Sunday, 23 May 2010

How about thinking !

            တစ်ကယ်တမ်း ပြောရရင် ကျွန်တော်လည်း လူငယ်တစ်ယောက်ပါပဲ ... အသက်သုံးဆယ်ဆို
တဲ့အရွယ်ဟာ တစ်ကယ်တော့ သိပ်မရင့်ကျက်လှပါဘူး ... ဘဝဆိုတာ ဖြတ်သန်းရတဲ့ အတွေ့အကြုံ
ရယ် ခေတ်ရယ်စနစ်ရယ်ဆိုတာ အမြဲတမ်း ပြောင်းလဲခဲ့ပါတယ် ... ဘယ်သူမှကောင်းတယ်ဆိုးတယ်
လို့တော့ မပြောချင်တော့ပါဘူး ... တစ်ကယ်တော့ဖြတ်သန်းခဲ့ရတဲ့ခေတ်တစ်ခုမှာ မိမိကိုယ်ကို အမြဲ
တမ်း စဉ်းစားဝေဖန်နေမိတာတော့ အမှန်ပါ ... တစ်နေ့နေ့မှာ တော့ ဖြစ်ရမယ်ဆိုတဲ့ မျှော်လင့်မှုယုံ
ကြည်မှုတွေကို အခြားသူတွေ သိစေချင်တာတစ်ခုတည်းပါ ...
              ကြိုက်လို့ ဖတ်မှတ်ထားတဲ့ ပုံပြင်လေးတစ်ခုပေါ့ ...

             တစ်ခါတုန်းက သူခိုးသုံးယောက်ရှိတယ် … အဲဒီသူခိုးတွေက ခိုးတော့မယ်ဆိုရင် မြစ်တစ်ဘက်
ကမ်းကနေ လှေနဲ့လာပြီး သေချာစနစ်တကျနဲ့ ထောက်လှမ်းပြီးခိုးကြတယ် … တစ်နေ့တော့ အိမ်တစ်
အိမ်ကို ဖောက်ထွင်းပြီး ရှိသမျှ သယ်ချလာတယ် … လှေပေါ်တင်ပြီး တစ်ဘက်ကမ်းကိုသွားတဲ့အခါ တစ်
ယောက်က ရှေ့ကလှော်တေယ် … တစ်ယောက်က အလယ်ကလှော်တယ် ... မြစ်လည်လည်းရောက်ရော
လှေထဲကို ရေစိမ့်ဝင်လာတော့ မလှော်ရတဲ့ကောင်က နောက်ကနေ အုန်းမှုတ်ခွက်နဲ့ ခပ်ထုတ်တယ် …
အဲဒီလိုခပ်ထုတ်ရင်း သူကစဉ်းစားတယ် … ငါဒီလိုခပ်ထုတ်နေရတာ လက်ညောင်းတယ် …   ဒီလိုလုပ်မဲ့အစားအပေါက်ကြီးကြီးနဲ့ ပြန်ထုတ်လိုက်ရင် ငါထုတ်ရတာ သက်သာမယ်လို့တွေးပြီး သူမှာပါလာတဲ့ ဓါးမြှောင်နဲ့လှေနံရံကို ဖောက်နေတယ် … သူဖေါက်နေတာကို ပထမတော့ ကျန်တဲ့နှစ်ယောက်က မသိသေးဘူး … သူတို့ဘာသာသူတို့လှေကိုပဲ အားစိုက်လှော်နေကြတယ် … တော်တော်လေး အပေါက်ကြီးကျယ်လာတော့မှ သတိပြုမိကြတယ် …
“ ဟေ့ကောင် … ဘာလုပ်နေတာလဲကွ ” လို့မေးတော့ “ ငါဒီမှာ ရေခပ်ထုတ်ရတာ လက်ညောင်းလို့ ရေတွေထွက်သွားအောင် အပေါက်ကြီးကြီးဖေါက်နေတာ ” လို့ပြောတယ် … “ ဟာ … မလုပ်နဲ့လေ … ရေတွေဝင်ပြီး သုံးယောက်စလုံး ရေနစ်သေကုန်လိမ့်မယ် ” လို့တားတော့ “ ဟေ့ကောင်တွေ မင်းတို့အလုပ်မင်းတို့လုပ်… ငါ့အလုပ်ငါလုပ်နေတာ … မင်းတို့နဲ့ မဆိုင်ဘူး … ငါ့အတွေးအခေါ်နဲ့ ငါယုံကြည်တာကို ငါလုပ်တာ ” ဆိုပြီး သူယုံကြည်ရာ သူဆက်လုပ်တယ် … ဒီလိုနဲ့ သုံးယောက်စလုံး လှေနစ်ပြီး ဒုက္ခရောက်တယ် …
