Friday, 9 April 2010

If you want to get ahead in life , go an extra mile !

            " ဘဝမှာ သူများထက်ပိုပြီးရှေ့ ကိုရောက်ချင်သလား၊ တစ်မိုင်ပိုသွားပါ "
             (If you want to get ahead in life, go an extra mile) ဆိုတဲ့
ဆိုရိုးစကားရှိပါတယ်။ ဆိုလိုတာက သူများထက်သာချင်လျှင်သူများထက်
ပိုပြီးအလုပ်လုပ်ပါ။ ကောင်းကွက်က အဲဒီမိုင်ပိုထဲမှာ ပြိုင်စရာလူမရှိတက်ဘူး ...
လူအများစုဟာ ပေးထားတဲ့လခနဲ့ တန်ရုံပဲ အလုပ်လုပ်မယ်ဆိုတဲ့စိတ် ထားရှိကြတယ် ...
တချို့ ကြတော့ လခနဲ့ တန်အောင်တောင်မလုပ်တော့ဘဲ အချိန်ရရ ဘာရရခိုးကြခိုကြတယ် ...
အလုပ်ကိုမပြုတ်ရုံလေး ထိန်းလုပ်နေတဲ့သူတွေလည်း တွေ့ ဖူးပါလိမ့်မယ် ...
မိုင်ပိုသွားတဲ့လူ ရှားပါတယ် ...

ဒါကြောင့်လည်း မိုင်ပိုသွားတဲ့လူတွေဟာ ပြိုင်ဘက်နည်းနည်းလာပြီး ရှေ့ ဆုံးကို
ရောက်သွားကြတာပါ ...
ကိုယ်ရတာထက်ပိုပြီး ပြန်ပေးလေ့ရှိသူတွေ ရတက်တ အကျိုးထူးတွေရှိပါတယ် ...

(က) သင်ဘယ်မှာပဲလုပ်လုပ်၊ ဘာကိုပဲလုပ်လုပ် အလုပ်ခွင်တိုင်းက သင်လိုလူကို
တန်ဖိုးထားကြတယ် ...

(ခ) လုပ်နေရတဲ့အလုပ်ကို ပိုကျွမ်းကျင်လာပြီးတော့ ကိုယ့်ကိုယ်ကိုယုံကြည်မှူကို
တိုးတက်စေတယ် ...

(ဂ) လူတွေက အလိုလို ခေါင်းဆောင်တင်ခြင်လာမယ် ...

(ဃ) လူတွေရဲ့  ယုံကြည်မှုကိုရလာမယ် ...

(င) အထက်လူကြီးတွေရဲ့  အထင်ကြီးလေးစားခြင်းကို ရလာမယ် ...

(စ) ထာဝစဉ် လက်တွဲလိုတဲ့ လုပ်ဖော်ကိုင်ဖက်တွေများလာမယ် ...

