“ ကြွေးမွေးမပျက် ၊ ဆောင်ရွက်စီမံ ၊ မွေခံထိုက်စေ ၊ လှူမျှဝေ၍ ၊ စောင့်လေမျိုးနွယ် ဝတ်ငါးသွယ်
ကျင့်ဖွယ်သားတို့တာ ” ဟူသော ငယ်စဉ်ကလေးဘဝကစ၍ ရွတ်ဆို ခဲ့ဘူးသည် ။ တစ်ကယ်တော့ သား
သမီးတိုင်းသည် အမိ ၊ အဖ တည်းဟူသော အနန္တဂိုဏ်းဝင် ကျေးဇူးရှင်မိဘ နှစ်ပါးမှပေါက်ပွား ခဲ့ကြသည်
သာပင် … ထို့ကြောင့် အမိ အဖ တို့အား ကြွေးမွေးပြုစု စောင့်ရှောက် ရမည်မှာ သားသမီးများ၏ တာဝန်
သာ … တစ်ခါတစ်ရံ မိဘတို့သည် မှားတတ်ကြသည်လည်းရှိသည် … ထိုသို့သော အချိန်မျိုးတွင် သားသ
မီးများဖြစ် သော ကျွန်ုပ်တို့မှာ စိတ်လိုက်မာန်ပါ ပြောခဲ့ဆိုခဲ့ ကြဖူးသည်သာ … “ တောင်းဆိုးပလုံးဆိုး သာ
ပစ်ရိုးထုံးစံရှိသည် ၊ သားဆိုး သမီးဆိုးကို ပစ်ရိုးထုံးစံ မရှိ ” ဆိုသောစကားအရ မိဘတိုင်းသည် သားသမီး
တိုင်းကို ခွင့်လွတ်ခဲ့ကြသည်သာ … မိဘ မေတ္တာဆိုသည် မှာ မိဘနှင့်ခွဲခွါရသော အခါမှသာ ပိုလို့သိသာ
ခဲ့သည် … တကယ်တော့ မိဘတိုင်းသည် သားသမီးတိုင်း ကို ဆင်းစီးပြီးမြင်းရံစေချင်သည် … သားသမီး
တိုင်း ကောင်းစားတာကိုသာမြင်ချင်ကြသည် … ထို့သို့သော အခါမျိုးတွင် စိတ်လိုက်မာန်ပါ ပြောဆိုဆက်
သည်ကို သားသမီးများအနေဖြင့် နားလည်ပေးသင့်သည် … မိဘမေတ္တာ မည်မျှကြီးမားသည်ကို …
ကပ္ပလီမကြီးရဲ့အတွေး …
တစ်ခါတုန်းက အမေရိကန်နိုင်ငံမှာ ကပ္ပလီလူမည်းမကြီးတစ်ယောက်ရှိတယ် … အဲလူမည်းမကြီးမှာ
သားနှစ်ယောက်ရှိတယ် … ကပ္ပလီမကြီးဟာ ဆင်းရဲတော့ အိမ်သုံးအိမ်မှာအချိန်ပိုင်းအိမ်ဖော်လုပ်ရပါတယ်…
သူလုပ်တဲ့အိပ်သုံးအိမ်လုံးက အရမ်းချမ်းသာကြတယ် … ပထမတစ်အိမ်ကိုကြည့်လိုက်တော့ နံရံတစ်ခုလုံး
မှာစာအုပ်တွေအများကြီးပဲ … “ ဟာ … သူအိမ်ကျတော့ချမ်းသာလိုက်တာ ၊ နံရံတစ်ခုလုံးမှာ စာအုပ်တွေ
ပြည့်လို့ … ငါအိမ်ကျတော့ဆင်းရဲလိုက်တာ … စာအုပ်တစ်အုပ်မှ မရှိဘူး … ” လို့တွေးတယ် …
နောက်တစ်အိမ်ကျတော့ စာအုပ်တွေက ပထမအိမ်ထက်ပိုများတယ် … စာအုပ်တွေကိုလှေကားနဲ့