   ဒါကြောင့် တစ်ခါတစ်ရံမှာ လူတစ်ယောက်ဟာ သူယုံကြည်ရာ ၊ သူကောင်းမယ်ထင်ရာကို ငါအလုပ်ငါ
လုပ်တာပဲဆိုပြီး ဇွတ်လုပ်မယ်ဆိုရင် ခုနကလို လှေနစ်သွားမှာပေါ့ … ဒီအယူအဆမှန်တယ်လို့လည်း မဆိုသာပါဘူး … တစ်ခါတစ်လေကြတော့ ကျွန်တော်တို့တွေဟာ အယူအဆတစ်ခုပဲဖြစ်ဖြစ် … အတွေးအခေါ်တစ်ခုပဲဖြစ်ဖြစ် အလွယ်တစ်ကူ လက်မခံဘဲ တွေးဖို့ စဉ်းစားဖို့ ဘာဘဲလုပ်လုပ် တွေးတောကြံဆလုပ်ကိုင်ဖို့ လိုပါတယ် …
          ကျွန်တော်မြန်မာ ပြည်ပြန်တော့ ကျွန်တော့သူငယ်ချင်းတော်တော် များများနဲ့ ပြန်တွေ့ပါတယ် ...
သူတို့ က ဘွဲ့ရပြီးသားတွေပါ ... သူတို့ကပြောတယ် “ ဘွဲ့ရလည်းဘာမှလုပ်စားလို့မရပါဘူး ” တဲ့ ... ဒီလိုနဲ့ငြီးတွားရင်း ရပ်နေကြတယ် ... ရပ်နေတဲ့သူရယ် လမ်းလျှောက်တဲ့ သူရယ် ခရီးအကွာအဝေးတစ်ခုဆီသို့အတူတူမရောက် နှိုင်ပါဘူး ... ခရီးတစ်ခုဆိုတာ ရပ်နေရုံနဲ့လည်း မရောက်နှိုင်သလို လျှောက်နေသူအတွက်လည်းရောက်ချင်မှရောက်တာပါ ... ဘာဘဲဖြစ်ဖြစ် ပန်းတိုင်ဆိုတာရှိလာရင် ရောက်အောင်သွားရမှာပါ ...
               စပျစ်သီးကို မစားရလို့ ချဉ်တယ်ဆိုပြီးပြောနေဖို့လည်းမသင့်ပါဘူး ... လွမ်းမိုးသီချင်းလေးတစ်
ပိုဒ်မှာ “ တုံးခုလို့မှ လှမ်းမရရင် ခုန်ပြီးတော့ခူးမယ် မလွယ်ပေမဲ့ ငါဟာ လုံလရှိရမယ် ” တဲ့ ... ဘဝမှာ ကံ
ရယ် ဥာဏ်ရယ် လုံလဝိရီယ ရှိမှ အောင်မြင်မှုချမ်းသာ သုခဆိုတာ ရရှိနှိုင်မှာပါ ... စိတ်ပျက်ညစ်ညူးနေမဲ့အစား ကိုယ်အတွက် တစ်ခုခုကို ကြံဆောင်နေသင့်ပါတယ် ...
              နောက်တစ်ခု ကျွန်တော်မှတ်ထားတဲ့ စာလေးတစ်ပိုဒ်ပါ ... “မှောက်ကျသွားသောနို့အိုးအ
တွက်စိတ်သောကမရောက်ပါနှင့်နောက်ထပ်ထပ်မမှောက်အောင်ထိမ်းနှိုင်လျှင်သင်လူတော်ဖြစ်လိမ့်
မည်တဲ့ ”
              လူတွေဟာ တစ်ခါတစ်ရံ ကိုယ်ကိုကိုယ် တော်တယ်လို့ ထင်တက်ကြတယ် ...
