တစ်ကယ်တော့ဘဝဆိုတာ ဒီနေ့လုပ်ခဲ့သမျှ အချိန်လေးတစ်ခုအပေါ်မှာ မူတည်ပြီး ကြီးကျယ်ခြင်း ၊ နိမ့်ကျခြင်းစသည်ဖြင့် အစီအစဉ်တကျ ဖြစ်တက်တယ် ... မွေးဖွားခြင်း၊သေဆုံးခြင်းကြားအတိုင်းအတာ
တစ်ခုကို ဘဝလို့လူတိုင်းယေဘုယအားဖြင့်သိနေကြတယ် ... ဒါပေမဲ့လူတိုင်း လိုချင်တောင့်တခြင်းများ
စွာနဲ့ အချိန်တစ်ခုကို ဖြတ်သန်းသွားကြတာချည်းပဲ ... ခံယူချက်ကွာတာနဲ့ ဖြစ်တည်ခြင်းတွေကြတော့ မတူညီကြတော့ဘူးလေ ...
အဲဒိမှာ စဉ်းစားဖို့ကောင်းတာက လူတိုင်း ခေါင်းတစ်လုံးရယ် ဦးနှောက်တစ်ခုစီရှိတက်ကြပေမဲ့
ဖြစ်တည်တဲ့ ဘဝဆောက်တည်မှုတွေကြတော့ ကွဲပြားနေကြတယ်...လူတိုင်းတစ်ဦးခြင်းစီအိပ်မက်လေး
တွေက မတူညီကြပေမဲ့ ... အိမ်မက်တိုင်းမှာလည်း မတူညီတဲ့ကွဲပြားချက်တွေကြောင့် ဆင်းရဲခြင်း ၊ ချမ်းသာခြင်း ၊ ပညာရှိခြင်း နဲ့ ပညာမဲ့ခြင်းဆိုပြီး ကွဲပြားသွားကြတယ် ...
ဒါတွေခုချိန်မှာ ပြောဖို့မကောင်းပေမဲ့ အင်္ဂလိပ်စကားပုံက “ Time and tide wait for no man . ”
တဲ့ ... အချိန်ကလူကိုမစောင့်လို့ပဲ ... အချိန်ကို အဖိုးတန်တစ်ခုလို သတ်မှတ်ပြီး အသုံးချသွားတဲ့လူတွေက မြင့်တက်သွားလေ့ရှိပေမဲ့ ... အချိန်ကို တန်ဖိုးမထားဘဲ အချိန်တန်ဖြစ်လာလိမ့်မယ်ဆိုတဲ့မျှော်လင့်ချက်ရှိတဲ့ လူတော်တော်များများနိမ့်ကျသွားကြတယ်...လူခြင်းတူပါလျှက်ခံယူချက်လေးတစ်ခုကြောင့်ဘဝကိုပင်ပန်းကြီးစွာ ဖြတ်သန်းသွားကြတဲ့ လူတွေ ၊ ကမ္ဘာမြေကြီးပေါ်မှာ နေထိုင်သူခြင်းဖြစ်ပါလျှက်နဲ့ တိုးတက်တဲ့နိုင်ငံ ၊ မတိုးတက်တဲ့နိုင်ငံတွေ ရှိနေကြတာဘာကြောင့်လည်း စဉ်းစားမိတယ် ...
မူလတန်းကျောင်းတစ်ခုမှာ သင်းရိုးတူသင်ခဲ့ကြပေမဲ့ အောင်မြင်နေတဲ့သူတော်တော်များများ
အချိန်တစ်ခုကိုတန်းဖိုးရှိစွာ အသုံးချသွားသူတွေ များသောအားဖြင့် အောင်မြင်နေကြတယ် ... ဆယ်တန်းမှာ မေးခွန်းတူတူဖြေကြပေမဲ့ ဖြေနှိုင်တဲ့လူတော်တော်များများ အချိန်ကိုတန်ဖိုးရှိအောင် အသုံးချသွားတဲ့ လူတွေဖြစ်နေတယ် ... အနားနီးမှ ကျက်မယ် ... အချိန်တွေအများကြီးကျန်ပါသေးတယ်ဆိုတဲ့လူတွေ ကြတော့ အောင်မြင်ခြင်းသုခနဲ့ အလှမ်းဝေးခဲ့ကြတယ်...တဖြည်းဖြည်းအသက်တွေသာကြီးသွားပြီးနောက်ဆုံးဆင်းရဲ့ဒုက္ခ တွေနဲ့ရင်ဆိုင်နေကြရတယ် ...
မိဘအရိပ်အာဝါသ ပံပိုးကူညီသူတွေရဲ့ အရိပ်အာဝါသ အောက်မှာနေစဉ်မှာတော့ ရေစုန်
လေစုန်ဆိုတော့ သိပ်မသိကြပေမဲ့ အရိပ်အာဝါသအောက်တစ်ခုက ထွက်ခွာလာချိန်မှာ ပူလောင်ခြင်းဒုက္ခက အသင့်ဆီးကြိုနေလေရဲ့ ... ဥပမာပေါ့ ... အပင်အောက်မှာ နေနေတုန်း ပူလောင်ခြင်းဒုက္ခကို မသိကြပေမဲ့ အပင်အောက်ကထွက်လိုက်တာနဲ့ နေမင်းရဲ့ပူလောင်ခြင်းတွေက တိုက်ရိုက်ထိတွေ့ရမှာ သဘာဝပဲလေ ...
ဗုဒ္ဓဘာသာစကားပုံတစ်ခုက “ ရေဘူးနဲ့ ဖိနပ်မပါရင် နွေခါမှသိမယ် ... ဒါနနဲ့ သီလမပါရင်
သေခါမှသိမယ်”တဲ့...သိတဲ့သူတွေကနွေအခါအတွက်ရေပါအောင်ဆောင်ယူသွားကြတယ်...မသိတဲ့လူတွေ
ကတော့ ယူဆောင်သွားဖို့မလိုပါဘူး ...သိခြင်းနဲ့မသိခြင်း ကြားမှာကြိုးစားအားထုတ်မှုတစ်ခုတော့ ရှိတက်ကြတယ်...သိအောင်တက်အောင်ကြီုးစားအလားထုတ်သင့်သလား...မသိလည်း“ အချိန်တန်ပြီးဆုံး
သွားမှာဘဲ ” ဆိုပြီးပေါ့ပေါ့နေပေါ့ပေါ့စားပြီး ကုန်ဆုံးသွားသင့်သလား ... တွေးတောရင်း ဒီညတစ်ည အချိန်ကုန်ဆုံးသွားလေရဲ့ ...

No comments:
Post a Comment