တစ်ကယ်တော့ ကျွန်တော်တို့လူငယ်တွေဟာ မိမိမှာရှိတဲ့ အရည်အချင်းကို တန်ဖိုး မထား
တက်ကြဘူး ... တစ်ကယ်တမ်းစဉ်းစားကြည့်ရင် ကျွန်တော်တို့ ဘွဲ့တစ်ခုရရှိဖို အချိန်တွေ ၊ ငွေတွေကို
အသုံးချခဲ့ကြရတာ ... မိမိရရှိထားတဲ့ ဘွဲ့ကို မိမိ တန်ဖိုးမထားရင် ဘယ်သူကလာပြီးတန်ဖိုးထားမှာ
လဲ ... တစ်ကယ်တမ်း တန်ဖိုးမရှိဘူးဆိုရင် ငယ်ငယ်လေးထည်းက သက်မွေးပညာဘဲသင်မှာပေါ့ ...
ဥပမာ လက်မှုပညာတစ်ခုခု ၊ စက်မှုပညာ တစ်ခုခုပေါ့ ... ငယ်ငယ်လေးထဲက ကားဝပ်ရှော့တစ်ခုမှာ
လုပ်ရင်ကားပြင်တက်တဲ့ ဝပ်ရှော့ဆရာတစ်ယောက်ဖြစ်လာမှာပေါ့နော် ... သူလည်းခုလိုခေတ်မျိုးမှာ
ဘဝရပ်တည်လို့ရနှိုင်တာဘဲ ... စဉ်းစားဖို့ပြောတာပါ ... တစ်ကယ်လိုက်လုပ်ဖို့လည်းမဟုတ်ပါဘူး ...
ကျွန်တော်က ဘယ်လိုဘဲဖြစ်နေဖြစ်နေ ကျွန်တော်ရရှိထားတဲ့ ဘွဲ့ကိုတန်ဖိုးထားတယ် ...
အကြောင်းပြချက် တစ်ခုဘဲပြောပြမယ် ... ဘဝမှာ တစ်ခါ ပညာရေးနဲ့ပါတ်သက်ပြီး လူတိုင်းမရနှိုင်တဲ့
ဒီဂရီလေးတစ်ခု ကျွန်တော်ရရှိခဲ့လိုပါပဲ ... လူတိုင်းမရနှိုင်ဘူးနော် ... ပိုက်ဆံဆိုတာ လူတိုင်းရှာလို့ရ
နှိုင်တယ် ... လမ်းဘေးရေခဲရေရောင်းတဲ့လူကအစပေါ့ ...
နောက်ပြီးကျွန်တော်ရရှိခဲ့တာနဲ့ပါတ်သက်ပြီး လူပြောမခံရအောင်ကျွန်တော်လေ့လာဆည်း
ပူးလျက်ပဲ ... တစ်ချို့တွေက ဘွဲ့သာရတယ် ဘာမှမသိဘူး ... ဥပမာ Chemistry သမားတစ်ယောက်
ဓါတ်ငွေ့ထုတ်ဖေါ်ရာမှာ သုံးတဲ့ လစ်တမတ်စက္ကူတောင်မသိဘူး ... အဲလိုလူမျိုးဟာလည်း ဘွဲ့ရပြီး
ဘာမှသုံးစားလို့မရတဲ့ လူအဆင့်လောက်မှာဘဲ နေနေရမှာပေါ့နော် ... ရွေဖလား ငွေဖလားဆိုတာ
လည်း ပွတ်တိုက်ဆေးကြောမှုမရှိရင် အရောင်ဆိုတာ ထွက်လာနှိုင်စရာ အကြောင်းမရှိပါဘူး ...
ကျွန်တော်တို့ ရရှိထားတာလေးနဲ့ အခွင့်အလန်းနဲ့ အခွင့်အရေးဆိုတာကိုစောင့်မယ် ...
စောင့်လို့ မရနှိုင်ဘူးဆိုရင် လိုက်ရှာရမှာဘဲ ... အဲဒီအတွက်လည်း ကျွန်တော် ရပ်မနေပါနဲ့လို့ပြော
တာ ... ရပ်နေရင်ကျန်ခဲ့မှာဘဲ ... အောင်မြင်မှုဆိုတာလည်း လှေကားထစ်လေးတွေလို တစ်ထစ်ခြင်း
တက်မှ အမြင့်ဆိုတာရောက်နှိုင်မှာလေ ... အမြင့်ရောက်ဖို့အတွက် ကျွန်တော်ကြိုးစားရင်း အခြား
သူတွေပါဆွဲခေါ်လို့ရနှိုင်အောင်ကြိုးစားနေတာပါ ...
