Friday, 10 December 2010

ကျွန်တော်တို့ဘာကြောင့်စာဖတ်သင့်သလဲ ...

စာဖတ်ခြင်းကို တန်ဖိုးထားလေးစားသော ဆရာချစ်နိုင်(စိတ်ပညာ) ၏ အတွေးအမြင်


စာဖတ်ခြင်းကို တန်ဖိုးထားလေးစားသော ဆရာချစ်နိုင်(စိတ်ပညာ) ပြည်သူ အကျိုးပြုနှင့် လူမှူရေးတက်ကျမ်းစာပေများဖြင့် ယနေ့လူကြီးလူငယ်များအတွက်ဦးနှောက်အဟာရ ဖြစ်စေသော  စာပေများရေးသားလေ့ ရှိသည့်  စာရေးဆရာကြီး ချစ်နိုင်(စိတ်ပညာ)မှ စာဖတ်ခြင်း၏ကောင်ကျိုးနှင့် အတွေးအမြင်များကို စေတနာနိဒါန်း ၊ မေတ္တာနိဂုံး  တို့ဖြင့်တင်ပြခဲ့ပါသည်။

အနာဂတ်မှာရင်ဆိုင်မယ့်လူအဖွဲအစည်း အသစ်က နှစ်ဆယ်ရာ စုနှောင်းပိုင်းက လူဘောင်မျိုးမဟုတ်ပဲ အလွန်လျှင်မြန်လှတဲ့ အပြေင်းအလဲလူအဖွဲအစည်း တစ်ခုအဖြစ် တွေးခေါ်ဆောင်ရွက်မှူ အစိတ်အပိုင်းတော်တော်များများထွက်ေါ်နေပါပြီ ။ခေတ် ၊စနစ် ၊ စစ်ပွဲ ၊ နည်းပညာ ၊ တီထွင်ထုတ်လုပ်မှူ အားလုံးမှာ
သာလွန်အနိုင်ရရှိနေသော အခြေအနေများကို သုံးသပ်မည်ဆိုပါက စီမံခံခွဲမှူသာလွန်ကောင်းမွန်ေသာ  နိုင်ငံအုပ်ချုပ်သူ နည်းစနစ်များကသာ ဦးဆောင်သွားသည်ကို တွေမြင်နေကြရပြီးဖြစ်သည် ။

စီ်မံခံခွဲမှူအမျိုးမျိုးအနက်မှာ တစ်ဦးခြင်းနှင့်သက်ဆိုင်တဲ့ အလုပ် ၊ အချိန် ၊ ဘဝတွေဟာလဲ ကောင်းမွန်တဲ့စီမံခံခွဲမှူများ၏ သက်ရောက်မှူရှိသလို.... နိုင်ငံတစ်ခုနှင့် နှိူင်းရှင်သုံးသပ်မည်ဆိုပါက ပြည်သူလူထုရဲ့ ရွေးချယ်မှူ ဆုံးဖြတ်မှူ ပါဝင်လုပ်ဆောင်မှူတွေကို အလေးထားတဲ့ ဒီမိုကရေစီ  စနစ်မှာ အတွေးအခေါ် အသိအမြင်
စွမ်းရည်မြင့်မားသူတွေရဲ့ အသိအမြင်တွေ စီမံခန့်ခွဲမှူတွေ ပိုပြီးအရေးပါပါမယ်။

