မြန်မာစာသည်သိမ်မွေ့နက်နဲ့သကဲ့သို့မြန်မာစကားသည်လည်းရှုပ်ထွေးလှ၏...မြန်မာစကား
ပြောဆိုပုံတွင ်... ရေကူးညာတင်၊ကောက်ပင်ရိတ်လှီးရေစီးဖောင်ဆန်၊အိုးတန်ဆန်ခပ်ဆီပွတ်ကျည်ပွေ့၊
ဆင်ဝှေ့ရန်ရှောင် ၊ တောင်သူယာခုတ်၊ကြက်ဆုတ်ခွပ်ပစ် ၊ ရေစစ်ကရား၊ ခက်တင်မောင်းနင်း ဆိုခြင်းစကား ' ဤဆယ်ပါး ' မှတ်သားကျင့်ဆောင်ရာ ဟူ၍ရှိ၏ ...
စကားပြောနည်း ၁ဝ-မျိုး
(၁) ရေကူးညာတင်စကား- လိုရာဆိပ်ကမ်းကို ရေညာကတင်၍ကူးမှရောက် သကဲ့သို့
''မိမိလိုရာရောက်အောင်ကြိုတင်၍ စကားပိုဖြင့် ပြောဆိုခြင်း။''
(၂) ကောက်ပင်ရိတ်လှီးစကား- ကောက်ပင်ကို လက်တစ်ဘက်ဖြင့် မြဲမြံ စွာဆုပ်၍ တံစဉ်ဖြင့်အရင်းကရိတ်ဖြတ်လျှင်လက်တွင်ရှိသမျှစပါးကိုရသကဲ့သို့
''သူဆိုသောစကား မိအောင်ဖမ်းကိုင်ပြီးမှ ပြတ်စဲအောင်ပြောဆိုခြင်း။''
(၃) ရေစီးဖေါင်ဆန်စကား- လိုအင်ဆန္ဒ ရှိသမျှသောအရာဝတ္ထုတို့ကို ဖေါင်တွင် တင်၍ ဖြည်းညှင်းစွာ ဆန်တက်သွားလျှင် လိုအင်ကိစ္စပြီးသကဲ့သို့
''ခြေသိမ်း ခေါင်းပိုက်ပမာ ဟပ်စပ်၍ ပြီးပြတ်အောင်ပြောဆိုခြင်း။''
(၄) အိုးတန်ဆန်ခတ်စကား- အိုးနှင့်ဆန် တန်ရုံထည့်၍ချက်လျှင် ကောင်းစွာ ကျက်နပ် သကဲ့သို့
''ကိုယ်နှင့်ဂုဏ်အင်တန်ရုံ မယုတ်မလွန်ပြောဆိုခြင်း။''
(၅) ဆီပွတ်ကျည်ပွေ့စကား- ကျည်ပွေ့ဖြင့် အကြိမ်ကြိမ် အထပ်ထပ် ဆီပွတ်လျှင် ဆီထွက်၍ မိမိအလိုကိစ္စပြီးသကဲ့သို့
''လိုရာကိစ္စပြီးစေခြင်းငှာ ထိုစကားကိုပင်အထပ်ထပ်ပြောဆိုခြင်း။''
(၆) ဆင်ဝှေ့ရန်ရှောင်စကား- ဆင်ထိုးဝှေ့မည်လိုက်လျှင် တိမ်းရှောင်ဖယ်သွေ လွတ်ရာ၌ ပြေးလွှဲကာနေရသကဲ့သို့
''ကိုယ့်ထံသို့ရောက်မည့်စကားကို ရှောင်လွှဲ၍ပြောဆိုခြင်း။''
(၇) တောင်သူယာခုတ်စကား- တောင်သူလယ်သမားတို့သည် မိမိတို့ တည် ခုတ်မည့် လယ်ယာ မြေကွက်၌ ရှေးဦးစွာ ခြုံပိတ်ပေါင်းနွယ်
သစ်ပင်ငယ် တို့ကို ခုတ်ထွင်ရှင်းလင်းပြီးမှသာ သစ်ပင်ကြီးတို့ကို ခုတ်ထွင်ဖိလှဲသကဲ့သို့
''စကားငယ်ကို ပြောဆိုပြီးမှ စကားကြီးကို ဖိစီး၍ ပြောဆိုခြင်း။''
(၈) ကြက်ဆုတ် ခွပ်ပစ်စကား- ကြက်ခွပ်ရာ၌ နောက်ဆုတ်ဟန်ပြု၍ခွပ်မှသာ ခွပ်ပစ်သကဲ့သို့
''သူ့စကားအလိုသို့ လိုက်တန်ကလိုက်၍ စီးသာမှစီးလျက် ပြီးပြတ်အောင် ပြောဆိုခြင်း။''
(၉) ရေစစ်ပမာစကား- ဓမ္မကရိုဏ်ခေါ် ရေစစ်ကိုရေတွင်နှစ်ကာ ပြည့်မှ အပေါက်ကို ပိတ်၍ဆွဲယူလိုက်လျှင် ရေမထွက်နိုင်သကဲ့သို့
''သူတစ်ပါးပြောဆိုခွင့်မရအောင် ပိတ်ဆို့၍ပြောဆိုခြင်း။''
(၁ဝ) ခက်တင် မောင်းနင်းစကား- မောင်းနင်းသောသူသည် တစ်ဘက်လိုက်ပါ တိမ်းစောင်းလွန်းလျှင် အတင်ခက်၍ မတိမ်းမစောင်းနင်းရသကဲ့သို့
''ဟုတ်သည်ဖြစ်စေ၊ မဟုတ်သည်ဖြစ်စေ မတင်မကျ ပြောဆိုခြင်း။'' ( ဗုဒ္ဓဓမ္မ ဦးလောကနာထ )
ထို့အပြင်စကားပြောဆိုရာတွင်လည်း ကျိုးကြောင်းကိုကြည့်၍ အောက်ပါအတိုင်းပြောဆိုခြင်းဆယ်မျိုးရှိ၏ ...
