စွဲလမ်းမိခဲ့တယ် ... စွဲလန်းမှုဆိုတာ လူကိုရူးသွပ်စေသတဲ့လား ... သူကိုမတွေ့ခင်ပေါ့ ...
ကြုံးဝါးခဲ့ဘူးတယ် ... ကျွန်တော် သူ့ကိုဘယ်တော့မှ မစွဲလမ်းစေရဘူးပေါ့ ... တစ်ခါတစ်လေမှာ
အထင်သေးခဲ့တဲ့ သူတိုင်းကို အဲဒီအထင်သေးခဲ့တဲ့ အရာတွေကပဲ ပြန်ပြီး ဒုက္ခပေးသတဲ့လား ...
ကိုယ်တိုင်စဉ်းစားကြည်ခဲ့တယ် ... အဲဒီစွဲလမ်းစိတ်ကြီးကိုလည်း ဖျောက်ဖျက်ပြစ်ချင်တယ် ...
မရပါဘူး ... တစ်ခါတုန်းကပေါ့ သူ့ကိုစိတ်နာနာနဲ့ တစ်နှစ်လောက် မေ့ထားပြစ်ခဲ့ဘူး
တယ် ... သူကလည်း ကျွန်တော်ကို မေ့ချင်ယောင်ဆောင်ခဲ့တယ် ... ဒါပေမဲ့ သူကနောက်ကွယ်
မှာ ကျွန်တော့ကို ဆွဲဆောင်ထားတာ ကျွန်တော်မသိလိုက်ဘူး ... အဲဒီအတွက် ကျွန်တော်အရှုံးပေး
လိုက်ရတယ် ... အဲလိုမှန်းသိရင် ကျွန်တော်အစ မလုပ်ခဲ့ပါဘူး ... ဒုက္ခတွေကို ထွေးပိုက်ရင်း သူပြု
ခဲ့တဲ့ စွဲလမ်းစိတ်ကို ကျွန်တော်မေ့ဖြောက်ပြစ်ချင်တဲ့စိတ်က ပိုတိုးပွားလာလေလေ သူက ကိုယ်ကို
ပိုစွဲလမ်းလေလေပါပဲ ...
သူကျွန်တော့်ကို တော်တော်ဒုက္ခပေးတယ် ... ကျွန်တော်ကို အချိန်တိုင်းနှိပ်စက်တယ် ...
အိပ်ရာကနိုးတာနဲ့ သတိရလိုက်တာ သူကအရင်ပါပဲ ...သူကြောင့်ကျွန်တော်မှာ ဒဏ်ရာတွေအ
ပြည့်နဲ့ပေါ့ ... အဦးဆုံးမို့အရူးဖြစ်စေတာလား ... သူကလည်း ဘယ်နေရာရောက်ရောက်
ဘာတွေပဲစားစား ဘာတွေပဲသောက်သောက် သူစိတ်ရှည်စွာနဲ့ခွင့်လွတ်ခဲ့ပါတယ် ... ဘယ်နေ
ရာဖြစ်ဖြစ် သူရှိပါတယ် ... သူက ဘယ်သူနဲ့တွဲတွဲ အဖေါ်အဖြစ်နဲ့ ကျွန်တော့နားမှာ သစ္စာရှိစွာနဲ့
စောင့်နေတာပါပဲ ... တခါတလေ သူကအဖေါ်လေးတွေပါ ခေါ်လာပေးပါတယ် ... ကျွန်တော်အ
ထီးကျန် တစ်ယောက်တည်းဖြစ်နေချိန်မှာလည်း သူရှိတက်ပါတယ် ...
အဲလိုကျတော့လည်း သူကအလိုက်သိပြန်ရော ... သူ့ကိုစတွေ့တုန်းက ကျွန်တော်
ငယ်ပါသေးတယ် ... ငယ်သေးလို့မဝေခွဲတက်တာလား ... သူများတွေကို ကြည့်ရင်းအားကျ
တာလား ခုချိန်ထိဝေခွဲလို့မရနှိုင်ခဲ့ပါဘူး ... နေမြင့်လေအရူးရင့်လေပါပဲ ... သူကမကောင်းဘူး ...
