Sunday, 4 April 2010

We will change for my home ...

ဖေဖေ ...
                       သားရိုသေစွာစာရေးလိုက်ပါတယ် ... ဖေဖေ စိတ်ချမ်းသာ ကိုယ်ချမ်းသာနဲ့ နေနှိုင်ပါစေလို့ သားဆန္ဒပြုလိုက်ပါတယ် ... တကယ်တမ်း မိသားစုဘဝရဲ့အနှစ်သာရ ဆိုတာခုလိုရပ်ဝေးမြေခြားရောက်ေ
နရတဲ့အချိန်ပိုလို့သိသာနှိုင်ပါတယ် ... တကယ်တော့ဖုန်းနဲ့ဆက်သွယ် ပြောဆိုလို့ရပေမဲ့ အကြောင်းကြောင်းကြောင့်စာရေးလိုက်တာပါ ... တစ်ခါတစ်လေ ဖုန်းထဲမှာကိုယ်ပြောချင်တဲ့ စကားကိုပြောချင်ပေမဲ့ အသံမကြည်လင်တဲ့အခါ အဓိပ္ပါယ်လွဲသွားနှိုင်လို့လေ ... နောက်တစ်ခုက ခုလိုသိအောင် တက်အောင်ပညာတွေသင်ပေးခဲ့တဲ့ဖေဖေနဲ့မေမေ့ကိုသားကျေးဇူးတင်ပါတယ် ... ဘာဘဲဖြစ်ဖြစ် မိဘဆိုတာလက်ဦးဆရာပါပဲ ...

                       ဖေဖေပြောခဲ့တဲ့ အကြောင်းအရာလေးတွေကို သားအမြဲတမ်း လိုက်နာကျင့်သုံးခဲ့တယ် ... ဥပမာပေါ့ ... တစ်ခါက လယ်ကူလီတစ်ယောက်ရှိသတဲ့ ... အဲဒီလယ်ကူလီဟာ လယ်ရှင်ကြွေးတဲ့ပေးတဲ့ဟာကို အကုန်စားသတဲ့ ... ဒီပြင် လက်ဖက်ရည်သောက်ရင်လည်း ခါးခါးလေးမှသောက်သတဲ့ ... ဆေလိပ်ဆိုလည်း သောက်သတဲ့ ... ဒါပေမဲ့ လယ်ရှင်လုပ်တဲ့သူကတော့ ဘာမှမပြောဘူးတဲ့ ...လယ်ရှင်ပြောတဲ့စကားလေးက တစ်ခွန်းထဲရှိတယ် ... အဲဒါဘာလဲဆိုတော့ “ မင်းကုန်တာ ငါကုန်တာမဟုတ်ဘူး ” လို့ပဲပြောသတဲ့...နောက်ပိုင်းလယ်ပြီးချိန်ရောက်တော့လယ်သူရင်းငှါးလည်းအလုပ်ပြုတ်သွားတာပေါ့...အလုပ်မရှိတဲ့အချိန်လယ်ရှင်ဆီမှာလုပ်ခဲ့တဲ့အကျင့်ကဖြောက်လို့မရနှိုင်ဘူး ဖြစ်နေတော့ ဒုက္ခတွေရောက်ခဲ့တယ် ...
