တစ်နေ့သ၌ ကျွန်ုပ်သည် မဟာရန်ကုန်ရွှေမြို့တော်ကြီးဆီသို့ ကုမ္ပဏီတည်းဟူသော ကျေးဇူးရှင်၏ စေတနာဖြင့် ရောက်ရှိခဲ့လေ၏ ...
ကျွန်ုပ်သည် မဟာရန်ကုန်လေဆိပ်သို့ရောက်ရှိစဉ် အင်မတန်မှ ဖော်ရွေလှသော လေဆိပ်ဝန်ထမ်းများ၏ ကြိုဆိုခြင်းကို ခံရလေ၏ ... “ ပေးတစ်ယောက်ယန်း ၁၀၀၀
တစ်ခါတည်း အပြန်အတွက် စိတံဆိပ်ထုပေးမည် ဟူ၏ ” ...
ကျွန်ုမှာ ထိုသိုဖေါ်ရွှေခြင်းကို အင်မတန်မှအလိုက်သိစွာဖြင့် ငြီးငွေ့မီ၏ ... ယင်းအကြောင်းမှာ ကျွန်ုပ်တို့
မဟာရွှေမြန်မာများ ဤသို့တောင်းရမ်းပေးကမ်းစွန့်ကြဲခြင်းမှ မည်သည်အချိန်လွတ်မည် ဟူသတတ် ... ယင်းသို့ပျော်ရွှင်ခြင်းကြီးစွာဖြင့် မဟာရန်ကုန် ရွှေမြို့တော်
ကြီးအား ရောက်ရှိခိုက် အားရဝမ်းသာစွာဖြင့် လည်ပါတ်ရန်ကြိုးစားမိ၏ ...
တစ်နေ့တွင် ကျွန်ုပ်၏ ချစ်လှစွာသော ရှုမငြီးသော သက်ထားနှမငယ်အား စဉ့်အိုးတန်းဘောတံတား၌ ကြိုဆိုရန်စောင့်ဆိုင်းနေခိုက် ...
“ ခွမ် ... ” “ ချလွမ်... ” ဟူသောအသံမှာ ရုတ်တရုတ်ထိုးဖောက် ဝင်ရောက်လာလေသည် ... လားလား ... ဘာမှမဟုတ် ကုန်ထမ်းသမားမှ မလွတ်မလပ် ချထားသော
ပန်းအိုးမြေအိုးများကို တက်နင်းမိသော အသံဖြစ်လေ၏ ... ထိုနောက် လွန်စွာမှ ညက်ညောလှသော အသံဖြင် ... “ အမလေး ... မသာတွေ ... ကုန်ပါပြီ ... ကုန်ပါပြီ ”
ဟူသော လွန်စွာ အောင်မြင်ကျော်ကြားသော တေးသံရှင်တစ်ယောက်၏ အသံဖြင့်ပြောဆိုသံကိုကြားရလေသည် ... ကုန်ထမ်းသမားမှာလည်း ဘိလပ်မြေအိပ်ကတစ်
ဘက်ဖြင့် လွန်စွာ သနားဖွယ်ကောင်းသော မျက်နှာလေးဖြင့် တိုးရှိုးတောင်းပန်လေသည် ... သို့ရာတွင် ထိုပန်းအိုးမြေအိုးပိုင်ရှင် မှရင်ဖွင့်သံကိုလည်းကြားရလေ
သည် ... “ တောင်းပန်လို့ပြီးမလား ... ငါ့မှာနေ့ပြန်တိုးလေးနဲ့ လုပ်စားနေရတာ ... ငါကိုပြန်လျော်ပေး ” ဟူ၍ ...
ကုန်ထမ်းသမားလေးမှာလည်း အားကျမခံ ပြန်ပြောလိုက်ပုံမှာ “ အမရယ် ... ကျွန်တော်လည်း တစ်နေ့ကုန်ထမ်းမှ တစ်နေ့စားရတဲ့ ဘဝပါ
အမ မလွတ်မလပ် ချထားလိုဖြစ်တာ ... ကျွန်တော်မှာ လျော်ဖို့ မရှိပါဘူး ... ” “ အမပြောတဲ့ ၃၀၀၀ ထောင်ဆိုတဲ့ ငွေကြေးပမာဏ ဟာ ကျွန်တော် လျော်ပေးလို့
မဖြစ်နှိုင်လို့ပါ ... ” ယင်းသို့ပြန်ပြောစဉ် လွန်စွာသာယာနာပျော်ဖွယ်ကောင်းလှသောဆဲသံဖြင့် ပန်းအိုးမြေအိုးပိုင်ရှိင်မိန်းမကြီး၏ ပြောဆိုသံကိုကြားရလေ၏ ...
