တစ်နေ့သ၌ ကျွန်ုပ်သည် ဘာအံသို့အလည်ကိစ္စဖြင့်ခရီးသွားပြီး အပြန်တွင်ဖြစ်သည် …ကျွန်ုပ်သည် ဘာအံမှနေ၍ ရွှေနဒီဟူသော လွန်စွာငြိမ့်ညောင်းသော Express ကားကြီးဖြင့်ရန်ကုန်မြို့တော်
ဆီသို့ပြန်လာခဲ့လေသည် … ကြီးမားခိုင်ခံလှသော သံလွင်တံတားကြီးကိုဖြတ်၍ လှပလှသော ကရင်ပြည်နယ်၏ရှုမျှော်ခင်းများမှာ အလွမ်းဓါတ်ခံရှိသူအဖို့လွမ်းဆွေသယောင် ရှိလှ၏ … အတိတ်က ကျွန်ုပ်အလုပ်ကိစ္စဖြင့်အခေါက်ခေါက်အခါခါ ခရီးသွားလာစဉ်က ဤသို့ရှုခင်းများအား သိပ်ခံစားမှုမရှိခဲ့ … ဘဝဆိုသည်မှာလည်း ကရင်ပြည်နယ်၏ ကျက်သရေဆောင် သံလွင်မြစ်ရေကဲ့သို့စီးဆင်းမြဲသာ စီးဆင်းလျက်ရှိလေသည် … ထို့သို အတွေးများ၏ အနောက်သို့ခရီးဆန့်နေခိုက် သထုံမြို့အနီး ဝါးပါးရေလှောင်တမံအနားအရောက်တွင်ဖြစ်သည် “ ဖောင်း ” ဟူသောအသံနားထဲသို့ဝင်လာ၏ … ရုတ်တရက်မို့လို့လားမသိ ကြောက်စိတ်အနည်းငယ်ကြီးစိုး သွားခဲ့သည် …
ညကလည်းညီအကိုမသိတသိအချိန် ယခင်က ဤနေရာ ဤဒေသမှာ လက်နက်ကိုင်များကြီး
ဆိုးခဲ့သောဒေသ၊ စိတ်ကူးကောင်းတုန်း ရုတ်တရက်ဝင်လာသောအသံကိုသေချာစေရန်သုံးသပ်လိုက်သော
အခါမှ လားလား ကျွန်ုပ်စီးလာသော Express ကားကြီးမှာလေအိပ်ပေါက်သွားကြောင်းသိရသည် … ကား
မောင်းသမားမှာလည်း သေချာစေရန်အလိုငှါ ကားကိုလမ်းဘေးသို့ထိုးရပ်လိုက်လေသည် … ကျွန်ုပ်လည်း
ကားအကြောင်းမတောက်တခေါက်တက်သဖြင့်လေ့လာရန်အလို့ငှါ လိုက်ဆင်းလိုက်လေသည် … ထို့နောက် ကျွန်ုပ်မှာလည်း တစ်လမ်းလုံးလွယ်ပိုးထားရသော အပေါ့သွားခြင်းကိစ္စကို ဦးစွာပြုလုပ်ပြီး ထိုကားသမားများအကြားဝင်ရောက်ခဲ့လေသည် … ကားသမားမှာလည်း စိတ်ညစ်ခြင်းကြီးစွာဖြင့် “ ဒီလေအိပ်ကွဲတာ နှစ်ခါသုံးခါဖြစ်နေပြီ ဘာဖြစ်လို့လဲမသိဘူး ” ဟူ၍ … ထိုစဉ်အုံနာဖြစ်ဟန်ရှိသောသူက “ အေးကွ … ငါလည်းဟိုကောင်တွေစစ်ခိုင်းထားတာ ဒီကောင်တွေသေချာမစစ်ဘူးထင်တယ် ” ဟူ၍တစ်ယောက်တစ်မျိုးထင်ကြေးပေးနေကြလေသည် …