                       အဲဒီပုံပြင်လေးကို ဖေဖေ ဘာရည်ရွယ်ချက်နဲ့ပြောခဲ့တယ်ဆိုတာသားမသိပေမဲ့ ... အဲလိုမဖြစ်အောင် သားကျင့်နေခဲ့တယ် ... အဲဒီအတွက်လည်း သားမှာ သူများတွေလိုမဟုတ်တဲ့အတွက် ဘယ်နေရာရောက်ရောက် အဆင်ပြေနေခဲ့တယ် ... သားအလုပ်လုပ်တဲ့အခါ ဖေဖေပြောခဲ့တဲ့နည်းလေးတွေက သားအတွက် အမှတ်ရစရာဖြစ်နေလို့ပါပဲ ... တစ်ကယ်တမ်းပြောရရင် ဝန်ထမ်းဆိုတဲ့ မိသားစုက ပေါက်ဖွားလာတဲ့ သားဟာ ငွေကိုချွေတာသုံးစွဲနေတတ်ခဲ့လို့လေ ... တကမ်တမ်းဖေဖေ ပင်စင်မယူခင် သားစိတ်ကူးတစ်ခုရှိခဲ့တယ် ... အဲဒါဘာလဲဆိုတော့ ဖေဖေတို့က အသက်ကြီးတဲ့အခါ သားတို့ကလည်း ခုလိုခရီးဝေးမှာရှိတဲ့အချိန် ရေမီးဆိုတာအခက်အခဲရှိလာနှိုင်မယ်လို့ သားထင်ခဲ့တယ် ... လျှပ်စစ်မီးဆိုတာ သားတို့အိပ်မှာရှိနေပေမဲ့ ရေဆိုတာအများပိုင်ဘုံပိုင်မှာ သွားခပ်နေရတာလေ ... အဲဒီတော့
သား ရေသွယ်ခဲ့တယ် ... ရေသွယ်တော့ ဘာပြဿနာဖြစ်လာလဲဆိုတော့ ရေသွယ်ရင် မိလ္လာကန်ပါမှဖြစ်မယ်ဆိုတော့ အိမ်သာအတွက် မိလ္လာကန်လုပ်ရပြန်တယ် ... တစ်ကယ်တမ်းပြောရမယ်ဆိုရင် သာတို့ရေအိမ်က မြို့စတည်ကတည်းက ဆောက်ခဲ့တာဆိုတော့ သိပ်မကောင်းဘူးလေ ... နောက်တစ်ခုက သားတို့အိမ်ကို နိုင်ငံခြားသား ဂျပန်တစ်ယောက်လာတုန်း သူတို့အပေါ့သွားချင်လို့ ရေအိမ်တက်တဲ့အခါသူက  ရေအိမ်ကိုကြည့်ပြီးခေါင်းရမ်းသွားခဲ့တာ သားမြင်လိုက်တယ် ... သားနည်းနည်းတော့ ရှက်သွားတယ် ... စိတ်ထဲမှာတော့ တစ်နေ့နေ့ငါပိုက်ဆံနည်းနည်း စုမိလာတဲ့အခါ ရေအိမ်ကိုပြန်ပြင်မယ်ပေါ့ ... ဒီလိုနဲ့ပဲ သားရေသွယ်ရင်း အိပ်သာနဲ့မိလ္လာကန်ပါပြင်လိုက်ရတယ် ... ပိုက်ဆံတော့နဲနဲပိုကုန်သွားတာပေါ့နော် ...
                       နောက်တစ်ခုက ဖေဖေပင်စင်မယူခင် သားပင်စင်စားတွေအကြောင်း စာတွေလိုက်ဖတ်ခဲ့တယ် ... ပင်စင်စားတွေရဲ့စိတ်ခံစားမှုတွေကို သားသိအောင်ကြိုးစားခဲ့တယ် ... အဲဒီမှာစာလေးတစ်ပိုဒ်မှာ “ အေးအေးသက်သာနေရသည့် အငြိမ်းစားဘဝသည် မည်မျှစိတ်ချမ်းသာစရာ ကောင်းမည်နည်း ... မည်မျှစိတ်ရောကိုယ်ပါ လွပ်လပ်လိုက်မည်နည်း ... နှစ်ပေါင်းသုံးဆယ်ကျော် လုပ်ခဲ့ပြီးမှ ရလာသည့်အဖိုးအနဂ္ဃထိုက်သည့် ငြိမ်းချမ်းမှု လွပ်လပ်မှုက လက်ဝယ်တွင်ရှိနေသည် မဟုတ်ပါလား ... ” နောက်ပြီး အမြဲတမ်း အလုပ်လုပ်နေတဲ့ သူတစ်ယောက်ဟာ အလုပ်က ရပ်နားလိုက်ပြီဆိုတာနဲ့ အဲဒီလူမှာ အခြားစိတ်ခံစားမှုတွေ ဝင်လာတက်တယ်တဲ့ ... အဲလိုမျိုးဖြစ်လာတဲ့အခါ သားတို့ဘယ်လိုပြင်ဆင်မလဲပေါ့ ... တစ်ကမ်းတမ်း အိမ်ရဲ့ ဒေါက်တိုင် စီးပွားရေးပင်မဖြစ်တဲ့ ဖေဖေသာအလုပ်နားလိုက်ပြီဆိုရင်သားတို့
မိသားစုဘယ်လိုရပ်တည်မလဲ ... သားမှာအတွေးတွေ ရည်ရွယ်ချက်တွေ တစ်ပုံကြီးနဲ့ပေါ့ ... ဖြစ်ချင်တော့ မေမေက ရုတ်တရက်ဆုံးသွားတယ် ... သားမျှော်လင့်မထားဘူး ...
