လူတိုင်းလူတိုင်းမှာ အဖြေတစ်မျိုးမျိုးတော့ရှိတက်ကြပါတယ် ... လူတွေဟာ စိတ်ဆိုးတက်တယ် ပျော်ရွှင်တက်တယ် ဝမ်းသာ ဝမ်းနဲ ရှိတက်ကြစမြဲမို့ကျွန်တော်ဖတ်ခဲ့ရဘူးတဲ့ Post လေးတင်ပေးလိုက်ပါ
တယ် ... နှစ်သက်လိမ့်မယ်လို့ထင်ပါတယ် ...
ဟိုးရှေးရှေးတုန်းက အင်မတန်မှ စိတ်တိုစိတ်ဆတ်တဲ့ ကောင်လေးတစ်ယောက် ရှိသတဲ့ ... တစ်နေ့ကျတော့ သူ့အဖေက ကောင်လေးကို အိမ်ရိုက်သံတစ်ထုပ်ပေးလိုက်ပြီး ပြောပါတော့တယ် ... မင်းတစ်ခါစိတ်တိုတိုင်း သံတစ်ချောင်းကို နောက်ဖေးက ဝင်းထရံတိုင်မှာ သွားရိုက်ချေကွာတဲ့ ...
အဖေက အဲ့ဒီလိုပြောပြီး သံထုပ်ကိုပေးလိုက်တဲ့ ပထမနေ့မှာ ကောင်လေးဟာ ဝင်းထရံတိုင်မှာ သံပေါင်း
( ၃၇ ) ချောင်းရိုက်သွင်းဖြစ်သွားတယ် ... အဲဒီလိုနဲ့ သူစိတ်တိုတိုင်း သံလေးတွေကို ဝင်းထရံမှာ ရိုက်ရင်းရိုက်ရင်း ကောင်လေးဟာ သူစိတ်သူထိန်းနိူင်လာသတဲ့ ... သံရိုက်ချက်တွေဟာလည်း တစ်နေ့ထက်တစ်နေ့ကျဲလာခဲ့တယ် ... ဒီလိုနဲ့ကောင်လေးဟာ ဝင်းထရံမှာ သံပြေးရိုက်တာထက်စာရင်
ဒေါသဖြစ်နေတဲ့စိတ်ကို ထိန်းရတာပိုလွယ်လာမှန်း သဘောပေါက်လာတော့တယ် ...
အဆုံးမှာ ကောင်လေးဟာ စိတ်မတိုပဲနေနိူင်တဲ့နေ့ကို ရောက်လာရော ... ကောင်လေးကပြေး
ပြီး သူအဖေကို သတင်းသွားပို့တယ် ... အဖေရေ .. သားတော့ စိတ်ကိုထိန်းနိူင်သွားပြီဗျ ...
အဲ့ဒီလိုကျတော့ သူအဖေက တစ်မျိုးခိုင်းပြန်ရော.. မင်းကိုယ်မင်း ဒေါသမဖြစ်အောင် တစ်နေကုန်ထိန်းနိူင်ပြီဆိုတာနဲ့ အဲ့ဒီသံတွေကိုပြန်နှုတ်ဦးကွာ ... တစ်နေ့ ထိန်း နိူင်ရင် ညအိပ်ခါနီး တစ်ချောင်းနှုန်းနဲ့ နှုတ်နော်လို့ မှာလိုက်သတဲ့ ... ရက်တွေကြာလာတော့ ကောင်လေးက သူအဖေကို
ပြောနိူင်သွားတယ် ... အဖေရေ.. သားရိုက်ခဲ့တဲ့ သံတွေအားလုံးကို နှုတ်ပြီးသွားပြီ တစ်ချောင်းမှ မကျန်တော့ဘူး ...