သူကိုအစမလုပ်ရင် သူကအေးအေးဆေးဆေးပဲ ... စမိပြီဆိုရင်လည်း သူကအေးအေးဆေးဆေး
လက္ခံတက်တယ် ... အဲဒါကြောင့် သူ့ကိုသွားမစပါနဲ့ ... သူ့ကြောင့်ဘဝပျက်ခဲ့ရတဲ့သူတွေ
မနည်းပါဘူး ... သူ့ကိုမစွဲလမ်းချင်ရင် အစမလုပ်ပါနဲ့ ... သူ့အကြောင်းလူကြီးတွေက ပြောခဲ့
ပါတယ် ... ကျွန်တော်တို့က လူငယ်ဆိုတော့ စမ်းကြည့်ရုံလေးပါ ... အရသာသိချင်တာကို ...
လူကြီးပြောတာနားမထောင်ခဲ့တော့ သူကိုစွဲလမ်းမိခဲ့တာပါ ... တစ်ခါတစ်လေ နောင်တတွေ
နဲ့အတူ သူကို့မေ့ပြစ်ချင်ပါတယ် ...
သူ့ကိုတော့ သူတို့သိလောက်မယ်ထင်ပါတယ် ... သူကကိုလံဘတ်တို့ ကမ္ဘာမြေကို
စတင် ရှာဖွေရွက်လွင့်လာတဲ့အချိန် သူကအခန့်သင့်လိုက်ပါလာခဲ့သူလေ ... သူကိုကဗျာလေး
တစ်ပိုဒ်မှာ “ ညှာအနား ရှေ့သွားနှင့်ကိုက်လို့ ထားရတယ် အိပ်ရာအောက်မှာ မင်းသောက်ဖို့ကို ”
တဲ့ ... အဲဒီလို သူ့ကို လူတွေက တယုတယ ထားခဲ့ကြတာ ... အဲဒါကြောင့်လည်း သူကယနေ့
အချိန်အထိ နေရာယူထားတာ ... သူကိုနေရာဒေသအမျိုးမျိုး မှာပုံသဏ္ဍာန်အမျိုးမျိုးနဲ့ နာမည်
အမျိုးမျိုးနဲ့ ရှိနေတဲ့သူူတစ်ယောက်ပါ ... သူက အမည်နာမ အမျိုးမျိုးပြောင်းလဲ ထားပေးမဲ့
သူ့ကိုလူတိုင်းသိတဲ့ နာမဝိသေသနလေးက “ ဆေးလိပ် ” တဲ့ ...
သူကိုတော့ သွားမစလိုက်ပါနဲ့ ဗျာ ... ကျွန်တော်လည်း သူကိုမေ့ပြစ်ဖို့ကြိုးစားနေ
ပါတယ် ... “ ဆေးလိပ်လည်းတို နေလည်းညိုပြီ ငါ့ကိုအိမ်ပြန်ပို့ပါတော့ ” တဲ့ ... ကျွန်တော်
အိမ်ကို မပြန်ချင်သေးလို့ပါ ...
Subscribe to:
Post Comments (Atom)
-
အခါတစ်ပါး၌ မြတ်စွာဘုရားသည် သာဝတ္ထိပြည် အနာ ထပိဏ်သူဌေး၏ နှလုံးမွေ့လျော် ပျော်ဖွယ်ရာဖြစ်သော ဇေတဝန် ကျောင်းတော်၌ သီတင်းသုံးနေထိုင်...
-
စကား စကား ပြောပါများ စကားထဲက ဇာတိပြ ၊ တရား တရား ဟောပါများ တရားထဲက ပါဠိရ ဆိုသော စကားတစ်ခွန်းရှိသည် ... လူ့လောကတွင် လူသားတစ်ယောက်အဖြစ် အ...
No comments:
Post a Comment