                       သားတော်တော်တုန်လှုပ်သွားတယ် ... သေခြင်းတရားဆိုတာ အချိန်မရွေးရောက်လာနှိုင်တယ်ဆိုတာ သားသိလိုက်တဲ့အချိန်မှာ မေမေဟာ ဘဝတစ်ပါးပြောင်းသွားပြီလေ ... သားဘဝမှာသေခြင်းတရားကို မေမေသိန်းဆုံးတုန်းက သေသေချာချာ သားမြင်လိုက်ဘူးတယ် ... နောက်တစ်ယောက်က မောင်ဇော်ဆုံးတယ် ... သားမြင်ဘူးထားပေမဲ့ မေမေဆုံးတဲ့အချိန် သားဆောက်တည်ရာမရဖြစ်ခဲ့ဘူးတယ် ... ဒါပေမဲ့ ဖေဖေက ပင်စင်စား ၊ မမ က ကလေးတစ်ယောက်အမေ မုဆိုးမ ၊ ညီနှစ်ယောက်ဆိုတာလည်း ဆယ်တန်းမအောင် ရည်ရွယ်ချက်မရှိ ... သားဘာလုပ်ရမလဲ ... သားမေမေအတွက်ပူဆွေးသောကရောက်နေရင် သားတို့ဘယ်လိုရပ်တည်မလဲ ... သားမှာရွေးချယ်စရာလမ်းမရှိဘူး ... သားအကြီးဖြစ်တဲ့ သားကရှေ့ကပူဆွေးသောက ရောက်နေရင်သားတို့ ကျန်ရစ်သူတွေအတွက် ဘယ်လိုရပ်တည်မလဲ ... သားညီတွေကို ဘယ်လိုထိမ်းသိမ်းလို့ ရနှိုင်ပါ့မလဲ ... နောက်ပြီးဘာမှမသိသေးတဲ့ သားတူလေးရဲ့ရှေ့ရေး ... သူ့မှာအဖေမရှိဘူး ... “ အဖမဲ့သား လူ့ရမ်းကား ” မဖြစ်စေချင်ဘူး ...
                       အဲဒိတော့ သားမေမေနောက်ဆုံးခရီးကို အတက်နှိုင်ဆုံး ဖေဖေနဲ့ ဘဝတစ်ပါးပြောင်းသွားတဲ့ မေမေ့ဆန္ဒအတိုင်း သားအေးအေးဆေးဆေးဆောင်ရွက်ခဲ့တယ် ... သားမငိုခဲ့ဘူး ... မေမေကို မီးသဂြိုလ်တဲ့နေ့က သားမေမေ့အနားမှာသားမနေချင်ဘူး ... အဲနေကသား ကွမ်းယာတွေစားပြီး အံကြိပ်နေရတာပါ ... သားမှာထုတ်ဖေါ်ခွင့်မရှိဘူး ... အဲဒီအချိန်မှာပါတ်ဝန်းကျင်က ပြောတဲ့စကားသံတွေ သားကြားရတယ် ... “ မအေတစ်ယောက်လုံးဆုံးတာတောင်မငိုဘူး ” တဲ့ ... နေနှိုင်တယ် ဘာညာပေါ့ ... သူတို့ကိုသား နေရာဝင်ကြည့်စေချင်တယ် ... အဲဒိအချိန်မှာ သားပါတ်ဝန်းကျင်ကိုဂရုစိုက်နေလို့မဖြစ်ဘူး ... ရွှေင်္ဟသာဆရာတော်ဘုရားကြီရဲ့ လင်္ကာလေးလို့ပေါ့ “ အများအကျိုး ၊ ရွက်သည်ပိုးက ၊ ခနိုးခနဲ့ ၊ ဆိုကဲ့ရဲ့လည်း ၊ မဖဲ့စကောင်း ၊ ကိုယ်လမ်းကြောင်းကို ၊ စိတ်ကောင်းနှင့်ယှဉ် ၊ ရှေးရှုနှင်လော့ ” တဲ့ ... သားပါတ်ဝန်းကျင်ကို ဂရုစိုက်နေလို့မရဘူး ... သားရဲ့ရည်ရွယ်ချက်အတိုင်း သားမဖြစ်ဖြစ်အောင်သားလုပ်ခဲ့တယ် ... အဲဒါသားမှားလား ...
