ဆရာက ကျောင်းသားနှစ်ယောက်ကို မေးခွန်းမေးပါတယ်။ အင်မတန်အဆင့်မြင့်ပြီး အတော်စဉ်းစားယူရတဲ့ သင်္ချာဉာဏ်စမ်းတွေပါ။
ပထမကျောင်းသားက မေးခွန်းခက်တာကို မြင်ပြီး ဒီလိုစဉ်းစားပါတယ်၊
"ဆရာက ငါမဖြေနိူင်မယ့် မေးခွန်းတွေကို တမင်သက်သက် မေးတာပဲ၊ ဟိုတစ်ခါတုန်းက သူလာတာကို ထနှုတ်မဆက်ပဲ နေမိတာကို မကျေနပ်လို.ဖြစ်မယ်" .... သူဒီလို စတွေးတာနဲ.တင် မေးခွန်းတွေကို ကောင်းကောင်း မဖြေနိူင်တော့ပါဘူး... နောက်တစ်ယောက်ကတော့ ဒီလိုမြင်ပါတယ်
"ဆရာ့မေးခွန်းတွေက အတော်အဆင့်မြင့်တယ်၊ ငါတို.အဆင့်နဲ. ဖြေလို.ရတဲ့ မေးခွန်းတွေ ဖြစ်လောက်ပါတယ်၊ ကြိုးစားဖြေကြည်.ဦးမှပဲ" ... သူကတော့ မေးခွန်းအတော်များများကို ဆရာ ကျေနပ်လောက်တဲ့ အထိ ဖြေဆိုနိူင်ခဲ့ပါတယ်.... ဒီအဖြစ်အပျက်လေးကို ကြည့်မယ်ဆိုရင် Perception လို.ခေါ်တဲ့ အထင်အမြင် ယူဆချက်တစ်ခုဟာ အစစအရာရာ အဆင်ပြေချောမွေ.စေဖို.အတွက် ဘယ်အတိုင်းအတာထိ အရေးပါ အရာရောက်တယ်ဆိုတာ တွေ.မြင်နိူင်ပါတယ်၊ အခြားသူတစ်ယောက်ရဲ့ စိတ်ထဲမှာ ဘယ်လိုပဲရှိရှိ၊ ဘာရည်ရွယ်ချက်နဲ.ပဲ မေးမေး "ဒုတိယ ကျောင်းသား" လိုပဲ ရိုးရိုးတွေးပြီး အကောင်းဆုံး အဖြေပေးသင့်ပါတယ်
(၂)
ဆရာက ကျောင်းသားတစ်ယောက်ကို စားပွဲရှေ.မှာ ထိုင်ခိုင်းပြီး "က" တစ်လုံးရေးပြပါလို. ခိုင်းပါတယ်။ ကျောင်းသားက ရေးပြီး ဆရာ့ရှေ.ကို ထိုးပေးလိုက်ပါတယ်.... ဆရာက သူ.အဖြေကို လက်မခံခဲ့ပါဘူး။
ဆရာ့ဘက်က ကြည့်တော့ အဖြေက "ယ" ဖြစ်နေတာကိုး...
နောက်ကျောင်းသားတစ်ယောက်ကို ဆရာက ခေါ်ခိုင်းပါတယ်...ကျောင်းသားက ရေးပြီး "စာရွက်ကို ဆရာ့ဘက် တစ်ပတ်လှည့်ပြီး ပြလိုက်ပါတယ်... ဆရာက သူ.အဖြေကို သဘောကျ လက်ခံခဲ့ပါတယ်....
ဒီအဖြစ်ပျက်လေးမှာ "ကိစ္စရပ်တိုင်းမှာ Angle Of Vision လို.ခေါ်တဲ့ ရှုထောင့် အမျိုးမျိုး ရှိနိူင်တယ်ဆိုတာပါပဲ"... ကျောင်းသားနှစ်ယောက်လုံးရဲ့ အဖြေဟာ အမှန်တွေချည်းပါပဲ...ဒါပေမဲ့ ပထမကျောင်းသားဟာ သူ.ဘက်အမြင်အတိုင်း ဆရာ့ကို ပြတာကိုး... ဒီနေရာမှာ သတိထားရမှာက ဒုတိယကျောင်းသားဟာ ဆရာ့ဘက်က "က" လို. မြင်ရအောင် သူက "ယ" လို. အမှားကြီးရေးလိုက်တာ မဟုတ်ပါဘူး...သူလည်း အမှန်ပဲ ရေးလိုက်ပြီး ဆရာ့ဘက်ကလည်း အမှန်ပဲမြင်နိူင်အောင် နှစ်ဦးနှစ်ဖက် အဆင်ပြေမယ့် အခြေအနေတစ်ခုကို ဖန်တီးလိုက်တာပါ...
