
ငြိမ်းချမ်းသော နေရာကလေး ... သို့သော် ကျွန်တော်နှင့် သုံးလေးပေ အကွာလောက်တွင် သေ
ရေး ရှင်ရေးတမျှ အမောတကော ကြိုးပမ်း ရုန်းကန်သံ တစ်ခုက နားထဲဝင်ရောက်လာသည် ... ကောင်လေးတစ်ကောင် ပြတင်းပေါက်မှန်ချပ် ကို ဖောက် ထွက်ဖို့ အသည်းအသန် ကြိုးစားနေ
သည် ... သူ့ခန္ဒာကိုယ်၌ ကြွင်းကျန်သမျှ စွမ်းအားကို ဖြစ်နှိုင်စရာ မရှိသည့် အရေးကိစ္စအတွက် သူ
ဖြုန်းတီးနေသည် ...
ညံသထက်ညံလာသော တောင်ပံခတ်သံက ကြေကွဲဖွယ်ကောင်းလှသည့် ယင်ကောင်၏ လုပ်ငန်း
စဉ်ကိုဖေါ်ပြနေသည် ... ကြိုးစားမှုမအောင်မြင်လျှင် သည့်ထက်ပိုကြိုးစား ဟူသော လုံ့လ ဝါဒလမ်းစဉ် ...
သို့သော် လောလောဆယ် သည်လမ်းစဉ်က အလုပ်မဖြစ်ပေ ... အသည်းအသန်ဂမူးရှူးထိုးကြိုးစား
နေသော်လည်း သူအတွက် လွတ်လမ်းပေါ်မလာသေး ... ရှင်သန်မည့်အလားအလာလည်း စိုးစဉ်းမျှ မမြင်
ရ၊ စင်စစ် မစဉ်းမစား အားထုတ်နေမူကြောင့်ပင် သည်ထောင်ချောက်အတွင်းမှသူထွက်မရခြင်းပင်ဖြစ်
သည် ... သူမည်မျှပင်အား ထုတ်ရုန်းကန်သော်လည်း ပြတင်းပေါက်မှန်ချပ်ကိုကား ဖောက်ထွက် လာနှိုင်
စရာ အကြောင်းမရှိ ... မည်သို့ပင်ဖြစ်စေ၊ယင်ကောင်လေးကတော့ သူ့ရည်မှန်းချက်ပန်း တိုင်သို့ရောက် ရှိနေရေးအတွက် အသက်ပင်သေသေဟူသောစိတ်ဓာတ်မျိုးဖြင့်ကျားကုတ်ကျားခဲအားထုတ်ရုန်းကန်သွားရန် သဓ္နိဌာန်ခိုင်မာ လျက်ရှိနေသည် ... ဝမ်းနည်းစရာပင်၊ ယင်ကောင်၏ဘဝနိဂုံးကို သိမြင်နေရသည် ... သူ သည် ပြတင်းပေါက်ဘောင် အပေါ်၌ပင် သေပွဲဝင်ရမှာ သေချာနေပြီ ... အမှန်တကယ်တွင် အခန်း၏တ ဖက်ခြမ်းသည် မှန်ပြတင်းမှ ခြေဆယ်လှမ်းခန့်အကွာ၌ တံခါးတစ်ခုသည် ဟင်းလင်းပွင့်လျက်ရှိ၏ ...
သုံးလေးစက္ကန့်ပျံသန်းရုံမျှပင်ယင်ကောင်ငယ်သည်သူမျှော်လင့်တောင့်တသည်ပြင်ပကမ္ဘာသို့လှစ်ခနဲ
ရောက်ရှိသွားနိုင်သည်... သည်မှာ အသည်းအသန်အားထုတ်ရုန်းကန်နေသည်ကို ခဏလေးနား ကာ
ဘေးဘီသို့အသာကြည့်ရုံမျှဖြင့် မိမိဘာသာထည့်သွင်းထားသည့် လှောင်ချိုင့်အတွင်းမှ သူလွတ်မြောက်
သွားနိုင်သည် ...
မှန်နံရံကို ဖောက်ထွက်နိုင်သောအခွင့်အလမ်း(သို့) သည်အခန်း တွင်းမှ လွတ်မြောက်နိုင်သောအခွင့် အလမ်းသည် ထိုအနီးအနားလေး မှာပင်ရှိသည်၊ သိသူအတွက်ကား လွယ်ကူလှဘိ ... ဇွဲကြီးလှသော ထိုယင်ကောင်သည် အဘယ်ကြောင့်နောက်တစ် မျိုးပြောင်း၍ ကြိုးစားရကောင်းမှန်းမသိခဲ့ပါသနည်း ... သူရွေးချယ်ခဲ့သော တစ်ခုတည်းသော နည်းလမ်းကို အဘယ်ကြောင့်သည်မျှ သဲသဲမဲမဲ စွဲနေ ရသနည်း ...