၁။ ကာလဝါဒီ= အချိန်အခါကိုကြည့် ပြောရသည်။
၂။ ဘူတဝါဒီ= ဟုတ်မှန်သောစကားကို ပြောရသည်။
၃။ အတ္ထဝါဒီ= အကျိုးရှိသောစကားကို ပြောရသည်။
၄။ ဓမ္မဝါဒီ= တရားနှင့်လျော်ညီသောစကားကို ပြောရသည်။
၅။ ပီယဝါဒီ= ချစ်ဖွယ်သောစကားကို ပြောရသည်။
၆။ မိဟိတပုဗ္ဗဘာဏီ= ပြုံးရွှင်ခြင်းကို ရှေးဦးပြုပြီး ပြောရသည်။
၇။ မိတဘာဏီ= မပိုမလွန် ချင့်ချိန်ပြီး ပြောရသည်။
၈။ အတုရိတဝါဒီ= အဆောတလျင်မဖြစ်အောင် ပြောရသည်။
၉။ ပေါရီ= မြို့ကြီးသား၊ မြို့ကြီးသူတို့ပြောသကဲ့သို့ ချိုသာစွာ ပြောရသည်။
၁၀။ ဝိသဒဝါဒီ= ပီပီသသ ဌာန်ကရိုဏ်းကျကျ ပြောရသည်။ ( ဗုဒ္ဓဓမ္မ ဦးလောကနာထ )
လူလောကတွင်လူသားတစ်ယောက်အဖြစ်အသက်ရှင်နေထိုင်ရသူတိုင်းသည်အဓိကပေါင်းသင်းဆက်ဆံရေး လက်နက်အဖြစ်စကားကိုနေ့စဉ်နှင့်အမျှပြောဆိုနေကြရ၏ ...စကားပြောဆိုခြင်းကြောင့်ချစ်ခြင်းကိုဖြစ်စေ ၊ မုန်းခြင်းကိုဖြစ်စေ ဖြစ်စေတက်၏ထို့ကြောင့် ပိယဝါစာ ချစ်ဖွယ်သော စကားကိုဆိုနှိုင်သောသူဖြစ်စေခြင်း အလိုငှါရှာဖွေတင်ဆက်လိုက်ရပါသည် ...
“ သက်ကြီးတို့စကား ၊ မှတ်သားရစီစဉ်။ ယဉ်ယဉ် မဖော်ပြ ၊ မှီခိုသူ-လူပဏ္ဍိတို့ရယ် ၊ နှိုင်းညှိယူဆ ။ ”
Subscribe to:
Post Comments (Atom)
-
အခါတစ်ပါး၌ မြတ်စွာဘုရားသည် သာဝတ္ထိပြည် အနာ ထပိဏ်သူဌေး၏ နှလုံးမွေ့လျော် ပျော်ဖွယ်ရာဖြစ်သော ဇေတဝန် ကျောင်းတော်၌ သီတင်းသုံးနေထိုင်...
-
စကား စကား ပြောပါများ စကားထဲက ဇာတိပြ ၊ တရား တရား ဟောပါများ တရားထဲက ပါဠိရ ဆိုသော စကားတစ်ခွန်းရှိသည် ... လူ့လောကတွင် လူသားတစ်ယောက်အဖြစ် အ...
ကျေးဇူးတင်ပါတယ်ရှင့်း)
ReplyDelete