                         တစ်ကယ်တော့ သားဘဝမှာ ဖြစ်ချင်တာတွေက အရမ်းများခဲ့တယ် ... သားဖေဖေ့ကို ဘဘကြီး ( အငြိမ်းစား ) လို အဘိဓမ္မာသင်တန်းတက်ပြီး ဘဝကိုဖြတ်သန်းစေချင်တာ ... ဘဘကြီးတို့မိသားစုကို သားအရမ်းအားကျတယ် ... ငြိမ်းချမ်းတဲ့ဘဝ ... မိသားစုတိုင်းသူအပူနဲ့သူရှိကြပေမဲ့ ... ဘဘကြီးတို့ဘဝဟာသားအမြင်
မှာ အရမ်းအေးချမ်းတာ ... သားသူတို့ကိုပြိုင်ဆိုင်နေတာမဟုတ်ဘူး ... ပြိုင်ဆိုင်ရတဲ့ဘဝကို သားအမုန်းဆုံးဘဲ ... ဘဘကြီးပြောတဲ့ စကားတွေကို သားနားထောင်ခဲ့တာတော့
ဖေဖေ သိလောက်မယ်မထင်ဘူး ... သားမြန်မာပြည်ပြန်လာတော့ ဖေဖေအတွက်ဆိုပြီး သားကွန်ပျူတာဝယ်လာခဲ့တာ သားမှာရည်ရွယ်ချက်ရှိတယ် ... ဖေဖေသူငယ်ချင်းတစ်
ယောက်အကြောင်းပြောဘူးထားတော့ သားဖေဖေ့အတွက်ဝယ်လာပေးတာ ... ဖေဖေက စာဖတ်တာဝါသနာပါတယ်ဆိုတော့ စာအုပ်တော်တော်များများ သားကူးလာခဲ့တာ ...
နောက်ပြီးအဲထဲမှာပါတဲ့ဆရာတော် ဦးဥာဏိဿရ ရဲ့ mp3 တွေ vcd တွေသားကူးထားပေးထားတာ ... အဲဒီတရားတွေထဲက ဟောထားတာတွေတစ်ချို့က သားတောင်မမွေး
လောက်သေးဘူး ... မြန်မာပြည်မှာဘယ်သူမှနားထောင်လို့မရတဲ့ ဟာတွေတောင်ပါတယ် ... ဒါပေမဲ့ဖေဖေပြောခဲ့ဘူးတဲ့ စကားလေးတစ်ခွန်းထဲနဲ့ သားစိတ်ကူးတွေပြိုပျက်သွား
ခဲ့တယ် ... “ ငါဘုန်းကြီးတရားတွေ နားမထောင်ဘူး ” တဲ့ ... နောက်တစ်ခုက သားမေမေ့အတွက် ကုသိုလ်ကောင်းမှု သားပြန်လာတဲ့အချိန်လေးအတွင်းမှာ သားလုပ်ချင်တယ် ...
သားလုပ်ချင်တယ်ပဲပြောတာ ... ဘာကြွေးပါ ... ဘယ်သူ့ဖိတ်ပါသားမတောင်းဆိုဘူး ... သားဖြစ်စေချင်တာ ... မေမေ့အတွက်ပဲ ... မမကတောင်ပြောတယ် အဲဒီနေ့က သူမွေးနေ့
တဲ့ ... သားဘဝမှာ မွေးနေ့ပွဲဆိုတာ ဘာမှန်းတောင်မသိဘူး ... တစ်ခါမှလဲမလုပ်ဖူးဘူး ... ဖြစ်ချင်တော့ မလုပ်ခင်တစ်ည ဖေဖေနဲ့သားစကားများခဲ့တယ် ... အဲဒိနေ့က သား
လည်းမှားသွားတယ် ... သားဖြစ်ချင်တာကိုဖေဖေကို သားအေးအေးဆေးဆေးပြောပြရမှာလေ ... သားဒေါသထွက်သွားတာကိုက သားမှားသွားတာ ...
