လူငယ်ဆိုတာ
ခိုင်မာရဲရင့်
စွမ်းရည်မြင့်မား
ပြတ်သားထူးချွန်
ကောင်းမွန်ရိုးသား
ကြိုးစားထက်မြက်
အနာဂါတ်အတွက်ဖြစ်ရမည် ...
( အကြည်တော် “ မိတ္တ ဟဒယ ဟာသတက်ကျမ်း ” )
လူငယ်ဆိုသည်မှာ “ ယနေ့လူငယ် နောင်ဝယ်လူကြီး ” ဟု၍ ငယ်စဉ်ကလေးဘဝက
စတင်၍ ယနေ့တိုင် လူတိုင်းပါးစပ်ဖျားတွင် ပြောဆိုလျက်ရှိကြသည် ... လူငယ်များစွာမှလူတော်
များစွာ ဖြစ်ခွင့်ရှိသည် ... လူငယ်များစွာမှလည်း လူမိုက်များစွာဖြစ်ကြကုန်သည် ... လူတော်
ထက် လူမိုက်များရှိခြင်းကကောင်းသည်ဆိုးသည်များ မှာ လူငယ်တစ်ယောက်၏ ခံယူချက်တစ်
ခုပေါ်တွင် မူတည်လျက်ရှိသည် ... လူငယ်တစ်ယောက်မှာ ရှေ့ဆောင်လူကြီးများ၏ နည်းနာကို
အနည်းနဲ့ အများ ပုံတူကူးချလေ့ရှိသည် ... ဥပမာ - အရက်သောက်တတ်သော လူကြီးအသိုင်း
အဝိုင်းအတွင်းရှိသော လူငယ်တစ်ယောက်မှာ အရက်သောက်ဖို့ ၅၀ % ခန့်ရှိသည် ... ကျန်
သော ၅၀ % မှာ မိဘအုပ်ထိန်းသူနှင့် လူငယ်တစ်ယောက်၏ ခံယူချက်တစ်ခုပေါ်တွင် မူတည်
ကြောင်းတွေ့ရသည် ...
တစ်ကယ်တော့ “ လူငယ်များသည် ပုံသွင်းရန်အရာများအဟုတ် ... ပွင့်လင်းရှင်သန်
လာအောင် ပြုစုပျိုးထောင်ရမည့် လူသားများသာဖြစ်သည် ” ( Jess Lair ) ၏ အဆိုအမိန့်တစ်
ခုကဆိုထားသည် ... ဟုတ်သည် တစ်ခါတစ်ရံ လူငယ်များသည် လူကြီးများပုံသွင်းထားသော
ချိန်ခွင်ရှာများပေါ်တွင် သာလျှောက်လှမ်းရသောကြောင့် မိမိ၏ ကိုယ်ပိုင်အယူအဆ မိမိ၏ခံယူ
ချက်များမှာ မှေးမှိန်ပျောက်ကွယ်ခဲ့ရသည် ... အမှန်မဖြစ်သင့်ပေ ... လူငယ်အယူအဆကိုလူ
ကြီးတစ်ယောက်အနေဖြင့် မှားသည်ဆိုစေဦးတော့ သင့်မသင့်ကို လူကြီးတစ်ယောက်အနေ
ဖြင့်သာ လမ်းညွှန်ပြသနှိုင်ဖို့လိုသည် ... ပြသသည့်လူကြီးတစ်ဦး၏ ကိုယ်ကျင့်တရား နှင့်
အကျင့်သီလ များစွာပြည့်စုံနေဖို့လည်းလိုသည် ... လူကြီးများသည် ငါလူကြီးဆိုသောအတ္တ
နှင့် လူငယ်များကို ထိန်းချုပ်ထားသည်မှာ မှားယွင်းသောအယူအဆဖြစ်သည် ... ကိုယ်တိုင်အ
ရက်သောက်ပြီး လူငယ်တစ်ယောက်ကို မကောင်းဘူးလို့ဆိုနေသည်ထက် အရက်၏ ဆိုးကျိုး
ကိုပြောပြပြီး မိမိကလည်း စောင့်ထိန်းဖို့လိုအပ်သည်ဟု ထင်သည် ...