တစ်ကယ်တော့ ကျွန်တော်ဟာလည်း လူညံတစ်ယောက်ပါ ... ခုချိန်ထိ ကိုယ်ညီလောက်
ရှိတဲ့သူတွေဆီမှာ ပြန်သင်နေရတယ် ... လူဆိုတာကလည်း ကိုယ်ကျွမ်းကျင်တဲ့ ဘက်မှာ
ဆရာတစ်ဆူလို့ ပြောလို့ရပေမဲ့ ကိုယ်မကျွမ်းကျင်တဲ့ ဘက်မှာတော့ တပည့်ဖြစ်သွား
တက်ပါတယ် ... ဘာဖြစ်လို့လဲဆိုတော့ ပညာရပ်တွေက များလာလေလေ လေ့လာလိုက်
စားသူအတွက် ပိုဆည်းပူးရလေလေပါပဲ ...
             တက်ချင်ရင် သင် တဲ့ ၊ တော်ချင်ရင် ကျင့် ၊ မမေ့ချင်ရင် စိတ်ဝင်စားတဲ့ ...
ကိုယ်ဘယ်နေရာ ရောက်ချင်သလဲ ... ကိုယ်ကိုတိုင် ဆုံးဖြတ်ရတာပါ ... ဘွဲ့ထားတဲ့ လူ
တစ်ယောက်အနေနဲ့ အိမ်မှာ ပိုက်ဆံလက်ဖြန့်တောင်းနေရတုန်းဆိုတာ ပိုက်ဆံချမ်းသာ
တဲ့ မိဘကပေါက်ဖွားလာတဲ့  လူတစ်ယောက်အနေနဲ့ ကိစ္စမရှိပေမဲ့ အခြေခံလူတန်းစား
တွေဆီမှာတော့ ပြဿနာရှိပါတယ် ...
             မိဘဆိုတာမျိုးကလည်း သားသမီးကို မိမိထက်သာစေချင်တာ မိဘတိုင်းရဲ့ဆန္ဒ
ပါ ... ငယ်ငယ်တုန်းကတော့ အမေရှိရင် ငွေရှိတယ် ဆိုပေမဲ့ အမေဆုံးပါးသွားတဲ့အချိန်
လူ့လောကထဲ ဘယ်သူက ပိုက်ဆံလာပေးမှာလဲ ... အရက်သောက်တက်တဲ့ လူတစ်ယောက်
အတွက်တော့ အချိန်တန် အရက်ဖိုးတော့ ရှာတက်ပါတယ် ...
   တစ်ခါတစ်လေမှာ လူငယ်တော်တော်များများ မိဘအရိပ်အာဝါသအောက်မှာနေ
တုန်း အပူအပင်ဆိုတာ မရှိတက်ကြပါဘူး ... ကုဋေရှစ်ဆယ် သူဌေးသားလိုပေါ့ ...
          “ မောင်ငယ်ရင်သွေး နာဘိသေးလော ရှေးသရောအခါ ပြည်ဗာရာဝယ် ကုဋေကြွယ်
သား သူဌေးသားသည် စာပေမကျ မိဘစုတေ ခန္ဒာရွေ့သော် ရှေ့နောက်ဘယ်မှာ မသိပါငြား
သူဌေးသားသည် အရပ်ရပ်၌ နှံအပ်ဥစ္စာ ရှိသည်ငှါကို များစွာကျွန်ပေါင်း မကောင်းခိုးယူ ယူ၍
ပြေးရှောင် အိမ်ကိုရောင်း၍ ထောင်းထောင်းကျေလျက် ခွက်လက်စွဲကာ တောင်းစားပါလည်း
နင်သာလူမိုက် ဒုစရိုက်ဟု ရိုက်ပုတ်လိုက်ကြ ရွာမှထွက်လေ တောမှာသေသည် ကောင်းသေ
လင်းတ၏တည်း ”  တဲ့ ...
