တခါတုန်းက ဂရိနိုင်ငံ အေသင်မြို့မှာ ဉာဏ်ပညာအမြော်အမြင်
အလွန်ကြီးမားချင်တဲ့ လူငယ်တစ်ယောက် ရှိသည်။
ထိုလူငယ်သည် မြို့ရဲ့ ပညာဉာဏ် အကြီးမားဆုံးလို့ကျော်ကြားတဲ့
အတွေးအခေါ်ပညာရှင် ဆော့ခရေတ္ထိ ဆိုသူထံ အကြံဉာဏ်သွား
တောင်းခံ၏ ပညာရှိဖြစ်ရန် ဘယ်ကဲ့သို့လုပ်ဆောင်ရမည်ဟူ၍ ဖြစ်၏
ထိုပညာရှိ မှာ ဒဿန စကားပိုင်းအရာတွင် စကားဝိုင်းများတွင်း
ထက်ထက်သန်သန် ဆွေးနွေးဝေဖန်တတ်သော်လည်း သာမာန်အား
ဖြင့် နူတ်ဆိတ် သူတစ်ဦးဖြစ်သည်။ လူငယ်က သူ့အားမေးသော်သူက
ဘာမှမဖြေပဲ ပင်လယ်ကမ်းခြေသို့သာ ခေါ်ဆောင်သွားသည်။
ထိုပညာရှိက တခါတရံ အချို့ကိစ္စများကို နူတ်နှင့်ပြောခြင်းထက်
လက်တွေ့ကျသော နည်းလမ်းများဖြင့် ထူးထူးခြားခြား ပြလေ့ရှိ၏
ပင်လယ်ကမ်းစပ်ရောက်သော် အဝတ်အစားမချွတ်ပဲ ရေထဲသို့
တန်းဆင်းသွားသည်၊ လူငယ်ကိုလည်း သူ့နောက်လိုက်ရန် ခေါ်ရာ
လူငယ်လည်း တွန့်ဆုတ်တွန့်ဆုတ်ဖြင့် လိုက်ပါသွားလေသည်၊
ရေက မေးစေ့ခန့်ရောက်သော် ပညာရှိက လူငယ်ကို စေ့စေ့ကြည့်
ကာ လူငယ်၏ပုခုံးနှစ်ဖက်ပေါ်သို့ လက်အစုံဖြင့်ကိုင်ထားလေသည်၊
အဲဒီနောက်ဘာမှမပြောပဲ ရုတ်တရက်အားနဲ့ဆွဲပြီး လူငယ်ကိုရေထဲသို့
ခေါင်းမြုပ်သည်ထိ ဖိနှစ်ထားတော့သည်။
ရေအောက်တွင်မွန်းနေသောလူငယ်က တအားရုန်း၏ ပညာရှိက
မလွှတ် အတော်ကြာမွန်းလောက်သည့်တိုင် ထား၍ ထိုထက်ဆက်နှစ်
လျှင် သေတော့မည်ဆိုချိန်မှ ပြန်လွှတ်ကာ ကုန်းဖက်သို့ပြန်တက်သွား
၏ လူငယ်မှာ ဝရုန်းသုန်းကား နဲ့ခေါင်းဖော်လာကာ အသက်ကိုလုရှူ၊
ဆားငန်ရေတွေက ပါးစပ်ထဲဝင်၍ သီးကာ အတော်ဒုက္ခခံ လိုက်ရ၏
ပြီးတော့မှ ဒီဆရာကြီးက ငါ့ကိုသေကြောင်းကြံသည်ဟု ရန်မူရန်
ပညာရှိ နောက်သို့ ဂမူးရှူးထိုး လိုက်ရှာလေတော့သည်။
ဒီအချိန်တွင် ပညာရှိက ကမ်းပေါ်ရောက်နေပြီ၊
လူငယ်က ကမ်းစပ်ရောက်သော် ဒေါသကြီးစွာဖြင့်“ ခင်ဗျား
ကျွန်တော့ကို ဘာအတွက် ရေနှစ်သတ်တာလဲ ” မေးသည့်အခါ၊
ပညာရှိက အဖြေမပေးပဲ သူ့ကိုပြန်မေးလိုက်သည်။
“ ဒီမှာ သူငယ် မင်းရေအောက်မှာ မွန်း နေပြီး အသက်သေရတော့
မလို ဖြစ်နေတဲ့အချိန်တုန်းက မင်းဘဝမှာ ဘယ်အရာကို အလိုချင်
ဆုံး ဖြစ်ခဲ့သလဲ” မေးရာ
လူငယ်လည်း ရုတ်တရက်တော့ ဘာကစ စဉ်းစားရမှန်းမသိဖြစ်ကာ၊
နောက်တော့မှ အဖြေကို အလိုအလျောက် ပြောထွက်လိုက်သည်။
“ကျွန်တော် လေရှူဖို့ လေကိုလိုချင်တာပေါ့၊ အဲဒီအချိန်မှာ လေရှူရ
ဖို့က ကျွန်တော့အတွက် အရေးအကြီးဆုံးလေ”
အဲဒီတော့မှ ပညာရှိက အားရပါးရ ပြုံးကာ “အေးဟုတ်ပြီကွ၊ မင်းရေ
အောက်မှာတုန်းက အရေးတကြီး အသည်းအသန် အသက်ရှူချင်ခဲ့
သလို ပညာဗဟုသုတတွေကိုလည်း အဲသည်လို သဲသဲမဲမဲ အလိုရှိခဲ့
မယ်ဆိုရင် တစ်နေ့တော့ ပညာရှိ မုချဖြစ်လိမ့်မယ်” ဟုဆိုလိုက်သည်။
(မူရင်း Eric Saperston ၏ Socratesကို ဖေမြင့်ဘာသာပြန်၏)
စာဖတ်ခြင်းက ပြည့်ဝသောလူတစ်ယောက် ဖြစ်စေတယ်။ ဆွေးနွေး
ညှိနှိုင်းခြင်းက အသင့်ပြင်ထားသော လူတစ်ယောက်ဖြစ်စေတယ် ...
မှတ်သားခြင်းက တိကျသောလူတစ်ယောက်ဖြစ်စေတယ် ...
(ဆာဖရန်စစ်ဘေကွန်)
ပညာရှိများနှင့်တစ်နာရီဆွေးနွေးရခြင်းသည် မိမိဘာသာစာအုပ်
တစ်ရာဖတ်သည်ထက် အကျိုးများ၏ ... (သိုးဆောင်းစကားပုံ)
Subscribe to:
Post Comments (Atom)
-
အခါတစ်ပါး၌ မြတ်စွာဘုရားသည် သာဝတ္ထိပြည် အနာ ထပိဏ်သူဌေး၏ နှလုံးမွေ့လျော် ပျော်ဖွယ်ရာဖြစ်သော ဇေတဝန် ကျောင်းတော်၌ သီတင်းသုံးနေထိုင်...
-
စကား စကား ပြောပါများ စကားထဲက ဇာတိပြ ၊ တရား တရား ဟောပါများ တရားထဲက ပါဠိရ ဆိုသော စကားတစ်ခွန်းရှိသည် ... လူ့လောကတွင် လူသားတစ်ယောက်အဖြစ် အ...
No comments:
Post a Comment