“ လူတိုင်းက ကလေးတွေကို ပညာသင်ပေးရေးသာ တသွင်သွင်ပြောနေကြသည်
ကလေးတွေက လူတွေကို ပညာပေးနေတာရော သတိထားမိကြရဲ့လား ” ( Mrs Sigourney )
ကဆိုသည် ... အမှန်တော့ လူကြီးနှင့်လူငယ်ဆိုသည်မျာ တူညီသောစိတ်ခံစားချက်ရှိကြသည်
ချည်းပင် ... လူကြီးဆိုသော လူများမှာလည်း လူငယ်ဘဝက ဖြတ်သန်းသွားသောသူများသာ
ဖြစ်သည် ... မိမိလက်ထက်တွင် ကောင်းသောအရာများခံစား စံစားပြီး လူငယ်များလက်ထက်
ကျခါမှ မင်းတို့ကြောင့် ဒီလိုဖြစ်ကုန်တာ မင်းတို့အယူအဆတွေ မှားလို့ဖြစ်ကုန်တာ ဟုလူကြီး
များမှ လူငယ်များကို အပြစ်တင်ဝေဖန်လေ့ရှိသည် ... လူငယ်များလက်ထက်တွင်တော့ ခံစား
စံစားစရာဘာမှ မကျန်တော့ ... အဲဒီကျတော့ လူငယ်များမှာ မိအေးနှစ်ခါနာဆိုသလို ကြိုးစား
ရုန်းကန်ကြရင်း လမ်းမှားသို့ ရောက်မှန်းမသိရောက်ကြလေကုန်သည် ... စိတ်ဓါတ်ညံဖြင်းသူ
များမှာတော့ အရက်ဆိုင် ဘီယာဆိုင်များဆီသို့ ခြေဦးလှည့်ကြသည် ... ယခင်က လက်ဘက်
ရည်ဆိုင် ယ္ခုတော့ အဆင့်မြင့်သော နေရာများမှာ လူငယ်များ၏ အတွေးအခေါ်အယူအဆတို့
ကို မြေမြုပ်သင်္ဂြ ိုလ်နေရတော့သည် ...
ထက်မျက်သော လူငယ်များကိုတော့ ရွာထဲထည့် ... မြို့ပြင်ထုတ် ကြသည် ... လူ
ငယ်များ ခေါင်းဖေါ်ဖို့ပင် မတက်နှိုင်တော့ လူငယ်များအနေဖြင့်လည်း ပန်းကောင်းအညွှန့်ချိုး
ခံကြရသည် ... ဘာမှထုတ်ဖေါ်ပြောဆိုခွင့်မရှိ ... ယ္ခုတော့လူငယ်များ ပြောဆိုကြသည်စကား
တစ်ခုမှာကား “ ယခင်က ကျွန်ခံဖို့ သူများနိုင်ငံက လာကြရသည် ယ္ခုတော့ ကျွန်လုပ်ဖို့ သူများ
နိုင်ငံကို သွားကြရမည် ” တဲ့ ... အလွန်တရာမှ ဝမ်းနည်းဖို့ကောင်းသည် ... လူငယ် ရတနာများ
ဆုံးရှုံးသွားကြလေသည် ... ခံယူချက်များညံဖျင်းသွားကြလေပြီ ... လူ့ဘဝရောက်ရှိလာစဉ်အချိန်
လေးတစ်ခုအတွင်းအခွင့်အလမ်းများစွာနှင့် အခွင့်အရေးများစွာတို့ကို လူကြီးများက ရိုက်ချိုး
ထားခဲ့ကြသည် ...
ထို့ကြောင့်လူငယ်များအနေဖြင့် မိမိ၏ စွမ်းဆောင်နှိုင်သော အခွင့်အရေးကို အသုံး
ချပြီး စွမ်းရည်မြင့်မားအောင် ကြီုးစားရမည် ဖြစ်သည် ... သူများအားအပြစ်ပြောဆိုနေမည့်အစား
မိမိကိုယ်ကိုပြုပြင်ပြောင်းလဲရင်း အနာဂတ်အား ပြုပြင်ပြောင်းလဲကြရမည် ... ယ္ခုအချိန်တွင် လူကြီး
များအား အားကိုးနေသည်ထက် “ မည်သူမဆို ကူညီသည်ဖြစ်စေ မည်သူမဆိုမကူညီသည်ဖြစ်စေ
ကိုယ်ထူကိုယ်ထ ကိုဘဝအခြေအနေ ကိုယ့်အားကိုယ်ကိုးမှ ကိုယ့်အားကိုယ်ကိုးမှ ကိုယ်သာသခင်
ဖြစ်ပေဝန်ထမ်း ရွှင်လန်း ပန်းတိုင်ကိုရောက်အောင်လျှောက်နိုင်ဖို့မသွေ လုလင်ငယ်သွေး အားမာန်
မွေးရမလေ ” ဟူသော လွှမ်းမိုးသီချင်းကဲ့သို မိမိ၏ ပန်းတိုင်ကို မိမိဖာသာ လျှောက်လှမ်းရမည်ဖြစ်
သည် ...