                          “ ပြဿနာ အခက်အခဲတွေအတွက် ထွက်ပေါက်ကိုသာ စဉ်းစားခြင်းမပြုဘဲ ဖောက်ထွက်ဖို့စဉ်းစားစေချင်ပါတယ် ” တဲ့ ...  ဟံသာဝတီ ဦးဝင်းတင်ပြောတာ
အဲဒီတော့သား ဖားအံကိုထွက်လာခဲ့တာ ... သားစိတ်ထဲမကောင်းတဲ့အလှူကို သားရေစက်မချချင်တော့လို့လေ ... ဖားအံမှာ အမိုးဆိုတာရှိတယ် ... မေမေမရှိတဲ့အခါ အမိုး
ဟာ သားရဲ့အမေပဲလေ ... သူတို့မိသားစုက သားကို နှစ်ချီလများ ထမင်းကြွေးဖူးတယ် ... အဲဒီအတွက် သား ဘုရားလေးတစ်ဆူလက်ဆောင်သွားပေးတာ ... သားစိတ်တွေ
ကို ရိုးသားတဲ့ အဲဒီမိသားစုဆီမှာ ပြန်လည်ပြင်ဆင်ခဲ့တာ ... ဟန်ဆောင်မှုတွေမရှိတဲ့ မိသားစုပါ ... သားကြိုက်တဲ့ဟင်းတွေပဲချက်ကြွေးခဲတာ ... သားအဲဒိမှာလည်းသားကြာကြာ
နေလို့မရပါဘူး ... သားပြန်လာတဲ့အချိန်မှာ စိတ်ပျက်နေတဲ့ အငြိမ်းစားကျောင်းအုပ်တစ်ယောက်ကို စိတ်ချမ်းသားစေချင်တာတစ်ခုတည်းပါ ... အဲဒိအတွက် သားအိမ်ပြန်လာခဲ့
ရတယ် ... သားသူငယ်ချင်းတွေနဲ့တောင်ဘီယာဆိုင်မထိုင်ဖြစ်ခဲ့ပါဘူး ... အဲဒိအတွက်လည်း သားပြောင်းလဲသွားတယ်ဆိုပြီး သူငယ်ချင်းတစ်ချို့သားကို စကားမပြောကြတော့
ဘူး ... အွန်လိုင်းမှာတွေတာတောင် နှုတ်မဆက်တော့ဘူး ...
                            နေရာတစ်ကာ မိသားစုအတွက်ကြည့်နေရတဲ့သားဟာ သားဘဝအတွက် ကြင်ဖော်ဆိုတာလည်း မိသားစုကိုငဲ့ပြီး စဉ်းစားချိန်တောင် မပေးခဲ့ရပါဘူး ... တစ်
ကယ်တမ်းပြောရရင် သားအသက်  ( ၃၀ ) ပြည့်နေပြီလေ ... သားမှာရွေးချယ်စရာတွေရှိခဲ့ပေမဲ့ သားရွေးချယ်ခွင့်မရှိပါဘူး ... ဖေဖေ ပြောဖူးတဲ့ စကားလေးလို “ အမျိုးအဆွေများ
သူ ၊ အနာရောဂါထူပြောသူ ” တွေကို အိပ်ထောင်ဘက်အဖြစ် မရွေးသင့်ဘူးဆိုတာလေ ... သားဘာဆက်လုပ်ရမလဲ ...
                           သားတူလေးအတွက်ဆိုရင် မြို့ထဲ ကျောင်းသွားထားတာ သားမှာရည်ရွယ်ချက်ရှိတယ် ... ရပ်ကွက်ထဲက ကျောင်းမှာထားပါပြီတဲ့ ... ရပ်ကွပ်ထဲက ဘယ်နှစ်
ယောက်များထူးချွန်တဲ့သူရှိလည်း ... သားတို့ပါတ်ဝန်းကျင်ကိုကြည့် အရက်သောက် ဖဲရိုက် တက်တဲ့သူတွေ ၊ လောင်းကစား နှစ်လုံးတို့သုံးလုံးတို့နဲ့ လ္ဘက်ရည်ဆိုင်မှာ အချိန်ကုန်
ထိုင်နေတဲ့သူတွေ ... မနက်မိုးလင်းလာတာနဲ့ ဘာဂဏာန်းကောင်းသလဲဆိုတာကိုဘဲ စိတ်ဝင်စားနေသူတွေ ... ဘယ်လိုလုပ်မလဲ ... မြိုထဲကျောင်းမှာလည်း ရပ်ကွပ်ထဲကလူတွေ