အချို.သော ကိစ္စရပ်တွေမှာ သူ.ဘက်ကလည်း ဘယ်လိုများမြင်နိူင်မလည်းလို. စဉ်းစားတွေခေါ်ချင့်ချိန်ပြီး သူ.ရဲ့ရှုထောင့်ကနေ မြင်ပြ၊ တွေးပြ၊ ဆွေးနွေးပြဖို. လိုပါလိမ့်မယ်.... အဲဒါမှလည်း ကိုယ်မှန်တယ်ဆိုတာကို သူနားလည် လက်ခံနိူင်လာမှာပါ... အဲဒီလိုမဟုတ်ပဲ ကိုယ်မှန်တယ်ဆိုတာကို ကိုယ့်ဘက်က အမြင်တစ်ခုတည်းနဲ. ကြည့်ပြီး ဇွတ်အတင်းငြင်းခုံနေမယ်ဆိုရင်ေ
တာ့ လိုလားအပ်တဲ့ အခြေအနေတစ်ခုကို ဘယ်တော့မှ ရောက်တော့မှာ မဟုတ်ပါဘူး...
(၃)
ဆရာက ကျောင်းသားကို ခုံပေါ်မှာ မတ်တပ်ရပ်ခိုင်းထားပြီး အပြစ်ပေးထားပါတယ်... အချိန်အတော်ကြာတော့ ဆရာက ကျောင်းသားကို ဆုံးမဖို. လက်ယပ်ခေါ်လိုက်တယ်... ဒါပေမယ့် အဲဒီအချိန်မှာ ကျောင်းသားက ရပ်နေတာကြာပြီဖြစ်တဲ့အတွက် ဆရာက ပြန်ထိုင်ခိုင်းရင် ကောင်းမှာပဲလို. တွေးနေချိန်ပါ... ကျောင်းသားက လိုရာတွေးပြီး ထိုင်ချလိုက်ပါတယ်...အဲ့မှာတင် ပြသနာက စတက်ပါတော့တယ်...
ဒါဟာ misunderstanding(နားလည်မှု လွဲချော်ခြင်း) ပါ၊ များသောအားဖြင့် Body Language လို.ခေါ်တဲ့ ခန္ဓာကိုယ်အစိတ်အပိုင်းကို အသုံးပြုပြီး အသံတိတ် စကားပြောဆက်သွယ်တဲ့ အခါမျိုးမှာ နားလည်မှုလွဲချော်တာတွေ ဖြစ်တတ်ပါတယ်... အဆိုးဝါးဆုံးကတော့ အထက်က ဖြစ်ရပ်ကလေးလို ကိုယ့်ရဲ့စိတ်အာရုံ (Emotion) ရဲ့ လွှမ်းမိုးခြယ်လှယ်မှုကြောင့် သူတစ်ပါးရဲ့စကားကို တလွဲအဓိပ္ပာယ်ကောက်မိတာတွေ၊ အခြေအနေတွေကို အလွဲလွဲ အမှားမှား နားလည်သုံးသပ်မိတာတွေပါပဲ၊ ဘယ်ဘာသာစကားနဲ.ပဲပြောပြော ဘယ်လိုကြောင့်ပဲ ဖြစ်ဖြစ်ပါ သူတစ်ပါး ကိုယ့်ကို ဘာပြောတယ်၊ ဘယ်လိုရည်ရွယ်ချက်နဲ. ပြောတယ်ဆိုတာကို အမှန်အတိုင်း အရှိအတိုင်း နားလည်နိူင်အောင် ကြိုးစားခြင်းဟာ အားလုံးအတွက် အကောင်းဆုံးဖြစ်လိမ့်မယ် ထင်ပါတယ်...
(၄)
ဆရာက ကျောင်းသားအားလုံး ရှေ.မှာ ရပ်ပြီး လက်ညှိုးတစ်ချောင်းထောင်ပြီး ဒီလိုပြောပါတယ်...
"မင်းတို. အားလုံး လက်ညှိုးထောင်လိုက်ပါ"
ကျောင်းသားအားလုံး ဆရာ့ကို စိတ်ဝင်တစား ကြည့်နေရာကနေ ဆရာခိုင်းတဲ့ အတိုင်းလိုက်လုပ်ကြပါတယ်...
အဲဒီအချိန်မှာပဲ ဆရာက သူ.ရဲ့နားထင်ကို လက်နဲ.ထောက်ပြီး...
"အဲဒီလက်ညှိုးနဲ. ကိုယ့်နဖူးကို ထောက်လိုက်ကြပါ" လို. ထပ်ပြောပါတယ်...