ကျွန်ုပ်မှာလည်းထိုကားကိုစီးလာသောခရီးသွားတစ်ဦးဖြစ်သည့်အားလျော်စွာ အချိန်ကျန့်ကြာ နေမည်စိုးသဖြင့် ဝင်ရောက်အကြံပေးမိလေသည် … ကျွနု်ပ်ပေးမိသောအကြံမှာကား “ အကိုတို့ ဒီလိုပြောနေလို့ဒီလေအိပ်ကတော့ပြန်ကောင်းလာနှိုင်ဖို့မမြင်ဘူး … အကိုတို့မှာလေအိပ်အပိုများပါသလားမသိဘူး … ”ထိုစဉ်အုံနာဖြစ်ဟန်ရှိသောသူက “ မပါဘူးညီလေးရ … အကိုတို့လည်းမေ့လာတယ် ... ” ကျွန်ုပ်မှာလည်း “ မပါလာရင်ဖြင့် အကိုတို့ဒီကားကိုသထုံရောက်အောင်ထိန်းမောင်းလို့မရဘူးလား … ကျွန်တော့အထင်ကတော့ ထိမ်းမောင်းလို့ရနှိုင်ကောင်းပါရဲ့ … အကိုတို့ဘယ်လိုသဘောရလည်းမသိဘူး ” ဟူ၍ … ထိုစဉ်ကား
မောင်းသောသူမှာလည်း “ ဟုတ်တယ် ဒီညီလေးပြောတာကောင်းတယ် … ညီလေးပြောတဲ့အတိုင်းမောင်း
လိုက်မယ် … သထုံနဲ့ဝါးပါးဆိုတာကလည်း နာရီဝက်အပြင်ပိုမမောင်းရဘူး … သထုံရောက်ရင် မော်လမြိုင်ကား တွေဆီက အကူအညီရနှိုင်ကောင်းပါရဲ့ … ” ထိုသို့ပြောဆိုပြီးနောက် ကားပေါ်သို့အသီးသီးတက်ရောက်ကြလေသည် … ကားမောင်းသမားမှာလည်း ကားစက်နှိုးပြီး သထုံရွှေမြို့တော်ဆီသို့ …
စကားချပ် ။ ။ ယခင်ကမော်လမြိုင်ကားများမှာ ဤလမ်းမှမောင်းကြလေသည် … ယ္ခုအခါ
နိုင်ငံတော်အကြီးအကဲများ၏ စေတနာဖြင့်မုတ္တမဆိပ်ကမ်းမှမော်လမြိုင်သို့ မြန်မာနိုင်ငံ၏အရှည်ဆုံး “ သံလွင်မြစ်ကူးတံတား ” ကိုတည်းဆောက်လိုက်သဖြင့်မော်လမြိုင်ကားများဤလမ်းမှမမောင်းကြတော့ … ထို့ကြောင့်ဖားအံမှကားများ နှင့်မော်လမြိုင်ကားများမှာ သထုံမြို့တွင်သာတွေ့ဆုံကြလေသည် …
သထုံမြို့သို့ရောက်သည်နှင့်ကားမှာလည်း သထုံမြို့၏ ကျက်သရေဆောင်ရွှေစာရံစေတီ
ကြီးရှေ့ပလက်ဖောင်းတွင်ရပ်တန့်လိုက်လေသည် … သထုံရွှေစာရံစေတီကြီးမှာလည်း လှပသောလျှပ်စစ်မီး
များထွန်းညှိထားသဖြင့်လွန်စွာမှသပ္ပါယ်လျက်ရှိနေလေသည် … မြန်မာနိုင်ငံ၏ချမ်းသာကြွယ်ဝမှုများကိုကြည့်
လိုလျှင် မြန်မာများ၏စေတနာသဒ္ဒါတရားဖြင်းလှူဒါန်းထားသောပစ္စည်းအဆောက်အအုံများကိုကြည့်၍ သိ
