Saturday, 12 February 2011

စကားပြောခြင်းဆိုသည်မှာ ...

   စကား စကား ပြောပါများ  စကားထဲက ဇာတိပြ ၊ တရား တရား ဟောပါများ  တရားထဲက ပါဠိရ ဆိုသော
စကားတစ်ခွန်းရှိသည် ... လူ့လောကတွင် လူသားတစ်ယောက်အဖြစ် အသက်ရှင်နေထိုင်ရသူတိုင်းသည်
အဓိက ပေါင်းသင်းဆက်ဆံရေး လက်နက်အဖြစ် စကားကိုနေ့စဉ်နှင့် အမျှ ပြောဆိုနေကြရသည် ...
ထိုစကားများကိုပြောရင်း အချို့မှာ လူချစ်လူခင်ပေါများပြီး လိုရာဆန္ဒပြည့်ဝစွာ နေရ၏ ... အချို့မှာကား
ဤသို့မဟုတ်ကြ လူအများ၏ မုန်းတီးခြင်းကို ခံရပြီး ဘဝ၏ တိုးတက်ကြီးပွားမှုများနှင့်ကင်းဝေးကာ လိုရာ
ဆန္ဒ မပြည့်ဝဘဲ နေကြရ၏ ...
   မန်လည်ဆရာတော်ဘုရားကြီး၏ မာဃဒေဝလင်္ကာတွင် “ လောကီလူတမ်း ၊ လူ့နှုတ်ခမ်းကား ၊ ချီးမွမ်းကဲ့
ရဲ့ ၊ ဖြစ်ခဲ့တက်ခဲ့ရှင့် ၊ ပြစ်ဖွဲကြည်ညို ၊ ပြောကြဆိုလည်း ၊ ပြောဆိုသူနှင့် ၊ နှိုင်းကာချင့်တည့် ၊ ယခင်ထို
သူ ၊ ယုတ်မြတ်ဟူသည် ၊ အယူတူမျှ ၊ ကြည်ညိုကြ၏ ”  ( ၂၆၁ ) ဟူ၍ဖေါ်ပြထားသည် ... အဓိပ္ပါယ်မှာ လူ
လောက ထုံးတမ်းအစဉ်အလာအရ လူတို့သည် ပါးစပ်ဖြင့် ချီးမွန်းခြင်း ၊ ကဲ့ရဲ့ခြင်း ပြုကြ၏ ... လူတစ်ဦးကို
အပြစ်တင်ခြင်း ၊ အကောင်းပြောဆိုခြင်းတို့သည် ပြောသူက မိမိနှင့် နှိုင်းယှဉ်ပြီး ပြောခြင်းသာဖြစ်၏ ...
ယုတ်ညံ့ခြင်း ၊ မြင့်မြတ်ခြင်းဟူသည်မှာလည်း တစ်ဦးနှင့်တစ်ဦး သဘောအယူအဆခြင်း တူညီကြလျှင်
ယုတ်ညံ့သူဖြစ်စေ ၊ မြင့်မြတ်သူဖြစ်စေ တစ်ဦးနှင့်တစ်ဦး ကြည်ညိုကြသည်သာဖြစ်သည် ...

    ဘုရားရှင်၏ ရာဟုလောဝါဒသုတ်တွင် ...
    “ ချစ်သား ရာဟုလာ စကားပြောတော့မည်ဆိုလျှင် မစဉ်းမစားမပြောအပ် ... ပြောတော့မည့် စကားသည်
မိမိကိုထိခိုက်မည်လား ... သူတစ်ပါးကို ထိခိုက်မည်လားဟု တွေးတောအပ်၏ ... မိမိ ၊ သူတစ်ပါး နှစ်ဦးသား
တို့တွင် တစ်ဦးဦးကို ထိခိုက်မည့်စကားဖြစ်ပါက မပြောအပ် ... မိမိ ၊ သူတစ်ပါး နှစ်ဦးစလုံး ကိုမထိခိုက်သော
စကားကိုသာ ပြောကြားအပ်၏ ” ဟူ၍ဟောကြားတော်မူထားသည် ... စကားပြောသူတိုင်း သတိထားသင့်
သော အချက်တစ်ခုဖြစ်သည် ...