           အခြေခံလူတန်းစားက ပေါက်ဖွားလာတဲ့ လူတွေကတော့ ကိုယ့်ဒူးကိုယ်ချွန်ကိုယ့်
ဘဝကိုယ်ကျောင်းပေါ့ ... ပိုက်ဆံလက်ဖြန့်တောင်းလို့မှ မဖြစ်နှိုင်တာလေ ...
          ပညာဘာကြောင့်သင်ရသလဲ ... ပညာတက်ဆိုတာဘာလဲ ... ကျွန်တော်သိထား
တာလေးတစ်ခုက ကျွန်တော့ အတွေ့အကြုံလေးတစ်ခုပြောပြမယ် ... မေမေကတော့ပြော
တယ် “ သားပညာတက်ဖြစ်ရင် ဘောလ်ပင်လေးကိုင်ပြီး ပန်ကာအောက်မှာ နေရမှာပေါ့ ” တဲ့ ...
ကျွန်တော်က ဘောလ်ပင်ကိုင်ပြီး ဘောက်ချာဖြတ်ဖူးပါတယ် ... လောင်းကစားလုပ်တာတော့မ
ဟုတ်ပါ ... အရောင်းအဝယ်သမား ဘောက်ချာလောက်တော့ ဖြတ်ဖူးရမှာပေါ့နော် ... ရှေရှည်
မှာ စိတ်မဝင်စားတဲ့ အလုပ်ကလည်း အခိုက်အတန့်တစ်ခုလောက်ပါဘဲ ... ကျွန်တော်က စက်
ယန္တယားတွေကို တပ်ဆင်ဖြုတ်တပ်ရတာကို ဝါသနာပါတာ ... ဘောပင်ကိုင်ပြီး ရုံးထဲမှာ တစ်နေ
ကုန် စာရင်းဇယားတွေနဲ့ အချိန်ကုန်တဲ့ အလုပ်ကိုမလုပ်ချင်ဘူး ...
          ကျွန်တော်လုပ်ချင်တာ ဖြစ်အောင်ကျွန်တော်လုပ်တယ် ... ကားတစ်စီးလုံး တစ်ယောက်
တည်းဖြုတ်တပ်ပြင်ဆင်ဖူးတယ် ... ကျောင်းမှာ သင်ထားတာက မြန်မာစာနဲ့ပါတ်သက်ရင် သဒ္ဒါ ၊
ပါဠိ ၊ ကဗျာ ၊ စကားပြေ ဆိုတော့ ကားပြင်တာနဲ့ မပါတ်သက်ဖူး ... စိတ်ဝင်စားတော့ သင်တယ်
... သင်တဲ့ နေရာမှာ ဝပ်ရှော့နှစ်ခုပြောင်းဖူးတယ် ... ကိုယ်ထက်ပညာတက်တဲ့သူ ( အင်ဂျင်နီယာ )
ကိုယ်ထက်ပညာမတက်တဲ့သူ အသက်ကြီးတဲ့သူ အသက်ငယ်တဲ့သူ ဘယ်သူပဲဖြစ်ဖြစ် ကိုယ်ထက်
ကျွမ်းကျင်ရင်တော့ ဆရာတင်ရမှာပဲ ...
         လူဆိုတာ နတ်ရေကန်ထဲချလိုက်သလိုချက်ခြင်း မကြီးဘူး ... ငယ်ငယ်လေးထဲက စာရေး
စာဖတ်တက်တဲ့ သူတစ်ယောက်မှမရှိဘူး ... ထူးခြားတဲ့သူတစ်ယောက်တော့ရှိတယ် ... အသက်
( ၅ ) နှစ်နဲ့ ပိဋကတ်သုံးပုံကို အာဂုံဆောင်နှိုင်တယ် ... ပန်းတနော်မှာရှိတယ် ... ၁၉၂၁ ခုနှစ်လောက်
က အမည်က ဓမ္မကထိက မောင်ထွန်းကြိုင်လို့ ခေါ်တယ် ...
