Sunday, 23 May 2010

ဆရာဟူသည် ...

              “ ဆရာဟူသည် တပည့်မရှား တစ်ပြားမရှိ ပီတိကိုစား အားရှိပါသည် ” တဲ့ ... ဆရာတွေ
အကြောင်းကျွန်တော် နဲနဲပြောပြမယ် ... စဉ်းစားပြီး ချင့်ချိန်ရအောင်ပါ ... ဘာဖြစ်လို့လည်း ဆိုတော့
ကျောင်းဆရာ သားသမီးဖြစ် တဲ့ ကျွန်တော်က နည်းနည်းလောက်ပဲသိထားလို့ပါ ...

             တစ်ခါက ရန်ကုန်မြို့ မြိုနယ်လေးတစ်ခုမှာ အလွန်ထင်ရှားတဲ့ Chemistry ဆရာတစ်ယောက်
ရှိခဲ့ဖူးတယ် ... ဆရာက စည်းကမ်းကြီးတယ်  ... အသင်အပြကောင်းတယ် ... သူစာသင်နေရင် ငိုက်လို့
မရဘူး ... တွေ့တာနဲ့ မြေဖြူခဲတို့ ဘာတို့နဲ့ ကောက်ပေါက်လေ့ရှိတယ် ... တစ်နေ့သူစာသင်နေတုန်း
ကောင်မလေးတစ်ယောက်က တစ်ခုခုလုပ်နေတယ် ... အဲဒါကိုဆရာက သိသွားပြီး ကောင်မလေးကို ရိုက်
ပြီးဆုံးမလိုက်တယ် ... အဲဒီမှာ ဘာဖြစ်လာလဲဆိုတော့ ကောင်မလေးက သူမိဘတွေကို တိုင်တယ် ...
သူမိဘတွေကလည်း အရာရှိတွေဖြစ်တော့ သမီးပြောတာကို မှားလားမှန်လား မဆုံးဖြတ်တော့ဘူး ဆရာ
ကိုတရားစွဲတယ် ... ဆရာလည်း အဲဒီမှာ တော်တော်နောင်တရသွားတယ် ... သူနောက်ပိုင်း ရိုက်မဆုံးမ
တော့ဘူး ... စာသင်ရင်လည်း အရင်ကလိုတင်းကျပ်မှုတွေမလုပ်တော့ဘူး ... အဲဒီမှာ ဘယ်သူနစ်နာလဲ
သုံးသပ်ကြည့်ရင် ကျွန်တော်တို့လို အောက်ခြေခံလူတန်းစားတွေပဲ နစ်နာခဲ့တာပါ ... အမှန်က မိဘနဲ့
ဆရာ ပူးပေါင်းရမှာ ... လောကနီတိ မှာ အိုးကောင်းထွက်ချင်ရင် အိုးကိုနာနာ ရိုက်ရတယ်လို့ အဆိုရှိတယ်
... ဘယ်အိုးလုပ်တဲ့သူကမှ အိုးကိုကွဲအောင်မရိုက်ပါဘူး ...
            ဆရာက သူစိတ်တိုတက်ပေမဲ့ သူ့တပည့်တွေကို စာနဲ့ပါတ်သက်လာရင် သူစေတနာကြောင့်
တပည့်တော်တော်များများ ထူးချွန်ခဲ့သူတွေ များခဲ့ပါတယ် ... ဆရာသမီးအကြီးမ လေးက ဒေါက်တာတစ်
ယောက်ဖြစ်နေပါပြီ ... ဆရာသားအငယ်ဆုံးလေးက ရေကျောင်းတက္ကသိုလ်ကနေ စကောလားရှစ်ရပြီး
ကိုရီးယားရေကြောင်းတက္ကသိုလ်တစ်ခုမှာ ကျောင်းဆက်တက်နေပါတယ် ... ဆရာက သူ့သားအောင်မြင်
တာကို ပိတိဖြစ်ပြီးနေပေမဲ့ ပိုက်ဆံမရှိတော့ သူအိမ်ကိုရောင်းပြီး သူသားအတွက် ပညာသင်စရိတ် ထောက်ပံခဲ့ပါတယ် ... သူကတော့ အိမ်ငှါးဘဝနဲ့ပါ ...
         ဆရာက ကျွန်တော်နဲ့တွေ့တိုင်း ဘယ်နေရာရောက်ရောက်ကြိုးစားဖို့ပြောပါတယ် ... ဆရာတိုင်း