မီးတောက်ကြီးတစ်ခုရဲ့ လောင်ကြွမ်းမှူနဲ့အပူစွမ်းအင်များသည် ထင်းတစ်ချောင်းစီ၏ စုပေါင်းစွမ်းအားများမှထွက်ပေါ်လာတဲ့အပူစွမ်းအင်နဲ့ ပမာမျှလှပါတယ် ။ ပင်လယ်တစ်ခုကို ရုတ်ချည်း ရေပြည့်  တာမျိုးမဟုတ်ဘဲ မိုးရေစက်များစွာနဲ့ စုပေါင်းထားခြင်းသာဖြစ်ပါတယ်။လူတစ်ဦးခြင်းစီရဲ့ စီမံခံခွဲ တတ်မှူ တစ်ဦးခြင်းအရည်အသွေးက အလွန်အရေးပါလှပါတယ်။ အဓိကက ပညာရေးပါဘဲ။  ကျောင်းသင်ပညာရေး ကအခြေခံကောင်း ဖို့လိုပါမယ်။ မိသားစုဘဝပျိုးထောင်မှူကအစောဆုံးဖြစ် ၍ မိဘတွေကအစ အမြော်အမြင်ရှိရပါမယ် ။

လူသားတွေဟာ ပတ်ဝန်းကျင်ဆက်ဆံရေးရိုက်ခတ်မှူနဲ့ အသိမြင်ဖွံဖြိုးခွင် ရရှိကြပါတယ်။ ဝန်းကျင်၊ ရပ်ရွာ ၊  မြို့ ပြလူနေမှူအဖွဲအစည်းရဲ့ ဆက်ဆံရေးပုံသွင်းမှူတွေက အရေးကြီးလှပါတယ်။ မိသားစုအခြေအနေနဲ့
ကျောင်းသင်ပညာရေးမှ လွမ်းမိုးပြုပြင်မှူများက  အားကစား အနုပညာ မျိုးချစ်စိတ် ဘာသာရေး ပရဟိတစိတ်ဓါတ် အချိန်ကိုအသုံးချတတ်မှူနဲ အလုပ်စီမံခန့်ခွဲနိုင်စွမ်း တွေက တစ်ဦးခြင်းစီရဲ့ ရွေးချယ်တန်ဖိုးထားမှူနဲ ကိုယ်ရည် ကိုယ်သွေးများ (personality) အရ ကွဲပြားသွားကြပါတယ် ။လူတစ်ယောက် တော် ၏
သင့်၏ ကို  " ဒီပုတ်ထဲကဒီပဲ " ဆိုတာမျိုးတော့ တရားသေပြောလိုမရပါဘူး  ။
 

ချင့်ချိန်နိုင်စွမ်းအား

လူခြင်းတူသော်လည်း အသက်ရှူပုံကွဲပြားခြင်းတွေရှိပါတယ်။
သွေးသားရင်းခြာမောင်နှမတွေမှာ  အကြိုက်စရိုက် မတူညီတာတွေက  သာဓကဖြစ်ပါတယ် ။
ကွဲပြားမှူတစ်ခုစီတော့ရှိကြပါတယ်။

ကောင်းတဲ့ လားရာကွဲပြားတူညီမှူတွေကို တူညီတဲ့ပဲ့ပင် မှူတစ်ခုအဖြစ်
စာများများဖတ်ရပါမယ် ။ စာဖတ်ခြင်းအသိဉာဏ်ရှိနေသူမှာ ဘဝရဲ့ကြုံတွေရတတ်တဲ့
ချောက်ကမ်းပါးတွေ လမ်းမှားတွေ
ကို ကြိုတင်စီမံခန့်ခွဲရှောင်လွှဲ နိုင်ပါတယ်။

လမ်းကောင်းကိုကြိုဆနိုင်လို ့အချိန်ကိုအကျိုးရှိအောင်  သုံးတတ်မယ် ။အဓိကနဲ့သာမည ခွဲခြားတတ်လာမယ်။ (ခေတ်စကားတစ်ခု အယ်ဒီတာစကား။ ။ အရေးမကြီးတာကို အရေးကြီးသလိုလုပ်တယ်။)အလုပ်ရဲ့ထွက်လာ မယ့်ရလဒ် အကောင်းအဆိုး ကိုချင့်ချိန်နိုင်မယ် စာဖတ်သူများက စာမဖတ်တဲလူထက် သိသိသာသာ
ခေါင်းတစ်လုံးစာမက ပိုမြင့်ပိုမြင်နိုင်ကြပါ တယ်။  


