
“ လူလားမြောက်တဲ့ အရွယ်ကတည်းကလေ ... လောကဓံကို ရင်ဆိုင်တွေ့ကြုံခဲ့ပါပေ ... နိမ့်ချည်တစ်ခါ သာချည်တစ်လှည့်ရယ်နဲ့ ... သမုဒ္ဒယနယ်မှာ ကျင်လည်ကျက်စား မအားလပ်နှိုင်ရှာပေ ...
လောကဓမ္မတာ သောကအဖြာဖြာ ကြုံခဲ့ရပေ ... ချစ်သောဖေဖေ ချစ်သောမေမေ မတွေ့တာကြာလေလေ ပို၍သတိရလေလေ ... ရင်၌လွယ်ဖွား သားသမီးများက အတိုးချကန်တော့ပါရစေ ...
မြင်မိုရ်တောင်ဦး ကျေးဇူးဂုဏ်တွေ ဆပ်လို့မကုန်နှိုင်ပေ ... သီတာရေတစ်ပေါက်ကလေး ကျရုံမျှနဲ့ မိဘတိုဝမ်း မငြိမ်းချမ်းပေ ... ဖဝါးလက်နှစ်လုံး ပခုံးလက်နှစ်သစ် ဝါးဖတ်တော် ကဆီနှစ်နဲ့
လူဖြစ်အောင်ကြွေး မှက်ခြင်ယင် မသန်းရအောင် ပင်ပန်းကြီးစွာ မွေးမြူရပေ ... ဒီကျေးဇူးဂုဏ်တွေ ရည်မျှော်မှန်းလို့ သားကန်တော့ပါတယ်လေ ကျေးဇူးရှင် ဖေဖေနဲ့မေမေ ...