Saturday, 27 February 2010

နားလည်ပေးပါ ...

            တစ်ခါတုန်းက အိမ်တစ်အိမ်မှာ အပင်တွေစိုက်ထားတဲ့ခြံထဲမှာကျောက်တုံးကြီးတစ်တုံးရှိတယ် ... အကျယ်အားဖြင့်ဆိုရင်တော့ ၄၀ လက်မ ၊ အမြင့်ကတော့ ၁၀ လက်မပေါ့ ... ခြံကိုလာတဲ့သူအားလုံး
ကျောက်တုံးကြီးကိုခလုတ်တိုက်ြ
ကတယ် ...
သားက ...
       “ ဖေဖေ အဲဒီ ကျောက်တုံးကြီးကို ဖယ်လိုက်ရအောင်လား  ... ”
ဖေဖေက 

       “ ကျောက်တုံးကြီးကိုလား အဖိုးခေတ်ကတည်းကဒီမှာထားထားတာအဲလောက်ကြီးတာဘယ်အချိန်ထိ
တူးနေရအုန်းမလဲ လမ်းလျှောက်တာ ဂရုစိုက်လိုက်ရင်ပြီးရော မလား ... ”
ဒီလိုနဲ့ သားက အဖေဖြစ်ချိန်ရောက်သွားတယ်။ ကျောက်တုံးကြီးကတော့ နေရာဟောင်းမှာပဲ ...
ချွေးမက ကြည့်လို့မရတာနဲ့ ...“ အဖေ ကျောက်တုံးကြီးကို လူခေါ်ပြီးဖယ်လိုက်ရအောင်လား ... ”
အဖေက ...

        “ ဖယ်လို့ရရင် အခုထိရှိနေအုန်းမလား ... ”
ချွေးမက မကျေနပ် သူလဲနေတာလဲအကြိမ်ကြိမ်ရှိပြီလေ ...
တစ်မနက်မှာ ရေတစ်ဗုံးနဲ့ ပေါက်တူးကို ချွေးမခြံထဲယူသွားပြီး ရေကို ကျောက်တုံးကြီးရဲ့ ပတ်ပတ်လည်မှာ လောင်းလိုက်တယ် ... အနည်းငယ်ကြာတော့ ပေါက်တူးနဲ့ မြေကိုဆွလိုက်တယ် ...
တူးထုတ်လိုက်တဲ့အချိန်မှာ တစ်နေကုန်မယ်ထင်ပေမဲ့ ထင်ထားသလောက် မကြီးဘူး ... အပေါ်ယံ နဲ့ လူကိုလှည့်စားနေတာ ...
ဒါနဲ့ ချွေးမ ကျောက်တုံးကြီးကို အောင်မြင်စွာ ဖယ်ရှားနိုင်ခဲ့တယ် ...
ဒီပုံပြင်ပြောပြချင်တာကတော့ သင်ဆုံးဖြတ်ချက်ချနိုင်ရင် သင်လုပ်နိုင်မယ် ဆိုတာပါပဲ သင်သာလျှင်သင့်ရဲ့ ပဲ့ကိုင်ရှင်ပါ ...
                                       