(ဆ) ကူညီလိုသူတွေ ပေါလာမယ် ...
ကိုယ့်အသိနဲ့ ကိုယ် မိုင်ပိုလျှောက်နေသူ၊ ကြီးကြပ်သူမရှိလည်း အားသွန်ခွန်စိုက်
ကြိုးစားပမ်းစားအလုပ်လုပ်နေသူ ၊ အချိန်မှန်အလုပ်လာတက်သူ၊ သူတစ်ပါးကို
ထောက်ထားညှာတာသူ၊ ပြောတာကို သေသေချာချာနားထောင်ပြီးအတိအကျ
အကောင်အထည်ဖော်ပေးသူ ၊ မုသားမပြောတက်သူ၊ အရေးကြီးလျှင် လက်မရှောင်ဘဲ
အချိန်မရွေး အလုပ်လုပ်ပေးသူ ၊ ပင်ပန်းမှုကို မမှုဘဲ ရလဒ်ကိုပဲကြည့်သူ၊ ပင်ပန်းတဲ့ကြားက
စကားချိုသာပြုံးရွှင်စွာ ယဉ်ကျေးသူ ၊ ဒီလိုလူတွေကို နေရာတိုင်းကလိုချင်ပါတယ် ...
အတွေ့ အကြုံတွေ၊ ဘွဲ့ ဒီဂရီတွေဟာ အထက်ပါအရည်အချင်းတွေလောက်
အရေးမကြီးပါဘူး ... value-added (တန်ဖိုးပေါင်း ထည့်ထားသော) ဆိုတဲ့စကားလုံးတစ်ခု
ဒီနေ့ခေတ်မှာခေတ်စားပါတယ် ...(စေတနာ အပိုဆောင်းထားသော)လို့  ကျွန်တော်က
ဆိုချင်ပါတယ် ... မိဘအတွက် ၊သားသမီးအတွက် ၊ ဇနီးအတွက် ၊ ခင်ပွန်းအတွက် ၊
မိတ်ဆွေအတွက် ၊ ဆရာအတွက် ၊ တပည့်အတွက် ၊ဖောက်သည်တွေအတွက် ၊
စသဖြင့် ဘယ်သူ့ အတွက် ဘာကိုပဲလုပ်ပေးရ လုပ်ပေးရ စေတနာအပိုဆောင်းပြီး
ကောင်းကောင်းလုပ်ပေးတဲ့ အကျင့်ကို မွေးမြူထားရပါမယ် ... ဘယ်တော့မဆို
ဘာကိုလုပ်လုပ် စေတနာအပိုဆောင်းပြီးအကောင်းဆုံးဖြစ်အောင်
ဘယ်လိုလုပ်ပေးရမလဲဆိုတဲ့ မေးခွန်းကို ကိုယ့်ကိုယ်ကို အရင်မေးပါ ...
" ထို့ နောက် ထို့ ထက်ပို၍ (and then some mores) " ဆိုတဲ့ စကားစုလေးဟာ
အောင်မြင်မှုတံခါးကိုဖွင့်နိုင်တဲ့သော့တစ်ချောင်း ဖြစ်ပါတယ် ... အောင်မြင်သူတွေ
အားလုံးဟာ လုပ်သင့်တာကို အကုန်လုပ်ခဲ့တယ် ... ထို့ နောက်ထို့ ထက်ပို၍ လုပ်ပေး
ခဲ့တယ် ... အောင်မြင်သူအားလုံးဟာ ပေးအပ်တဲ့တာဝန်ကို
ကျေပွန်အောင်ထမ်းဆောင်တယ် ... ထို့ နောက်ထို့ ထက်ပို၍ တာဝန်ထမ်းခဲ့သည် ...
အောင်မြင်သူများဟာ ယဉ်ကျေးသိမ်မွေ့ပြီး ရက်ရောပြသည် ...
ထို့ နောက်ထို့ ထက်ပို၍ အောင်မြင်သူများသည် ယုံကြည်စိတ်ချရသည် ... ထို့ နောက်ထို
့ထက်ပို၍ .....။
အောင်မြင်သူများသည် ရာနှုန်းပြည့်အားသွန်ခွန်စိုက် အလုပ်လုပ်ကြသည် ... ထို့ နောက်
ထို့ ထက်ပို၍.....။.....။
ထို့ နောက်ထို့ ထက်ပို၍။ .....။
အင်မတန်ညဏ်ကောင်းပြီး အထင်ကြီးလောက်တဲ့ ဘွဲ့ ဒီဂရီတွေနဲ့ လူတချို့ အဘယ်ကြောင့်
အလယ်အလတ်ဘဝမှာလမ်းဆုံးနေရပါသလဲ ... အဆိုးမြင် နဲ့  ခွန်အားကို လျှော့သုံးပြီး အားလုံးကို
စိတ်ပျက်အောင်ပြောတတ်လုပ်တတ်နမူနာပြတတ်တဲ့ ပညာရှင်ကြီးတွေဖြစ်သွားလို့ ပါပဲ ...
လခနဲ့ တန်ရုံပဲလုပ်မယ် ငါ့ပညာနဲ့ တန်အောင်ပေးမထားလို့ ပညာကုန်သုံးမလုပ်နိုင်ဘူး ၊
သင့်ရုံလုပ်တော်ရောပေါ့လို့ စိတ်ထားတတ်ကြတယ် ... သူတိုဘဝလည်းသင့်ရုံပဲ
တိုးတက်တာ ဘာမှမဆန်းပါဘူး ... ကိုယ်ရတာထက် ပိုလုပ်ပေးလေ့ရှိသူတွေဟာ အဲဒီမိုင်ပို ၊
အချိန်ပိုတွေမှာ ယှဉ်ပြိုင်စရာလူတွေကို နောက်မှာထားခဲ့တော့တာ ... သူများကသာသူတို
့ကိုလိုက်ပြိုင်ရတော့မယ်၊ သူတို့ ကသူများကို ပြိုင်စရာမလိုတော့ပါဘူး ... ဒါ့ကြောင့် သူများထက်
မိုင်ပိုလျှောက်မယ်ဆိုတဲ့ ခံယူချက်သဘောထားဟာ ဘဝအောင်မြင်ရေးမှာညဏ်ကောင်းတာတွေ
ဘွဲ့ ဒီဂရီတွေထက် အများကြီး... အများကြီး... ပိုပြီးအရေးကြီးပါတယ် ...

( ဘွဲ့ ဒီဂရီတွေ ပိုင်ဆိုင်ပြီး ကောင်းမွန်သောအသိညဏ်နဲ့ သူများထက်မိုင်ပိုလျှောက်သူတိုင်း
 အောင်မြင်သော ဘဝတစ်ခုကို ပိုင်ဆိုင်နိုင်မှာအသေအချာပင် ... )

No comments:

Post a Comment

အကျင့်ဆိုး ...