ညီလေး ...
ဒီနေ့တော့ဝတ်စား ဆင်ယဉ်မှုနဲ့ ပါတ်သက်ပြီးနဲနဲလေးပြောချင်တယ် ... လူတစ်ယောက်ကို ပထမ အမြင်အားဖြင့် ကြည့်မယ်ဆိုရင် ဦးစွာ အဝတ်အစားကို အရင်ကြည့်တက်ကြတယ် ... နောက်တော့ ဦးပဓိရုပ်
ပေါ့ကွာ ...
ညီလေး ဥပဓိရုပ်က သိပ်ဆိုးတဲ့ အထဲမှာ မပါဘူးနော် ... ညီလေး က သေချာကြည့်ရင် ညိုချောလို့ ပြောရင်တောင်ရတယ် ... တစ်ကယ်ပြောတာနော် ... ဒါပေမဲ့ ညီလေး အဝတ်အစား ဘယ်လောက်တန်ဖိုး ကြီးကြီး ညစ်
ပေပေ ဝတ်တက်တဲ့ လူတစ်ယောက်ဆီမှာတော့ တန်ဖိုးကျသွားတက်တယ် ကွ ... တန်းဖိုးသိပ် မရှိပေမဲ့ သေသေသပ်သပ် ဝတ်တက်တဲ့သူဆိုရင် ဘယ်လောက်ပဲဖြစ်ဖြစ် ကြည့်လို့ ကောင်းသွားပြန်ရော ကွ ... အဝတ်အစားက တစ်
ခါတစ်ရံမှာ စိတ်ကိုလမ်းဆန်းစေတယ်နော် ... မယုံရင် ညီလေး အင်္ကျီအသစ်ဝတ်ပြီး အပြင်ထွက်ကြည့်ပေါ့နော် ...
နောက်ပြီး အရင်က ဂျင်းဘောင်ဘီကို မလျော်ဘဲဝတ်ရင် Rocker တစ်ယောက်လို့အထင်ရှိကြတယ် ... အဲတော့ လူငယ်တွေတော်တော် များများ မလျော်ဘဲဝတ်
ကြတာပေါ့ကွာ ... သူအနေနဲ့ အဆင်ပြေသလိုထင်ရပေမဲ့ တစ်ခြားလူအတွက် အမြင်သိပ်မလှရင် အဆင်မကျလှဘူးကွ ... အနောက်တိုင်းမှာ ဝတ်စားဆင်ယဉ်မှုက သူနေရာနဲ့သူဖြစ်
ပေမဲ့ တို့နိုင်ငံအနေနဲ့တော့ သိပ်အဆင်မပြေလှဘူးထင်တယ် ... ဥပမာ ကွာ နိုင်ငံခြားသွားမယ့်သူတစ်ယောက် အနောက်တိုင်းဝတ်ဆုံ ဝတ်တာ ကြည့်ကောင်းပေမဲ့ ... ရာသီဥတု
ပူပြင်းတဲ့တို့ နိုင်ငံမှာတော့တို့ရိုးရာ တိုက်ပုံ လောက်တော့ သိပ်အဆင်ပြေမယ်မထင်ပါဘူး ... အေးတဲ့နိုင်ငံမှာ Rocker တစ်ယောက်ဘောင်ဘီမလျော်ဘဲဝတ်တာက သူတို့က
ရာသီဥတုအေးတော့ ချွေးသိပ်မထွက်တော့ သိပ်မထူးခြားဘူး လေ ... တို့ နိုင်ငံကပူတော့ ချွေးထွက်တယ် ... အဲတော့ အဲ့အနံအသက် ကအခြားသူတစ်ယောက်အတွက် စိတ်ကသိ
ကအောက်ဖြစ်စေတက်တယ်ကွ ...