*****************************
        ဟောပြောပွဲတစ်ခုမှာ ဟောပြောသူတစ်ဦးကလက်ထဲမှာ ဒေါ်လာ ၂၀ ကို ထောင်ပြပြီး ပရိသတ် ၂၀၀ ကို “ ဒီ ဒေါ်လာ ၂၀ ကိုဘယ်သူလိုချင်လဲ ” လူအတော်များများ လိုချင်ကြောင်း လက်ထောင်ကြတယ်။ သူ ဒေါ်လာ ၂၀ ကို လုံးချေလိုက်ပြီး “ ဘယ်သူယူမလဲ ” လို့ထပ်မေးပြန်တယ် ... လက်ထောင်တဲ့သူကတော့ ရှိနေသေးတာပဲ ...
          “ ဒါဆိုဒီလိုလုပ်လိုက်ရင်ကော ... ”         သူဒေါ်လာ၂၀ကိုအောက်ပစ်ချလိုက်ပြီးခြေထောက်နဲ့နင်းချေလိုက်တယ် ...ဒေါ်လာ ၂၀ တွန့်ကြေပြီး ညစ်ပတ်သွားတယ် ...
“ကယ် ဘယ်သူယူအုံးမလဲ” လက်ထောင်ကြသေးတယ် ...
           သူငယ်ချင်းမိတ်ဆွေတို့ အရမ်းအနှစ်သာရရှိတဲ့အကြောင်းကို
ပြောသွားတာသိလိုက်ကြလား...ဘယ်လိုလုပ်လုပ် ဒေါ်လာ ၂၀ က ဒေါ်လာ ၂၀ ပဲ ... အားလုံးလိုချင်နေတာပါပဲ ... တန်ဖိုးမလျော့သွားပါဘူး ...
          လူ့ဘဝခရီးလမ်းမှာလဲ ကိုယ့်ရဲ့လုပ်ဆောင်ချက်ကြောင့် ဒါမှမဟုတ် ဆုံးဖြတ်ချက်တစ်ခုကြောင့် မှားယွင်းတာကို ကိုယ့်ဘာသာကို လုံးဝအသုံးမကျဘူးလို့ ယူဆကြတယ် ... ဒါပေမဲ့ ဘာပဲဖြစ်ဖြစ်
သင်ကသင်ပါပဲ ... ညစ်ပတ်နေတဲ့ အဝတ်တွေကိုဝတ်ထားပါစေ ...
အားလုံးဟာ အဖိုးမဖြတ်နိုင်တဲ့သူတွေပါပဲ။
                                           
**********************
           အဖိုးအိုတစ်ယောက်ဟာ တောင်ပေါ် မြို့လေးတစ်မြို့မှာ အဖော်မရှိ တစ်ယောက်တည်းနေ

လေရဲ့ ... သူ့မှာ စိုက်ခင်းတစ်ခင်း ရှိပေမယ့် ထွန်ယက်ဖို့တောင် ခွန်အားမရှိရှာဘူး ... သူ့အတွက်တော့ အင်မတန်မှ ခဲယဉ်းတဲ့ အလုပ် ဖြစ်နေတယ် ... သူ့ကိုကူညီနိုင်မယ့် တစ်ဦးတည်းသော သားကလည်း ထောင်နန်းစံနေလေတော့ မတတ်နိုင်တဲ့အဆုံး ငြီးတွားတဲ့ အနေနဲ့ပဲ အခြေအနေမှန်ကို သိရအောင်
သူ့သားစီ စာတစ်စောင် ရေးလိုက်တယ် ...
ချစ်သား
အဖေ အတော်လေး နေရခက်နေတယ်။ ဒီတစ်နှစ်တော့ စိုက်ခင်းမှာ ပန်းပင်တွေ မစိုက်နိုင်တော့ဘူး ထင်ပါတယ် ... ဒီလို မလုပ်နိုင်လို့ ကိုယ့်ကိုယ်ကိုနားကျည်းမိတယ် သားရယ် ... ဘာလို့လဲဆိုတော့ 

မင်းမေမေ ဆိုရင် ဒါမျိုးသစ်ပင်ပြုစုရတဲ့ အချိန်လေးတွေကို သိပ်သဘောကျတာလေ ... ဒီစိုက်ခင်းမှာ
မြေရှင်း၊ ပေါင်းသင် ထယ်ထိုးဖို့အတွက် ခွန်အားတွေ ဘယ်မှာ ရှိတော့မှာလဲသားရယ် ... အဖေဟာ အသုံးမဝင်တော့တဲ့ လူအိုကြီး ဖြစ်နေပါပြီ ... လူလေးသာ ဒီမှာရှိနေမယ်ဆိုရင် အဖေ ဒါတွေ ဘယ်ပူရတော့မလဲနော် ... မင်းသာ ထောင်မကျခဲ့ရင်အဖေအစား ထယ်ထိုးပေးနေမှာ မြင်ယောင်

မိပါတယ် ...