နှိုင်လေသည် … ရွှေစာရံစေတီတော်ကြီးမှာလည်းရွှေရောင်တဖိတ်ဖတ်တောက်လျက် ကျွန်ုပ်တို့၏ရင်ထဲမှအပူ မီးများကိုငြှိမ်းပေးနေသရောင်ရှိလှပေသည် … ဘုရားရိပ်တရားရိပ်သည်အေးမြလှသည်မဟုတ်ပါလော …သထုံရွှေစာရံစေတီတော်ကြီး၏ထူးခြားမှုတစ်ခုမှာ ကျွန်ုပ်တို့ရန်ကုန်ရွှေမြို့တော်၏ ဆူးလေစေတီတော်ကြီးကဲ့သို့ပင် လမ်းဆုံဘုရားများဖြစ်လျက် ခရီးသွားပြည်သူအပေါင်းမှာကပ်၍ကျော်သွားတတ်ကြလေသည် … လူအများ၏ အပူလောဘ ၊ ဒေါသများမှာ ဘုရားစေတီများကို ကွယ်ထားကြ၍လားမသိ … ကျွနု်ပ်အပါအဝင် …
သို့နှင့်ရှေးဦးစွာ ကားပြင်ရန်ရှိသဖြင့်ကျွန်ုပ်အပါအဝင် ကားမောင်းသမား အုံနာမှအစပြု၍ ကားပေါ်မှဆင်းကြလေသည် … ကျွန်ုပ်လည်းတာဝန်သိခရီးသွားတစ်ဦးပမာ(ကားမြန်မြန်ပြန်ကောင်းမှကျွန်ုပ် ၏ခရီးပန်းတိုင်သို့ အချိန်မှီရောက်ရှိရန်ဖြစ်သည် ) ဝိုင်းဝန်းကူညီပေးလျက်ရှိသည် … လေအိပ်ဖြုတ်ခြင်း
ဟူသောပညာကားပေါ့တန်တန်မဟုတ် လွန်စွာမှလွယ်မယောင်နှင့်ခက်လှပေသည် … ကျွနု်ပ်လည်းကျွန်ုပ်
တက်ထားသောမတောက်တခေါက်ကားပြင်သော ပညာလေးဖြင့် ချိုင့်ထောက်ပေးခြင်း ၊ မှောင်နေသဖြင့်ဓါတ်မီးထိုးပေးခြင်းတည်းဟူသောအလုပ်များကို ဂုဏ်ယူဝင့်ကြွားစွာဖြင့်လုပ်ကိုင်ပေးလျက် … ထိုစဉ်ကျွနု်ပ်တို့၏ကားပေါ်မှခရီးသွား ( အသက် ၄၅-၅၀ ခန့် ) အရွယ်ရှိအမျိုးသားကြီးတစ်ဦးဆင်းလာလေသည် ထိုသူမှစတင်၍ “ညီလေးဒီဘုရားပေါ်တက်ဖူးလို့ရမလားမသိဘူး ” မေးမြန်းလေသည် … ယာဉ်မောင်းအကူနှင့်ကားသမား
များမှာအလုပ်ရှုပ်နေကြသဖြင့် ကျွန်ုပ်မှကိုယ်စား “ ရပါတယ်အကို … ကားပြင်တာ နာရီဝက်လောက်ကြာဦးမှာဆိုတော့ အကိုအေးအေးချမ်းချမ်း ဘုရားတက်ဖူးလို့ရပါတယ် … ” ဟူ၍ပြန်ပြောလိုက်လေသည် … ထို့နောက်ကားပြင်ခြင်းကိစ္စကို ဆက်လက်လုပ်ကိုင်လေသည် …ထိုသူမှာလည်းဘုရားပေါ်သို့တက်သွားလေသည် … ကံကောင်းခြင်းလားမသိ မော်လမြိုင်ကားတစ်စင်းမှလေအိပ်တစ်လုံးရလိုက်လေသည် … ကံဆိုးခြင်းလားမသိ ထိုရလိုက်သောလေအိပ်မှာလည်းဆိုဒ် အနည်းငယ်မတူသဖြင့်လွန်စွာမှအခက်တွေ့နေလေသည် …
ထိုနောက် ဖြစ်သမျှအကြောင်းအကောင်းချည်းဘဲဟူ၍ သဘောထားကာ ထိုလေအိပ်ကိုပင်တပ်မည်ဟူ၍ဆုံး