စာဖတ်သော အယ်ဒီတာ

ဆိုဗီယက်ရုရှားခေတ်ပြောင်းတော်လှန်ရေးကြီးကို ခေါင်းဆောင်အောင်မြင်စေခဲ့တဲ့ ကွန်မြူနစ်  ခေါင်းဆောင် “ ဗွီအိုင်လီနင်
“  ဟာ သတင်းစာဆရာ ၊ ဂျာနယ်အယ်ဒီတာအဖြစ် စာအလွန်ဖတ် သူဖြစ်တယ် ။
(အယ်ဒီတာဖြည့်စွက်။ ။အခုရှိသေးရင် ဝက်ဘ်အယ်ဒီတာ ပါဖြစ်ဦးမည်။)
စာအလွန်ဖတ်ပြီး ဆောင်းပါးတွေ  လဲ ရေးခဲ့ပါတယ် ။ စာဖတ်လွန်းတဲ့ လီနင် ဟာ အမြင်ကျယ်ပါတယ်။




စာဖတ်သော ရှေ့နေ




အမေရိကန်သမ္မတပေါင်း (၄၅) ဦးလောက်ရှိတဲ့အနက်မှာ လင်ကင်း(သို)အေဗရာဟမ်လင်ကွန်း က
ဘယ်သူှမယှဉ်သာအောင် လူသေသော်လည်း နာမည်မသေသူ လေးစားချစ်ခင်မြတ် နိုးဖွယ် 
ပုဂ္ဂိုလ် ထူးကြီးဖြစ်ပါသည် ။  လင်းကင်းရဲ့စာပေစာမျက်နှာများမှာ
ကျောင်းတတ်ရက် တစ်နှစ်ခွဲတောင်မရှိဘဲ
ကျောင်းစာလည်းကောင်းကောင်းမသင်ခဲ့ရရှာပါဘူး ။

ဒါပေမဲ့စာပေကို အလှမ်းမဝေးဘဲ ရသမျှလက်လှမ်းမှီသမျှ စာတွေကိုဖတ်မှတ်လေ့လာတယ် ။ ရှိတ်စပီယားနဲ့
အကျော်အမော်စာဆိုကြီးတွေရဲ့စာေတွနဲ့ရင်းနှီးလှတဲ့ လင်ကင်းရဲ့မိန်ခွန်းတိုင်းက အဆီအသားပြည့်ဝလှပြီး
ပြည်သူ့ဘဝင်စွဲနေလို့ ဒီနေ့ဒီနေ့အချိန်အထိ မေ့မရတသသ ဖြစ်နေဆဲ ဖြစ်ပါတယ် ။

 

စာကြည့်တိုက်မှူး


နယ်ချဲ့ဆန့်ကျင်ရေးတိုက်ပွဲကာလအတွင်းမှာ ဖက်ဆစ် ဂျပန်တွေကို တော်လှန်ကြရပါတယ် ။ အဲ့ဒီအခါမှာ ဗမာ့လွတ်လပ်ရေးတပ်မတော်ထဲကို ဟိန္ဒားသတ္တုမိုင်း အလုပ်သမားတစ်ယောက်ဟာ ယိုးဒယားမှ ရန်ကုန်သို့တိုက်ခိုက်ချီတက်လာတဲ့ စစ်ကြောင်းမှာ ရဲဘော်အဖြစ် ဝင်ရောက် လုပ်ကိုင်လိုက်ပါလာခဲ့တယ် ။သူက ဟိန္ဒားသတ္တုတွင်း အလုပ်သမားစာကြည့်တိုက်မှာ " စာကြည့်တိုက်မှူးစေတနာ့ဝန်ထမ်းလုပ်တယ်" ။ သူက အတန်းပညာ ရှစ်တန်း ၊ ကိုးတန်းသာ အောင်ပေမဲ့ စာဖတ်ဝါသနာထုံတော့ အလွန်စာဖတ်အားကောင်းတယ်။ ဘီအိုင်အေ ခေတ်မှာ သူဟာ ရာထူးအဆင့်ဆင့်တက်ပြီး အရာရှိဖြစ်လာတယ် ။

