျမ်း ( ဝါ ) သူဌေးဖြစ်နည်းပေါ့ကွာ ... တစ်ခါတစ်ရံမှာ လူတွေက နီးနီးလေးမှာ ရှိနေတာတွေကို မေ့ထားတက်ကြတယ် ကွ ... အဲကဗျာရဲ့ အစက
ဒီလို ...
“သုစိပုဘာ၊ ၀ိလိသိဓာ
အက္ခရာစွဲသုံး၊ ဤရှစ်လုံးကို
သီကုံးပန်းသွင်၊ နေ့ တိုင်းဆင်လော့။ ”
သိတာတွေမြင်တာတွေကို အရင်လေလာပေါ့ကွာ ...
“ စာသင်ပျိုနု၊ အခြေပြုတို့ 
ဥဇုဘူတ၊ လုံ့ လပြင်းစွာ
သူ့ ထက်ငါဟု၊ နှုတ်မှာရွရွ
ကြိုးပမ်းကလျှင်၊ သိပ္ပကျေးဇူး
အထူးသိမြင်၊ ပညာရှင်ဟု
မထင်မပေါ်၊ မကျော်စောဘဲ
တီမှာလွဲအံ့။ ”
ညီလေးတို့ ဆယ်တန်းကျောင်းသား ... ကျောင်းသားတွေပေါ့ကွာ ... တစ်ကယ်တော့ စာသင်သား ဘုန်းကြီးတွေကို ပြောတာကွ ... စာကျက်တာဘဲဖြစ်ဖြစ် အတက်ပညာ တစ်ခုခု ကိုလေ့လာတာဘဲဖြစ်ဖြစ် ဇွဲ ၊ လုံလ ၊ ဝိရိယ သုံးပြီးလေ့လာမယ် ကျက်မှတ်မယ်ဆိုရင် မရနှိုင်စရာမရှိဘူးလို့ ဆိုထားတယ် ... နောက် အဲလူပေါ့ကွာ ... ဥပမာ ညီလေးပေါ့ ... စာရလာလိမ့်မယ် ... စာကိုမလေ့လာမကျက်မှတ်ဘဲ အောင်မြင်မှုဆိုတာ မဖြစ်နှိုင်ဘူးလေ ...နောက်ဆုံး ဆယ်တန်းအောင်တဲ့ သူဖြစ်လာလိမ့်မယ်ပေါ့ကွာ ... ညီလေးမှာ ဇွဲတော့မနည်းဘူးနော် ... ဒီတစ်ကြိမ်ဆိုရင် ဘယ်နှစ်ခါရှိပြီလဲ ... လုံးလ ၊ ဝိရိယ လေးသာထပ်စိုက်လိုက်မယ်ဆိုရင် “မထင်မပေါ်၊ မကျော်စောဘဲတီမှာလွဲအံ့။ ” ... အဲဒါကိုကြီးပြောတာမဟုတ်ဘူးနော် ... ကဗျာလေးက ညီလေးကို သတိပေးနေတာ ... ညီလေးနဲ့ ကျောင်းအတူတက်ခဲ့ဘူးသူတွေ ကျောင်းပြီးလောက်ရောပေါ့နော် ... ညီလေး ကောင်မလေးဆိုရင် နိုင်ငံခြားမှာဆို သိဘူးနော် ... မေးကြည့်တာ ...
