Sunday, 7 March 2010

ချစ်သူရယ် သိစေချင်လိုက်တာ ...

“ အချစ်စစ်ဟာ ကြိုခင်းထားတဲ့ပန်းခင်းမဟုတ်မှန်း ဒို့မျက်ရည်ကိုမြင်ရင်မင်းသိပါတယ် ...
ချစ်ခြင်းနဲ့ဘဝကိုခွင့်ရှိတဲ့ သူလို ဒို့ကကံကောင်းတယ်ဆိုရင်မင်းနဲ့နီးမယ် ...
တောတောင်ပင်လယ်တွေတောင် အချစ်နဲ့ကျော်ဖြတ် လေးဖက်မှာအမှောင်နံရံတွေဒို့နှစ်ယောက်ရဲ့ကြား ...


အယူအဆနဲ့အတိုင်းအဝိုင်းခြားနားချက်များ ... ဒို့ဝေးအောင်ဖျောက်ဖျက်လိုက်တဲ့မှားသည်ကံတရား ...
အို ... ဖုန်းဆက်လို့မရ ... လူကြုံပါးလည်းမရ ... အရင်ကလိုဆုံရန်အရေးကြီးမျှော်နေတယ်မင်းကို ...
ရင်မှာနာကြည်းချက် တစ်ခုခုတောင်မရှိပဲနဲ့ အချစ်များစွာမျှော်လင့်ရင်းနဲ့ ဒို့ဆုတောင်းနေမယ် ...
ကိုယ်မင်းကိုသတိရရင် လျှောက်လည်ဖူးတဲ့နေရာတွေမှာ ငါမင်းကိုတွေ့နေပါတယ် အနားမှာမရှိလည်း ...
အချိန်အတိုင်းအတူရှိနေတယ် အိမ်မက်ထည်းလည်းညစဉ် တို့လွမ်းသလိုမင်းပါမျှော်နေ လွမ်းမယ်ထင်တယ် ...
ကိုယ်မင်းကိုသတိရရင် ကိုယ်လျှောက်လည်ဖူးတဲ့နေရာတွေမှာ မင်းအရိပ်တွေတွေ့နေပါတယ် ...
အနားမှာမရှိလည်း တို့မဝေးဘူးတို့ယုံတယ် အို ... အိမ်မက်ထဲလည်းညစဉ် တို့လွမ်းသလို မင်းမျှော်နေ လွမ်းမယ်ထင်တယ် ...
မမေ့ဘူးထင်တယ် ... ”

ဪ ... အချစ် ... ချစ်သူများနေ့ရောက်တာတောင် သူများတွေလို့မပျော်နှိုင် ... ဒီသိချင်းလေးအတိုင်း
ချစ်သူကို နားဆင်စေချင်လိုက်တာ ... သူကတော့ အဝေးမှာ ကိုယ်က ရေခြားမြေခြား ... ဘဝဆိုတာ မတူညီတာတွေ
ပေါင်းစပ်ဖြစ်ပေါ်ရင်း လိုအပ်ချက်တွေကို ဖြည့်ဆည်းရင်း အချိန်ဆိုတဲ့ ဘဝတစ်ခုကို ဖြတ်ကျော်ရမှာဘဲလေ ...
ချစ်သူရယ် ကိုယ့်ခံစားချက်တွေမင်းသိရင် ... မင်းကိုဒုက္ခပေးသလို မဖြစ်နှိုင်ကောင်းလောက်ပါဘူးနော် ...
ဘာဖြစ်လို့လဲ သိလား ... ကိုယ်မင်းကို အရမ်း ... ချစ်လို့လေ ... လွမ်းဆွေးမှုတွေကို ထမ်းပိုးရင် ဘဝဆိုတာကြီးကို
တို့နှစ်ယောက်ဖြတ်သန်းကြမယ်နော် ... နားလည်မှုတွေနဲ့ပေါ့ ...
ဒီသီချင်းလေးနားထောင်ချင်ရင် ဒီမှာ ဒေါင်းလုပ်ယူလိုက်နော် ...
http://www.mediafire.com/?mmjqjodjmhm

No comments:

Post a Comment

အကျင့်ဆိုး ...