ဆရာကြီးသခင်ကိုယ်တော်မှိုင်းသည် မြန်မာ့လွတ်လပ်ရေး ကြိုးပမ်းမှုသမိုင်းတွင် ထင်ရှားသော စာပေ
ပညာရှင်ကြီးဖြစ်ပေသည် ။ ဆရာကြီး၏ ဒေါင်းဋီကာသစ်မှာ မြန်မာလွတ်လပ်ရေးတိုက်ပွဲ တစ်ခန်းကို ဆရာကြီးက သမိုင်းဝင်မော်ကွန်တင်ခဲ့သော စာအုပ်ဖြစ်ပေသည် ။
၁၉၁၉ ခုနစ်၌ ဦးထွန်းရှိန် ၊ ဦးဘဖေ ၊ ဦးပု တို့သုံး
ယောက်ကို မြန်မာကိုယ်စားလှယ်များအဖြစ် အင်္ဂလန်သိုစေလွှတ်ပြီး လွတ်လပ်ရေးအတွက် အရေးဆိုစေခဲ့
သည် ။ ဤကိုယ်စားလှယ်သုံးဦး၏ “ အရေးဆိုပွဲကို မြန်မာတစ်နိုင်ငံလုံးက ဝိုင်းအုံထောက်ခံကြ ” ဟူ၍ဆရာ
ကြီးက ဒေါင်းဋီကာသစ်ကိုရေး၍ တိုက်တွန်းလှုံဆော်ခဲ့ခြင်းဖြစ်ပေသည် ။
၁၉၁၉ ခုနစ် မြန်မာနိုင်ငံ ပါတ်ဝန်းကျင်အခြေအနေကို ပြဆိုသည်အနေဖြင့် သူရီယသီတင်းစာတွင်
စာပေဆောင်းပါးများ ရေးသားလှုံ့ဆော်ပေးခဲ့သည် ။ ယင်းဆောင်းပါးများကိုစုပေါင်း၍ ၁၉၂၀ ပြည့်နှစ်ခန့်က
ပုံနှိပ်ထုတ်ဝေခဲ့သည် ။ ဒုတိယအကြိမ် ပုံနှိပ်ထုတ်ဝေခြင်းကိုမူ ၁၉၂၉ ခုနစ်မှာပင် ဒေါင်းဋီကာဖွင့်ဆိုရှင်းပြ
သည့် ဒေါင်းပဏ္ဍနကို စတင်ပုံနှိပ်ထုတ်ဝေခဲ့ပြန်သည် ။ မြန်မာကိုယ်စာလှယ်တော်ကြီးသုံးဦးကို မြန်မာပြည်သူ
အားလုံးက သိမ်းကြုံးထောက်ခံကြရန် မဟာကဗျာလေးချိုးကြီးဖြင့် ဂုဏ်ပြုစပ်ဆိုခဲ့ပေသည် ။ ဒေါင်းဋီကာသစ်
စာအုပ်မှာ ဆရာကြီးအနေဖြင့် လွတ်လပ်ရေးကိုတောင်းဆို ကြွေးကြော်လှုံ့ဆော်ရာတွင် ပါဝင်နေကြဖြစ်သော
ဆရာကြီး၏ကာရံညှပ်စကားပြေ ၊ လေးချိုး ၊ တေးထပ် ၊ ဒွေးချိုးစသည်တို့ဖြင့် အားဖြည့်ရေးသားထားပေ
သည် ။ ဆရာကြီးသည်ကျမ်းပေါင်း ၁၂၉ ကျမ်း ၊ ရာဇဝင်လာထင်ရှားသော ပုဂ္ဂိုလ်ကျော် ၁၁၂ ကျမ်း ၊ စာဆိုရှင်
၈၆ ဦး အကြောင်းများကိုရေးသားပြဆိုထားသည် ။ လေးချိုး ၊ ဒွေးချိုး ၊ တေးထပ် စုစုပေါင်း ၂၄ ပုဒ်မျှ ထည့်
သွင်းထားပေသည် ။