    မြန်မာစာသည် သိမ်မွေ့နက်နဲ သကဲ့သို့ မြန်မာစကားသည်လည်း ရှုပ်ထွေးလှ၏ ... မြန်မာစကားပြောဆို
ပုံတွင် ...
    “ ရေကူးညာတင် ၊ ကောင်ပင်ရိတ်လှီး ၊ ရေစီးဖောင်ဆန် ၊ အိုးတန်ဆန်ခပ် ၊ ဆီပွတ်ကျည်ပွေ့ ၊ ဆင်ဝှေ့ရန်
ရှောင် ၊တောင်သူယာခုတ် ၊ ကြက်ဆုတ်ခွပ်ပစ် ၊ ရေစစ်ကရား ၊ ခက်တင်မောင်းနင်း ဆိုခြင်းစကား “ ဤဆယ်
ပါး ” မှတ်သားကျင့်ဆောင်ရာ ” ဟူ၍ရှိ၏ ...
    ရေကူးညာတင်စကား ...
    လိုရာဆိပ်ကမ်းကို ရေညာကတင်၍ ကူးမှရောက်သကဲ့သို့ မိမိလိုရာရောက်အောင် ကြိုတင်၍ စကားပိုဖြင့်
 ပြောဆိုခြင်း ...
    ကောက်ပင်ရိတ်လှီးစကား ...
    ကောက်ပင်ကို လက်တစ်ဘက်ဖြင့် မြဲမြံစွာဆုပ်၍ တံစဉ်ဖြင့် အရင်းကရိတ်ဖြတ်လျှင် လက်တွင်ရှိသမျှ စပါး
ကိုရသကဲ့သို့ သူများဆိုသောစကားကို မိအောင် ဖမ်းကိုင်ပြီးမှ ပြတ်စဲအောင် ပြောဆိုခြင်း ...
    ရေစီးဖေါင်ဆန်စကား ...
    လိုအင်ဆန္ဒ ရှိသမျှသောအရာဝတ္ထုတို့ကို ဖေါင်တွင် တင်၍ ဖြည်းညှင်းစွာ ဆန်တက်သွားလျှင် လိုအင်ကိစ္စပြီး
သကဲ့သို့ခြေသိမ်းခေါင်းပိုက်ပမာ ဟပ်စပ်၍ ပြီးပြတ်အောင် ပြောဆိုခြင်း ...
    အိုးတန်ဆန်ခတ်စကား ...
    အိုးနှင့်ဆန် တန်ရုံထည့်၍ ချက်လျှင် ကောင်းစွာ ကျက်နပ်သကဲ့သို့ ကိုယ့်ဂုဏ်အင်နှင့် တန်ရုံ မယုတ်မ
လွန် ပြောဆိုခြင်း ...
    ဆီပွတ်ကျည်ပွေ့စကား ...
    ကျည်ပွေ့ဖြင့် အကြိမ်ကြိမ် အထပ်ထပ် ဆီပွတ်လျှင် ဆီထွက်၍ မိမိအလိုကိစ္စပြီးသကဲ့သို့ လိုရာကိစ္စပြီးစေ
ခြင်းငှာထိုစကားကိုပင်အထပ်ထပ်ပြောဆိုခြင်း ...
    ဆင်ဝှေ့ရန်ရှောင်စကား ...
    ဆင်ထိုးဝှေ့မည်လိုက်လျှင် တိမ်းရှောင်ဖယ်သွေ လွတ်ရာ၌ ပြေးလွှဲကာနေရသကဲ့သို့ကိုယ့်ထံသို့ရောက်မည့်စ
ကားကိုရှောင်လွှဲ၍ပြောဆိုခြင်း ...
    တောင်သူယာခုတ်စကား ...