“ ခွင့်သာခိုက်မှ မလိုက်ချင်လျှင်၊ အမိုက်နင့်ပြင် ရှိသေးလေလိမ့်လား။ ခွင့်သာဆဲမှ မခဲချင်လျှင်
အလွဲနင့်ပြင် ရှိသေးလေလိမ့်လား။ ခွင့်သာတုန်းမှ မရုန်းချင်လျှင်၊ အရှုံးနင့်ပြင် ရှိသေးလေလိမ့်လား ... ”
လယ်တီဆရာတော် ဘုရားကြီးရေးစပ်သီကုံးခဲ့တာပါ ... ဘာဘဲဖြစ်ဖြစ် အခွင့်အရေးဆိုတာမရသေးခင်
အရှုံးဆိုတာနဲ့တော့ ရင်ဆိုင်ရမှာပေါ့နော် ... အခွင့်အရေးရှိတုန်းတော့ ကျွန်တော်တို့ လူငယ်တွေ
ကြိုးစားရုန်းကန်ရမှာပဲ ...
နောက်တစ်ခုက Who dares to teach must never cease to learn .John Cotton Dana
( 1856-1929 ) Librarian သင်ကြားပြသဝံ့သူဟာ သင်ယူလေ့လာမှုကို ဘယ်တော့မှ မရပ်တန့်ရပါဘူး ... ဂျွန်ကော့တွန်ဒါနာ (၁၈၅၆-၁၉၂၉ ) စာကြည့်တိုက်မှူး ... ကဆိုထားတယ် ... အဲဒီအတွက် ကျွန်တော်
ဘယ်တော့မှ ရပ်မနေဘူး ... ခုလူတွေကို ခေါ်မရရင် နောင်လာမဲ့မျိုးဆက်အတွက် ကျွန်တော်ကြိုးစားနေ
ဦးမှာပါ ... ကျွန်တော် ကျရှုံးရင် ကျရုံးမယ် ကျွန်တော်မရပ်ဘူး ... အဲဒီအတွက်လည်း ကျွန်တော် စိတ်သော
ကမရောက်ဘူး ... ဘဝဆိုတာ “ ထိပ်ဆုံးသို့ ” ကဗျာလေးလိုဘဲ ...
“ တစ်တောင်ပေါ် တစ်တောင်ဆင့်
တောင်အမြင့် ပတ်ခြံရံ
တစ်တောင်ဆုံး ပြန်တော့
တစ်လုံးပြန်ကျန် ပြန်ပေသမို့
အဖန်ဖန်လေ အားအင်နှိုးလို့ရယ်
ကြိုးလျှောက်ရပြန်။ ” တဲ့ …
ဘဝမှာဖြစ်ပေါ်လာမဲ့ လောကဓံ တိုက်ပွဲတွေကို တိုက်နှိုင်ဖို့အတွက် အားအင်ဖြစ်စေမဲ့ ကဗျာလေးတစ်ပုဒ်
ပါ ။ ဘဝဆိုတဲ့ ဒုက္ခတောင်ဆိုတာ ပြီးတယ်လို့မရှိပါဘူးနော် … နိမ့်လိုက်မြင့်လိုက်နဲ့ လောကဇာတ်ခုံပေါ်
မှာလျောက်နေရတယ်မဟုတ်ပါလော … ဒုက္ခဆိုတာပြီးဆုံးတယ်ဆိုတာ မရှိပါဘူး … ကိုယ့်ကိုကိုယ်အာတင်း
ရင်းမပြီးဆုံးနှိုင်သေးတဲ့သံသရာမှာလျောက်နေရဆဲပဲလေ…ဆရာတော်ဦးဉာဏိဿရဟောခဲ့ဘူးတဲ့တရား
ထဲကစကားလေးတစ်ခွန်းလိုပါဘဲ …“ Whatever we need , Whatever we want . We don't get it ! It is suffering . ” တဲ့ … ကျွန်ုပ်တို့ ဘာဘဲ ရချင်ရချင် ၊ ကျွန်ုပ်တို့ လိုချင်လိုချင် ၊ ကျွန်ုပ်တို့မရ ဌင်းသည်ဒုက္ခဖြစ်သည်တဲ့…အဲဒုက္ခ ဆိုတာကြီးကို အဲဒိကဗျာလေးအတိုင်း ရင်ဆိုင်တိုက်ခိုက်နေကြရသည် မဟုတ်ပါလော…
“ တခါတလေ တကယ်ပန်းတာကြောင့်
တော်ပါပြီ ဆက်မလှမ်းချင်ဘု
ရပ်တန်းက ရပ်မယ်ကြံ။
အမှန်တော့ ဖြစ်နိုင်မလား
စခဲ့မိဟာပေါ့
တစ်နေ့မှာ ဆုံးရာရောက်ပါလိမ့်
အားလျှော့ကာ ဆုတ်ချင်စမ်းပါနဲ့