ဖြတ်လိုက်ကြလေသည် … ထိုသို့လေအိပ်အားတပ်နေစဉ် ဘုရားဖူးရန်တက်သွားသောလူကြီးမှာ ဘုရားပေါ်မှပြန်လည်ဆင်းသက်လာပြီးနောက် ကျွနု်ပ်တို့နားသို့လာလေသည် … ယင်းနောက်ထိုလူကြီးမှနေ၍ “ မင်းတို့အုံနာတွေက လည်းရေလေးဘာလေးတောင်မတိုက်ဘူးနော် … ” ဟူ၍စကားစလေသည် … ကျွန်ုပ်မှာလည်း ကားပြင်နေရာမှထိုလူကြီးအားတစ်ချက်ကြည့်လိုက်လေသည် … ထို့နောက်ကျွန်ုပ်သည် ကားလမ်းတစ်ဘက်၌ရှိသောဈေးဆိုင်ဘက်သို့ထွက်ခဲ့လေသည် … ဈေဆိုင်သို့ရောက်သောအခါ ရေသန့်တစ်ဘူး ၊ ကွမ်းနိုင်တီတူးနှင့်ငါးရာဖိုး
ဝယ်၍ ကားနားသို့ပြန်ခဲ့လေသည် … ယင်းနောက် အဆိုပါလူကြီးအား “ ရော့ အကိုကြီး … အကိုကြီးသောက် ဖို့ကျွန်တော်ဝယ်လာတာ … ” ဟူ၍ပြောကာပေးလိုက်လေသည် … ပါလာသောကွမ်းယာပါကြွေး၍ထိုလူကြီးနှင့် မိုးအကြောင်းလေအကြောင်းပြောကာ မိတ်ဖွဲ့လေသည် … ကျွနု်ပ်မှာလည်းပါလာသော ဂျပန်ပြည်လုပ် MILD SEVEN ဆေးလိပ်အား ထုတ်၍ မီးငြှိလေသည် … ကျွနု်ပ်မှစတင်၍ “ အကိုကြီးကြည့်ရတာ ဒီခရီးကိုတစ်ခါမှမ လာဘူးဖူးထင်တယ်နော် … ” ယင်းလူကြီးမှာလည်း “ ဟုတ်တယ်ညီလေးရ အကိုကြီးလည်း ဒီနေရာကိုခုမှရောက်ဖူးတာ … နောက်ပြီးညီလေးက ဒီကားအုံနာလား … ” ဟူ၍မေးလေးသည် … ကျွန်ုပ်မှာလည်းမဟုတ်
ကြောင်း မြောက်ဥက္ကလာမှာနေကြောင်းစသဖြင့်ပြောကြားခဲ့သည် ... ထို့နောက်ထိုလူကြီးမှနေ၍သူ၏မကြေနပ်ချက်များကိုပေါက်ကွဲသံစဉ်ဖြင့်ပြောပြလေသည် … သူသည် ကျောက်မြောင်းတွင်နေကြောင်းပြောပြသည်နှင့် ကျွနု်ပ်မှနေ၍ “ ဟာအကိုကြီးကလည်း ကျောက်မြောင်းဆိုတာ တစ်ကယ်တော့ နာမည်ကြီးပုဂ္ဂိုလ်တွေနေတာဘာဖြစ်လို့အကိုကြီးက မကြေမနပ်ဖြစ်နေရတာလဲ … ” ဟူ၍စကားကိုကြေရာကြေကြောင်းပြောလေသည်
ထို့နောက် ဆရာကြီးမင်းသိင်္က္ခ ယခင်ထိုနေရာ၌နေသွားကြောင်း … ကျောက်မြောင်းမှနာမည်ကျော်ပုဂ္ဂိုလ်များ အကြောင်းကိုကျွန်တော်ကတန်ဆာဆင်၍ပြောပြလေသည် …
ထိုသူကြီးမှာလည်းလက်မခံ သူသာလျှင်မှန်ကန်ကြောင်း ထိုနာမည်ကျော်ပုဂ္ဂိုလ်များမှာလည်း