              ယွန်းကျောင်း စာသင်တိုက် ဆရာတော် ဦးရာဇိန္ဒ ပျံလွန်တော်မပြီး ၆ နှစ်လောက်အကြာမှာ
မွေးတာ ... ဆရာတော် ဦးရာဇိန္ဒဝင်စားတယ်လို့ ပန်းတနော်မြို့က လူတွေကယုံကြည်ကြတယ် ...
ယုံကြည်မှုက လူတွေရဲ့ အားအင်တစ်ခုပါ ...
             ဘယ်အလုပ်ပဲဖြစ်ဖြစ် ကိုယ့်ကိုကိုယ် ယုံကြည်မှုမရှိရင် ဘာမှမဖြစ်ဘူး ... ကိုယ်သိတာ ကိုယ်
တက်တာ ကိုယ်ပဲသိတယ် ... ကိုယ့်ကိုကိုယ် လိမ်လို့မရဘူး ... ကိုယ်ရထားတဲ့ ဘွဲ့တန်ဖိုးတက်ချင်ရင်
တော့ ကိုယ်ဆက်လေ့လာနေမှရတာ ... ကျောင်းမှာသင်တဲ့ စာတိုင်းဟာအခြေခံလောက် လူ့သဘာဝ
အဖွဲ့ အနွဲ့လောက်ပဲ ... တစ်ကယ်လက်တွေ့မှာ ကိုယ်တိုင်ဆင်ခြင် စဉ်းစားနေရမှာ ... ကိုယ်ဘာဖြစ်ချင်
တာလဲ ...
         ဆရာဝန်သီချင်းဆိုတယ် ... အင်ဂျင်နီယာစာပြတယ် ... ဆေးတက္ကသိုလ်မှာ သီချင်ဆိုနည်း
မသင်သလို ... နည်းပညာကျောင်းမှာ စာသင်နည်းမသင်ဘူး ... ကိုယ်ဝါသနာပါတာကို လေ့လာနေတဲ့
သူမှ ဖြစ်တာ ... လူတိုင်းသီချင်းမဆိုတက်သလို လူတိုင်းစာမပြတက်ဘူး ...
         ကျောင်းတုန်းကဘောဂဗေဒမှာ ငွေကြေးပေါ်ပေါက်လာပုံသင်ခဲ့ဖူးတယ် ... အဲဒီမှာ ဘာပြော
သလဲဆိုတော့ နွားတစ်ကောင်ကို စပါးတင်းတစ်ရာသတ်မှတ်ထားရင် စပါးတင်းငါးဆယ်လိုချင်တဲ့သူက
နွားတစ်ကောင်ကို ထက်ချမ်းခွဲပြီးဝယ်လို့ မဖြစ်နှိုင်ဘူး ... အဲဒီတော့ လူတွေက ဖန်တီးလိုက်တယ် ...
ပထမ ရွေဆိုင်က လက်မှတ်တွေနဲ့အလဲအလှယ်လုပ်တယ် ... နောက်တော့ရွေဆိုင်က တန်ဖိုးသတ်မှတ်
ထားတဲ့ ငွေစက္ကူ ဘောက်ချာတွေအသုံးပြုလာရင်းနဲ့ ငွေကြေးဆိုတာ ဖြစ်ပေါ်လာတယ် ...
           လူဆိုတာ အမြဲတမ်းအဆင်ပြေချောမွေ့နေအောင်စဉ်းစား တွေခေါ်ဖန်တီးနေကြတာ ... ရပ်နေ
ရင်တော့ နွားကိုထပ်ချမ်းခွဲပြီး ချက်စားရမယ်အဆင့်လောက်မှာပဲ နေနေရမှာပါ ...
           ခုခေတ်မှာ လူငယ်တော်တော်များများ လူကြီးတွေစကား နားယောင်ပြီး “ ဘွဲ့ရလည်း
ဘာမှလုပ်စားလို့မရပါဘူး ” ဆိုတဲ့ စကားတော်တော်များများနဲ့ ကျောင်းတစ်ပိုင်းတစ်စနဲ့ အလုပ်
လုပ် နှိုင်ငံခြားထွက် ပိုက်ဆံရှာလာနေကြတာ များလာတယ် ... တစ်ချို့လူငယ်တွေဆိုရင်လည်း
သက်သာသလို ရေသာခိုနေလာ ကြတယ် ... ရေရှည်မှာ ပိုက်ဆံထက် ပညာ ဘယ်အရာက တည်
တံမလဲဆိုတာကို မစဉ်းစားတော့ ဘူး ...