စိတ်နွမ်း အသာဖြေဦး။ ” တဲ့ …
တစ်ခါတစ်လေစိတ်ပျက်စရာ စိတ်ညစ်စရာများကြုံလာတဲ့အခါ လောကကြီးကိုစိတ်ပျက်စရာအဖြစ်
လည်းမြင်တက်ကြတယ်သည် … ဘယ်လိုဘဲစိတ်ပျက်စိတ်ပျက် ဆက်လက်လျှောက်လှမ်းရမည်သာ … စိတ်ပျက်စရာများကို အာအင်အဖြစ်မွေးမြူကြရမည်သာ … ဘယ်တော့ပြီးမလဲ စောင့်ဆိုင်းနေထာထက် ကိုယ်လုပ်စရာရှိသည်များကိုဆက်လက်လုပ်သွားရန်သာရှိသည်…ဘဝဆိုသောအချိန်တစ်ခုကိုရပ်တန့်
၏နှိုင်စွမ်းမရှိပေ ။ နာရီကိုဈေးကြီးကြီးပေး၍ ဝယ်ဝတ်လို့ရ၏ … အချိန်ကိုကား ဝယ်၍မရနှိုင်ပေ … နာရီပိုင်ရှင်အားလုံးလည်း အချိန်ကိုမဝယ်နှိုင်သေးပေ … ထို့ကြောင့် စိတ်ပျက်စရာများကို စိတ်ချမ်းသာစရာများ ဖြင့် စိတ်နွမ်း ( နွမ်းညစ် ) နေသောစိတ်များကို ဖြေဖျောက်ရရန်သာရှိသည် …
ကျွန်ုပ်တို့တက္ကသိုလ် ကျောင်းတက်စက စိတ်ပျက်မိ၏ … မိမိတို့တက်လိုသောကျောင်းကား
ရန်ကုန်တက္ကသိုလ် … တကယ်တမ်း အထက်တန်းအောင်မြင်ကာ တက်ရသောကျောင်းကား ဒဂုံတက္ကသိုလ်
ဖြစ်နေပေပြီ … ထိုတက္ကသိုလ်တက်ရ၍လည်း ကနဦးစိတ်ပျက်မိ၏ … ယင်းကား ကျောင်းသည်လယ်ကွင်း
ပြင်ထီးထီးတွင်ရှိ၏ …နောင်တွင်ကျောင်းတက်ရင်းမိမိတက်ခဲ့သောကျောင်း၏စိမ်းမြသောလယ်ကွင်ပြင်များ၊
သန့်ရှင်းလတ်ဆက်သော လေနုအေးများကြောင့် စိတ်အင်အားကို တဖန်တိုးပွားလာစေခဲ့သည် … မိမိတို၏ကျောင်းများမည်မျှပင်ဝေးစေကာမူ ကျောင်းသားအလုပ်ကျောင်းသားလုပ်ရန်သာရှိသည် ဟူသောအားအင်ဖြင့်ကျောင်းဆက်တက်ခဲ့ရသည် … ကျောင်း၏ပျော်ရွှင်စရာများ ကျောင်းသားဘဝ၏ လွတ်လပ်ပျော်ရွှင်မှုများကား ယနေ့တိုင်အမှတ်ရလျက်ရှိ၏ …
“ မာလာငွေ ကန်ရေအေးရယ်နှင့်
ငှက်တေးကို အာရုံဆင်လို့
မူတသွင် အားအင်သစ်လိုက်ပါ့
ချစ်ဖွယ့်လူသား။ ။ ”
ယင်းသို့စိတ်ပျက် စိတ်ညစ်စရာများကို စိတ်ချမ်းသာစရာများနှင့်အစားထိုးကာ မပြီးဆုံးသေးသောဘဝ ကျောင်းတော်ကြီးကို ဆက်လက်တက်ရောက်၍ အားသစ်အင်သစ်မျာမွေးမြူကာဆက်လက်လျောက်လှမ်း ရပေးဦးမယ် … သို့မှသာ ချစ်ဖွယ့်လူသားများဖြစ်လာမည် မဟုတ်တုန်လော …
Subscribe to:
Post Comments (Atom)
-
အခါတစ်ပါး၌ မြတ်စွာဘုရားသည် သာဝတ္ထိပြည် အနာ ထပိဏ်သူဌေး၏ နှလုံးမွေ့လျော် ပျော်ဖွယ်ရာဖြစ်သော ဇေတဝန် ကျောင်းတော်၌ သီတင်းသုံးနေထိုင်...
-
စကား စကား ပြောပါများ စကားထဲက ဇာတိပြ ၊ တရား တရား ဟောပါများ တရားထဲက ပါဠိရ ဆိုသော စကားတစ်ခွန်းရှိသည် ... လူ့လောကတွင် လူသားတစ်ယောက်အဖြစ် အ...
No comments:
Post a Comment