တော့ ... ဪ ... သင်္ကြန်တောင်ရောက်ပြီနော် ... စိတ်ထဲ တသ လွမ်းမောရုံ ... မှတပါး အခြားမရှိ ...ကျွန်တော်တို့ အလုပ်လုပ်နေရတယ် ... အလုပ်က ပြန်ရောက်တာနဲ့ ကွန်ပျူတာဖွင့် ရန်ကုန်သင်္ကြန်ကို လွမ်းမောရန် ရှာဖွေ စိတ်ဖြေမယ်ပေါ့ ...ကျွန်တော်တို့က ကိုယ်တိုင် မဖြစ်နှိုင်လေတော့ “ စိတ်နွမ်းအသာဖြေ မာလာငွေ ကန်ရေအေးရယ်နှင့် ” ဆိုသလို ဟိုကြည့်ဒိကြည့် သူများပျော်တာလေးတွေ လိုက်ကြည်နေတုန်း ဗြုန်း ... ဆိုသီတင်းဆိုးတစ်ခုကြားလိုက်ရတယ် ... စိတ်မကောင်းပါဘူး ... ဘယ်သူကလုပ်လုပ် ကျွန်တော်တို့က စိတ်မကောင်းရုံမှတစ်ပါးအခြားမရှိပါ ... “ ပြုသူ အသစ် ဖြစ်သူ
အဟောင်း ” ဆိုသလို လုပ်ရက်ကြလေခြင်း ... “ သဒိသံ ပါကံ ဇနေတိ ” တူသောအကျိုးပေးမည်သာဖြစ်သည် ...
လောလောဆယ် အဆင်ပြေဖို့ သံသရာကိုမျက်စိမှိတ်ပြီး ပြုလုပ်ကြသောသူများ ဖြစ်သဖြင့် နှစ်သစ် မြန်မာအတာသင်္ကြန်ကို အရုပ်ဆိုးအကျဉ်းတန်ပြုလုပ် သူများအား မုဒိတာ ပွားရုံသာပင် ... “ အကောင်းဖြစ်ရန် အဆိုးခံသည် ” ဟုမှတ်ယူကာ ... နှစ်သစ်မှာ မင်္ဂလာအပေါင်းနှင့် ပြည့်စုံပါစေ ဟု ဆန္ဒပြုလျက် ...
Subscribe to:
Post Comments (Atom)
-
အခါတစ်ပါး၌ မြတ်စွာဘုရားသည် သာဝတ္ထိပြည် အနာ ထပိဏ်သူဌေး၏ နှလုံးမွေ့လျော် ပျော်ဖွယ်ရာဖြစ်သော ဇေတဝန် ကျောင်းတော်၌ သီတင်းသုံးနေထိုင်...
-
စကား စကား ပြောပါများ စကားထဲက ဇာတိပြ ၊ တရား တရား ဟောပါများ တရားထဲက ပါဠိရ ဆိုသော စကားတစ်ခွန်းရှိသည် ... လူ့လောကတွင် လူသားတစ်ယောက်အဖြစ် အ...
No comments:
Post a Comment