Sunday, 25 April 2010

ဆင်ခြင်စဉ်းစားခြင်း ...

             လူဆိုတာ ဘဝကိုအချိန်အတိုင်း အတာတစ်ခုအတွင်း ဖြတ်သန်းသွားကြသူ များသာဖြစ်တယ် ...ဘာဘဲဖြစ်ဖြစ် ရောက်လာချိန်လေးတစ်ခုအတွင်း ကျွန်ုပ်ဘာလုပ်နှိုင်မလဲ  ... ကျွန်ုပ်ကိုကျွန်ုပ် ဘာတွေပြင်
ဆင်ထားသလဲ ... သူများအကျိုးမဆောင်ရွက်နှိုင်ရင်တောင်မှ ကိုယ့်ကိုကိုယ်ဘယ်လောက်တိုးတက်အောင်
ဆောင်ရွက်ခဲ့ဘူးသလဲ ... တစ်ခါတစ်လေ စဉ်းစားကြည့်သင့်တယ် ...

          ကျွန်တော်တို့ သူများတွေကို လိုက်ကြည့်ရင် သူတို့ဖြတ်သန်းသွားတဲ့ ဘဝတစ်ခုစီကို ကြည့်ရင်း
သင်္ခန်းစာတွေ လိုက်နာစရာတွေ အများသားနော် ... ဘာပဲဖြစ်ဖြစ် ဒီစာလေးကိုဖတ်ပြီး တစ်ခုခုတိုးတက်ချင်
စိတ်ရှိလာတယ်ဆိုရင်ပဲ စာရေးရကျိုးနပ်ပါတယ် ... ဘာပဲဖြစ်ဖြစ်ပေါ့ ...
              ကန်တော်မင်ကျောင်းဆရာတော်ရေးတဲ့ လောကသာရပျို့ထဲက စာလေးတစ်ပိုဒ်ကိုအရင်ပြောပြ
မယ် ... “ သူတော်တကာ  တက်စရာသား  အဠာရသ သိပ္ပအပြား အတက်များကို မှတ်သားသတိပညာရှိတို့

တတ်သိအပ်စွ သိပ္ပနှံ့သမျှလုံးခြုံမတက်တုံလည်းတစ်စုံတစ်ခုတတ်အောင်ပြု၍လူမှုအိမ်ထောင်စီးပွားဆောင်
လော ညဉ့်မှောင်မသိ ကြက်မျက်စိသို့ မိမိကိုယ်ဘို့ အတတ်ချို့သော် သူတို့ပြစ်တင် ဆင်းရဲ့မြင်အံ ထင် ထင် မျက်မြှော် မကော်ရော်သည် အိုသော်သူ မရယ်စေနှင့်မင်း ” ... ( ၁၅ ) တဲ့ ...

                အဲဒီလင်္ကာလေးကို ကိုယ်ပိုင်စကားပြေလေးတစ်ခု ( သို့ ) ကိုယ်ပိုင်အတွေးအခေါ်လေးတစ်ခု
လောက်ပဲ မှတ်ထားလိုက်ပါ ... ကိုယ်တိုင် စဉ်းစားဝေဖန်လို့လည်း ရပါတယ်...တစ်ယောက်နဲ့တစ်ယောက်
အတွေးအခေါ်တွေ ခံယူချက်တွေဆိုတာ တူချင်မှတူမှာ မို့လို့ပါ ...
                ကိုယ်တိုင်တွေးထားတာက ... လူဘဝတစ်ခုကို ရောက်လာပြီဆိုရင် သိစရာတက်စရာတွေက
သမုဒ္ဒရာလိုပဲ့ ကျယ်ပြန့်ပါတယ် ... ဘာပညာဖြစ်ဖြစ်ပေါ့ ... ပညာဆိုတာ တစ်ကယ်ဆိုရင် ပင်လယ်ရေလို
ပဲ သောက်လေသောက်လေ ငတ်မပြေ တဲ့သဘောရှိတယ် ... တစ်ချို့ကြတော့ ဘွဲ့တစ်ခုရရင်တော်ပါပြီ
ဆိုပြီးရပ်သွားကြတယ်...တစ်ချို့ကျတော့ဆယ်တန်းမအောင်လည်းရပ်တည်လို့ရတာပဲဆိုတဲ့လူတွေလည်းရှိ
ပါတယ် ... ဒီလင်္ကာလေးမှာက အဠာရသ လို့ခေါ်တဲ့ ပညာကို တက်အောင်သင်ခိုင်းထားတယ် ... တစ်စုံတစ်ခုလောက်သင်ထားရင်လည်း လူဘဝမှာရပ်တည်လို့ ရနှိုင်ပါတယ် ... မသင်တဲ့လူတွေကြတော့
ဘာဖြစ်လဲ...သူတို့ဘဝကိုပင်ပန်းကြီးစွာဖြတ်သန်းသွားကြတယ်...ပညာမတက်တဲ့သူတွေကို“ညဉ့်မှောင်မသိ
ကြက်မျက်စိသို့ ” တဲ့ ... ကြက်တွေက မှောင်လာရင် မမြင်ရတော့ဘူးလေ ... ပညာမတက်ရင် မှောင်ခြင်းလင်းခြင်းဆိုတာ ဝေဖန်ပိုင်းခြား နှိုင်စွမ်းမရှိပဲ ဘဝကိုဆင်းရဲစွာ ဖြတ်သန်းသွားကြတယ် ...