ဗိုလ်ဗထူးပေ့ါ ။ တိုက်ရည်ခိုက်ရည် ထူးထူးချွန်ချွန်ကောင်းတာကြောင့် တပ်ရင်းမှူးရာထူးပေးအပ်ခြင်းခံရတယ် ။ (ရဲဘော်သုံးကျိပ်ဝင်တွေတောင် တပ်ရင်းမှူးရာထူးမရတဲ့သူတွေရှိပါတယ်။) ဖက်ဆစ်တော်လှန်ရေးမှာတော့ ဗိုလ်ချူပ်အောင်ဆန်းက ဗိုလ်မှူးကြီး ဗထူးကို မြောက်ပိုင်းတိုင်း တိုင်းမှူးအဖြစ် ကွပ်ကဲတိုက်ခိုက်စေပါတယ် ။

စာဖတ်ခြင်းရဲ့ကောင်းကျိူးနမူနာလေးပါ ။ ဗိုလ်မှူးကြီးဗထူးလို လူကောင်းလူတော်တွေ ဦးစီးကွပ်ကဲတော့ ဖက်ဆစ်တော်လှန်ရေးကြီး ဟာလည်း ပြည်သူတွေရဲ့အားပေးကူညီမှုနဲ့အင်္ဂလိပ်တွေ တအံ့တသြ ဖြစ်ရလောက်အောင်အထိ ရာဇဝင်စာတင်ခဲ့ရတာပဲပေ့ါ ။

စာဖတ်သောမြန်မာ့ အမျိုးသားခေါင်းဆောင် 


သခင်အောင်ဆန်း (သို့)ဗိုလ်ချုပ်အောင်ဆန်းဟာ တိုက်ရေးခိုက်ရေး ရှေတန်းတင်ဦးစားပေးပြီး ၊ ရိုးရိုးသားသား ၊ အညာသားဆန်ပေမယ် တကယ့် သံတမာန်စေ့စပ်ဆွေးနွေးမှူ ၊ ရှေ့ဆောင် လမ်းပြနိုင်မှူ  ၊ ဆုံးဖြတ်ချက်တိကျ ပြတ်သားမှူနဲ့
မြင်ကြားတတ်သိလွယ်မှူတွေမှာ  ယှဉ်သာသူမရှိလောက်အောင် ထင်ရှားလှပြီး
ယနေ တိုင်မြန်မာပြည်သူလူထုရဲ့ အမှတ်အသား ကိုယ်စားပြုဖြစ်နေဆဲဖြစ်ပါတယ် ။

သခင်အောင်ဆန်းရဲ့ပင်ကိုယ်စရိုက်အဖြစ် ဘုဆတ်ဆတ် ခပ်ပြတ်ပြတ် ပြောဆိုတတ် ပြီး ၊ မလိုအပ်လျှင် နှူတ်ဆိတ်နေတတ်သော အမူအကျင့်ရှိသော်လည်း ၊ ပြောရေးပြောသင့် ပြောခွင့်ကြုံတဲ့အခါ  ထိထိရောက်ရောက် ၊
ထက်ထက်မြက်မြက်ရှိလှခြင်းက စာအလွန်ဖတ်ခြင်းကြောင့်ဖြစ်ပါတယ်။ ကိုယ်တိုင်ကဗျာနဲ့ဝထ္တူ ၊ ဆောင်းပါးများကို လည်း ရေးသားနိုင်ခဲ့သူဖြစ်ပါတယ် ။




