အခါတစ်ပါး၌ မြတ်စွာဘုရားရှင်သည် မဂဓတိုင်း မာတုလမြို့၌ သီတင်းသုံးနေစဉ် ရဟန်းတို့အား
ခေါ်ယူ၍ ဤတရားကို မိန့်တော်မူ၏ …
ရဟန်းတို့ ထိုအခါ မင်းမျိုးဖြစ်သော ဦးထိပ်၌ ဘိသိက်သွန်းပြီးသောမင်းသည် အမှုဆောင်အမတ်
များဘဏ္ဍာရေးအမတ်များ အမတ်ချုပ်များ စစ်သည်ဗိုလ်ပါများ တံခါးမှူးများနှင့် ပညာရှိ ( ပုရောဟိတ် )
အမတ်များတို့ကို စည်းