Friday, 16 April 2010

နှစ်သစ်မှာ မင်္ဂလာအပေါင်းနှင့်ပြည့်စုံပါစေ ...

နှစ်သစ်မှာ မင်္ဂလာအပေါင်းနှင့်ပြည့်စုံပါစေလို့ ရှေးဦးစွာ နှုတ်ခွန်းဆက်သလိုက်ပါတယ် ... နေ့ရက်များသည် ကုန်ဆုံး၍ နှစ်သစ်သို့ကူးပြောင်းလာစဉ် နှစ်ဟောင်း နွမ်းညစ်နေသည်များကို သင်္ကြန်ရေ ဖြင့် သန့်စင်ဆေးကြောပြီးသကာလ ... ယနေ့ပြုသောအမှုသည် မနက်ဖြန်အတွက် မျှော်လင့်ချက်ဖြစ်သလို ပြီးခဲ့သော မနေ့ကသည်လည်း ယနေ့အတွက် အတိတ် ( သမိုင်း ) သာဖြစ်သည် ... မိမိမျှော်လင့်ချက်များကို အိမ်မက်ရင်းပြီးခဲ့သော အတိတ် ( သမိုင်း ) များကို အကောင်းအဆိုးခွဲခြားကာ သိမြင်နှိုင်ကြပါစေ ... လူငယ်ဆိုသည်မှာ ... တက်ကြွသော မျိုးဆက်သစ်များ ဖြစ်သဖြင့် “ ကောင်းမှုမြတ်နှိုး ၊ ကောင်းအောင်ကြိုး၍ ၊ ကောင်းကျိုးကိုယ်၌ တည်စေမင်း ” ( ကန်တော်မင်းကျောင်းဆရာတော် ၊ လောကသာ ရပျို့ ) ဆိုသကဲ့သို့ မိမိ၏ တတ်လမ်းများကို မိမိကိုယ်တိုင် ဖန်တီးနှိုင်သော အမျိုးကောင်းသားဖြစ်ကြပါစေ ... “ အသိပညာရှိခြင်းရဲ့ မှတ်ကျောက်ဟာ ပွင့်လင်းတဲ့စိတ်ပဲ ... ပွင့်လင်းတဲ့စိတ်ရှိတဲ့ ဝန်းကျင် မှာ အိုင်ကျူမြင့်တတ်တယ် ” လို့ ( Mark Twain ) ကဆိုပါတယ် ... ကျွန်တော်တို့လူငယ်များသည် ပြီးခဲ့သော အတိတ်သမိုင်းများကို သင်္ခန်းစာအဖြစ်ယူ၍ ... အနာဂတ်ကို ကောင်းမွန်အောင်ပြုပြင်နှိုင်စွမ်းရှိသူများဖြစ်သည်... ထိုကြောင့် မိမိ၏ အနာဂတ်အား မိမိ၏ဆန္ဒဖြင့် ပြုပြင်နှိုင်ကြပါစေ ... ဗုဒ္ဓမြတ်စွာဘုရား၏ဟောကြားချက်တွင်လည်း “ အပ္ပမာဒေန သမ္မာဒေထ ” မမေ့မလျော့ မပေါ့ မတန် အစဉ်သတိတရားဖြင့် နေကြလော ... သတ္တဝါအများ အို ... ချစ်သားတို့ ကံ ၊ စိတ် ၊ ဥတု ၊ အဟာရတည်း ဟူသော အကြောင်းတရား လေးပါးတို့ ပြုပြင်သမျှ ၊ စီရင်သမျှ ခံနေကြရကုန်သော ရုပ်နမ်နှစ်ပါးသင်္ခါရတရားတို့ သည် ဖြစ်လျှင် ပျက်သော သဘောရှိကုန်၏ ... မြဲမြန်သောသတိဖြင့် သီလ ၊ သမာဓိ ၊ ပညာတရားတို့ကို ပြည့်စုံ တိုးပွားအောင် အားထုတ်ရစ်ကုန်လော ... ( ဒီဃနိကာယ် ၊ မဟာဝဂ္ဂပါဠိ - ၁၂၈ ) တွင်ဟောကြားထားသည် ... ထို့ကြောင့် အဆိုး ၊ အကောင်းအား ခွဲခြားနှိုင်ကြပါစေလို့ မင်္ဂလာနှစ်သစ်မှာ ဆန္ဒပြုလိုက်ပါတယ် ...

No comments:

Post a Comment

အကျင့်ဆိုး ...