တောင်တက်ယူရတယ် … သူစဉ်းစားပြန်တယ် … “ ချမ်းသာလိုက်တာ … စာအုပ်တွေကို လှေကားနဲ့တောင်
တက်ယူရတယ် … ငါ့အိမ်ကျတော့ ဆင်းရဲလိုက်တာ စာအုပ်တစ်အုပ်မှမရှိဘူး …”နောက်တစ်အိပ်မှာလည်း
တစ်ခန်းလုံး စာအုပ်တွေပြည့်နေတယ် … စာရေးစားပွဲတွေ ၊ စာကြည့်စားပွဲတွေနဲ့ စာဖတ်ခန်းကြီးလုပ်ထား
တယ် … “ ဪ … ချမ်းသာလိုက်ကြတာ စာအုပ်တွေပြည့်နေတာပဲ … ငါ့အိမ်ကတော့ ဆင်းရဲလိုက်တာ
စာအုပ်တွေ တစ်အုပ်မှမရှိဘူး … ” သူစဉ်းစားရင်း ဖျက်ခနဲ့ တွေးလိုက်တာက ချမ်းသာခြင်း ၊ ဆင်းရဲ့ခြင်းဟာစာအုပ်နဲ့ဆိုင်သလားပေါ့ …
သူအိမ်ပြန်ရောက်တော့ သူ့ကလေးနှစ်ယောက်ကိုခေါ်ပြီး “ သားတို့ အမေ့ကိုချစ်သလား … ”
မေးတယ် … “ ချစ်တာပေါ့အမေရယ် … ” လို့သားတွေက ပြန်ပြောကြတော့ … “ဒါဆိုရင်အမေနဲ့လိုက်ခဲ့”
ဆိုပြီးစာကြည့်တိုက်ခေါ်သွားတယ် … ပြီးတော့ စာကြည့်တိုက်မှူးဆီသွားပြီး “ စာကြည့်တိုက်မှူးကြီး ကျွန်မ ကလေးနှစ်ယောက်နဲ့သင့်တော်တဲ့ စာအုပ်ရှာပေးပါ … ” ဆိုပြီးအပ်တယ်…သူ့သားနှစ်ယောက်မှာ အငယ်ကောင်က ကားတွေကို Crazy ဖြစ်တယ် … အင်ဂျင်နီယာ ဝါသနာပါတယ် … အကြီးကောင်ကျတော့ ခန္ဓာဗေဒကို စိတ်ဝင်စားတယ် … စာကြည့်တိုက်မှာ သူတို့တစ်ခါမှမမြင်ဘူးတဲ့ကားတွေ၊ခန္ဓာဗေဒနဲ့ဆိုင်တဲ့ ပုံတွေ ကို တွေ့လိုက်ရတယ် … သူတို့သိချင်တာတွေ သိလိုက်ရတော့ နောက်နေ့တွေမှာလည်း စာကြည့်တိုက်ကို မသွားဘဲမနေနှိုင်ကြတော့ဘူး … အမေက တိုက်တွန်းနေစရာမလိုတော့ဘူး … အမလုပ်တဲ့သူကလည်း …
“ သားတို့ရေ … မင်းတို့ဖတ်တဲ့စာအုပ်တွေကို ဖတ်ပြီးရင် အမေ့ကို မှတ်ချက်ရေးပေးကြနော် … ” လို့မှာထားတော့ သူတို့က ဒီနေ့ဖတ်တဲ့ အကြောင်းအရာတိုလေးတွေကို စာရွက်လေးနဲ့ရေးရေးပြီး သူတို့အမေကို ပေးထားကြတယ် …
ဒီလိုနဲ့ နှစ်နှစ် ၊ သုံးနှစ်လောက်လည်းကြာရော အဲဒီစာကြည့်တိုက်မှာရှိတဲ့ စာအုပ်တော်တော်များများ
ကို ဖတ်ပြီးသွားပြီ … သူတို့ရဲ့စိတ်ဓါတ် ၊ အတွေးအခေါ် ၊ အယူအဆတွေ အများကြီး ပြောင်းလဲသွားကြတယ်..
