Sunday, 28 February 2010

ညီလေး ...
“ စာဖတ်ခြင်းသည် အခြားသူတို့၏ အတွေ့အကြုံ ၊ အတွေးအမြင်တို့ကို အချိန်ကုန် ၊ ငွေကုန်အသက်သာဆုံးနှင့် အထိရောက်ဆုံး ဝေမျှယူနှိုင်သော နည်းလမ်းဖြစ်သည် ... ” တဲ့ ...

ဘာဘဲဖြစ်ဖြစ် လောကမှာ လမ်းမပျောက်ဖို့လိုတယ် ၊ လူငယ်ဆိုတာ အမြဲတမ်း အတွေးသစ် အမြင်သစ်ရှိဖိုလိုတယ် ... လူကြီးတွေဆီက သူတို့ဖြတ်သန်းခဲ့တဲ့ ဘဝအတွေ့အကြုံ
တွေကို စာအုပ်တွေထဲမှာ ရေးထားတက်ကြတယ် ... “ ရည်ရွယ်ချက်နဲ့ ပန်းတိုင်ကို ပီပီပြင်ပြင် သိထားသူသည် ခြေတစ်လှမ်းမျှ မစသေးမှီ ရောက်နှင့်ပြီတဲ့ ” ... တစ်ခါတစ်လေ
ဘဝမှာ ဖြစ်ချင်တာထက် ဖြစ်လာတာ တစ်ခြားဆီဖြစ်တက်ကြတယ် ... ဥပမာပေါ့ ဆရာဝန်က သီချင်းဆိုချင်တယ် ... အဲတော့ ဆရာဝန်ဖြစ်ပြီး အဆိုတော်လုပ်နေတဲ့ သူတွေအများ
ကြီးရှိတယ် ... တစ်ခါတစ်ရံမှာ ဖြစ်ချင်တာထက် ဖြစ်သင်တာကို အရင်ဦးစားပေးတာ သဘာဝကျပါတယ်နော် ...
အဲတော့ ကိုယ်ဘာဖြစ်ချင်လဲ အရင်သိထားဖို့လိုတယ် ... ရည်ရွယ်ချက်ပေါ့ ... နောက်တော့ ဖြစ်သင့်တာကိုအရင်လုပ်ပေါ့ ... “ ငယ်စဉ်အခါ ပညာရှာ ” တဲ့ ...
ငယ်ငယ်ရွယ်ရွယ်မှာ ဘယ်ပညာဖြစ်ဖြစ် သင်ထားသင့်တယ် ... အဲ စီးပွားရှာတဲ့ အရွယ်ရောက်တော့မှ ပညာရှာဖို့ဆိုတာ သိပ်မဖြစ်နှိုင်ဘူးလေ ... နောက်တော့ ပညာရှာရင်း
နဲ့ “ ကျွဲကူးရေပါ ” ဆိုသလို ပိုက်ဆံဆိုတာ အလိုလို လိုက်ပါလာတက်ကြတယ်ကွ ... ဘယ်မိဘမဆို ကိုယ်သားသမီးကို ပညာတက်ကြီး သိပ်ဖြစ်စေချင်ကြတယ် ... အဲဒါဘာဖြစ်လို့
လဲသိလား ... သူတို့ဖြတ်သန်းခဲ့တဲ့ အတွေ့အကြုံအရ ဖြစ်စေချင်ကြတာလေ ... ဥပမာကွာ ကိုယ့်အဖေ က အရက်သမားဆိုပေမဲ့ ကိုယ့်သားတွေကြတော့ အရက်သောက်တာ