              ပညာတက်တဲ့သူတွေကတော့မှောင်ခြင်း လင်းခြင်းဆိုတာကို ပညာပေါ်မူတည်ပြီး ဝေဖန်ပိုင်း ခြားပြီး ဘဝကိုချမ်းသာစွာနဲ့ ဖြတ်သန်းသွားကြတယ်လေ ... ပညာဆိုတာကလည်း ကောင်းခြင်း ဆိုးခြင်း ကိုဝေဖန်ပိုင်းခြားနှိုင်တာကိုခေါ်တယ်လို့ဆိုကြတယ်...ဒီဂရီတွေဘယ်လောက်များများဝေဖန်ပိုင်းခြားနှိုင်စွမ်း မရှိရင်လည်း ပညာတက်တယ်လို့ မဆိုနှိုင်ပါဘူး ... တစ်ချို့ဆယ်တန်းမအောင်ဒီဂရီမရလည်းချမ်းသာစွာနဲ့ နေထိုင်သွားကြသူတစ်ချို့ရှိပါတယ် ... အဲဒီလူတွေမှာ တစ်ခုကောင်းပညာတွေ ရှိတက်ကြတယ် ...
               “ လုံလပညာ လိမ္မာတတ်ကုံ ဆင်စွယ်စုံသို့ ကိုပင်ယုံမြဲ ကောင်းအောင် သန်သားလုပ်ကြံ သေသတ်ယောကျ်ားမြတ်တို့ မှတ်သည့်အတိုင်း ပြည့်လှိုင်းချမ်းသာ စီးပွားလာ၏ ။ ပညာချို့တဲ့ လုံးလမဲ့ဟု ကဲ့ရဲ့သင်္ဂြ ီုလ်သူများဆို၏ ကိုယ်ကိုမချစ် အကျင့်ညစ်သား အပြစ်ဘွဲ့ဖို့ လူသွမ်းတို့ကား မည်သို့မသိ ပျင်းရိရိလျှင် ရှိသည်ကိုယ်တို့ ကုသိုလ်ပို့က ငါတို့နေရာ စီးပွားလာအံ ကြမ္မာကိုယ်ချည်း မှတ်ထင်ရည်း၍ ကျင့်နည်းညံဆုံး သူပျက်ထုံးကို နှလုံးမငြိတွယ်စေနှင့်မင်း ” ... ( ၁၉ ) တဲ့ ...
              ပညာတက် တဲ့လူတော်တော်များများ ဟာ“ဆင်စွယ်စုံသို့”တဲ...စွယ်စုံဆင်တစ်ကောင်ရဲ့အားကို
အခြားဆင်တွေလိုက်မမှီပါဘူး ... အမဲလိုက်မုဆိုးက ခြေရာကြီးကြီးတွေ့ရင် “ ဆင် ” လို့သိနှိုင်တယ် ... သေးရင်တော့ “ ခြင် ” ပေါ့ ... ကမ္ဘာပေါ်မှာ အကြီးဆုံးနဲ့ အသေးဆုံး သတ္တဝါ နှစ်ကောင်ကို ခိုင်းနှိုင်ပြီး ဆင်ခြင်စဉ်းစားခဲ့ကြတယ် ... အမှားတွေကို ပညာသတိနဲ့ ဝေဖန်ပိုင်းခြားသွားတာပါပဲ ... အမဲလိုက်ပညာဆိုတာလည်း သားကောင် တွေရဲ့ခြေရာ ဓလေ့စရိုက်ကို သိခြင်းတစ်ခုပါပဲ ... များများသိလေ အမဲများများရနှိုင်လေပါပဲ ...
               ပညာမတက်တဲ့သူတွေကတော့ သာကောင်ရဲခြေရာ ဓလေ့စရိုက် ကိုမသိ တဲ့အတွက် အမဲကလွတ်မြောက်သွားလေ့ရှိပါတယ် ... အမဲလိုက်ခြင်းအကြောင်းသိချင်ရင်တော့ ကိုပိုက်တို့ဘာတို့ဖတ်ကြည့်ပေါ့...ပညာမတက်တဲ့သူတော်တော်များများအလွယ်လမ်းကိုလိုက်လေ့ရှိပါ