သည်နည်းလမ်းအတိုင်း ကျားကုတ်ကျားခဲလုပ်ခြင်းသည် သာ အောင်မြင်မူရရန် အသေချာဆုံးဖြစ်သည်ဟု အဘယ်ကြောင့် သည် မျှ စွဲလမ်းယုံကြည်နေရပါသနည်း၊ သေချင်သေပေစေ၊ သည်နည်းလမ်း အတိုင်းပဲ
မြဲမြဲ အားထုတ်သွားမည်ဟူသောစိတ်သည် ဘယ်သို့သော ကျိုးကြောင်းဆင်ခြင်မှုမျိုးပေါ်ပေါက်ခဲ့သနည်း ..
ယင်ကောင်အနေနှင့်တော့သူ၏ လုပ်ငန်းလမ်းစဉ်သည်ပင် ကျိုး ကြောင်းအသင့်မြတ်ဆုံး လမ်းစဉ် ဖြစ်ချင်ဖြစ်နေပါမည် သို့သော် ဝမ်းနည်းဖွယ် ကောင်းနေသည်က သူ့အယူအဆ သူ့လုပ်နည်းလုပ်ဟန်
သည် အသက်ဆုံးရူံးခြင်းဖြင့် နိဂုံးချုပ်ရမည့် အယူအဆမျိုး လုပ်နည်း လုပ်ဟန်မျိုး ဖြစ်နေခြင်းပင် ... ကြိုးစား၊မအောင်မြင်လျှင်သည့်ထက်သည့်ထက်ပိုကြိုးစား၊ဟူသောနည်းသည်အမြဲသင့်တော်မှန်ကန်
သည့်အဖြေနည်းလမ်း မဟုတ်ပါ ... သည်ဝါဒ တစ်ခုတည်းကို အးကိုးပြုထားရုံဖြင့် သင်၏ဘဝရည်မှန်းချက်
ထမြောက်အောင်မြင်လိမ့်မည်ဟုစိတ်ချယုံကြည်၍မရ၊စင်စစ်သည်လမ်းစဉ်ကိုတရားသေကိုင်စွဲခြင်းကြောင့်ပင် ပြသနာတွေရင်ဆိုင် လာရနိုင်ပါသည် ... နည်းလမ်းကို ပြန်လှန်သုံးသပ်မူမပြု၊ ပြုပြင်ပြောင်းလဲရန်လည်း
မကြိုးစား၊ဝိရိယိုအမြင့်ဆုံးတင်နိုလျှင်ရှိသမျှအတားအဆီးကိုဖောက်ထွက်ကျော်လွှားနိုင်ရမည်၊ဟူသောအစွဲဖြင့်
ချည်းလုပ်ကိုင်သွားမည်ဆိုကမအောင်မြင်ရုံမကအောင်မြင်မည့်အခွင့်အလမ်းများစွာကိုပင်မိမိဘာသာဖျက်
ဆီးပစ်နိုင်ပေသည်။
ကြိုးစားပါလျက် ဖောက်ထွက်၍မရသည့်အခါတိုင်းယင်ကောင် ကိုတော့သတိရစမ်းပါ ...
( မူရင်း Price Pritchett၏ Try Something Different ဖေမြင့်ပြန်၏ )
* လူသားတို့၏ဘဝတွင် မည်သည့်အရာမှ တည်မြဲခြင်းမရှိသည်ကို သ တိရပါ ... ထို့ကြောင့် အဆင်ပြေသည်အခါ၌ အလွန်အမင်း ဝမ်းသာခြင်း
အဆင်မပြေသည့်အခါ၌ အလွန်အမင်း စိတ်ဓါတ်ကျခြင်း မဖြစ်ပါနှင့် ...
( ဟင်းရစ်အစ်ဆန် )
* စရိုက်၌လည်းကောင်း ၊ အပြုအမှုများ၌လည်းကောင်း ၊ ဟန်၌လည်းကောင်း ၊ အရာအားလုံး၌လည်း
ကောင်း အဓိကအကျဆုံးအချက်မှာ ရိုးသားမှုပင်ဖြစ်သည် ... (လောင်ဖဲလ်လိုး)
No comments:
Post a Comment