( ၁ ) လူ(၃)ယောက်နှင့် ပင့်ကူ
မိုးရွာပြီးခါစ ပင့်ကူတစ်ကောင်ဟာ မိုးမိပြီး စုတ်ပြဲသွားတဲ့ ပင့်ကူအိမ်အမျှင်ကနေ စိုရွဲှနေတဲ့နံရံပေါ်
တွယ်တက်ဖို့ ကြိုးစားခဲ့တယ်။ မိုးစိုနေတဲ့အတွက် ပင့်ကူဟာ အမြင့်တစ်နေရာကို ရောက်တာနဲ့
ပြန်ပြုတ်ကျလာတယ်။ ပင့်ကူဟာ အကြိမ်ကြိမ် ကြိုးစားပြီး တက်ခဲ့ပေမယ့် အကြိမ်ကြိမ် ပြန်ပြုတ်ကျခဲ့ရတယ်။
ပင့်ကူရဲ့ အဖြစ်အပျက်ကို လူ ၃ယောက်က တွေ့ခဲ့ကြပြီး ပထမလူက "ဟင်း.. ငါ့အဖြစ်ကလည်း ပင့်ကူနဲ့
အတူတူပါပဲလား? ပင်ပင်ပန်းပန်း လုပ်ခဲ့ပေမယ့် ဘာမှ အကျိုးမရခဲ့ဘူး" လို့ ပြောပြီး သက်ပြင်းအခါခါ
ချခဲ့တယ်။ အဲဒီနောက် ပထမလူရဲ့နေ့ရက်တွေဟာ စိတ်ဓာတ်ကျခြင်းတွေနဲ့ပဲ ပြည့်နေခဲ့တယ်။
ဒုတိယလူက "ဒီပင့်ကူ တော်တော် တုံးပါလား? ဘေးက ခြောက်နေတဲ့ နံရံကနေ ပတ်ပြီးတက်သွား
လို့လည်း ရရက်သားနဲ့၊ ပင့်ကူလို ငါ တုံးလို့ မဖြစ်ဘူး" လို့ တွေးမိတယ်။ အဲဒီနောက် သူဟာ စဉ်းစား
ဆင်ခြင်တတ်ပြီး ထက်မြက်လာခဲ့တယ်။ တတိယလူက " အဖန်ဖန်ပြုတ်ကျပေမယ့် အထက်ကိုရောက်ဖို့
ဒီပင့်ကူ ဇွဲမလျှော့ခဲ့ဘူး" ဆိုပြီး သူဟာ ဘာလုပ်လုပ် ပင့်ကူလို ဇွဲလုံ့လ၊ တောင့်ခံအားတွေ ကောင်းခဲ့တယ်။
အောင်မြင်မှုကို လိုလားသူဟာ ဘယ်လို အခြေအနေမှာပဲဖြစ်ဖြစ် အောင်မြင်မှု အစွမ်းကို ရှာဖွေတတ်ရတယ်။
( ၂ ) အရှုံးထဲက အမြတ်
အမြန်ရထားပေါ်ကအဘိုးအိုတစ်ဦးရဲ့ ဖိနပ်အသစ်တစ်ဖက်က ရထားအောက်ကို မတော်တဆပြုတ်ကျသွားခဲ့တယ်။
ဖိနပ်အသစ်မို့ ဒီအဖြစ်ကို မြင်တဲ့လူတွေက အဘိုးအိုအစားနှမြောနေကြတယ်။ ဒါပေမယ့် အဘိုးအိုက ကျန်ခဲ့တဲ့
နောက်ဖိနပ်တစ်ဖက်ကိုပြတင်းပေါက်ကနေ ပစ်ထုတ်လိုက်တယ်။ အဘိုးအိုရဲ့ အပြုအမှုကို မြင်တဲ့လူတွေက
အံ့သြပြီး မေးတော့ "ကျန်ခဲ့တဲ့ဖိနပ် တစ်ဖက်က ဘယ်လောက်ပဲ အဖိုးတန်ပါစေ အဘိုးအတွက်အသုံးမဝင်
တော့ဘူး။ ဖိနပ်တစ်ရံလုံးကို တစ်စုံတစ်ယောက်က ကောက်ရခဲ့ရင်သူ့အတွက် အသုံးဝင်နိုင်တယ်လေ"
လို့ အဘိုးအိုက ပြန်ဖြေခဲ့တယ်။
ထက်မြက်သူဟာ လက်လွတ်တတ်ရမယ်၊ အရှုံးထဲကနေ သင်ခန်းစာ ယူတတ်ရမယ်။
( ၃ ) ပြတင်းပေါက် အဖွင့်မမှားနဲ့
မိန်းမငယ်လေး တစ်ယောက်ဟာ ပြတင်းပေါက်ဘောင်ကိုမှီပြီး ပြတင်းပေါက်အပြင်က ခွေးတစ်ကောင်ကို
လူတွေ မြေမြုပ်သင်္ဂြိုလ်နေတာကိုကြည့်ပြီး ငိုကြွေးနေခဲ့တယ်။ ဒါကို အဘိုးကမြင်တော့ "မြေးလေး.. ပြတင်း
ပေါက်အဖွင့်မှားနေပြီ" ဆိုပြီး သူ့ကို တစ်ခြား ပြတင်းပေါက်တစ်ပေါက်ဖွင့်ပေးလိုက်တယ်။ အဲဒီပြတင်းပေါက်
အပြင်မှာက လှပတဲ့နှင်းဆီခင်းကြီးရှိတယ်။ မိန်းမငယ်က နှင်းဆီပန်းခင်းကို ကြည့်ပြီးစိတ်ရွှင်လန်းလာခဲ့တယ်။
ကျရံှုးခြင်းဘေးက ပြတင်းပေါက်ကို ဖွင့်ကြည့်လိုက်ပါ။ မျှော်လင့်ချက်လင်းရောင်ကို သင်တွေ့ကောင်း တွေ့ပါလိမ့်မယ်။
နိုင်းနိုင်းစနေ ဘာသာပြန်သည်။
from : http://www.youthwant.com.tw
Subscribe to:
Post Comments (Atom)
-
အခါတစ်ပါး၌ မြတ်စွာဘုရားသည် သာဝတ္ထိပြည် အနာ ထပိဏ်သူဌေး၏ နှလုံးမွေ့လျော် ပျော်ဖွယ်ရာဖြစ်သော ဇေတဝန် ကျောင်းတော်၌ သီတင်းသုံးနေထိုင်...
-
စကား စကား ပြောပါများ စကားထဲက ဇာတိပြ ၊ တရား တရား ဟောပါများ တရားထဲက ပါဠိရ ဆိုသော စကားတစ်ခွန်းရှိသည် ... လူ့လောကတွင် လူသားတစ်ယောက်အဖြစ် အ...
No comments:
Post a Comment