ချည်းဘဲတဲ့ ဖေဖေပြောခဲ့တာ ... သူတို့ပါတ်ဝန်းကျင်ကိုသူတို့သိတယ် ... အဲလိုလူမျိုးဟာလည်း လက်တစ်ဆုပ်စာလောက်ပါပဲ ... ပါတ်ဝန်းကျင်ကို သူတို့သားသမီးတွေအတွက်
သူတို့ပြောင်းလဲပေးချင်တာ ... သားလည်း သားတူလေးအတွက် ပြောင်းလဲပေးချင်တာ ... ဖခင်မရှိတဲ့သားတစ်ယောက်ဟာ လူမိုက်ဖြစ်ဖို့ အရမ်းလွယ်ကူပါတယ် ... သားတို့ဘယ်
လောက်အဆင်ပြေနေပါစေ ... သူသာပညာမတက်ဘူးဆိုရင် သူ့ဘဝဘယ်လိုလျှောက်လှမ်းမလဲ ... ကုဋေရှစ်ဆယ်သူဌေးသားလို “ ရှေ့နောက်ဘယ်မှာ မသိပါငြား သူဌေးသားသည်
သိုထားမတတ် အရပ်ရပ်၍ နှံအပ်ဥစ္စာ ရှိသူငှါကို များစွာကျွန်ပေါင်း မကောင်းခိုးယူ ယူ၍ပြေးရှောင် အိမ်ကိုရောင်း၍ ခွက်လက်စွဲကာ တောင်းစားပါလည်း နင်သာလူမိုက် ရိုက်ပုတ်
လိုက်ကြ ရွာမှထွက်လေ တောမှာသေသည် ” တဲ့ ... သားတို့နားမှာ နေသွားတဲ့ ကိုဝင်းသိန်းကြီးကိုကြည့် သူဘယ်လိုဘဝမျိုးနဲ့နေသွားလဲ ...
                            တကယ်လို့သူသာ ရပ်ကွက်ထဲက လူတွေနဲ့သူငယ်ချင်းဖြစ်သွားရင် လူကောင်းတွေနဲ့မပေါင်းမိပဲ လူမိုက်တွေနဲ့ပေါင်းသင်းခဲ့ရင် ... “ အပေါင်းကြောင့်ဂုဏ်
ပျက် အပေါင်းကြောင့်ဂုဏ်တက် ” တဲ့ ... အရက်သောက်တက်တဲ့ ပါတ်ဝန်းကျင်မှာနေတဲ့သူဟာ အရက်သောက်တက်တာ မဆန်းပါဘူး ... အဲဒိတော့ ပါတ်ဝန်ကျင်ကိုသားတို့
ပြောင်းလဲရမယ်လေ ...
                           အဲဒီအတွက် သားရာဘာပင်စိုက်ခဲ့တာ ... ရာဘာပင်ဆိုတာ ကြမ်းတမ်းတဲ့ ဂဝံမြေမှာပေါက်တာ ... အပင်စပျိုးပြီး ချက်ခြင်းရာဘာစေးဆိုတာ ထွက်မလာဘူး ..
အနည်းဆုံးသုံးနှစ်လောက်ကြာမှ အစေးထွက်လာတာမျိုးပါ ... သားတူလေးကို ရာဘာပင်လိုသဘောထား ထွက်လာတဲ့အစေးက သူအတွက်ပေါ့ ... သားတို့ကတော့ ဂဝံမြေတွေ
လေ ... မြေကြီးဆိုတာကလည်း ဘယ်အပင်ပေါက်ပေါက် သူ့အတွက်အကျိုးခံစားခွင့်မရှိပါဘူး ... အပင်ကြီးထွားလာဖို့ပဲ အားပေးနေရတာပါ ...
                           တစ်ကယ်တော့လူမိုက်တစ်ယောက်ဖြစ်ဖို့ဆိုတာ အရမ်းလွယ်ပါတယ် ... လူလိမ္မာတစ်ယောက်ဖြစ်ဖို့ဆိုတာသာခက်တာပါ ... လူမိုက်ဖြစ်ရတာဘာကြောင့်
လွယ်သလဲဆိုရင် ဥပမာပေါ့ ... အရက်သောက်ပြီး ရပ်ကွက်ထဲ လျှောက်ဆဲလိုက်ရုံပဲ ... မင်းသိင်္က္ခရေးထားတဲ့ “ လူမိုက်တစ်ရာ ” ဝတ္ထုထဲကလိုပေါ့ ... ဘယ်လိုကြောင့်ပဲလူမိုက်
ဖြစ်ဖြစ် နောက်ဆုံးလူမိုက်တို့ရဲ့သွားရာလမ်းကဘာလဲ ... နောက်ဆုံး “ ထောင်အပြင် တန်းမရှိ ” ပါဘူး ... ထောင်ကျရင်ကျ မကျရင်လည်း ကြိုးတန်းက သူတို့ကိုစောင့်နေတာပါ ...