သိပ်မကြိုက်ချင်ကြဘူး ... အရက်ဆိုတာ မကောင်းဘူးဆိုတာ သူတို့သိတယ် ဒါပေမဲ့ သူတို့ကိုယ်တိုင် ဖြတ်လို့မရနှိုင်ဘူးလေ ... အဲတော့ သူတို့မသောက်စေချင်တာ သိပ်တော့
မထူးဆန်းလှပါဘူးနော် ... မကောင်းဘူးဆိုတာသိရင် အစမလုပ်တာကောင်းတယ် ... “ လူဆိုတာ မကောင်းမှုမှာ မွေ့လျော်တက်၏ ” လို့ ဘုရားဟောတောင်ရှိတယ် ...
နောက်တစ်ခုက ကိုယ့်ကိုသူများခိုင်းရင် “ ကျွန် ” ဖြစ်သွားတယ် ... ကိုယ်ကသူများကိုခိုင်းရင် “ သခင် ” ဖြစ်သွားပြီလေ ... အဲတော့ ကိုယ်ကသခင်နေရာမှာ
မှာလား ကျွန်နေရာမှာနေမှာလား စဉ်းစားဖို့လိုလာတယ်ကွ ... အင်္ဂလိပ် လက်ထက်က ပညာတက်တွေဖြစ်လာအောင် တို့ဗမာ အစည်းအရုံး ဆိုပြီး စာကြည်တိုက်တွေထောင်လာကြ
တယ် ... နောက်တော့ ပညာတက်တွေများလာပြီး အင်္ဂလိပ်ကို တိုက်ခဲ့ကြတယ် ... “ သခင်မျိုးဟေ့ တို့ဗမာ ” ဆိုပြီး ဆောင်ပုဒ်တွေတောင် ပေါ်လာပြီး လွပ်လပ်ရေးရလာတယ်
ပေါ့ကွာ ... အဲတော့ ကိုယ်ကိုကိုယ် သခင်ဖြစ်အောင် ငယ်ငယ်လေးကတည်းက ကိုယ့်ကိုခိုင်းထားသင့်တယ် ... ကိုယ်က ပညာမတက်ဘဲ သူများတွေကို ခိုင်းဖို့ဆိုတာ မဖြစ်နှိုင်ဘူး
လေ ... ဘဝဆိုတာ တစ်ကယ်တော့ “ Life is long learning ” ဘဲ ... ပညာဆိုတာမကုန်နှိုင်ဘူး ...
ကိုကြီးဖတ်ထားဖူးတဲ့ ဆရာဦးအောင်သင်းရဲ့ စာလေးတစ်ပိုဒ်ပြောပြမယ် ... အမေးအဖြေလေးတစ်ခုပေါ့ ... ညီလေးတို့ စဉ်းစားရအောင်ပါ ...
မေး။ ဘွဲ့ရပြီးသူများ မကြီးပွားဘဲ ၁၀ တန်းမအောင်သူများ ၊ စာရေးတက်ဖတ်တက်သူများ ကိုယ်ပိုင်လုပ်ငန်းများတွင် အောင်မြင်နေပါသည် ၊ ဘာ့ကြောင့်လဲ တဲ့ ...

