လူငယ်များသည် အတုမြင်အတတ်သင်ကြသော သဘောရှိသည် ... မိမိ၏ရှေ့
မှသွားသော လူများကိုကြည့်၍ တုပပြိုင်ဆိုင် လုပ်ကိုင်လိုသော စိတ်ဆန္ဒသည် လူငယ်တို့
တွင့် ရှိသည်သာဖြစ်သည် ... ပညာနှင့် အသက်မွေးကြကုန်သော လူအသိုင်းအဝိုင်းအ
တွင် မွေးဖွား ကြီးပြင်းလာကြရသော သူတို့သည် ပညာအကြောင်း ကိုသိသည်သာဖြစ်
သည် ... ပညာအကြောင်းကို မသိသောပါတ်ဝန်းကျင်တွင် မွေးဖွားကြီးပြင်းလာကြကုန်
သော လူငယ်အပေါင်းသည်လည်း ပညာ၏ ကောင်းကျိုးကို မသိသည်မှာ အဆန်းမဟုတ်
တော့ပေ ... ကျင်လည်ရာ ပါတ်ဝန်းကျင်အသိုင်းအဝိုင်းကြောင့် မိမိ၏ ရည်ရွယ်ချက်ပန်း
တိုင်ဆိုသည်မှာ များစွာ ပြောင်းလဲတက်လေသည် ...
မြန်မာစကားပုံတစ်ခုတွင် “ ရှေ့ဆောင်နွားလား ဖြောင့်ဖြောင့်သွားသော်နောက်
နွားတစ်သိုက် ဖြောင့်ဖြောင့်လိုက်၏ ” ဟု ရှေးပညာရှိများ မိန့်ဆိုသည်ကို မှတ်သားရဖူး
သည် ... ယ္ခုအခါ လူငယ်အပေါင်းတို့သည်လည်း ရှေ့ဆောင်နောင်တော်ကြီးများ၏ အမူ
အကျင့်ကို တုပလျက်ပြုလုပ်ကြလျက်ရှိသည် ...
ထိုအကြောင်းကို မြတ်စွာဘုရားသခင်က ဂိရိဒတ္တဇာတ် “ မြင်းထိန်းခြေခွင်၍
မြင်းပါခြေခွင် ” သောဇာတ်တော်ကို ဟောကြားထားခဲ့သည် ...
ဂိရိဒတ္တဇာတ်
ဗာရာဏသီပြည် သာမမင်းစိုးစံစဉ် ဘုရားလောင်းသည် ထိုမင်း၏ပညာရှိအမတ်
ဖြစ်နေသည် ... ထိုမင်းတွင် “ ပဏ္ဍဝ ” မည်သော မင်္ဂလာမြင်းတစ်စီးရှိရာ ထိုမြင်းကိုထိန်း
ကျောင်းရသော “ ဂိရိဒတ္တ ” သည်ခြေခွင်သူတစ်ယောက်ဖြစ်သည် ... မြင်း၏နားရှုပ်ကြိုး
ကိုကိုင်၍ ရှေ့မှသွားနေသော ခြေခွင်သူ ဂိရိဒတ္တကို နေ့စဉ်မြင်ရသော် မြင်းသည်သူ့ကို
သင်သည်ဟု ထင်ပြီး မြင်းထိန်းကဲ့သို့ ကျင့်သဖြင့် သူလည်းခြေခွင်သွားလေသည် ...
မင်းသည်ဆေးဆရာကို ခေါ်၍ပြသရာ မည်သည့်ရောဂါဝေဒနာမျိုးမှ စွဲကပ်
ခြင်းမရှိကြောင်း သိရသဖြင့် ပညာရှိအမတ်အား ကြည့်ရှု့စစ်ဆေးရန် ခိုင်းသောအခါ
မြင်း၏ ကိုယ်တွင်းဓါတ်ခံ ကိုသာမက ပတ်ဝန်းကျင်မှ မြင်ကြားရသည်များကိုပါ လေ့လာ
သုံးသပ်ပြီး မင်္ဂလာမြင်း ခြေခွင်လာရသည်မှာ ဂိရိဒတ္တကြောင့် ဖြစ်ကြောင်းလျှောက်ထား
လေသည် ... မင်းသည်လည်း ကောင်းသော မြင်းထိန်းတစ်ယောက် ပြောင်းလဲပေးလိုက်
သည့်အခါ မင်္ဂလာမြင်းသည်လည်း ပြန်၍ကောင်းလာသည် ...
ထို့ကြောင့် ကျွနု်ပ်တို့သည်လည်း ရှေ့မှနောင်တော်များ၏ “ ကောင်းသောအ
ကျင့် ဖြူသောနှလုံး သူတော်ထုံး ” ကိုသာလေ့လာမှတ်သား၍ မကောင်းသည်များကို မိ
မိ၏ စိတ်အစဉ်ဖြင့် ကောင်းမကောင်း ခွဲခြားလိုက်နာကျင့်သုံးတက်ဖို့လည်းလိုအပ်
ပေသည် ...
မိမိ၏ ရည်ရွယ်ရာပန်းတိုင်သို့ မှန်ကန်သော သတိ မှန်ကန်သော အမူအကျင့်
များကို လိုက်နာကျင့်ကြံ၍ တိုးတက်သော လူရည်ချွန် လူရည်မွန်များ ဖြစ်ကြပါစေလို့
ဆန္ဒပြုလျက် ...
Subscribe to:
Post Comments (Atom)
-
အခါတစ်ပါး၌ မြတ်စွာဘုရားသည် သာဝတ္ထိပြည် အနာ ထပိဏ်သူဌေး၏ နှလုံးမွေ့လျော် ပျော်ဖွယ်ရာဖြစ်သော ဇေတဝန် ကျောင်းတော်၌ သီတင်းသုံးနေထိုင်...
-
စကား စကား ပြောပါများ စကားထဲက ဇာတိပြ ၊ တရား တရား ဟောပါများ တရားထဲက ပါဠိရ ဆိုသော စကားတစ်ခွန်းရှိသည် ... လူ့လောကတွင် လူသားတစ်ယောက်အဖြစ် အ...
No comments:
Post a Comment