ကျောင်းသားအားလုံးဟာ ဆရာလုပ်တဲ့အတိုင်း နားထင်ကို လိုက်ထောက်ကြပါတယ်...ခဏနေမှ သူတို.မှားသွားမှန်း အားလုံးက သဘောပေါက်လိုက်ကြပါတယ်... "ဆရာ ထောက်ခိုင်းတာက နဖူးကိုလေ"
ဒီအဖြစ်အပျက်လေးမှာ အကြားနဲ.အမြင် တစ်ထပ်တည်းမကျမှုကို တွေ.ရပါလိမ့်မယ်...
တပြိုင်တည်းလို. ထင်ရပေမယ့် တကယ်တမ်းက အမြင်အာရုံက ဦးနှောက်ကို အရင်ရောက်သွားတဲ့ သဘောပါ...အမြင်အာရုံဟာ အလင်းကို အခြေခံပြီး အကြားအာရုံကတော့ အသံမှာ အခြေခံပါတယ်... အလင်းရဲ့အလျင်ဟာ အသံရဲ့အလျင်ထက် ပိုမြန်တဲ့အတွက် ဒီလိုဖြစ်ခြင်းဖြစ်ပါတယ်...
ဒီသဘောတရားလေးကို ကောင်းစွာနားလည်မယ်ဆိုရင် ကိုယ်ပြောမယ့်စကားနဲ. သင့်တော်မယ့် လိုက်လျောညီထွေဖြစ်မယ့် ဟန်ပန်အမူအရာ ထားမှသာလျှင် ကိုယ်ပြောမယ့်စကား အရာထင်မှာပါ...
သိပ်ဆိုးတဲ့ ကလေးတစ်ယောက်ကို ငါရိုက်လိုက်ရ လို. မာန်ပြီး မျက်နှာက ပြုံးစိစိလုပ်မယ်ဆိုရင် ကလေးက ကိုယ့်စကားကို အလေးမထားပဲ နေမှာပါ... အဲဒီလိုပါပဲ ကိုယ့်လက်အောက်ငယ်သားတွေကို မင်းတို. ငါ့ကို ပွင့်ပွင့်လင်းလင်း ဝေဖန်ကြပါ၊ မှားတာကို ထောက်ပြပါလို. ပြောနေပေမယ့် မျက်နှာက ငါ့ကို မကောင်းဘူးလို. ပြောလို.ကတော့ အလုပ်ထုတ်ပစ်မယ် ဆိုတဲ့ ရုပ်ပေါက်နေရင် ကိုယ်ပြောခဲ့တဲ့ စကားဟာ အလကား ဖြစ်သွားပါလိမ့်မယ်...
အရှင်းဆုံးပြောရရင် ရိုးသားဖို.၊ ပြီးတော့ သတိထားဖို.ပါပဲ... လူတစ်ယောက်ဟာ ရိုးသားမယ်၊ စိတ်ထဲမှာ တကယ်ရှိတာကိုသာ ပြောမယ်ဆိုရင် သူ.ရဲ့မျက်နှာကနေ သူ.ရဲ့ကောင်းတဲ့ စေတနာကို မြင်နိူင်ပါတယ်...
(၅)
ဆရာက ကျောင်းသားတွေကို စာရွက်အဖြူရောင် ထောင်ပြပြီး ဒါဘာအရောင်လည်းလို. မေးပါတယ်... ကျောင်းသားအားလုံးက တညီတညွတ်တည်း ဖြေကြပါတယ်...
"အဖြူရောင်ပါ ..."
ဆရာက White Borad ရဲ့ မျက်နှာပြင်ကို ထောက်ပြီး ဒါကရော ဘာအရောင်လဲလို. မေးပြန်ပါတယ်... မဆိုင်းမတွပဲ အားလုံးက အဖြူရောင်ပါလို. ဖြေကြပါတယ်...
"အဲဒီနောက်မှာတော့ ဆရာက ခုနကစာရွက်ကို White Board မှာ ကပ်ပြီး ဒီနှစ်ခုမှာ ဘယ်ဟာ အဖြူလဲ လို. မေးပြန်ပါတယ်"... ကျောင်းသားအားလုံး ဖြေရန် စွံ.အ သွားပါတော့တယ်...
ဒီအဖြစ်အပျက်လေးမှာ လူတွေ သတ်မှတ်တဲ့ စံနှုန်းတွေရဲ့ ေ၀ဝါးဆန်းပြားမှုကို တွေ.မြင်နိူင်ပါတယ်....