သည်အခါအဖေလုပ်တဲ့သူက သားရဲ့လက်ကိုဆွဲပြီး သားရိုက်ခဲ့တဲ့ဝင်းထရံဆီကို ခေါ်သွားတယ် ... တော်တယ်ငါ့သား လို့လည်းဆိုတယ် ... ဒါပေမယ့် သား သေချာကြည့်စမ်း ... ဝင်းထရံတိုင်မှာ အပေါက်တွေဖြစ်ကျန်ခဲ့တယ်နော်...ဒီဝင်းထရံတိုင်တွေကအရင်တုန်းကလိုချောချောမွေ့မွေ့မဟုတ်တော့ဘူး ဆိုတာ သားမြင်တယ် မဟုတ်လား ... အေး.. သားကစိတ်တိုတိုနဲ့ ပါးစပ်ကပြောချလိုက်တဲ့အခါ
တစ်ဖက်သားဆိုတဲ့ဝင်းထရံတိုင်မှာ အခုလိုအမာရွတ်တွေထင်ကျန်ရစ်ခဲ့တတ်တယ် သားရယ်...
အဲ့ဒီလိုပဲလူတစ်ယောက်ကို သားကဓါးနဲ့ထိုးလိုက်တယ် ... ပြီးရင်ဓါးပြန်နှုတ်ပြီး ရှိခိုးတောင်းပန်တယ်ဆိုပါစို့ ... သားဘယ်နှစ်ခါပဲရှိခိုးတောင်းပန်ပါစေ။ ဒဏ်ရာနဲ့ အမာရွတ်ကတော့
မလွဲမသွေကျန်ခဲ့မှာပဲငါ့သားရယ်..တဲ့...တကယ်တော့မိတ်ဆွေသူငယ်ချင်းတွေဆိုတာအဖိုးတန်တဲ့
ရတနာတွေပါပဲ။ သူတို့ဟာ ငါတို့တွေကို ပျော်ရွှင်ရယ်မောစေတယ် ... အားပေးကူညီတယ် ... ဒုက္ခ ၊ သုခတွေကိုလည်း မျှဝေခံစားကြတယ် ... ရင်ဖွင့်သမျှကို ဂရုစိုက်နားထောင်ပေးတယ် ...
ဒါကြောင့်တစ်ခုခုဆိုစိတ်လိုက်မာန်ပါမလုပ်နဲ့ ... သူတို့ကို သံနှုတ်ရာကျန်ခဲ့တဲ့ ဝင်းထရံတွေအဖြစ်မရောက်ပါစေနဲ့...ကိုယ့်မိတ်ဆွေသူငယ်ချင်းတွေကိုကိုယ်ကဘယ်လောက်ဂရုစိုက်
ကြောင်းသူတို့ကိုလည်းသူတို့ရဲ့မိတ်ဆွေတွေအပေါ်ဂရုစိုက်လာအောင်လုပ်ပေးသင့်ကြောင်းပြောကြား
ပေးပါ ... ဒါကြောင့်ကိုယ်တိုင်က သူငယ်ချင်းကောင်း မိတ်ဆွေကောင်းအဖြစ် သတ်မှတ်ထားတဲ့သူတွေဆီကို
ဒီပုံပြင်လေးကို လက်ဆင့်ကမ်းပါ ... ယုတ်စွဆုံး ဒီစာလေးကို ပို့လိုက်တဲ့သူဆီ ဒီအတိုင်းပြန်ပို့နိူင်ပါသေး
တယ် ... ကိုယ်ပို့လိုက်တဲ့စာ ကိုယ့်ဆီပြန်ရောက်လာရင် ကိုယ့်မှာ မိတ်ဆွေကောင်းတွေရှိနေတာကို
အလိုလိုခံစားနိုင်မှာပါ ...
Subscribe to:
Post Comments (Atom)
-
အခါတစ်ပါး၌ မြတ်စွာဘုရားသည် သာဝတ္ထိပြည် အနာ ထပိဏ်သူဌေး၏ နှလုံးမွေ့လျော် ပျော်ဖွယ်ရာဖြစ်သော ဇေတဝန် ကျောင်းတော်၌ သီတင်းသုံးနေထိုင်...
-
စကား စကား ပြောပါများ စကားထဲက ဇာတိပြ ၊ တရား တရား ဟောပါများ တရားထဲက ပါဠိရ ဆိုသော စကားတစ်ခွန်းရှိသည် ... လူ့လောကတွင် လူသားတစ်ယောက်အဖြစ် အ...
No comments:
Post a Comment