          မြန်မာစာ တတိယနှစ်ဖြေတုန်းက အသက် ( ၄၅ ) လောက် အဒေါ်ကြီး တစ်ယောက်
စာမေးပွဲလာဖြေတယ် ... “ အန်တီခုမှ ဘာလိုစာမေးပွဲလာဖြေရတာလဲ ” မေးတော့ အဒေါ်ကြီ
က ပြုံစိစိ နဲ့ “ ရာထူးတိုးချင်လို့ ” တဲ့ ... ၁၉၉၈ ခုနှစ်လောက်တုန်းက အသက် ( ၆၀ ) လောက်
အဖိုးကြီး ဆယ်တန်းစာမေးပွဲလာဖြေတာ ကိုယ်တိုင်ကြုံဖူးတယ် ... သူကို့မေးတော့ “ လူဘဝ
အသက်ရှင်စဉ် သူများဆယ်တန်းအောင်ရင် ကိုယ်လည်း အောင်ချင်လို့ ” တဲ့ ...
          လူဆိုတာ အသက်ကြီးမှ ပညာ မသင်လိုက်ရလေခြင်းဆိုတဲ့ နောင်တမျိုး ရတက်ကြ
တဲ့ လူတော်တော်များများ ၊ အထူးသဖြင့် မိဘ ဘိုးဘွားများဟာ မိမိသားသမီး တူသားမောင်မယ်
တွေကို ပညာတက်ဖြစ်စေချင်ကြတယ် ... အဲဒီမှာ ဘာဖြစ်လာလဲဆိုတော သူတို့ခေတ်ကာလမှာ
ဆရာဝန် ရှားပါးတယ် ... ဆရာဝန်တော်တော်များများ ဟာသက်သက်သာသာနဲ့ ပိုက်ဆံရတယ် ...
သမားဂုဏ်ရှိတယ် ... လူသူလေးစားတယ် ... ဒီတော့ မိမိသားသမီးကို သက်သက်သာသာနဲ့
နေစေချင်တဲ့ သဘောနဲ့ မိဘ ဘိုးဘွားတိုင်း ဆရာဝန်ဖြစ်စေချင်ကြတယ် ... အဲဒါ မိဘဖိုးဘွား
တိုင်းရဲ့ စေတနာပါ ... တစ်ကယ်တော့ ဆရာဝန်တစ်ယောက်ဖြစ်ဖို့ဆိုတာ မလွယ်ပါဘူး ... ကျက်
ရတဲ့စာ ဖတ်မှတ်ရတဲ့ အလုပ်က အများနဲ့ စာရင် များပါတယ် ... ဆေးသမား မှားရင် လူ့အသက်
တစ်ချောင်း ဖြစ်တဲ့အတွက် ခက်ခဲပါတယ် ...
           အင်ဂျင်နီယာဆိုရင်လည်း သက်သက်သာသာနဲ့ ပိုက်ဆံရတယ် ရေရှည်မှာ လည်းကောင်း
တယ်လို့ အထင်ရှိတဲ့အတွက် သားသမီးတိုင်းကို ဖြစ်စေချင်ကြတာပါ ... မိဘတွေရဲ့ စေတနာကိုနား
လည်းပေးစေချင်ပါတယ် ...