စာဖတ်သော ထောင်ထွက်မှအလှူရှငိ

ပခုက္ကူဒေသမှထနောင်းကုန်းကျေးရွာအုပ်စု ရှားတောရွာနေငယ်အမည် တောခွေး (ခ) မောင်အုံးဖေ ရဲ့ဘဝအစကနွမ်းပါးလှပြီး မြင်းထိန်း၊ကွမ်းယာသည်၊ဖောင်သမား ကျပန်းအလုပ်စုနဲ့ဓားပြဖြစ်ပြီး ထောင်သုံးကြိမ်ကျဘူးခဲ့ပါတယ်။ ထောင်တွင်းမှ ဘဝသစ်  အတွေးသစ်တွေကိုစာပေမှားမှရယူပြီး မကောင်းမှူများစွန်
့လို့သူဌေး သူကြွယ် ကုန်သည် ပွဲစား ဖြစ်ခဲ့ပါတယ် ။

ဘဝမှတ်တမ်းများနဲ့ပခုက္ကူဦးအုန်းဦးဖေဆို တ ဲ့ကလောင်တစ်ချောင်းလဲပိုင် ဆိုင်ခဲ့ပြီး စာပေရန်ပုံငွေ (၇၆-သန်း)ကျော်  နဲ့ ပညာရေးထူးချွန်ဆုရန်ပုံငွေ (၅၄-သိန်း)  ကိုလည်း စာပေမျိုးစေ့ချလှူဒါန်းပြီး
ပရဟိတအောင်မြင်ခဲ့သူဖြစ်ပါတယ် ။



စာဖတ်သော အထွေထွေအတွင်းရေးမှူးချုပ်




အာရှကုလသမဂ္ဂခေါင်းဆောင် ပထမဦးဆုံးမြန်မာနိုင်ငံမှ  သက်တမ်းနှစ်ကြိမ်
(၁၀-နှစ်) တိတိ တာဝန်ထမ်းဆောင်ခဲ့သူ ဦးသန့်မှာ
ပန်းတစ်နော်အမျိုးသားကျောင်းမှ ကျောင်းဆရာတစ်ဦးဖြစ် ပြီး
စာအလွန်ဖတ်သူတစ်ဦးဖြစ်ပါသည်။ကမ္ဘာ့နိုင်ငံအားလုံးကကန့်ကွက်မဲမရှိ တညီ
တညွတ် တည်း ထောက်ခံရွေးချယ်ခန့်အပ်ခံရခြင်းက စာအရမ်းဖတ်လို့
ကမ္ဘာခေါင်းဆောင်နေရာ ရောက်သွားခဲ့တာပါ ။



စာအလွန်ဖတ်သော ဝန်ဇင်းမင်းရာဇာ

မြန်မာရာဇဝင်များထဲမှ ဘုရင်စိတ်ကျေပ်သည် အတိအကျမှန်ကန်စွာဖြေကြားနိုင်ခဲ့လို့ အင်းဝဘုရင် စွာစော်ကဲလက်ထက်မှ မင်းလေးဆက်တိုင်အောင် ရာထူးချီးမြှင့်ခံခဲ့ရပါတယ် ။ဘိုးရာဇာလျှောက်ထုံးများကို ယနေ့အထိ မှန်ကန်ဆဲ ကိုးကားနေရဆဲလဲဖြစ်ပါတယ် ။နန်းတော်မှာလည်း အမတ်ကြီးဘိုးရာဇာအဖြစ် ရာဇဝင် ထင်ရှားနေရခြင်းများက စာဖတ်တ ဲ့ အကျိုးများဖြစ်ပါတယ် ။