အရင်ကမနေပဲ ယ္ခုမှလာ၍ကျောက်မြောင်းကိုကြီးစိုးနေကြောင်း … သူ…ကျောက်မြောင်းမှာဘိုးဘွားမိဘလက် ထက်မှနေလာခဲ့သူဖြစ်သဖြင့် နာမည်ကြီးပုဂ္ဂိုလ်များကိုပုတ်ခတ်ပြောဆိုလေသည် … ကျွန်ုပ်မှာကျွန်ုပ်အွန် လိုင်းအသုံးပြုစဉ်ဖတ်ခဲ့ရသော ဆရာကြီးမင်သိင်္က္ခအကြောင်းကိုပြောပြလေသည် … “ နိုင်ငံကျော် တစ်ခေတ်မှာမှ တစ်ယောက်ပါ။ ဘက်စုံစွယ်စုံ စာရေးဆရာတစ်ယောက် ရယ်ပါ။ မြန်မာ့စာပေလောကမှာ တမူထူးခြားလို့ ဘယ်သူနဲ့မှ မတူအောင် ဖန်တီး ရေးသားနိုင်ပြီး စာပေရသာ အသွင်သစ်ကို ဆန်းသစ်ခဲ့သလို ဗေဒင်လောကမှာလည်း သူခေတ်မှာ သူ့အသွင့် သူ့မူနဲ့ပေးခဲ့တဲ့ နာမည်တွေ။ သူရေးခဲ့တဲ့ စာပေတွေက အသွင်တမူ ထူးလိုသ့ူ ကြောင့် အောင်မြင်သွားသူတွေ ချမ်းသားသွားသူတွေက ဒုနဲ့ဒေးပါ။ သူ က ရုပ်ဝထ္ထု ပစ္စည်းကိုလည်း မမက်၊ မာနလည်း်ကင်း လို့ ပကာသန နဲ့ အဝေးဆုံးမှာ နေတဲ့ ပုဂ္ဂိုလ်တစ်ဦး ဖြစ်ပါတယ်။ ဆရာကြီး မင်းသိက္င်္ခဟာ လူအတော်များများကို ထမင်းအိုးလေးတွေ တည်ပေးခဲ့တာပါ၊ သူ့ဘုန်းသူ့ကံကြောင့်သူ့တပည့်တွေကို ဟောခမ်းဖွင့်လိ့ု ဆိုင်းဘုတ် တင်ပေးလိုက်တာနဲ့ ပရိတ်သတ်တွေ အဲဒီဆိုင်ဘုတ် ဧကံသခေါင်းစည်းအောက်ကို ရောက်လာကြရတာပါဘဲ။ အံ့ဘွယ်ပါဘဲ။သ့ူရဲ့ရေးဟန် ၊ ဖန်တီးဟန် တွေကလည်း အသွင်တမူ ထူးနေသလောက် ဂန္ဓဝင်မြောက်လှပါပေတယ်။ သူ့ ဝထ္ထုကို ဖတ်နေသူကို ရုပ်ရှင်းသွားကြည့်ဘို့ ခေါ်တာတောင် စာအုပ်ကိုချပြီး လိုက်မသွားနိုင်ကြပါဘူး၊ တစ်ခေတ်မှာမှ တစ်ယောက်ဆိုတစ်ယောက်ပါဘဲ။ ” မှတ်ချက် … အွန်လိုင်းမှသိမ်းဆည်းထားသောအကြောင်း
အားဖေါ်ပြခြင်းဖြစ်ပါသည် … စာရေးသူ ။
ထိုသို့ပြောပြသည်ကိုလည်းထိုသူမှာလက်မခံပေ … ကျွန်ုပ်လည်းဆက်လက်အငြင်းမပွားလို၍
စာအုပ်များအကြောင်းသို့လှည့်ကာပြောပြလေသည် … ကံကောင်း၍လားမသိ ကျွန်တော်ကြိုက်နှစ်သက်၍ အလွတ်ကျက်ထားသော ဆရာတက္ကသိုလ်ဘုန်းနိုင်၏ ကဗျာလေးတစ်ပုဒ်အားရွှတ်ပြလေသည် ….
သစ္စာ
ငါ့စာဖတ်၍..မမြတ်တိုင်စေ..မရှုံး
စေသား..ပျင်းပြေနှစ်ခြိုက်..တွေးဖွယ်ထိုက်ရာ
တစ်ပုဒ်တစ်လေ..တွေ့ငြားပေမူ..စာပေကျေးကျွန်..ငါ့ဝတ်ပွန်ပြီ..ငါမွန်အမြတ်..
