Sunday, 7 March 2010

ကျွန်တော်တက်ခဲ့ရတဲ့ကျောင်း ...

ကျွန်တော်တက်ခဲ့ရတဲ့ကျောင်း …
တစ်ကယ်တော့ဘဝမှာ “ လက်ဦးဆရာမည်ထိုက်စွာ ပုဘာစရိယ မိနဲ့ဖ ” ဆိုတဲ့ စကားအတိုင်း
မိဘရဲ့ အရိပ်အာဝါသ မှာ ကျောင်းစတက်ခဲ့တယ် … အဲသည်မှစ၍မူလတန်းကျောင်း ၊ အထက်တန်းကျောင်း ၊ တက္ကသိုလ်စသဖြင့်ကျောင်းတက်ခဲ့ရတယ် … ခုတော့ဘဝဆိုတဲ့ကျောင်းမှာ အညံဆုံးကျောင်းသားအဖြစ် ကျောင်းဆက်တက်နေခဲ့တယ် … ဘာဖြစ်လို့လဲဆိုတော့ ကျောင်းပြီးသွားမှဘဲ ဘဝသင်္ခန်းစာတွေကိုလေ့ လာသင်အံရင်း ငယ်ငယ်ကပေါ့ပေါ့နေပေါ့ပေါ့စားတက်တဲ့အကျင့်ကြောင့် ဒုက္ခပင်လယ်ပြင်မှာ လက်ပစ်ကူးနေရလို့လေ …
တစ်ခါတစ်ရံမှာ လူတွေကသင်အံလေလာမှုတွေကို လစ်လျူရှုတက်ကြတယ် … တစ်ကယ်တော့
ငယ်ငယ်ကသင်အံလေ့လာမှုတွေထဲမှာ ပါတဲ့ ကဗျာလေးတွေ စာလေးတွေဟာ ဘဝနေထိုင်မှု တိုက်ပွဲမှာ
တိုက်နှိုင်ဘို့အတွက် လက်နက်တွေဖြစ်တယ်ဆိုတာ ကျွန်တော်တို့မသိခဲ့ကြ … မှတ်မှတ်ရရ အမည်မသိ
ရှေးစာဆိုရေးခဲ့သော “ ထိပ်ဆုံးသို့ ” ကဗျာလေးကို ကြည့်မယ်ဆိုရင် …
တစ်တောင်ပေါ် တစ်တောင်ဆင့်
တောင်အမြင့် ပတ်ခြံရံ
တစ်တောင်ဆုံး ပြန်တော့
တစ်လုံးပြန်ကျန် ပြန်ပေသမို့
အဖန်ဖန်လေ အားအင်နှိုးလို့ရယ်
ကြိုးလျှောက်ရပြန်။ ” တဲ့ …
ဘဝမှာဖြစ်ပေါ်လာမဲ့ လောကဓံ တိုက်ပွဲတွေကို တိုက်နှိုင်ဖို့အတွက် အားအင်ဖြစ်စေမဲ့ ကဗျာလေးတစ်ပုဒ်
ပါ ။ ဘဝဆိုတဲ့ ဒုက္ခတောင်ဆိုတာ ပြီးတယ်လို့မရှိပါဘူးနော် … နိမ့်လိုက်မြင့်လိုက်နဲ့ လောကဇာတ်ခုံပေါ်
မှာလျောက်နေရတယ်မဟုတ်ပါလော … ဒုက္ခဆိုတာပြီးဆုံးတယ်ဆိုတာ မရှိပါဘူး … ကိုယ့်ကိုကိုယ်အာတင်း
ရင်းမပြီးဆုံးနှိုင်သေးတဲ့ သံသရာမှာလျောက်နေရဆဲပဲလေ … ဆရာတော် ဦးဉာဏိဿရဟောခဲ့ဘူးတဲ့တရား
ထဲကစကားလေးတစ်ခွန်းလိုပါဘဲ …“ Whatever we need , Whatever we want . We don't get it ! It is suffering . ” တဲ့ … ကျွန်ုပ်တို့ ဘာဘဲ ရချင်ရချင် ၊ ကျွန်ုပ်တို့ လိုချင်လိုချင် ၊ ကျွန်ုပ်တို့မရ ဌင်းသည်ဒုက္ခ
ဖြစ်သည်တဲ့…အဲဒုက္ခ ဆိုတာကြီးကို အဲဒိကဗျာလေးအတိုင်း ရင်ဆိုင်တိုက်ခိုက်နေကြရသည် မဟုတ်ပါလော…
တခါတလေ တကယ်ပန်းတာကြောင့်
တော်ပါပြီ ဆက်မလှမ်းချင်ဘု
ရပ်တန်းက ရပ်မယ်ကြံ။