ကျွန်ုပ်မှာလည်း ယင်းအဖြစ်အပျက်ကို အစအဆုံးရိုက်ကူးသော ဒါရိုက်တာကြီးသဖွယ် ရပ်၍ကြည့်နေမိလေ၏ ... ကျွန်ုပ်၏ သက်ထားနှမငယ်
စီးလာသော ရွှေပြည်တန် သင်္ဘောကြီးမှာလည်း ဆိုက်ရောက်ချိန်ထက် တစ်နာရီစာ နောက်ကျစွာ မဆိုက်ကပ်သေးပေ ... ကျွန်ုပ်မှာလည် ဖြစ်စဉ်တစ်ခုကို အားပေးနေ
သော ပွဲကြည့်ပရိတ်သတ်နှယ် ဆက်လက်ကြည့်ရှုအားပေးနေမိလေ၏ ...
ကုန်ထမ်းသမား ခေါင်းဆောင်ဟုယူဆရသော လူကြီးတစ်ယောက်မှာ တရားသူကြီး၏ အမှုတစ်ခုကို အဂတိမလိုက်စားထားသော ဟန်ဖြင့်
“ ဟေ့ကောင် မင်းတို့ကလည်းဖြစ်လိုက်ရင် အရာရာနဲ့ အကြောင်းကြောင်းပဲ ... သွား ဆက်ထမ်းငါရှင်းထားပေးမယ် ... ” “ အမ ၃၀၀၀ ထောင်တော့များတယ် ...
ဒီကလေးတွေကလည်း တစ်နေ့လုပ်တာတောင်ဒီလောက်ရတာ မဟုတ်ကြပေဘူး ... ၂၀၀၀ ထားလိုက် ကျွန်တော်ပေးမယ် ... ”
ပန်းအိုးမြေအိုးပိုင်ရှင် မိန်းမကြီးမှာလည်း အနိုင်ရထားသော တရားလိုပမာ ... ဆဲနည်းပေါင်းမျိုးစုံဖြင့် ... “ ရမလား ... မိန်းကလေးတွေ
ချည်းလုပ်စားတယ်ဆိုပြီး ဒီလိုလုပ်လို့ရမလား ... ၃၀၀၀ မရရင်တော့မဖြစ်ဘူး ... ” လွန်စွာအောင်မြင်သောလေသံဖြင်ပြန်၍ပြောလေသည် ...
ထိုသို့အပြန်အလှန်ပြောဆိုနေကြပုံမှာ အကယ်ဒမီရသော ဇာတ်ကားသဖွယ် လွန်စွာမှာ ကြည့်၍ကောင်းလေ၏ ... ထိုပြဿနာမှာလည်း
မပြီးနှိုင်ပဲ ရှိနေလေသည် ... ကျွန်ုပ်မှာလည်း သင်္ဘောလည်း မဆိုက်ရောက်သေး ပြဿနာမှာလည်း မပြီးသေးသဖြင့် လွန်စွာစိတ်ပျက် ငြီးငွေ့နေမိ၏ ... ယင်းနောက်
လက်ဝှေ့ပွဲ အနိုင်အရှုံးကို ဆုံးဖြတ်ပေးသောဒိုင်လူကြီးတစ်ယောက်၏ ဟန်ဖြင့် ... ကုန်ထမ်းခေါင်းဆောင်လူကြီးအား ... “ ရော့အကို ... ” ကျွန်ုပ်၏ ဂျပန်ပြည်လုပ်
MILD SEVEN ဆေးလိပ်အား ထုတ်၍ မီးငြှိပေးပြီး ရှေးဦးစွာမိတ်ဖွဲ့လေသည် ... ထိုသို့မိတ်ဖွဲ့ပြီးနောက် ... “ အကိုကြီး ... ဒီက အဖျစ်အပျက်ကို ကျွန်တော် အစ
အဆုံး မြင်တယ် ... အဲဒိတော့က အကိုကြီးက နောက်ဆုံးဘယ်လောက်လျော်မှာလဲ ... ” ကုန်ထမ်းခေါင်းဆောင်ကြီးမှာလည်း ကျွန်ုပ်အား လွန်စွာထူးဆန်းသော
အကြည့်ဖြင့် ... “ ညီလေးမြင်တဲ့အတိုင်းဘဲ ဟိုကောင်လေးကလည်း တစ်နေ့လုပ်မှ တစ်နေ့စားရတာ သူလည်း သိပ်များများစားစား မလျော်နှိုင်ပေဘူး ... ဒီ
နှစ်ထောင်ဆိုတာလည်း အကိုတို့က စိုက်ထားပေးရတာ ... ” ထိုသို့ ကုန်ထမ်းသမား ခေါင်းဆောင်ကြီးဆီမှ ဆုံးဖြတ်ချက်ကြားနာရပြီးနောက် ...