ဖြေ။ အဲတော့ ဘွဲရသူများ မကြိးပွားဘဲ (....... ) ဆိုတာ ကျွန်တော်ဆက်ဖတ်လိုက်ဦးမယ် ။ နောက်တစ်ခုက ယခုခေတ်တွင် ဝန်ထမ်းများ ဘာကြောင့် မကြီးပွားပါသလဲ
တဲ့ ... ။ ပညာတက်တဲ့လူက မကြီးပွာဘဲ ပညာမတက်တဲ့သူက ကြီးပွားတယ် ... ။ တစ်ခုရှိတာက အဲဒိမှာ ၂ပိုင်း ထားဖြေမယ်နော် ... ။ ပထမတစ်ခုက ကြီးပွားတဲ့နေတဲ့လူကို ဘွဲ့
မရတာဘဲသိတာ ... ။ သူမှာပညာတက်နေတဲ့ အပိုင်းတွေရှိတယ် ... ။ ပညာဆိုတာ စာတွေသာ မဟုတ်ဘဲကို ... ။ ကိုင်း ... မော်တော်ကား ဘော်ဒီထုတက်တာ ပညာမဟုတ်ဘူးလား ... ။ ဒါမှမဟုတ် ၊ သူကုန်သွယ်ခြင်းအတက်မှာ တက်ချင်တက်နေမှာပေါ့ ... ။ ဒီဘွဲ့ရတဲ့သူက ဈေးရောင်းပါဆိုတော့ အုန်းသီးကို ကိုက်တောင်နဲ့ ရောင်းတော့ ဘယ်နဲ့လုပ်မလဲ ...။
ဟုတ်လား ... ။ ပြောချင်တဲ့ အဓိပ္ပါယ်က သူမှာ သက်ဆိုင်ရာ အတက်ပညာတွေ ရှိလိမ့်မယ် ... ။ သတိထားပါ ၊ သူကြီးပွားထိုက်လို့ ကြီးပွားတာ ... ။ အဲဒါကြောင့် ကျွန်တော်ပြော
ချင်တာ အခိုက်အတန့်ဆိုတာ ရှိစမြဲချည်းဘဲ ... ။ အဲဒိအချိန်အခါမျိုးမှာ ဒီအတိုင်း ဖြစ်တက်ပါတယ် ... ။ ဒါကြောင့် ကျွန်တော် စာပေဟောပြောပွဲတွေမှာပြောတယ် ။ ကလေးတွေကို
ပညာနဲ့ ဥစ္စာဟာ ဥစ္စာသမားဟာ သိပ်ပြီးတော့ ရှေ့ကိုရောက်နေရင် ၊ အဲခေတ်က သိပ်မတည်ငြိမ်သေးဘူးမှတ် ။ ပညာသမားကို ဥစ္စာသမားက ဘယ်တော့မှ ပစ်ထားလို့မရဘူး ...။
ဒါကြောင့်မိုလို့ အနောက်နိုင်ငံမှာ ကြီးပွားပေ့ဆိုတဲ့ လူတွေသည်ဘာလုပ်တယ်ထင်သလဲ ... ။ ရော့ကာဖဲလား ဘာညာဆိုတဲ့ ချမ်းသာတဲ့လူတွေရှိတယ် ။ ဘယ်လောက်ချမ်းသာ
သလဲဆို သူ့စက်ရုံကြီးက ဖုတ် - ဖုတ် - ဖုတ် နဲ့ ၊ တစ်ဖုတ်ကို ဘယ်နှဒေါ်လာဆိုလား ဝင်လာတယ် ။ အဲလောက်ထိ ဝင်ငွေများတာ ... ။ အဲလိုလူတွေက ပညာတက်တဲ့သူတွေကို သုံးတာ ၊ ပိုက်ဆံ ပုံပေးပြီး ဒီမော်တော်ကား မော်ဒယ်ထုတ်စမ်း ၊ ဒီဇိုင်းထုတ်စမ်း ၊ အင်ဂျင်ကို ပိုကောင်းအောင် ဘယ်လိုလုပ်စမ်း ၊ အဲလိုသုံးတာ ... ။ ဟစ်တလာ အာဏာရှိတာ ဘယ်
သူ့ကိုသုံးသလဲ ၊ ပညာရှင်တွေကိုသုံးတာ ၊ သဲကန္တာရထဲမှာ မော်တော်ကားတွေ ရေမရှိလို့ မောင်းလို့မရဘူး ... ။ “ မင်းတို့ ရေမပါဘဲနဲ့ မော်တော်ကားမောင်းလို့မရဘူးလား ၊ အဲဒါ
အခုရှာ ” ရှာလိုက်တဲ့ ဥစ္စာဟာ စစ်ပြီးမှ လာတွေ့တယ် ... ။ ဗောက်စ်ဝပ်ဂွန်း ။ ပညာသမားကို ပစ်ထားလို့ မရဘူး ။ ခေတ်တည်ငြိမ်လာလေလေ ၊ ပညာသမား ရှေ့ရောက်လာလေ
လေ ဆိုတာသဘောပေါက်ပါ ... အဲဒိပညာသမားကလည်း ကြီးပွား ချမ်းသာရေးနောက်ကို လိုက်ရင် ကြီးပွား ချမ်းသာလာနှိုင်ပါတယ် ... ၊ အခိုက်အတန့် အတောအတွင်းမှာ ယာယီ