                                                                                     ချစ်တဲ့
                                                                                             အဖေ

               များမကြာခင်မှာပဲ အဖိုးအိုဆီကို ကြေးနန်းတစ်စောင် ရောက်လာတယ် ...
       " ဟာ ... အဖေ၊ လျှောက်မလုပ်နဲ့နော် ... မြေကြီးတွေ လျှောက်မတူးနဲ့ဦး ... သား အဲဒီအောက်မှာ သေနပ်တွေ မြှုပ်ထားတာ ... နံနက် ၄ နာရီ ... ”
               နောက်နေ့ မနက်မှာပဲ စစ်တပ်နဲ့အတူ ရဲတွေ အများကြီး အဖိုးအိုဆီ ရောက်လာတယ် ...
စိုက်ခင်းကြီး တစ်ခုလုံးကို မြေလှန်ပြီး ရှာလိုက်တာ ရစရာကို မရှိဘူးလေ ... ဒါပေမယ့် ဘာ သေနပ်မှ မတွေ့လို့ ပြန်သွားလေရဲ့ ... အင်မတန် ခေါင်းရှုပ်သွားတဲ့ အဖိုးအိုက ဖြတ်ပျက်သမျှကို စာတစ်စောင် 

ရေးပြီး သူ့သားဆီ ပို့လိုက်တယ် ... ဘာဆက်လုပ်ရဦးမလဲ ဆိုတာလည်း မေးထားတယ် ...
               သားလုပ်သူ စာပြန်လိုက်တာက ...
       " အားလုံး အဆင်ပြေသွားပြီပဲ အဖေ၊ ပျိုးပင်တွေ စ စိုက်လို့ရပြီပေါ့ ... ဒါ သား အတတ်နိုင်ဆုံး ကူညီလိုက်တာပါ အဖေ ... "

                                                 xxxxxx ဝဝဝဝဝဝ xxxxxx

                ဒီပုံပြင်လေးကို ဖတ်လိုက်ရပြီး ကျနော် ပြုံးမိပါတယ် ... အရင်တစ်ခါက သူများကို ကူညီပေမယ့် မကောင်းပြောခံရတဲ့ အကြောင်း ရေးဖူးပါတယ် ... အခုဒီပုံပြင်မှာ ဆိုရင် သားတစ်ယောက်အနေနဲ့ ထောင်ထဲကနေ ဘာကူညီနိုင်မှာလဲလို့ ပထမတော့ ကျနော်လည်း တွေးမိပါတယ် ... ကျနော်က ဒီအဖိုးအိုကို ကူညီဖို့ စိတ်မပြင်းပြတာလည်း ဖြစ်ကောင်း ဖြစ်မှာပေါ့ ... ထောင်နန်းစံ သားကတော့
သူ့အဖေကို အစွမ်းကုန် ကူညီချင် ရှာမှာပါ ... ဒါကြောင့်လည်း အစွမ်းကုန် အကြံဉာဏ် ထုတ်လိုက်တာ နေမှာပေါ့ ... ဒီပုံပြင်လေးကို ဖတ်ပြီး ကျနော် သိလိုက်ရတာ တစ်ခုက ကျနော်တို့ ကမ္ဘာမြေကြီးရဲ့ ဘယ်ထောင့် ဘယ်နေရာမှာပဲကပ်နေပါစေ... တစ်ခုခုကို လုပ်ဖို့ အူထဲ အသည်းထဲ နှလုံးသားထဲက တကယ်
ဆုံးဖြတ်ထားရင် ကျနော်တို့ လုပ်ကို လုပ်နိုင်ပါတယ် ... ဘယ်သူတွေ ဘယ်နေရာမှာ ရှိသလဲဆိုတာ ပဓာန မကျပါဘူး...မဖြစ်နိုင်ခြင်းအတွက်အကြောင်းပြချက်တွေရှာနေမယ့်အစားဖြစ်နိုင်ခြင်းအတွက်အကြောင်း

ရပ်တွေ ရှာကြံမယ်ဆိုရင် နည်းလမ်းဆိုတာ ရလာစမြဲလို့ ယုံကြည်မိပါတယ် ...


No comments:

Post a Comment

အကျင့်ဆိုး ...