ပန်းအိုးမြေအိုးပိုင်ရှင် မိန်းမကြီး၏ ဆန္ဒအား ... အယူခံဝင်သော တစ်ရားခံတစ်ယောက်ပမာ ကျွန်ုပ်မှနေ၍ ... “ အမကြီးကရော ဘယ်လို
သဘောရသလဲ ခင်ဗျာ ... ” ယင်းမိန်းမကြီးမှနေ၍ “ မောင်လေးမြင်တဲ့အတိုင်း အမတို့ကလည်း မိန်းမသားကြီးဘဲ လုပ်စားနေရတာ ... ၃၀၀၀ မှမရရင် အမရဲ့
နေ့ပြန်တိုးလေး ဘယ်လိုလုပ်ရမလဲ မောင်လေးရယ် ... ” ကျွန်ုလည်းလွန်စွာ ငြီးငွေ့ခြင်းကြီးစွာဖြင့် ... “ ဒီလုပ်လုပ်ပါလား ... အကိုနဲ့အမတို့ ... အကိုက ၂၀၀၀
ပဲပေးနှိုင်တယ် ... အမကြီးကလည်း ၃၀၀၀ ထောင်ရမှဖြစ်မယ်ဆိုတော့ ... ကျွန်တော်လည်း ဘာကောင်မှတော့မဟုတ်ပါဘူး ... ကြားထဲကအနေနဲ့ ကျွန်တော်
တစ်ထောင်စိုက်ပေးမယ်ဗျာ ... ” ထိုသို့ပြောလိုက်စဉ် ကာယကံရှင်များမှာ အံသြခြင်းကြီးစွားသော မျက်လုံးများဖြင့် ကျွန်ုပ်အားကြည့်လျက် ... ကျွန်မှာလည်း
ဇောတိကသူဌေးကြီးတစ်ဦးပမာ ရင်ကော့လျက် စိတ်ပျက်ခြင်း ၊ ငြီးငွေ့ခြင်း ကြီးစွာဖြင့် ထိုနေရာမှနေ၍ ကျွန်ုပ်၏ နှမငယ်အား စောင့်ဆိုင်းရန်အကောင်းဆုံးသော
ကာကာဆိုင်သို့ ထွက်ခွာရန် ခြေဦးလှည့်လိုက်လေတော့သတည်း ..........
Subscribe to:
Post Comments (Atom)
-
အခါတစ်ပါး၌ မြတ်စွာဘုရားသည် သာဝတ္ထိပြည် အနာ ထပိဏ်သူဌေး၏ နှလုံးမွေ့လျော် ပျော်ဖွယ်ရာဖြစ်သော ဇေတဝန် ကျောင်းတော်၌ သီတင်းသုံးနေထိုင်...
-
စကား စကား ပြောပါများ စကားထဲက ဇာတိပြ ၊ တရား တရား ဟောပါများ တရားထဲက ပါဠိရ ဆိုသော စကားတစ်ခွန်းရှိသည် ... လူ့လောကတွင် လူသားတစ်ယောက်အဖြစ် အ...
No comments:
Post a Comment