ကို ယာယီလို့ သဘောထားပါ ။ နောက်မေးခွန်း တစ်ခုက ယခုခေတ်တွင် ဝန်ထမ်းများ ဘာကြောင့်မကြီးပွားသလဲတဲ့ ၊ လာဘ်မစားလို့ပါ ။ ဝန်ထမ်းများ မကြီးပွားဘူးလာဆိုတော့
ကြီးပွားတဲ့ ဝန်ထမ်တွေ ကြီးပွားနေတာဘဲ ကျွန်တော်ရေးလိုက် အာကီရာကူရိုဆာဝါ ဆိုတာ ကျွန်တော့် ဆောင်းပါးထဲက ဟာကိုဘဲ ပြန်ညွှန်းလိုက်ရဦးမယ် ... ။ အာကီရာ ကူဆာ
ဝါဆိုတာ ရုပ်ရှင်ဒါရိုက်တာကြီး ၊ သိပ်နာမည်ကြီးတယ်... ။ ရုပ်ရှင်ကား ၃၀ လောက်မှာ ၂၀ လောက်ဟာ ကလပ်စ်စစ်ဖြစ်သွားတယ် ... ။ သူ့ကို မစ္စတာ ခရစ်ရှာ ဆိုတာက အင်တာ
ဗျူးလုပ်တယ် ... ။ လုပ်တဲ့အခါကျတော့ “ မစ္စတာ ကူရိုဆာဝါတဲ့ .. ခင်ဗျားရဲ့ ရုပ်ရှင်ကားတွေ အကုန်လုံးဟာတဲ့ ဘာစကားတွေ ပြောချင်လို့လဲ ၊ ဘာအကြောင်းကို ပြောဖို့ဆိုတာ
မူတည်ပြီးတော့ ရိုက်ပါသတဲ့လဲတဲ့ ... ” မေးတဲ့အခါကြတော့ “ ကျွန်တော်ပြောချင်တာ တစ်ချက်တည်းပါဘဲ ၊ လူတွေဟာ ဒီထက်ပိုပြီးတော့ ပျော်ပျော် ရွှင်ရွှင် ကြည်ကြည်နူးနူးနဲ့
နေနှိုင်ပါလျက်နဲ့ ကိုယ်ဘာသာကိုယ် သောက ရောက်အောင် လုပ်နေတာကိုပါဘဲ ” တဲ့ ၊ “ ကောင်းပါပြီ ” ခင်ဗျား ဂျပန်နဲ့ပါတ်သက်ပြီး ဘာပြောချင်ပါသလဲ ” တဲ့ ၊ “ ကျွန်တော်တို့
ဂျပန်ပြည်မှာ လာဘ်ပေးလာဘ်ယူ လာဘ်စားမှုတွေ များနေပါတယ် အဲဒိဥစ္စာ လူတွေဟာ ကိုယ်နဲ့မဆိုင်သလို လက်ပိုက်ပြီး ကြည့်နေကြတယ် တဲ့ ၊ အဲဒိဥစ္စာကို ကျွန်တော် ပြောပါ
မယ် ၊ ဒါဟာ အန္တရာယ် ဖြစ်လိမ့်မယ် ” တဲ့ ဘယ်တုန်းက ပြောလိုက်တာလဲဆိုရင် ၇၆ ခုနစ်လား ၊ ၇၇ ခုနစ်လား မသိဘူး ၊ အဲဒိမှာပြောတာ ... ။ ခုကြည့်စမ်း ၊ ဂျပန်ပြည်မှာ လာဘ်
စားလိုက်တာ ဝန်ကြီးချုပ်ကအစ ရုံးတင်ရတဲ့အပိုင်း အထိ ဖြစ်ကုန်လေရော ... ။
ခုထိဖတ်ပြီးရင် ကိုယ်ကိုတိုင်ပြန်စဉ်းစားကြည့်နော် ... ကိုယ်ဘာလိုနေလဲ ... ကိုယ်ဘာလုပ်ချင်လဲ ... ကိုယ်ဘယ်နေရာမှာလဲ ... ဆိုတာ ကိုယ့်ကိုကိုယ်
မေးခွန်းထုတ်ကြည့်ပေါ့နော် ... ကိုယ့်စိတ်ကို ကိုယ်လိမ်လို့မရပါဘူးနော် ... မကောင်းမှုဆိုတာ စိတ်ကွယ်ရာမရှိပါဘူးလေ ...်ညီလေးတို့စဉ်းစားကြည်ပေါ့နော် ... ကိုကြီးကတော့ ဆရာတက္ကသိုလ် ဘုန်းနိုင် ပြောသလို “ ငါ့စာဖတ်၍ မမြတ်တိုင်စေ မရှုံးစေသား ” ပေါ့ကွာ ... ပါလာတဲ့ စာအုပ်လေးတွေလဲ ဖတ်ကြည့်လိုက်ပေါ့နော် ...

အဝေးမှ ညီများသို့ ... ( 31.1.2010 )

No comments:

Post a Comment

အကျင့်ဆိုး ...