ငါအတတ်ဟု..စာဖတ်သူပေါ်..ခေါင်းကိုကျော်၍..ငါသော်ဆရာ..မလုပ်ပါတည်း.။
(တက္ကသိုလ် ဘုန်းနိုင်)
ထိုကဗျာရွတ်လိုက်၍လားမသိ ထိုသူမှာ ဆရာတက္ကသိုလ်ဘုန်းနိုင်အား အလွန်ကြိုက်နှစ်သက် ကြောင်း …
ဆရာရေးထားသော “ သူငယ်ချင်းလို့ပဲ ဆက်၍ခေါ်မည်ခိုင် ” ဝထ္တုအကြောင်းအားရေပက်မ
ဝင်အောင်ပြောပြ လေသည် … ကျွနု်ပ်မှာလည်း ထိုစာအုပ်ကိုဖတ်ထားဖူးသည်ဖြစ်ရာထိုစာအုပ်အကြောင်း
ပြောပြခဲ့လေသည် … ကျွန်ုပ်ပြောပြသော ထိုဝထ္တုထဲမှစာမှာ နေမိဘုံခန်းပျို့မှရှင်အဂ္ဂသမာဓိ၏ ကဗျာလေးတစ်ပုဒ်ဖြစ်သည် … ထိုကဗျာမှာ …
“ ချစ်ရိပ်ပွင့်ကို
လုလင့်ဘာသာ
ပျူငှာဆန်းဆို
လွမ်းလိုလိုနှင့်
သံချိုမြမြ
နှမပြာဝင်း
နေရစ်မင်းဟု ... ” ရွတ်ပြလိုက်လေသည် … ထိုနောက်ထိုစာထဲမှစာ
စာပေ ၊ ကဗျာ ၊ လင်္ကာကို မြတ်နိုးရကောင်းမှန်း … သိစ .. စာပေ ၊ ကဗျာ ၊ လင်္ကာကို မြန်နိုးရကောင်းမှန်း
သိသော်လည်း စာပေ ၊ ကဗျာ ၊ လင်္ကာဆိုသည်မှာ သမုဒ္ဒယသစ္စာ အရင်းတည်၍ ဒုက္ခသစ္စာ ကြွင်းလေသည်
သော ဘဝလမ်းဌာနေ၌ သောကဝဋ်ကြိုး နှောင်ပါတ်ချည်မိလေရာမှ ပေါက်ပွားခြင်းကို ရှင်းလင်းမသိစဉ် သမယ … ဟိုစဉ်ကာလများကတည်းက “ ရှင်အဂ္ဂသမာဓိ ” ၏ “ နေမိဘုံခန်းပျို့ ” လာဤစာပိုဒ်များကို အကြောင်းမဲ့ တ… သသ အကြိမ်ကြိမ် နှုတ်မှခုံခုံမင်မင် စိတ်ကူယဉ် ရေရွတ်ခဲ့ဖူး၏ … မှတ်ချက် ။ ။ ဆရာတက္ကသိုလ်ဘုန်းနိုင်၏ ဝထ္တုမှကူးယူဖော်ပြပါသည် … စာရေးသူ ။
ထိုနောက်ကျွန်ုပ်သည် ဆက်လက်၍ စာပေဆိုသည်မှာ မည်သည့်စာပေပင်ဖြစ်စေ ဖတ်မှတ်
လေ့လာသင့်သည်ဟူသောအဆိုကိုတင်သွင်းလေသည် … ထိုအခါထိုသူမှသူ သူ၏ကန့်ကွက်နေကြစကားဖြစ်သော စာအုပ်ဆိုသည်မှာ ဖတ်တိုင်းမကောင်းကြောင်း သူမကြိုက်သော စာရေးဆရာများ၏အမည်ကို အက္ခရာစဉ်လိုက်ရွတ်ပြလေသည် … ကျွန်ုပ်မှာလည်း ထိုသူအားမည်သို့နားလည်အောင်ပြောနှိုင်ရန်အလို့ငှါ ဘာသာရေးစာပေ အကြောင်းသို့ လှည့်လိုက်လေသည် … ထိုစဉ်ကားပြင်ခြင်းကိစ္စမှာလည် မပြီးသေးပေ … ထို့နောက်ကျွန်တော် ဖတ်ဖူးထားသော ဘာသာရေးစာအုပ်များထဲမှ ဓမ္မာစရိယ ဦးဌေးလှိုင်၏ “ ရဟန္တာနှင်ပုဂ္ဂိုလ်