“ လူတွေကို မော်ကြည့်ပြီး အားကိုးစရာမလိုအောင် ပညာလုံလောက်စွာတတ်ထားသင့်
သည် ... ပြီးလျှင် လူတွေကိုငုံ့ကြည့်ပြီး အထင်မသေးအောင် မြင်တတ်သောပညာကို ပို၍တက်
ထားသင့်သည် ” ( M.L Boren ) ကမိန့်ဆိုထားသည့်အတိုင်း ပညာသင်ကြရမည်ဖြစ်သည် ...
ကျွန်ုပ်တို့ပညာရေးစနစ်မှာ မညံပါ ... ခေတ်နောက်သို့မှီအောင်မလိုက်နှိုင်ခြင်းသာဖြစ်သည် ...
ကျယ်ပြန့်သောပညာအား လိုက်မှီအောင်ကြိုးစားအားထုတ်ကြရမည် ... ခေတ်ကာလတစ်ခုအတွင်း
ရရှိနှိုင်သော ပညာထက် ပို၍တိုးပွားအောင်ပြုလုပ်၍ မိမိ၏အနာဂါတ်မျိုးဆက်များအား ဖြန့်ဝေပေး
နှိုင်ရန်ကြိုးစားကြရမည် ... လူငယ်တစ်ယောက်အနေဖြင့် မိမိရသင့်ရထိုက်သော အခွင့်အရေးနှင့်
အခွင့်အလမ်းပေါင်းများစွာတို့ကို စိတ်ပျက်ငြီးငွေ့စွာဖြင့်ထိုင်စောင့်နေမည့်အစား လုံလဝိရိယဖြင့်
အားထုတ်ရမည်ဖြစ်သည် ...
“ ပြုပြင်၍မရနှိုင်သော ကံကိုဘဝကသင့်အားပေး၏ ... ပြုပြင်၍ရနှိုင်သော ကံကိုသင်ကပြု
ပြင်ယူရပေမည် ... သို့သော် မိမိ၏ကံကို ပြောမယုံနှိုင်လောက်အောင် ပြောင်းလဲနှိုင်စွမ်းရှိသည့်အ
ချက်ကို လူအများ သတိမထားမိပေ ” ( Bill Grove ) ဆိုသကဲ့သို့ ကျွနု်ပ်တို့ဘဝကို ကျွနု်ပ်တို့ကိုယ်
တိုင် ပြုပြင်ပြောင်းလဲကြရမည်ဖြစ်သည် ... စိတ်ပျက်အားငယ်နေမည့်အစား ကြိုးစားအားထုတ်ခြင်း
ဖြင့် လူငယ်ဘဝကို ဖြတ်သန်းသွားရန်သာရှိသည် ...
ကျွန်တော်လူငယ်တစ်ဦးပါ ...
Subscribe to:
Post Comments (Atom)
-
အခါတစ်ပါး၌ မြတ်စွာဘုရားသည် သာဝတ္ထိပြည် အနာ ထပိဏ်သူဌေး၏ နှလုံးမွေ့လျော် ပျော်ဖွယ်ရာဖြစ်သော ဇေတဝန် ကျောင်းတော်၌ သီတင်းသုံးနေထိုင်...
-
စကား စကား ပြောပါများ စကားထဲက ဇာတိပြ ၊ တရား တရား ဟောပါများ တရားထဲက ပါဠိရ ဆိုသော စကားတစ်ခွန်းရှိသည် ... လူ့လောကတွင် လူသားတစ်ယောက်အဖြစ် အ...
No comments:
Post a Comment