ဘယ်တော့မှ ဇာတ်သိမ်းမကောင်းနှိုင်ဘူးလေ ... သားဖတ်ဖူးတဲ့ မာဒေဝလင်္ကာထဲက လင်္ကာလေးတစ်ခုမှာ “ သူမိုက်သူညစ် ၊ မပေါင်းရစ်နှင့် ၊ မစစ်မျိုးနွယ် ၊ လူဝယ်ဖြစ်ဆန်း ၊ လူ့ပေါက်ပန်းနှင့် ၊ သဖန်းကျီးအာ ၊ သိမမာသို့ ၊ လူဝါနှုတ်ပြော ၊ ပြင်သာချော၏ ၊ ငှက်ပျောပင်စိုက် ၊ မိလိုက်ဖလာ ၊ ဝေါဟာခေါ်ရိုး ၊ မော်ကွန်းထိုးခဲ့ ၊ အမျိုးလိုက်တက် ၊ များ၏မှတ်လော ... ”  (၂၂၃)  တဲ့ ... သားသူငယ်ချင်းတော်တော်များများ သားပြန်လာတော့ တွေလိုက်ရတယ် သူတို့ဘာမှမပြောင်းလဲကြဘူး ... တစ်ချို့ဆို အရင်ကဘီယာဆိုင်
မှာ သားတို့နဲ့အတူတူ ထိုင်ခဲ့သူတွေ ခုတော့အရက်ဖြူဆိုင်မှာ တစ်ချို့ ကရပ်ကွက်ထဲမှာ ယောင်ခြောက်ဆယ် ... တိုးတက်ကြီးပွားတဲ့ နိုင်ငံလူမျိုးတိုင်းမှာလူငယ်တွေသူနေရာနဲ့သူ အလုပ်လုပ်နေကြတာ ... သားတို့ဆီမှာ ခုချိန်ထိ “ လည်ယာပြန်စားရေး ” ဘဝမှာတင်ရပ်နေကြတယ် ... ရည်ရွယ်ချက်ဆိုတာဗလာ ... ပါဠိထဲမှာတော့ “ ဗာလ ” ဆိုတာလူမိုက်လို့ သားမှတ်ထားဘူးတယ် ... အဲဒိတော့ ရည်ရွယ်ချက်မဲနေတိုင့် လူတိုင်း လူမိုက်လို့ခေါ်သင့်တယ်လို့ထင်တယ် ...
                             သားညီတွေကိုလည်း ရည်ရွယ်ချက်မဲ့နေတဲ့ လူတွေမဖြစ်စေချင်ဘူး ... သားတို့သူတို့ကို အပြစ်ပြောနေမဲ့အစား သူတို့လိုအပ်တာကို သားတို့ တတ်နှိုင်
သလောက်ဖြည့်ဆည်း ပေးဖို့ပဲရှိတယ်လေ ... သူတို့ဘာလို့ဆယ်တန်းမအောင်သလဲ ... အောက်သက်မကြေတဲ့သူ ဆယ်တန်းမအောင်တာမဆန်းပါဘူး ... သားတောင်အောက်
သက်မကြေလို့ ဆယ်တန်းကျခဲ့ဘူးတာပဲ ... စားမေးပွဲတိုင်း တစ်နှစ်တစ်တန်းအောင်ရုံနဲ့ စာတတ်တယ်လို့ပြောလိုမရဘူးဆိုတာ သားသိလာတဲ့အချိန် အရမ်းနောက်ကျသွားပြီ ...
သားအခု လူဖြစ်ရခြင်းရည်ရွယ်ချက်ဆိုတာဘာလဲ ... လူဘဝရဲ့ ရည်မှန်းချက်ဆိုတာဘာလဲ ... ဆိုတာသိအောင်ကြိုးစားနေပါတယ် ...