လူတစ်ယောက်က ချမ်းသာမယ်...နောက်တစ်ယောက်က ပိုချမ်းသာမယ်...နောက်တစ်ယောက်က ပိုပြီးချမ်းသာမယ် စသဖြင့်ပေါ့... သတ်မှတ်ချက်တွေမှာ အဆုံးသတ်မျဉ်း မရှိသလို အစစ်အမှန်ဆိုတာလည်း မရှိနိူင်ပါဘူး... ဒါကြောင့် ပြသနာတစ်ခုကို ဖြေရှင်းတဲ့အခါမှာ ကိုယ့်ရဲ့ စိတ်အခြေအနေတွေကို သေချာမှုမရှိတဲ့ သတ်မှတ်ချက်တွေ လာရောက်လွှမ်းမိုးတာမခံစေဘဲ တကယ့်အရှိတရား (Being) မှာပဲ စူးစိုက်နှစ်မြှုပ်ထားနိူင်ဖို. လိုပါတယ်....ဒီလိုမှလည်း နည်းလမ်းကျပြီး မျှတတဲ့ အဖြေတစ်ခုကို ထုတ်နိူင်မှာပါ...
(၆)
ဆရာက မေးပါတယ်...
"အဖြူမဟုတ်ရင် ဘာလည်းကွ"
အဖြူမဟုတ်ရင် အမည်းပေါ့ ဟု ကျောင်းသားက ပြန်ဖြေပါတယ်...
တစ်ကယ်က "အဖြူမဟုတ်ရင် မဖြူတာတာတွေ အားလုံး ဖြစ်နိူင်တာလေ"
ကျနော်တို.လည်း လူ.လောကထဲက ပြသနာရပ် တော်တော်များများမှာ အဲဒီကျောင်းသားလေးလိုမျိုး ဖြစ်နိူင်ချေ (Propability) များစွာကို မစဉ်းစားပဲ၊ ဆန်.ကျင်ဘက်အမြင် (Opposite View) တွေကိုသာ ရုတ်တရက် စဉ်းစားမိတတ်ကြပါတယ်...ဥပမာ ကိုယ်သိထားတဲ့ အမှန်တရားတစ်ခုနဲ. အခြားလူ ပေးလာတဲ့ အဖြေတစ်ခုနဲ. ကိုက်ညီမှု မရှိတဲ့ အခါမျိုးမှာ တစ်ဘက်သူ မှားနေတယ်ဆိုပြီး ရုတ်တရက် ကောက်ချက်ချမိတတ်ပါတယ်... ကိစ္စရပ်တိုင်းမှာ ဖြစ်နိူင်ခြေတွေ တစ်ခုထက်ပိုပြီး ရှိနိူင်တယ်ဆိုတာ၊ စဉ်းစားပုံ စဉ်းစားနည်း (The Way Of Thinking) အပေါ်မူတည်ပြီး အဖြေ ဒါမှမဟုတ် ရလဒ်တွေဟာ တစ်နည်းတစ်ဖုံ ပြောင်းလဲသွားနိူင်တယ်ဆိုတာတွေကို နားလည်ထားရပါမယ်...
"ဒါမှ ငါမှန်တယ်၊ မင်းမှားတယ် ဆိုတဲ့ အမြင်တွေက လွတ်မြောက်ပြီး ငါလည်းမှန်တယ်၊ မင်းလည်းမှန်တယ် ဒါပေမယ့် ဘယ်သူ.ရဲ့ လမ်းကြောင်းက ပိုပြီးအားကောင်းတယ်ဆိုတဲ့ အမြင်မျိုးကို မြင်နိူင်စွမ်းရှိမှာပါ...
ပြသနာဆိုတဲ့ စကားလုံးနဲ.တတ်နိူင်သမျှ ကင်းဝေးနိူင်ဖို.၊ နောင်တတွေ ခဏခဏ မရဖို.၊ အနည်းဆုံး လောကထဲမှာ ပြုံးပြုံးကလေး နေနိူင်ဖို. သိမိသမျှ၊ဖတ်မိသမျှ၊ ကျင့်ကြံအားထုတ်မိသမျှ ပေးဝေလိုက်ရပါသည်...
Sunday, 7 March 2010
Subscribe to:
Post Comments (Atom)
-
အခါတစ်ပါး၌ မြတ်စွာဘုရားသည် သာဝတ္ထိပြည် အနာ ထပိဏ်သူဌေး၏ နှလုံးမွေ့လျော် ပျော်ဖွယ်ရာဖြစ်သော ဇေတဝန် ကျောင်းတော်၌ သီတင်းသုံးနေထိုင်...
-
စကား စကား ပြောပါများ စကားထဲက ဇာတိပြ ၊ တရား တရား ဟောပါများ တရားထဲက ပါဠိရ ဆိုသော စကားတစ်ခွန်းရှိသည် ... လူ့လောကတွင် လူသားတစ်ယောက်အဖြစ် အ...
No comments:
Post a Comment