အမှန်တော့ ဖြစ်နိုင်မလား
ခဲ့မိဟာပေါ့
တစ်နေ့မှာ ဆုံးရာရောက်ပါလိမ့်
အားလျှော့ကာ ဆုတ်ချင်စမ်းပါနဲ့
စိတ်နွမ်း အသာဖြေဦး။ ” တဲ့ …
တစ်ခါတစ်လေစိတ်ပျက်စရာ စိတ်ညစ်စရာများကြုံလာတဲ့အခါ လောကကြီးကိုစိတ်ပျက် စရာအဖြစ်လည်းမြင်
တက်ကြတယ်သည် … ဘယ်လိုဘဲစိတ်ပျက်စိတ်ပျက် ဆက်လက်လျှော်လှမ်းရမည်သာ … စိတ်ပျက်စရာများ
ကို အာအင်အဖြစ်မွေးမြူကြရမည်သာ … ဘယ်တော့ပြီးမလဲ စောင့်ဆိုင်းနေထာထက် ကိုယ်လုပ်စရာရှိသည်
များကို ဆက်လက်လုပ်သွားရန်သာရှိသည် … ဘဝဆိုသော အချိန်တစ်ခုကိုရပ်တန့်နှိုင်စွမ်းမရှိပေ ။ နာရီကို
ဈေးကြီးကြီးပေး၍ ဝယ်ဝတ်လို့ရ၏ … အချိန်ကိုကား ဝယ်၍မရနှိုင်ပေ … နာရီပိုင်ရှင်အားလုံးလည်း အချိန်ကို
မဝယ်နှိုင်သေးပေ … ထို့ကြောင့် စိတ်ပျက်စရာများကို စိတ်ချမ်းသာစရာများ ဖြင့် စိတ်နွမ်း ( နွမ်းညစ် ) နေ
သောစိတ်များကို ဖြေဖျောက်ရရန်သာရှိသည် …
ကျွန်ုပ်တိုတက္ကသိုလ် ကျောင်းတက်စက စိတ်ပျက်မိ၏ … မိမိတို့တက်လိုသောကျောင်းကား
ရန်ကုန်တက္ကသိုလ် … တကယ်တမ်း အထက်တန်းအောင်မြင်ကာ တက်ရသောကျောင်းကား ဒဂုံတက္ကသိုလ် ဖြစ်နေပေပြီ … ထိုတက္ကသိုလ်တက်ရ၍လည်း ကနဦးစိတ်ပျက်မိ၏ … ယင်းကား ကျောင်းသည်လယ်ကွင်း
ပြင်ထီးထီးတွင်ရှိ၏ … နောင်တွင်ကျောင်းတက်ရင်း မိမိတက်ခဲ့သောကျောင်း၏ စိမ်းမြသောလယ်ကွင်ပြင်များ၊
သန့်ရှင်းလတ်ဆက်သော လေနုအေးများကြောင့် စိတ်အင်အားကို တဖန်တိုးပွားလာစေခဲ့သည် … မိမိတို၏
ကျောင်းများမည်မျှပင်ဝေးစေကာမူ ကျောင်းသားအလုပ်ကျောင်းသားလုပ်ရန်သာရှိသည် ဟူသောအားအင်ဖြင့်
ကျောင်းဆက်တက်ခဲ့ရသည် … ကျောင်း၏ပျော်ရွှင်စရာများ ကျောင်းသားဘဝ၏ လွတ်လပ်ပျော်ရွှင်မှုများကား
ယနေ့တိုင်အမှတ်ရလျက်ရှိ၏ …
မာလာငွေ ကန်ရေအေးရယ်နှင့်
ငှက်တေးကို အာရုံဆင်လို့
မူတသွင် အားအင်သစ်လိုက်ပါ့
ချစ်ဖွယ့်လူသား။ ။ ”
ယင်းသို့စိတ်ပျက် စိတ်ညစ်စရာများကို စိတ်ချမ်းသာစရာများနှင့်အစားထိုးကာ မပြီးဆုံးသေးသောဘဝ ကျောင်းတော်ကြီးကို ဆက်လက်တက်ရောက်၍ အားသစ်အင်သစ်မျာမွေးမြူကာဆက်လက်လျောက်လှမ်း ရပေးဦးမယ် … သို့မှသာ ချစ်ဖွယ့်လူသားများဖြစ်လာမည် မဟုတ်တုန်လော …

No comments:

Post a Comment

အကျင့်ဆိုး ...