Sunday, 7 March 2010

စိတ်ချမ်းသာဖို့လိုရင်းပါ ...

လယ်သမားတစ်ယောက်ရဲ့မြည်းလေးတစ် ကောင်ဟာ အကာအရံ မရှိတဲ့ လယ်ထဲက ရေတွင်းထဲ
ကျသွားတယ်။ မြည်းလေးဟာ ရေတွင်းထဲကနေ အော်အော်ပြီးတော့ သူ့ သခင်ကိုခေါ်တယ် ။
လယ်သမားကြီးဟာ ဘာလုပ်ရမလဲလို့တွေးတယ်။ နောက်ဆုံးတော့ လယ်သမားကြီးက စဉ်းစားတယ်။

ဒီမြည်းဟာ အိုလည်းအိုနေပြီ။ ရေတွင်းကလည်းမသုံးတာကြာတဲ့ရေတွင်းဟောင်းကြီး
ဖို့ပစ်တာကောင်းတယ်။ ဒီမြည်းကို ဆွဲတင်နေလို့မထူးဘူး။ အဲဒီလိုတွေးပြီးတော့
သူ့သူငယ်ချင်း လယ်သမားတွေကိုသွားခေါ်လာတယ်။ တစ်ယောက် ပေါက်ပြားတစ်လက်ဆီ
ယုူလာကြတယ်။ မြေကြီးတွေ တူးပြီး ရေတွင်းကို ဖို့ကြတယ်။
မြည်းလေးဟာ သူ့ကို မြေဖို့နေပြီဆိုတာသိတော့ ကြောက်ပြီး အသံကုန်အော်တယ်။
နောက်မကြာခင် မြည်းအော်သံတိတ်သွားတယ်။
တော်တော်ကြာတော့ လယ်သမားကြီးဟာ ရေတွင်းထဲ ငုံ့ကြည့်တယ်။ သူမြင်ရတာကို
အံ့သြသွားတယ်။ မြေကြီးတစ်ကော်စာ ဖို့လိုက်တိုင်း မြည်းလေးဟာ မြေကြီးတွေကို
ခါချလိုက်ပြီး မြေကြီးပေါ် လှမ်းတက်လိုက်တယ်။ ရေတွင်းပြည့်ခါနီးတော့ မြည်းလေးဟာ
ရေတွင်းပေါ်ခုန်တက်ပြီးတော့ အားရဝမ်းသာ ခုန်ပေါက်ပြီး ပြေးတော့တယ်။ လယ်သမားတွေက
မြည်းလေးကိုကြည့်ပြီး သဘောကျလို့ တဟားဟားနဲ့ အားရပါးရ ရယ်ကြတော့တယ်။
ကိုယ့် ဘ၀ အခြေအနေဟာ ကိုယ့် ကျောပေါ်ကို မြေတွေပုံမယ်။ ဒုက္ခကနေ
လွတ်အောင်လုပ်နည်းက ခါချပြီး တစ်လှမ်းတက်ဖို့ပဲ။ ဖို့လိုက်တဲ့မြေကြီးဟာ
ကျောပေါ်မှာ မနေဖို့ပဲလိုတယ်။ ဖို့သမျှမြေကြီးဟာ ခြေထောက် အောက်ကို
ရောက်သွားရမယ်။
(ဆရာတော် ဦးဇောတိက - စိတ်ချမ်းသာဖို့လိုရင်းပါ (စာမျက်နှာ ၁၅၁-၁၅၂))

No comments:

Post a Comment

အကျင့်ဆိုး ...