    တောင်သူလယ်သမားတို့သည် မိမိတို့ တည် ခုတ်မည့် လယ်ယာ မြေကွက်၌ ရှေးဦးစွာ ခြုံပိတ်ပေါင်းနွယ်သစ်
ပင်ငယ် တို့ကို ခုတ်ထွင်ရှင်းလင်းပြီးမှသာ သစ်ပင်ကြီးတို့ကို ခုတ်ထွင်ဖိလှဲသကဲ့သို့ စကားငယ်ကို ပြောဆိုပြီးမှ
စကားကြီးကို ဖိစီး၍ ပြောဆိုခြင်း ...
    ကြက်ဆုတ် ခွပ်ပစ်စကား ...
    ကြက်ခွပ်ရာ၌ နောက်ဆုတ်ဟန်ပြု၍ခွပ်မှသာ ခွပ်ပစ်သကဲ့သို့ သူ့စကားအလိုသို့ လိုက်တန်ကလိုက်၍ စီးသာ
မှစီးလျက် ပြီးပြတ်အောင် ပြောဆိုခြင်း ...
    ရေစစ်ပမာစကား ...
    ဓမ္မကရိုဏ်ခေါ် ရေစစ်ကိုရေတွင်နှစ်ကာ ပြည့်မှ အပေါက်ကို ပိတ်၍ဆွဲယူလိုက်လျှင် ရေမထွက်နိုင်သကဲ့သို့
 သူတစ်ပါးပြောဆိုခွင့်မရအောင် ပိတ်ဆို့၍ပြောဆိုခြင်း ...
    ခက်တင် မောင်းနင်းစကား ...
    မောင်းနင်းသောသူသည် တစ်ဘက်လိုက်ပါ တိမ်းစောင်းလွန်းလျှင် အတင်ခက်၍ မတိမ်းမစောင်းနင်းရသကဲ့
သို့ ဟုတ်သည်ဖြစ်စေ၊ မဟုတ်သည်ဖြစ်စေ မတင်မကျ ပြောဆိုခြင်း ...   ( ဗုဒ္ဓဓမ္မ ဦးလောကနာထ )
    ထိုပြင်စကား ပြောဆိုရာတွင်လည်း ကျိုးကြောင်းကိုကြည့်၍ အောက်ပါအတိုင်းပြောဆိုခြင်း ဆယ်မျိုးရှိ၏ ...
    ( ၁ ) ကာလဝါဒီ ... အချိန်အခါကိုကြည့် ပြောရသည် ...
    ( ၂ ) ဘူတဝါဒီ ... ဟုတ်မှန်သောစကားကို ပြောရသည် ...
    ( ၃ ) အတ္ထဝါဒီ ... အကျိုးရှိသောစကားကို ပြောရသည် ...
    ( ၄ ) ဓမ္မဝါဒီ ... တရားနှင့်လျော်ညီသောစကားကို ပြောရသည် ...
    ( ၅ ) ပီယဝါဒီ ... ချစ်ဖွယ်သောစကားကို ပြောရသည် ...
    ( ၆ ) မိဟိတပုဗ္ဗဘာဏီ ... ပြုံးရွှင်ခြင်းကို ရှေးဦးပြုပြီး ပြောရသည် ...
    ( ၇ ) မိတဘာဏီ ... မပိုမလွန် ချင့်ချိန်ပြီး ပြောရသည် ...
    ( ၈ ) အတုရိတဝါဒီ ... အဆောတလျင်မဖြစ်အောင် ပြောရသည် ...
    ( ၉ ) ပေါရီ ... မြို့ကြီးသား၊ မြို့ကြီးသူတို့ ပြောသကဲ့သို့ ချိုသာစွာ ပြောရသည် ...
    ( ၁၀ ) ဝိသဒဝါဒီ ... ပီပီသသ ဌာန်ကရိုဏ်းကျကျ ပြောရသည် ...  ( ဗုဒ္ဓဓမ္မ ဦးလောကနာထ )
    ထို့အပြင် ဗုဒ္ဓက လူတွေပြောလေ့ရှိတဲ့ စကားအမျိုးအစားတွေကို ( ၆ )မျိုးရှိတယ်လို့ ခွဲခြား ဆန်းစစ်ထားပါ
တယ် ...