အရဲကြိုးကုတ်၊ ကြက်ရဲစုတ်သို့ 
အားထုတ်ခုံမင်၊ မသင်မအံ
မကြံမမေး၊ ဆွေးနွေးရောနှော
ပြောဟောမဲ့ထွေ၊ ပေချပ်ရေဖြင့်
ကုတ်စေဆန်းသာ၊ သင်ချေပါလည်း
ဘယ်မှာဂုဏ်ရှင်၊ ကျော်စောထင်ချိမ့်။
စာသင်ဟူက၊ ကျမ်းထိုမျှကို
တွေ့ ကမရှောင်
ကြောင်ပုဇွန်စား၊ ကျွတ်ကျွတ်ဝါးသို့ 
လွှသွားပမာ၊ ကျောက်ထက်စာသို့ 
လိုရာရအောင်၊ ကြံဆောင်လေ့ ကျက်
အနက်ဓိပ္ပါယ်၊ နှုတ်ဝယ်ရွရွ
ထားချေမှတည့်။
တစ်စပေါ်လျှင်၊ ချည်စငင်သို့ 
သဘင်ပွဲမှောက်၊ ဆိုရေးရောက်က
လန့် ကြောက်မရှိ၊ သတိမြဲခိုင်
ကျောက်တိုင်ပမာ၊ ကေသရာသို့ 
ရွံရှာမဲ့ လျှင်း၊ ဆိုခင်းနည်းနာ
အဖြာဖြာကို၊ မကြာနှုတ်လျှောက်
ခန့် ချင့်ထောက်လော့။
အံ့လောက်ဖွယ်သာ၊ ဂါထာပါဌ်သား
စကားဝိုက်လည်၊ စဉ်ရှည်ရှေးတီး
စကားကြီးက၊ စသည်ထိုထို
ဝိဂြိုဟ်ဝစနတ်၊ ဓါတ်ရပစ္စည်း
ထုံးနည်းပမာ၊ ဂါထားဆန်းဂိုဏ်း
ကရိုဏ်းဌာန်စစ်၊ဖွင့်လှစ်ဋီကာ
အဌကထာပါဋ္ဋိ၊ အောက်ထက်ညှိ၍
က၀ိလက္ခဏာ၊ အဖြာဖြာကို
သေချာဆည်းဆ၊ ဆိုဝံ့ကလျှင်
ဘ၀ဤတွင်၊ ခုမျက်မြင်လည်း
မထင်ဘယ်မှာ၊ ရှိဘိရာအံ့။
သံသရာလည်း၊ ပမာကဲလွန်
အဆုံးစွန်မူ၊ ညီမွန်တုလွတ်
သုံးလူ့ နတ်ဝယ်
အကျွတ်ဘယ်မှာ ဝေးတော့မည်။
တစ်ကယ်တော့ဘယ်ပညာ (စာ) မဆို ဖတ်ထားမှတ်ထား မှတော်ရုံကျမယ် ... ဘာဘဲဖြစ်ဖြစ် ပညာတက်တစ်ယောက်ဟာ အများနဲ့ယှဉ်ရင် အခွင့် အရေးတော့ သာစမြဲကွ ... ဆရာဦးအောင်သင်း ရေးထားတဲ့စာထဲကလိုပေါ့ကွာ ... “ ဘွဲ့ရပြီးဆိုက္ကားနင်းတော့ ဘာဖြစ်သလဲ ... ဆိုက္ကားသမားတွေ ယဉ်ကျေးသွားမှာပေါ့တဲ့ ”
သေချာစဉ်းစားကြည့်နော် ... နောက်ဆုံးဆိုက္ကားဂိတ်မှာ လူရွေးရင်တောင် ဘွဲ့ရထားတော့ အများနဲ့.ယှဉ်ရင်ဂိတ်မှူးဖြစ်နှိုင်ချေအများဆုံးဘဲနော် ... ဘာဖြစ်လို့အဲလိုပြောတယ်ထင်သလဲ ... ညီလေးစဉ်းစားမိရဲ့လား ... ကိုကြီးပြောပြမယ် ... တစ်ချို့လူတွေပေါ့ကွာ “ ဆယ်တန်းမအောင်တော့ဘာဖြစ်လဲ ဘာညာပေါ့ကွာ ... နောက်တစ်ခုက ဆယ်တန်းမအောင်လည်း ချမ်းသာနေတဲ့သူတစ်ပုံကြီး ဘာညာ ” စဖြင့်ပေါ့ကွာ ပြောတဲ့သူတွေရှိကြတယ် ... အဲလူတွေဘာနဲ့တူသလဲ ဆိုတော့ စပျစ်သီးကိုလှမ်းခူးလို့ မရတဲ့ မြေခွေး လိုစပျစ်သီးချဉ်တယ်လိုထင်ကြတာကွ ... တစ်ကယ်တော့ စပျစ်သီးချဉ်တယ် ချိုတယ်ဆိုတာညီလေးလဲသိမှာပေါ့နော် ... ကိုကြီးမှ စပျစ်သီး
မစားဘူးတာကို မသိဘူးနော် ... ဒါပေမဲ့ ကိုကြီးက မြန်မာစာနဲ့ကျောင်းပြီးထားတော့ ပညာရဲ့တစ်ကယ့်အရသာကိုကိုသိတာပေါ့နော် ...