           တိုင်းပြည်တစ်ပြည်မှာ ဆရာဝန်တွေချည်း၊ အင်ဂျင်နီယာတွေချည်း ရှိရုံနဲ့ တိုးတက်တယ်လို့
လည်း မဆိုသာပါဘူး ... သူတို့နောက်မှာ ကျွမ်းကျင်တဲ့ ပညာရှင်တွေ အသိပညာရှင် အတက်ပညာရှင်
များစွာ ရှိမှတိုင်းပြည်တိုးတက်မှာပါ ... မြစ်ချောင်းများစွာဟာ ပင်လယ်ထဲမှာ ဆုံပါတယ် ... ပင်လယ်များ
စွာဟာလည်း သမုဒ္ဒရာထဲမှာ ဆုံပါတယ် ... အားလုံးပေါင်းလိုက်ရင် ငံသောအရည်ရယ် ပြာသောအရောင်
ရယ်ပဲရှိတယ်လို့ စစ်ကိုင်းတောင်ရိုး၊ ကမ္ဘာ့ ဗုဒ္ဓတက္ကသိုလ် အဓိပတိမဟာဓမ္မကထိက ဗဟုဇနဟိတဓရ
အဂ္ဂမဟာသဒ္ဒမ္မဇောတိကဓဇ အဂ္ဂမဟာပဏ္ဍိတဆရာတော် ဦးဥာဏိဿရက မိန့်ဆိုဖူးပါတယ် ... ကျွန်
တော်တို့ အားလုံးဟာ တစ်နေရာထဲမှာ တစ်သားထဲဖြစ်မှ ကျွန်တော်တို့ ဖြစ်ချင်တဲ့ဆန္ဒတွေပြည်ဝလာ
မှာပါ ... တစ်ယောက်တစ်မျိုးဖြစ်နေရင် ကျွန်တော်တို့ ရှေ့ဆက်သွားဖို့ဆိုတာ မဖြစ်နှိုင်ပါဘူး ...
           ကျွန်တော်တို့ သိချင်ရင် သိအောင်ကြိုးစားရမှာပါ ... သိအောင်ကြိုးစားတဲ့နေရာမှာ သိတဲ့
သူဆီမှာ ပညာဆည်းပူးရပါလိမ့်မယ် ... မသိတဲ့လူဆီမှာ ပညာဆည်းပူးလို့ မဖြစ်နှိုင်ပါဘူး ... ဥပမာ
ဆရာဦအောင်သင်းပြောသလို့  ဖဲသမားနားနီးရင် ဖဲစကားပဲကြားရမှာပါ ... ဖဲအကြောင်းသိချင်ရင် ဖဲသ
မားနဲ့ပေါင်းပါ ... ပညာအကြောင်းသိချင်ရင် ပညာသမားနဲ့ပေါင်းပါ ... တိုးတက်ချင်ရင် တိုးတက်တဲ့လူ
တွေအကြောင်းလေ့လာဆည်းပူးပါ ... ကောင်းတာကိုယူပါ ... မကောင်းတာကို ပယ်ပါ ...
           ဘုရားရှင်လက်ထက်က လူတန်းစားလေးမျိုးရှိပါတယ် ... အဲဒါက မင်းမျိုး ၊ ပုဏ္ဏားမျိုး ၊ ကုန်
သည်မျိုးနဲ့ ဆင်းရဲသားမျိုးဆိုပြီးရှိပါတယ် ... ခုခေတ်မှာ လူတန်းစားခွဲခြားခြင်းမရှိပေမဲ့ ချမ်းသာသူများ
နိုင်ငံခြားထွက်ပညာသင် ၊ ILBC တို့ ES4E တို့မှာ ပညာသင်ကြားခွင့်ရှိပါတယ် ... ကျွန်တော်တို့လိုအခြေ
ခံလူတန်းစားများမှာ အဲဒီလို သင်ယူခွင့်သင်ကြားခွင့်မရှိပါဘူး ... အခြေခံလူတန်းစားများအတွက်သာ ဒီစာ
ကိုရေး ပါတယ် ... ခုခေတ် နိုင်ငံတကာမှာ စကောလားရှစ် များယူပြီး နှိုင်ငံပေါင်းစုံမှာ ပညာသင်ကြားနေကြ
တဲ့ အခြေခံလူတန်းစား မြန်မာများစွာရှိပါတယ် ... မိမိအရည်အချင်းအား တိုးတက်ကောင်းမွန်အောင် ပြုလုပ်ပြီး တိုးတက်ကြီးပွားသူများဖြစ်ကြပါစေလို့ ဆန္ဒပြုလိုက်ပါတယ် ...

No comments:

Post a Comment

အကျင့်ဆိုး ...