ထူးများ ” စာအုပ်အကြောင်းကိုပြောပြလေသည် … ထိုစာအုပ်ကိုလည်း ထိုသူမှာလက်မခံပေ … ကျွန်ုပ်မှာ
လည်းထိုသူကြီးကို လွန်စွာမှစိတ်ပျက်လှပြီဖြစ်ရာ ကျွန်တော်ကျက်မှတ်ထားသောစာပိုဒ်လေးတစ်ခုအားရွတ်
ပြ၍ … လူ့အဖွဲ့အစည်းတစ်ခုမှာ အန္တရာယ်အကြီးဆုံးသူတွေကတော့ အသိဉာဏ်မဲ့တဲ့ လူကြီးတွေပဲ ဖြစ်တယ်
ကြောင်း နယူးယောက်စီးတီး တက္ကသိုလ်ရဲ့ ဒဿနပါမောက္ခ ဟာရီ အိုဗာစထရိ (Harry Overstreet) က
ကောက် ချက်ချဖူးကြောင်း ၊ ယနေ့လူကြီးများသည် လူငယ်များအားနေရာပေးသင့်ကြောင်း စသည်ဖြင့်ရှည်လျားစွာပြောပြလေသည် … ထို့နောက်ကျွနု်ပ်သည် ထိုလူကြီးအား … “ ဦးလေး ကျွန်တော်နောက်တစ်ခု ထပ် ပြောပြမယ် … ဘာပဲဖြစ်ဖြစ်ပေါ့ ဦးလေးရဲ့စိတ်ကူးတွေကိုဘောင်ထဲကကျော်ပြီး စဉ်းစားတက်အောင်လို့ပါ … ”
ဟု အစချီ၍ ကျွန်တော်ဖတ်ခဲ့ဘူးသော စာလေးတစ်ကြောင်းအား ထပ်ပြောပြလေသည် … ယင်းစာမှာ အောက်ပါအတိုင်းဖြစ်သည် …
“ အမေရိကန်တွေ အာကာသထဲ့သွားတော့ကမ္ဘာ့မြေဆွဲအား မရှိတော့တဲ့ ဟင်းလင်းပြင်မှာ
သူတို့ ဘောပင်တွေက မှင်မထွက်တော့တာတွေ့ရတယ် … ဒီတော့ ပညာရှင်တွေ နာရီထောင်ပေါင်း
များစွာသုတေသနလုပ် ၊ ပိုက်ဆံဒေါ်လာသန်းပေါင်းများစွာသုံးပြီးချိန်မှာ Pump pen လို့ခေါ်တဲ့
ဖိအားပေးပြီးသုံးရတဲ့ ဘောလ်ပင်ကိုတီထွင်နိုင်ခဲ့တယ် … အမေရီကန်ရဲ့ပြိုင်ဘက် ဆိုဗိယက်တွေ
က အမေရိကန် ဒီပြဿနာဖြစ်နေတာကို သိတယ် … သူတို့ကတော့ အချိန်နာရီမကုန်ပဲ ပိုက်ဆံ
လည်း ဘာမှမကုန်ပဲ ဒီပြဿနာကိုဖြေရှင်းလိုက်တယ် …
ဒါကတော့ သူတို့ အာကာသယာဉ်မူး တွေကို ခဲတံတွေပေးပြီး သုံးခိုင်းလိုက်တာပါ … ဒီပြသာနာကို
ပြန်ကြည့်ရင် အမေရိကန်တွေဟာ နည်းပညာရဲ့ ဘောင်ခတ်မူကိုခံရပြီး ဘောင်ထဲက
စဉ်းစားအဖြေရှာခဲ့တာပါ … ဘောလ်ပင်ဟာ အောက်ကိုစိုက်ရေးမှ ကမ္ဘာ့မြေဆွဲအားနဲ့ မှင်ထွက်တယ်
ဆိုတဲ့ ယူဆချက်ကို ကိုင်ပြီး မြေဆွဲအားမရှိရင် မှင်ကိုထွက်စေဖို့ ဘယ်လိုလုပ်မလဲ့ဆိုတဲ့ သိပ္ပံဆိုင်