သူများအကြောင်းထက်စာရင် ကိုကြီးအကြောင်း အရင်ပြောပြမယ် ... ကိုကြီး ငယ်ငယ်လေးထဲက မိဘ ( မေမေ ) နဲ့အတူ ဈေးကူရောင်းဖူးတယ် ... ညီလေးလဲသိသင့် သလောက်သိမယ်ထင်တယ်နော် ...
နောက်တော့ နွေရာသီကျောင်းပိတ်တိုင်း အလုပ်တစ်ခုခု အမြဲလိုက်လုပ်နေတဲ့ အကျင့်ဖြစ်လာတယ် ... ကိုးတန်းစာမေးပွဲ ဖြေပြီး ရှန်ဟဲ ကုန်တိုက်ဆောက်တော့ ကိုယ်ကြီးနေ့စား
တစ်နေ့ တစ်ရာနဲ့ အလုပ်စလုပ်တယ်ပေါ့ကွာ ... နောက်ဆယ်တန်းဖြေတယ် ... မိဘ ( ဖေဖေ ) စာကူးစက်လုပ်ငန်းလုပ်ရင်း နဲ့ ကျောင်းဆက်တက်တယ်ပေါ့ကွာ ... နောက်ဆယ်တန်း
အောင်တော့ ( NIBBAN TY ANTENNA ) မှာ အလုပ်လုပ်တယ်ကွာ ... ပိုက်ဆံအကြောင်းသိလာတယ် ... နောက်တော့ အမြင်ကျယ်လာတယ်ပြောမလား ... ကားမောင်းချင်လာတယ် ... ဘာဖြစ်လို့ကားမောင်းချင်လာလဲ သိလား ... ကာသမားတွေက သက်သက်သာသာနဲ့ ပိုက်ဆံပိုရမယ်ထင်လိုလေ ... အိမ်မှာ ကားမရှိဘဲ
ကားမောင်းရအောင် သင်တယ် ... ကိုကြီးမှာ ဖြစ်ချင်တာရှိရင် ရအောင်လုပ်တက်တဲ့ အကျင့်လေးကြောင့်ပေါ့ ကွာ ... နောက်တော့ ကားမောင်းတက်ပေမဲ့ ကားသမား အကျင့်
ကမကောင်းဘူးထင်တော့( Golden Lion ) မှာအရောင်းစာရေးလုပ်တယ် ဆိုပါတော့ ... အဲမှာ ဘာဖြစ်လဲဆိုတော့ ကိုကြီးက တက္ကသိုလ်ဆက်တက်နေတယ်လေ ... အဲတော့ က
သူတို့ အလုပ်ကိုလုပ်ရင် ကျောင်းထွက်ရမယ်ဆိုပါတော့ ကွာ ... ကိုကြီးအဲမှာလုပ်တုန်းကလည်း ပိုက်ဆံ တော်တော် ရခဲ့တာကွ ... ဒါပေမဲ့ ပိုက်ဆံထက်ပညာရေးကို ရွေးခဲ့တော့
ကိုယ်ကြီးအလုပ်ထွက်ခဲ့ရတယ်ကွာ ... ဒါပေမဲ့ ကိုကြီး ဝမ်းမနဲ့ခဲ့ဘူးနော် ...
နောက်ညီလေးသိတဲ့ အတိုင်း ကိုယ်ကြီးက ဆယ်တန်းလည်းအောင်ပြီးသား ကားကလည်းမောင်းတက်နေပြီဆိုတော့ သူထက်တစ်ဆင့်မြင့်တဲ့ မောင်း
ရောင်း ခေါ်တဲ့( Good Morning ) မှာ အလုပ်ရတယ် ဆိုပါတော့ကွာ ... အဲမှာလည်းပိုက်ဆံ တော်တော်ရတယ်နော် ... ညီလေးတို့ ဖြိုးဇင်အောင်တို့ ၊ ကျော်ဇင်ဝင်းတိုကိုတောင်
ကျောင်းစရိတ် ထောက်ပံခဲ့တာ ညီလေးသိမယ်ထင်ပါတယ် ... နောက်တော့ ပိုက်ဆံရပေမဲ့ ရေရှည်မှာ အဆင်မပြေနှိုင်ဘူးဆိုတာသိလို့ အလုပ်ထွက်ခဲ့တယ်ပေါ့ ကွာ ... အဲအချိန်မှာ
ကိုကြီး ကျောင်းပြီးလို့ မြန်မာစာ ဘွဲ့ ရနေပြီနော် ... ဘွဲယူတဲ့နေ့ ကညီလေးတို့ကိုတောင် ကိုကြီးခေါ်သွားတာ အကြောင်းမဲ့မဟုတ်ဘူးနော် ... အဲနေ့က မေမေ့ မျက်နှာ ကိုညီလေး
သတိထားမိရဲ့လား ... ပြုံးရွှင်နေတဲ့ မေမေ ... သူပညာမတက်ပေမဲ့ သူသားဘွဲ့ ရတော့ သူဘယ်လောက်ပျော်မလဲ ... ညီလေးတွေးကြည့်နော် ... ဖေဖေ ထက်တောင်ပိုပျော်မယ် ...