ဆရာချစ်နိုင် (စိတ်ပညာ)၏ အတွေးအမြင် နိဂုံး အဖြစ်စာဖတ်တဲ့ အကျင့် နေစဉ်ပြုလုပ်ပါ ။ အားကစားပဲ ဖတ်ဖတ် ၊  ဂျာနယ်ဘဲ ဖြစ်ဖြစ်  ၊ ဝထ္တူဘဲ ကြိုက်ကြိုက်  နှစ်သက်ရာစာအုပ်များ တန်းစီပြီးနေ့စဉ်ဖတ်ပါ ။ စာဖတ်သက်ရင်
့လာတာနဲ့အညီ စာကောင်းပေကောင်း တွေကို ၊ စီစစ် ဖတ်တတ်လာပါမယ်။ စာဖတ်သူမှန်သမျှ ကြီးပွားတိုးတတ်ကြ မှာပါ ဘဲ  ၊ ဘဝကို တန်ဖိုးရှိအောင်  ဘဝတန်ဖိုးမြှင့် ဖို့ကျွန်တော်တို့အားလုံး စာဖတ်ကြမှဖြစ်ပါမယ် ။

ရွှင်လန်းချမ်းမြေ့ကြပါစေ........

ဒါလေးကတော့ .. ဆရာချစ်နိုင်(စိတ်ပညာ) ရဲ့စာဖတ်ခြင်းအပေါ်ထားရှိတဲ့ အတွေးအမြင်လေးပါ ။ ဒါဆို ကျွန်တော်တို့ရော ဘယ်လို စာဖတ်ကြမလဲ .. ?? ကျွန်တော်တို့လို ကွန်ပျူတာသမားတွေ အတွက်ကတော့ အွန်လိုင်းမှာပဲ အများစု အနေနဲ့စာဖတ်ကြရမှာပါ ။ အဲ့မှာ အကျိူးရှိသော စာများကိုသာ ဖတ်ရှုလေ့လာနိုင်ဖို့အရေးကြီးပါတယ် ။ ညစ်ညမ်းစာပေများ ၊ ဝတ္ထုများလည်း အွန်လိုင်းပေါ်မှာ အများအပြား ရှိတာကြောင့် အဲ့လို အကျိူးမရှိနိုင်တဲ့ စာမျိူးတွေ အတွက် မိမိ အချိန်တွေ ၊ ငွေတွေ ကုန်ကျသွားတာကို နှမြောသင့်ပါတယ် ။

ဒါဆို.. ကျွန်တော်တို့အခု စာအုပ်တွေ ၊ မဂ္ဂဇင်းတွေ ၊ ဂျာနယ်တွေနဲ့စာဖတ်နေကြရပေမဲ့ .....နောင်အနာဂတ်မှာ ဘယ်လို စာဖတ်ကြမလဲ ?? ဆိုတဲ့ အကြောင်းအရာလေးကိုလည်း ထည့်သွင်းစဉ်းစားသင့်ပါတယ် ။ ( ဥပမာ - စာအုပ်တွေ မဂ္ဂဇင်းတွေ ပျောက်ပျက်သွားပြီး E-Reader တွေနဲ့ပဲ အလုပ်လုပ်ကြတော့မှာလား စသဖြင့်ပေ့ါ... )

"ပညာရဲရင့် ပွဲလယ်တင့်" ဆိုသလို စာများများဖတ်တဲ့ သူက မဖတ်တဲ့သူထက် ခေါင်းတစ်လုံးစာမျှ ပိုမြင့်ပြီး ပိုမြင်နိုင်စွမ်း ရှိတာကြောင့် ... မိမိတို့ရဲ့တန်ဖိုးရှိလွန်း လှတဲ့ ငွေပေးပြီး ဝယ်လို့မရတဲ့ အားလပ်ချိန်လေးတွေမှာ မိမိအတွက် အကျိူးရှိစေမဲ့ ... စာများကို ဖတ်ရှုခြင်းဖြင့် ....... အချိန်ကို တန်ဖိုး ရှိရှိ အသုံးချနိုင်ကြပါစေကြောင်းးး.............

No comments:

Post a Comment

အကျင့်ဆိုး ...