ရာ ယူဆချက်ဘောင်ထဲက စဉ်းစားခဲ့တာဖြစ်တယ် … ဆိုဗီယက်တွေကတော့ ဘောလ်ပင် ရေးမရင်
ရေးရတာ ဘာရှိလဲလို့ လွတ်လပ်စွာ စဉ်းစားခဲ့တာဖြစ်တယ် … ဒီတကယ့်ဖြစ်ရပ် အဖြစ်အပျက်လေး
က ဘာကိုပြောနေသလဲဆိုရင် လူတွေက သိခြင်း ၊ တက်ခြင်းဆိုတဲ့ ဘောင်တွေ ခတ်ခံထားနေရပြီး
အဲဒီဘောင်တွေထဲကပဲ စဉ်းစားလုပ်ကိုင်နေကြတယ်ဆိုတာပါပဲ ... ”
ဆက်လက်၍ ကျွနု်ပ်သည် “ ဘာဘဲဖြစ်ဖြစ်ပေါ့ ဦးလေးရာ လူဆိုတာ ကိုယ်သိတာလောက်ပဲ
လက္ခံထားပြီး အခြားသူတွေကို လမက္ခံရင် တဖြည်းဖြည်း အစွန်းတက်ဘက်ကိုရောက်သွားတက်ကြ
တယ် … ကျွန်တော်တို့ မြတ်စွာဘုရားသခင်က အစွန်းနှစ်ဘက်ကိုရှောင်လို့ ဟောထားဖူးတာရှိ
တယ် … ခုလိုဆွေနွေးတာလည်း လူကြီးနှင့်လူငယ် အငြင်းပွားဖို့မဟုတ်ပါဘူး … အငြင်းပွားနေလို့လဲ
အကျိုးရှိနှိုင်မယ်မထင်ပါဘူး … ကျွန်တော်ပြောချင်တာကတော့ ဘယ်ဟာမဆို အကောင်းမြင်ပေး
စေချင်တာပါပဲ … ” ဟူ၍ အဆုံးသတ်လိုက်လေသည် … ထိုအချိန်တွင် ဘယ်အချိန်က ကျွန်တော်တို့
စကားပြောခြင်းကို နားထောင်နေမှန်းမသိသော လူကြီးတစ်ဦးက ကျွန်တော်အားလက်ဆွဲနှုတ်ဆက်
လေသည် … ကားပြင်ခြင်းကိစ္စမှာလည်း ပြီးဆုံးသွားပြီဖြစ်ရာ ကားသမားများမှကားပေါ်သိုနေရာယူ
ပေးကြပါရန်ပြောသဖြင့် ကားပေါ်သို့ အသီးသီး တက်ရောက်ကြလေတော့သည် ...
မှတ်ချက် ။ ။ ကျွနု်ပ်နှင့်ဆွေးနွေးသူမှာ နိုင်ငံရေးသမားကြီးတစ်ဦးဖြစ်ပြီး … ကျွန်တော်အားလက်
ဆွဲနှုတ်ဆက်သူမှာ ဘားအံတက္ကသိုလ်မှ မြန်မာစာ ပါမောက္ခတစ်ဦးဖြစ်လေသည် …
Subscribe to:
Post Comments (Atom)
-
အခါတစ်ပါး၌ မြတ်စွာဘုရားသည် သာဝတ္ထိပြည် အနာ ထပိဏ်သူဌေး၏ နှလုံးမွေ့လျော် ပျော်ဖွယ်ရာဖြစ်သော ဇေတဝန် ကျောင်းတော်၌ သီတင်းသုံးနေထိုင်...
-
စကား စကား ပြောပါများ စကားထဲက ဇာတိပြ ၊ တရား တရား ဟောပါများ တရားထဲက ပါဠိရ ဆိုသော စကားတစ်ခွန်းရှိသည် ... လူ့လောကတွင် လူသားတစ်ယောက်အဖြစ် အ...
No comments:
Post a Comment