                              တစ်ကယ်တော့ ဖေဖေ ကိုသားသိန်းခြောက်ထောင်တန် လုံးခြင်းအိမ်ယာလောက်မှာထားချင်တာ ... ဖြစ်နှိုင်မယ်ဆိုရင်ပေါ့ ... ဒါပေမဲ့ သားတို့မှာရှိတဲ့
ပိုက်ဆံလောက်နဲ့ ဆိုတာမဖြစ်နှိုင်ဘူးလေ ... အဲဒိတော့ ဖြစ်ခြင်တာထက်ဖြစ်သင့်တာကို ဦးစားပေးတာပိုပြီး သဘာဝကျမယ်လို့ထင်ပါတယ် ... နောက်ပြီးဖေဖေပြောတဲ့ သိန်း
တစ်ရာနှစ်ဆယ်တန် အိမ်ဆောက်တယ်ဘဲထား ... သားတို့ တက်နှိုင်တာအဲဒိလောက်ပဲဆိုတော့ သားတို့မှာရှိတဲ့ငွေလည်းကုန်သွားပြီဆိုရင် သားတို့ရှေ့ဆက်ဘာစီးပွားရေးဆက်
လုပ်ကြမလဲ ... တစ်နေ့ရွှေဥတစ်လုံးတစ်လုံး ဥပေးတဲ့ငန်းကိုရိုက်သတ်လိုက်သလိုဖြစ်သွားမှာပေါ့ ... သားတို့ငွေပင်ငွေရင်းလေးကို အညွန့်ချိုးသလိုဖြစ်သွားမှာပေါ့နော် ...
သားတို့အဲဒီအပင်လေးကိုသာ ရှင်သန်ကြီးထွားအောင်ပြုလုပ်ပေးနှိုင်မယ်ဆိုရင် ... သားတို့ဖြစ်ခွင့်ရှိချင်တာ ဖြစ်လာမှပေါ့နော် ... သားဖေဖေကို အိမ်မဆောက်စေချင်လို့ပြော
တာမဟုတ်ဘူးနော် ... နှစ်ထပ်တိုက်ဆောက်မယ့်နေရာ တစ်ထပ်တိုက်ထပ်ခိုးလောက်နဲ့ဆိုရင်ရော မဖြစ်နှိုင်ဘူးလား ... သားဖြစ်နှိုင်ခြေရှိတာကိုပြောပြတာနော် ...
                              တစ်ကယ်တော့ ဖေဖေပြောပြောနေတဲ့ Unity ဖြစ်အောင်သားကြိုးစားနေတာပါ ... သားအတွက်တစ်ခုမှမပါဘူး ... ဘယ်တုန်းကမှလည်းသားအတွက်
မစဉ်းစားမိဘူး ... ကိုယ့်လမ်းကြောင်းကို ကိုယ်တိုင်ဖောက်ခဲ့ရတာ ... သားမှာလမ်းပြပေးမဲ့သူမရှိဘူး ... သားမှာ စာအုပ်တွေရယ် ကွန်ပျူတာတစ်လုံးရယ်ပဲ ရှိတာ ... သားအဲဒါ
တွေကို အသုံးချနေတာ ...
                              တစ်ကယ်လို့များဖြစ်နှိုင်မယ်ဆိုရင် ဦးမြစိုးတို့ကို သားတို့အိမ်မှာရှိတဲ့ TV လေးအလကားပေးလိုက်ပါ ... အိမ်အတွက် နောက်တစ်လုံးထပ်ဝယ်လိုက်ပါ ...
တစ်ကယ်တော့ သူလည်းအသက်ကြီးနေပြီ ... သူတစ်ပါးစိတ်ချမ်းသာအောင် ပြုလုပ်ပေးနှိုင်မယ်ဆိုရင် သားတို့အတွက်လည်းစိတ်ချမ်းသာခြင်းတွေရောက်ရှိလာ လိမ့်မယ်လို့
သားထင်တယ် ... သားအတွက်ကတော့ တွေဝေခြင်း၊ မိုက်မဲခြင်း၊ ရူးသွပ်ခြင်း၊ ကြောက်ရွံခြင်း၊ ထိတ်လန့်ခြင်း၊ စွဲလန်းခြင်း၊ တမ်းတခြင်းတို့မှ ကင်းဝေးတတ်သူဖြစ်ပြီး မှန်ကန်တဲ့လမ်းမှာ ငြိမ်းချမ်းစွာနဲ့လျှောက်လှမ်းပါရစေ ... သား စာကိုဆုံးအောင်ဖတ်ပေးတဲ့အတွက် ကျေးဇူးအများကြီးတင်ပါတယ် ...
                                                                                                                                                                                                          ဝေးရပ်မြေမှ ...
                                                                                                                                                                                                                            သား ...

                            

1 comment:

  1. ကောင်းပါတယ် ဒီ့ထက်ပိုပြီးခပ်များများရေးပေးပါဦး(ရေးနိုင်ရင်)

    ReplyDelete

အကျင့်ဆိုး ...