    ( ၁ ) မှန်ကန်၊ အကျိုးရှိ၊ ကြားသူနှစ်သက် သောစကား ...
    ( ၂ ) မှန်ကန်၊ အကျိုးရှိ၊ ကြားသူမနှစ်သက်သောစကား ...
    ( ၃ ) မှန်ကန်၊ အကျိုးမရှိ၊ ကြားသူနှစ်သက်သောစကား ...
    ( ၄ ) မှန်ကန်၊ အကျိုးမရှိ၊ ကြားသူမနှစ်သက်သောစကား ...
    ( ၅ ) မမှန်ကန်၊ အကျိုးမရှိ၊ ကြားသူနှစ်သက်သောစကား ...
    ( ၆ ) မမှန်ကန်၊ အကျိုးမရှိ၊ ကြားသူမနှစ်သက်သောစကား တို့ဖြစ်ပါတယ်  ...
    ဗုဒ္ဓမြတ်စွာဘုရားသည် စကားခြောက်မျိုးထဲ့မှာမှ ပထမ ( ၂ ) မျိုးကိုသည်သည် ပြောသင့်သောစကားဖြစ်ပြီး
ကျန်သောစကား ( ၄ ) မျိုးမှာ မပြောသင့်သော စကားများဖြစ်တယ် လို့ ဟောကြားညွှန်ပြ ဆုံဆုံးမထားခဲ့ပါ
တယ် ... ( ပါရာဇိကအဌကထာ သုဂတဂုဏ်ထူးအဖွင့်  )
   “ စကားခြောက်ခွန်း လူ၌ထွန်းလည်း
      နှစ်ခွန်းကိုသာ ကျိုးရှိရာကို
      ကောင်းစွာမသွေ ဆိုရာပေဟု
      မှတ်သားသိရှိရာ ...
     စကားခြောက်ခွန်း လူ၌ထွန်းလည်း
      လေးခွန်းမဆိုရာ ဆိုရာလူသား
      အငြင်းပွား၍ ဆုတ်ယုတ်
     မြတ်ဥစ္စာ ...
      ထိုစာစကား ဖဘုရား
    ဟောကြားထားရှိရာ ... ” ဟူ၍ လူများမှတ်သား ထားရှိစေချင်သည် ...သို့မှသာငြိမ်းချမ်း
သော ကမ္ဘာလောကဆီသို ရောက်ရှိနှိုင်မည်ဖြစ်သည် ...
    သဂါထဝဂ္ဂသံယုတ်ပါဠိတော် သုဘာသိတ သုတ္တန်တွင် မြတ်စွာဘုရား ကိုယ်တော်မြတ်
သံဃာပရိတ်သတ်၌အရှင် ဝင်ဂီသမထေရ်ကို အဦးထား၍ ဟောကြားထားသော သုတ္တန်တွင် စကား
အရာ အင်္ဂ ါလေးတန် ဟူ၍ဟောကြားထားသည်လည်းရှိ၏ ... စကားအရာ အင်္ဂ ါလေးတန်ဆိုသည်မှာ ...
    ( ၁ ) ရန်တိုက်ခြင်းမရှိ ပကတိ ပိသုနဝါစာ ကင်းတဲ့စကားကို ပြောဆိုရာ၏ ...
    ( ၂ ) ပိန်ဖျင်းသောစကားမှကင်း တရားနှင့်ယှဉ်သောစကားကို ပြောဆိုရာ၏ ...
    ( ၃ ) ဖရုသဝါစာကင်း ချစ်ဖွယ်သော စကားကို ပြောဆိုရာ၏ ...
    ( ၄ ) မုသာဝါဒါကင်းတဲ့ မှန်ကန်တဲ့စကားကို ပြောဆိုရာ၏ ...  ဟူ၍ ရှိ၏ ...