ဆရာဇော်ဂျီက ဆရာကြီး၏ဇာတိမာန် ၊ နိုင်ငံချစ်စိတ်ဓါတ် ၊ မြန်မာနိုင်ငံအပေါ်ထားရှိသော စေတနာ
ကိုအောက်ပါအတိုင်း ဖော်ပြထားပေသည် ။
“ ဆရာကြီးစာနှင့် မြန်မာ့ဝံသာနုလုပ်ငန်းတို့သည် တစ်လှေတည်းစီး တစ်ခရီးထဲသွားသကဲ့သို့
ဖြစ်လေသည် ။ ဆရာကြီးသည် ရှေးစာဆိုများကဲ့သို့ တော ၊ တောင် ၊ ရေ ၊ မြေ ၊ သစ်ပင် ၊ ပန်းမန်အစရှိသော
သဘာဝအလှအပကိုသာ ဖွဲ့ဆိုခြင်း၌ လည်းကောင်း ၊ မယ်ဘွဲ့ ၊ မောင်ဘွဲ့ ၊ အလွမ်းဘွဲ့ စသည်တို့ကိုသာ ဖွဲ့
ဆိုခြင်း၌ လည်းကောင်း စိတ်အာရုံမစူးစိုက်လိုတော့ပြီ ။ မြန်မာနိုင်ငံ၏ လက်ရှိအခြေအနေတို့၌သာလည်း
ကောင်း ၊ မြန်မာနိုင်ငံ၏ ကံကျမ္မာကို ဖန်တီးကြသည့် အင်အားစုများ၌သာလည်းကောင်း ၊ မြန်မာ့တိုင်းသူ
ပြည်သားတို့ ဇာတိမာန်စိတ်ဓါတ် ပြန်လည်ရရှိရေး၌သာလျှင် လည်းကောင်း ၊ စိတ်အာရုံစူးစိုက်နေသည်ဟု
ဆိုရာသည် ။ ” ဆရာကြီး၏ ဇာတိမာန် ၊ နိုင်ငံချစ်စိတ်နှင့်တကွ မြန်မာပြည်ပေါ်၌ထားရှိသော ဆရာကြီး၏
ဒေါင်းဋီကာသစ်မှအစပြု၍ ထင်ရှားသည်ထက်ထင်ရှားလာလေသည် ။
မှတ်ချက် ။ ။ ဆရာတက္ကသိုလ်တင်ခ၏ မြန်မာစာမြန်မာမှုကိုပြုစုပျိုးထောင်ခေါင်းဆောင်ခဲ့ကြသူများစာအုပ်မှထုတ်နှတ်
တင်ပြခြင်းဖြစ်သဖြင့်မူရင်းအရေးအသားအတိုင်းဖြစ်ပါသည် ။ တစ်စုံတစ်ရာမှားယွင်းခဲ့ပါမူကျွန်ုပ်၏အမှားသာ
ဖြစ်ပါကြောင်းဝန်ခံအပ်ပါသည် ...
Subscribe to:
Post Comments (Atom)
-
အခါတစ်ပါး၌ မြတ်စွာဘုရားသည် သာဝတ္ထိပြည် အနာ ထပိဏ်သူဌေး၏ နှလုံးမွေ့လျော် ပျော်ဖွယ်ရာဖြစ်သော ဇေတဝန် ကျောင်းတော်၌ သီတင်းသုံးနေထိုင်...
-
စကား စကား ပြောပါများ စကားထဲက ဇာတိပြ ၊ တရား တရား ဟောပါများ တရားထဲက ပါဠိရ ဆိုသော စကားတစ်ခွန်းရှိသည် ... လူ့လောကတွင် လူသားတစ်ယောက်အဖြစ် အ...
No comments:
Post a Comment