ကိုကြီတော့ ထင်မိရဲ့ ... ညီလေးအမှတ်တမဲ့ ဖြစ်နေရင် အဲနေ့က ရိုက်ထားတဲ့ ဓါတ်ပုံထဲက မေမေ့မျက်နှာကိုပြန်ကြည့် လိုက်နော် ... နောက်တော့ အခုအလုပ်လုပ်တဲ့ ( UE ) မှာ
အလုပ်လုပ်ခဲ့တယ်ဆိုပါတော့ ... ကိုကြီးအလုပ်စဝင်တာ ကားသမားအဖြစ်နဲ့နော် ... ကားသမားဖြစ်ပေမဲ့ ကိုကြီးဘွဲ့ရထားတော့ သူများနဲ့စာရင် ( ဆိုက္ကားဂိတ်မှာဆိုဂိတ်မှူးပေါ့ )
လူကြီးကားမောင်း ရတယ်ဆိုပါတော့ ... လူကြီးက ကိုကြီး ဘွဲရထားတာသိတော့ ရာထူးတိုးပေးတယ်ပေါ့ကွာ ... နောက်တော့ အခွင့်အရေးပေးတော့ ခုဆိုဂျပန်ရောက်လာတဲ့အထိ
ပေါ့နော် ...
အဲမှာကိုကြီးကိုညီလေး ဘာသတိထားမိလဲ ... ကိုကြီးပိုက်ဆံနောက်မလိုက်ဘဲ ပညာ ... ဥမမာကွာ ... ကားမောင်းတဲ့ပညာရယ် ... အတန်းပညာရယ် ... နောက်ကို ကိုကြီးလိုက်ခဲ့တာ ညီလေးတွေ့မယ်ထင်တယ် ... တစ်ကယ်တော့ ပိုက်ဆံဆိုတာ လူ့အသုံးအဆောင်ပစ္စည်း တစ်မျိုးလောက်ဘဲ အသုံးဝင်တယ် ... သဲ့ကန္တာရမှာ ရေရယ် ပိုက်ဆံရယ် ဆိုရင် ညီလေးဘာယူမလဲ ... ပိုက်ဆံက တောထဲမှာသုံးလို့မရဘူးနော် ... ရေကသာ အသုံးဝင်တာကွ ... “ ရေအသက် တစ်မနက်” လို့တောင် ဆိုရိုးရှိတယ်နော် ... နောက်တစ်ခု က ပညာကွ ... “ ပညာရွှေအိုး လူမခိုး ” တဲ့ ... ကိုကြီးမှာ ရှိတဲ့ပညာကို ဘယ်သူမှလာခိုးလို့မရဘူးနော် ... တစ်ကယ်တမ်းပြောရရင် ခုကိုယ်ကြီးဂျပန်မှာ ရှာခဲ့တဲ့ ပိုက်ဆံ က အကြောင်းအမျိုးမျိုးကြောင့် ကုန်သွားနှိုင်စရာ ရှိတယ် ... ကိုကြီးခုဂျပန်မှာ သင်ခဲ့တယ် ဝရိန်ပညာက ဘယ်သူမမှ လာခိုးလို့ မရနှိုင်ဘူးလေ ... တစ်သက်လုံးလုပ်စားလို့ရတယ်လေ ...