ဟာ ဝမ်းရေးအတွက် ပညာသင်ကြေးယူနေရပေမဲ့ ရောင်နီကိုကြည့်ပြီးပီတိ ဖြစ်နေကြသူတွေပါ ... ဘယ်ဆရာ မဆို သူတပည့်သားမြေးတွေကို ဆရာထက် တပည့်လက်စောင်းထက်စေချင်ကြတာပါ ...
        နောက်ပြီး ကျောင်းဆရာ၊ ဆရာမတစ်ယောက်ရဲ့ လစာကိုကြည့်ပါ ... တစ်ယောက်တည်းတောင်
မလောက်ငှပါဘူး ... ကျွန်တော်တို့က သိသလောက်လေးပဲ အယူအဆတစ်ခုလေးပဲ လျောက်ပြောနေရင်
သူများအပြစ်ကိုကြည့်ပြီး ရေသာခိုချင်တဲ့ လူငယ်တွေအတွက် ထောက်ပြစရာဖြစ်လာနှိုင်ပါတယ် ...
ကောင်းတဲ့ဆရာရှိသလို မကောင်းတဲ့ဆရာလည်း ရှိပါတယ် ... တစ်ယောက်တည်းအတွက်နဲ့တော့ အခြားသူတွေမထိခိုက်စေသင့်ပါဘူး ... နောက်ဆုံးနစ်နာရသူတွေက ကျွန်တော်တို့ပါ ...
           တစ်ကယ်တော့ ဆရာဆိုတာ သူတို့ လေ့လာထားသလောက်သင်ပြတာပါ ... သူတို့ကဆရာ
ဆိုတော့ ရပ်လို့ရနေပြီ ... ကျွန်တော်တို့က လူငယ်ဆိုတော့ရပ်လို့မဖြစ်တော့ ဆက်လျောက်ရပါတယ် ...အဲဒီမှာဆရာထက်နဲနဲလေးသိလာပြီးဆရာတွေသင်တာမကောင်းဘူး...ဆရာရဲ့အပြစ်တွေကိုထောက်ပြ
ပါတယ် ... အဲဒါကောင်းလား ဆိုးလား ကိုယ်တိုင်ဝေဖန်သုံးသပ်ကြည့်ပါ ...
          ဆရာဝန် ၊ အင်ဂျင်နီယာ ၊ ဗိုလ်လောင်း အစရှိသဖြင့်ဖြစ်လာကြကုန်သော အမျိုးသားကောင်း
အမျိုးသမီးကောင်းတို့မည်သည် ဆရာတည်းဟူသော ပုဂ္ဂိုလ်တစ်ဦးတစ်ယောက်ထံမှပညာသင်ကြားပြီး
ဖြစ်ပေါ်လာကြခြင်းသာဖြစ်သည် ... “ ဆရာမပြ နည်းမကျ ” ဟူသောစကားပုံရှိပါသည် ...
              “ ဆရာကာပြန် အာခေါင်လှံဆူး ” ဟူသောပုံပြင်လေးတစ်ပုဒ်ရှိပါသည် ...
              ရှေးအခါက လူလင်ငယ်တစ်ယောက်ဟာ လယ်ကွင်းထဲမှာ ရှိတဲ့ ဗျိုင်းတစ်ကောင်ကြောင့်
လှံကို မိုးပေါ်သို မြောက်တင်ပြီး  ပါးစပ်နဲ့ဖမ်း ကစားတဲ့ အလေ့အထတစ်ခုကို ကျွမ်းကျင်ခဲ့ပါတယ် ...
သူဆရာက ဗျိုင်းဖြစ်တာကြောင့် ဆရာဘယ်သူလည်းဆိုတာပြောပြဖို့ ဝန်လေးနေတာကြောင့် နောက်
တစ်ကြိမ် အစွမ်းပြတဲ့ အချိန်မှာ လှံကိုပါစပ်နဲ့ ဖမ်းမမိဘဲ အာခေါင်အထိ စိုက်ဝင်ပြီး သေဆုံးခဲ့ပါတယ် ...
            ဒီပုံပြင်လေးလိုမဖြစ်စေဖို့ အကျိုးအကြောင်း အဆိုးအကောင်းကို ဝေဖန်ပိုင်းခြားနှိုင်သူများ
ဖြစ်ကြပါစေလို့ ဆန္ဒပြုရင်း ...

No comments:

Post a Comment

အကျင့်ဆိုး ...