တယ် ... ကိုယ်ကျင့်တရားဆိုတာမသိ ... ပျင်းပျင်းရိရိနေတက် ကြပြီး “ မကောင်းကံကြောင့် ” ဆိုပြီးကံကိုရိုးမယ်ဖွယ်လေ့ ရှိတက်ကြပါတယ် ... အဲလိုလူမျိုးကိုလည်း အထင်မကြီးဖို့ ပြောပြထားတယ်လို့ တွေးမိတယ် ...
                 ကြားဖူးနာဝပုံပြင်လေးတစ်ခုက ... တစ်ခါတုန်းက တိုင်းပြည်တစ်ခုမှာရှင်ဘုရင်တစ်ပါးရှိသ
တဲ့ ...အဲဒီဘုရင်ဟာ ညီလာခံတစ်ခုမှာ မစင်ရဲ့ အရသာကို သိလိုစိတ်ဖြစ်ပေါ်လာ ခဲ့တယ် ... ဘုရင်ဟာ သူရဲ့ ပညာရှိ အမတ်တွေကို ပြောပြီး မစင်ရဲ့ အရာသာကို ပြောပြဖို့ စေခိုင်းလိုက်သတဲ့ ... အမတ်တွေဟာလည်း မင်းကြီး ရဲ့ ဆုလဒ်များကို မျှော်လင့်ခဲ့ ကြတဲ့အတွက် သူထက်ငါ ဦးအောင်အရသာကို သိအောင်ကြိုးစားကြသတဲ့ ... နောက်တစ်နေ့ညီလာခံရောက်တဲ့အခါ မှာတော့ မင်းတရားကြီးရဲ့ အဖြေကို သူထက်ငါဦးအောင် ဖြေဆိုကြသတဲ့ ... အဖြေများဟာလည်း စုံလင်လှတဲ့အတွက် ဘုရင်ကြီး ကလည်း ဒီအရသာကို ဘယ်လိုသိလာကြောင်း   သံတော်ဦးတင်စေသတဲ့ ... ဒီတော့ အမတ်တွေဟာ မစင်အရသာသိအောင် စားခဲ့ကြကြောင်း ဝန်ခံထုတ် ဖေါ်ခဲ့ကြသတဲ့ ...
                  အမတ်ကြီးတစ်ပါးကတော့ မစင်တွင် ယင်များ နားခိုနှစ်သက်သောကြောင့် ညှီသောအရာသာရှိကြောင်း ... ထို့အပြင် ပုရွှက်ဆိတ်များ လာရောက်စားသောက် ကြသည့်အတွက် ချိုသောအရာသာရှိကြောင်း ...မစင်တွင် လာရောက်စားသောက်နေထိုင်ကြသော တိရိစ ္ဆာန်များ ကိုကြည့်ကာ ဆင်ခြင်စဉ်းစားပြီးဖြေဆိုကြောင်းသံတော်ဦးလျောက်တင်သတဲ့ ... ဘုရင်ကြီးလည်း နှစ်ထောင်းအားရဖြစ်တာကြောင့် အဆိုပါပညာရှိ အမတ်ကြီးအား ဆုတော်လဒ်တော်များစွာ ချီးမြှင့် ခဲ့သတဲ့ ...
                   ဘာပဲဖြစ်ဖြစ်တစ်ခုခုလောက်တော့သိသွားမယ်လို့ထင်ပါတယ် ... ကိုယ်တိုင်လည်း
စဉ်းစားတွေးခေါ်နှိုင်ပါစေလို့ ဆန္ဒပြုလိုက်ပါတယ် ...

No comments:

Post a Comment

အကျင့်ဆိုး ...