သူတို့ကိုသူတို့ ယုံကြည်မှုတွေလည်း အများကြီးဖြစ်လာတယ် … အဲဒီတော့ ကျောင်းကစာကိုဖတ်လိုက်တဲ့အခါ ကျောင်းစာက တော်တော်လွယ်နေတယ် … အတန်းတိုင်းမှာ သူတို့ထူးချွန်လာတယ် …
နောက်တစ်ခုက စာဖတ်တာများလာတဲ့အခါ စာဖတ်လည်းမြန်လာတယ် … စာအုပ်ကို အလွတ်ကျက်
စရာမလိုဘဲနဲ့ လေး - ငါးခေါက်လောက်ဖတ်လိုက်ပြီးရင် အလွတ်ရသွားတယ် … ကားမောင်းတဲ့သူဟာ နှစ်
ကြာလာတဲ့အခါ အလိုလိုသိသလိုဘဲ … စာဖတ်တဲ့သူဟာလည်း စာဖတ်များလာတဲ့အခါ အလိုလိုသိသွားပါ
တယ် … အဲဒီတော့ ကျောင်းစာဖတ်တဲ့အခါ ကျောင်းစာကအရမ်းလွယ်သွားတယ် … သူတို့နှစ်ယောက်စလုံးဟာ အတန်းထဲမှာ မထမချည်းပဲ ဖြစ်လာကြတယ် …
တက္ကသိုလ်ဝင်တန်းအောင်တော့ နှစ်ယောက်စလုံးပညာသင်ဆုတွေ ရကြတယ် … အတိုချုပ်ပြောရရင်
တစ်ယောက်က အထူးကုဆရာဝန်ကြီး ဖြစ်သွားတယ် … တစ်ယောက်က အင်္ဂျင်နီယာ ဖြစ်သွားတယ်ပေါ့ …
အဲဒီလိုနဲ့ ခရစ္စမတ်တစ်ခုကျတော့ သူတို့မိသားစုတွေ ဆုံကြတယ် … အဲဒီလိုဆုံကြတဲ့အခါ သူတို့အမေကို
ပြောတယ် … “ အမေရယ် … အမေ့ကျေးဇူးကြောင့် ကျွန်တော်တို့ဒီလိုဖြစ်လာတာပါ…တစ်ကယ်လို့သာ
အမေက ကျွန်တော်တို့ကိုစာမဖတ်ခိုင်းဘူးဆိုရင် စာကြည့်တိုက်ကိုသာ မပို့ဘူးဆိုရင် ကျွန်တော်တို့အခု
လောက်ဆိုရင် လမ်းသရဲ ဖြစ်နေပြီ … အမေ့ကျေးဇူးကြောင့် ကျွန်တော်တို့ အခုလိုအခြေအနေမျိုးဖြစ်လာတာပါ အမေ … ” လို့ပြောတော့ “ မဟုတ်ပါဘူးကွယ် … သားတို့ကလည်း ကြိုးစားလို့ပါ … ” လို့ကပ္ပလီမကြီးကပြန်ပြောတယ် … “ ဒါပေမဲ့ … အမေရယ် … ကျွန်တော်တို့ တစ်ခုတော့ပြောချင်တယ် … အမေက ကျွန်တော်တို့စာဖတ်ပြီးတိုင်း မှတ်ချက်ရေးပေးရမယ်လို့ပြောလို့ ကျွန်တော်တို့ ရေးပေးတယ် … ဒါပေမဲ့ အမေက တစ်ခါမှကျွန်တော်တို့ကို ဘာမှပြန်မပြောဘူးနော် … ” လို့မေးတော့ … “ အေးအေး … အမေပြပါမယ် … ” ဆိုပြီးအခန်းထဲဝင်ပြီး အထုပ်ကလေးတစ်ထုပ် ယူလာတယ် … အဲဒီအထုပ်ထဲမှာ သူတို့ပေးထားတဲ့စာလေးတွေ အကုန်သိမ်းထားတယ် …
သားတွေက “ ကျွန်တော်တို့ရေးထား တာတွေနဲ့ပါတ်သက်ပြီး ဘာဖြစ်လို့ အမေက ဘာမှပြန်မပြော
တာလဲ … ” လို့မေးတော့ “ သားတို့ရယ် အမေမှ စာမဖတ်တတ်တာပဲကွယ် … ” လို့ပြန်ဖြေတယ် … သူစာမဖတ်တတ်တာကိုဖုံးကွယ်ပြီးသားတွေကိုစာဖတ်တက်အောင်လုပ်ပေးပြီးဘဝကိုမြှင့်တင်ပေးလိုက်
တာပါပဲ …
တကယ်တော့မိဘဆိုသည်မှာ မိမိသာပင် ဆင်းဆင်းရဲရဲနေလင့်ကစား သားသမီးများအား ကောင်းစား
စေချင်သည်မှာ မိဘတိုင်း၏ဆန္ဒပင်သာ … ထို့ကြောင့် မိဘများအား အမြင်မမှားစေလိုပေ …
Subscribe to:
Post Comments (Atom)
-
အခါတစ်ပါး၌ မြတ်စွာဘုရားသည် သာဝတ္ထိပြည် အနာ ထပိဏ်သူဌေး၏ နှလုံးမွေ့လျော် ပျော်ဖွယ်ရာဖြစ်သော ဇေတဝန် ကျောင်းတော်၌ သီတင်းသုံးနေထိုင်...
-
စကား စကား ပြောပါများ စကားထဲက ဇာတိပြ ၊ တရား တရား ဟောပါများ တရားထဲက ပါဠိရ ဆိုသော စကားတစ်ခွန်းရှိသည် ... လူ့လောကတွင် လူသားတစ်ယောက်အဖြစ် အ...
No comments:
Post a Comment