    မုသာဝါဒါ လိမ်လည်ပြောဆိုသော စကားသည် များစွာ အကျိုးစီးပွား ဆုတ်ယုတ်စေသဖြင့်
ငါးပါးသီလတွင် ထည့်သွင်းထားခြင်းဖြစ်သည် ... ထို့ကြောင့် ( ၄ ) ခုမြောက်ဖြစ်သော မုသာဝါဒ
ကင်းတဲ့ စကားကို ပြောဆိုသင့်သည်ဟုမှတ်သားအပ်၏ ... မုသဝါဒ စကားနှင့်ပါတ်သက်၍လည်း -
  “ မုသားစကား ၊ ပြောဆိုငြားမူ
    စကားမပီ ၊ သွားမညီတည်း
    ပုပ်ညှီပါးစပ် ၊ ခြောက်ကပ်ကိုယ်ရေ
    ဣန္ဒြေနောက် ၊ ပုံယွင်းဖေါက်၏
    မရောက်သြဇာ ၊ နှုတ်လျှာကြမ်းထော်
    လျှပ်ပေါ်လော်လီ ၊ စိတ်မတည်သည်
    ရှောင်ပြီအပြန် အကျိုးတည်း ... ” ဟူ၍ မှတ်သားရဖူးသည် ... သိုရာတွင် မြန်မာစကား
ပုံ အရ “ မုသားမပါ လင်္ကာမချော ” ဟူ၍ ပါရှိသည်ဖြစ်ရာ မမှန်ကန်သော်လည်း သူတစ်ပါးအ
တွက် ကျိုးရှိပါက ပြောသင့်မပြောသင့် မိမိ ကိုယ်ပိုင် ဆုံးဖြတ်ဆင်ခြင်ရန်သာရှိသည် ...
    စကားကိုကောင်းစွာဆိုခြင်းသည် မင်္ဂလာရှိ၏ ... ဤလောက၏ အကျိုးစီးပွားကိုဆောင်ရွက်
တတ်သောကြောင့်လည်းကောင်း ... သံသရာ၏ အကျိုးစီးပွားကိုဆောင်ရွက်တတ်သောကြောင့်လည်း
ကောင်း ... လောက သံသရာ အကျိုးစီးပွားကိုဆောင်ရွက်တတ်သောကြောင့် စကားကောင်းစွာပြော
ခြင်းသည် မင်္ဂလာရှိသည်ဟု ဆိုအပ်၏ ...
    စကားပြောဆိုခြင်းကြောင့်ချစ်ခြင်းကိုဖြစ်စေ ၊ မုန်းခြင်းကိုဖြစ်စေ ဖြစ်စေတတ်၏ ...တစ်ဦး
နှင့်တစ်ဦး အပြစ်ပြောခြင်းထက် အကြံပေးခြင်းကကောင်းသည်ဟု ကျွန်ုပ်ထင်မြင်မိ၏ ... စကားကို
အရမ်းကာရော စိတ်ကထင်တိုင်း မပြောသင့်ကြဘဲ စဉ်းစားဆင်ခြင်စွာ ညှိနှိုင်းဆွေးနွေးခြင်းဖြင့်သာ
တစ်ဦးနှင့်တစ်ဦး ပြေလည်စေချင်သည် ... ထို့ကြောင့် ပိယဝါစာ ချစ်ဖွယ်သော စကားကိုဆိုနှိုင်သော
သူဖြစ်စေခြင်း အလိုငှါရှာဖွေတင်ဆက်လိုက်ရပါသည် ...
“ သက်ကြီးတို့စကား ၊ မှတ်သားရစီစဉ်။ ယဉ်ယဉ် မဖော်ပြ ၊ မှီခိုသူ-လူပဏ္ဍိတို့ရယ် ၊ နှိုင်းညှိယူဆ ။ ”

                                                                                    ဇော်လေး ... ( ၁၃ . ၂ . ၂၀၁၁ )

1 comment:

  1. စကားပြောတာနဲ့ ပတ်သတ်ပြီး စာတစ်ပုဒ်လောက်ရေးချင်လို့ google လုပ်ရင်းက ဒီပို့(စ်)လေးကို ရှာတွေ့ ပြီး ကြိုက်လွန်းလို့ ဒီထဲက စာတွေကို ယူသုံးခွင့်ပြုပါ။

    ReplyDelete

အကျင့်ဆိုး ...