ခုလောက်ဆိုညီလေးလည်းတစ်ခုခုကို သဘောပေါက်လောက်ရောပေါ့နော် ... ညီလေးမှာ ဇွဲရှိတယ် ကြိုးစားအားထုတ်မှုနဲနဲများ လိုနေသလားလို့ ကို
ကြီးထင်တယ် ... လူတစ်ယောက်မှာစိတ်ဓါတ်လည်း လိုတယ်နော် ... အဲတော့ပါတ်ဝန်းကျင် ကိုရုမစိုက်ဘဲ ကိုယ်ဘာလုပ်ချင်လဲ ... ကိုဖြစ်ချင်တာကိုဖြစ်အောင်လုပ်တက်တဲ့ အကျင့်လေးမွေးပေါ့ ... တစ်ခါတုန်းက ကိုကြီးအိမ်သာမှာ ချိတ်ခဲ့တဲ့စာတမ်းလေးလိုပေါ့ ... ညီလေးမှတ်မိမယ်ထင်တယ် ... “ လူသည်မိမိ ဘဝကို မိမိပြဌါန်း၏ ” တဲ့ ... ညီလေးဘဝကိုဘယ်လိုပြဌါန်းမလဲ ... တစ်သက်လုံးဆယ်တန်းမအောင်တဲ့ သူလို့ ဘဝကို အရှုံးပေးမလား ... ငယ်ငယ်က ပညာမသင်ခဲ့ရလို့ ... ကြီးမှတစ်သက်လုံးနောင်တရမလား ... ညီလေး ဦးကျဉ်ပွေ့လောက် အသက်မကြီးသေးပါဘူးနော် ... ကျဉ်ပွေ့မှာတောင် အတက်ပေါက်သေးတာဘဲနော် ... ညီလေးသာ ဇွဲရှိရှိနဲ့ စာမေးပွဲဆက်ဖြေမယ်ဆိုရင် ဒီနှစ်စာမေး
ပွဲ ထပ်ကျတယ်ဘယ်ထား ညီလေးကိုကိုကြီးနောက်နှစ်ကျောင်းဆက်ထားပေးမယ် ... ဘာဖြစ်လို့လဲသိလား အကိုကြီးတစ်ယောက်အနေနဲ့ ကိုယ့်ညီတွေက ဘဝကို အရှံးပေးတဲ့ သူရဲ
ဘောကြောင်တဲ့သူတွေမဖြစ်စေချင်လို့နော် ... အဲကြားထဲညီလေးဆက်တက်ချင်တဲ့ ဒီဇိုင်နာ ဆက်တက်ချင်သပဆိုဆက်တက်ပေါ့ ... “ မှောက်ကျသွားသော နို့အိုးအတွက် စိတ်သော
ကမရောက်ပါစေနဲ့၊ နောက်ထပ်ထပ်မမှောက်အောင် ထိန်းနှိုင်လျင် သင်လူတော်ဖြစ်လိမ့်မည် ” တဲ့ ... အဲတော ကျပလေစေ ဘယ်လောက်ကျနှိုင်မလဲ ... ညီလေးကလဲ ဇွဲလည်းရှိ
တယ် ၊ လုံလ ၊ ဝရိယ နဲ့ သာကြိုးစားလိုက်မယ်ဆိုရင် ညီလေးတော်လာမှာပေါ့နော် ...
“အရဲကြိုးကုတ်၊ ကြက်ရဲစုတ်သို့ 
အားထုတ်ခုံမင်၊ မသင်မအံ
မကြံမမေး၊ ဆွေးနွေးရောနှော
ပြောဟောမဲ့ထွေ၊ ပေချပ်ရေဖြင့်
ကုတ်စေဆန်းသာ၊ သင်ချေပါလည်း
ဘယ်မှာဂုဏ်ရှင်၊ ကျော်စောထင်ချိမ့်။ ”
ညီလေးရဲ့ ညီလေးကိုလည်း ပေးဖတ်ပေါ့ ... ဘာဘဲဖြစ်ဖြစ် “ ငါ့စာဖတ်၍..မမြတ်တိုင်စေ..မရှုံး
စေသား.. ” ပေါ့ကွာ ...
Sunday, 28 February 2010
Subscribe to:
Post Comments (Atom)
-
အခါတစ်ပါး၌ မြတ်စွာဘုရားသည် သာဝတ္ထိပြည် အနာ ထပိဏ်သူဌေး၏ နှလုံးမွေ့လျော် ပျော်ဖွယ်ရာဖြစ်သော ဇေတဝန် ကျောင်းတော်၌ သီတင်းသုံးနေထိုင်...
-
စကား စကား ပြောပါများ စကားထဲက ဇာတိပြ ၊ တရား တရား ဟောပါများ တရားထဲက ပါဠိရ ဆိုသော စကားတစ်ခွန်းရှိသည် ... လူ့လောကတွင် လူသားတစ်ယောက်အဖြစ် အ...
No comments:
Post a Comment