နိုင်ငံခြားမှာ အခန်းတွင်းဖွဲ့စည်းပုံက အစ သူနေရာနဲ့သူရှိတယ် ... တစ်ကယ်တော့ ညီလေးအဝတ်တွေကို မလျော်ဘဲထားတဲ့ အခါ ပထမဦးဆုံး စိတ်သောက
ရောက်ရသူက ညီလေးလေ ... ဒီအဝတ်တွေလျော်ဖို့ စိတ်က အလိုလိုနေရင်ညစ်လာတယ် ... အခန်းလေးသန်းနေတော့ စိတ်ကြည်လင်လန်းဆန်းလာပြီး အတွေသစ်အကြံသစ်တွေ
ထွက်လာတက်တဲ့သဘောရှိတယ် ... ညီလေးမယုံရင် အခန်းလေးသပ်သပ် ရပ်ရပ်ထား တစ်နေ့တစ်ခါ အဝတ်တွေလျော်ပြီး ဝတ်ကြည့်လိုက်ပေါ့နော် ... တစ်ချို့တွေဆို ဓါတ်ပုံလေ
တွေကို စောင်းထားတာ တည့်ထားတာ ဖြစ်သလိုထားထားပေမဲ့ အခန်းသန့်ရှင်းတော့ ကြည့်လို့ကောင်းတယ် နော် ... ညီလေးအိပ်ယာပြန်ကြည့် ... ဘယ်လိုပုံစံလဲ ...
သေသေသပ်သပ်နေတက်တဲ့ တက်သူတစ်ယောက်က သူရဲ့ဘဝကို သေသေသပ်သပ် တည်ဆောက်သွားတက်ကြတယ် နော် ... စထဲက ဖြစ်သလိုနေရင် ဖြစ်
သလိုဘဲ နေတက်တဲ့အကျင့် ကကိုယ်ဘဝတက်လမ်းကို တစ်ခါတစ်ရံမှာ အနှောက်အယှက် ဖြစ်စေတက်တယ် ... ဥပမာကွာ စာကြည့်ခုံလေး သပ်ရပ်တော့ စာကြည့်တဲ့အခါ စိတ်
လန်းဆန်းလာပြီး စာကျက်ရတာပိုလွယ်လာတယ် ... အဲတော့ ညီလေး စိတ်ပါလာတဲ့ တစ်ရက် ကိုယ်နေရာလေးကိုရှင်း ... မသုံးတဲ့ဟာတွေကို အသုံးမလိုရင် လွှင့်ပစ် ... မဝတ်ချင်
အဝတ်အစားတွေကို သူများပေး ... မပေးချင်ရင် ပစ်လိုက်ပေါ့နော် ... ဘာဘဲဖြစ်ဖြစ်စမ်းကြည့်လိုက်ပေါ့ကွာ ... ညီလေးရဲ့ဘဝကို သပ်ရပ်စွာတည်ဆောက်နှိုင်တဲ့ လူဖြစ်နှိုင်လိမ့်မယ်
လို့ ကိုကြီးမျော်လင့်နေပါတယ် ... “ လူမှာအဝတ် တောင်းမှာအကွပ် ” ဆိုရိုးစကား ရှိပေငြားလည်း မကျင့်သီးသူ ထိုသူဘဝ စုပ်ပြတ်စွာသာ နေတက်ရ ”
တောင်းတွေမှာ အကွပ်ပါမှ ခိုင်ခံသလို လူမှာလည်း အဝတ်အစား သေသပ်မှ သပ်ရပ်ခန့်ငြားတဲ့ လူဖြစ်လာလိမ့်မယ် ... “ အကွပ်မဲ့ ကြမ်းပရမ်းပတာ ” တဲ့ ...
Sunday, 28 February 2010
Subscribe to:
Post Comments (Atom)
-
အခါတစ်ပါး၌ မြတ်စွာဘုရားသည် သာဝတ္ထိပြည် အနာ ထပိဏ်သူဌေး၏ နှလုံးမွေ့လျော် ပျော်ဖွယ်ရာဖြစ်သော ဇေတဝန် ကျောင်းတော်၌ သီတင်းသုံးနေထိုင်...
-
စကား စကား ပြောပါများ စကားထဲက ဇာတိပြ ၊ တရား တရား ဟောပါများ တရားထဲက ပါဠိရ ဆိုသော စကားတစ်ခွန်းရှိသည် ... လူ့လောကတွင် လူသားတစ်ယောက်အဖြစ် အ...
No comments:
Post a Comment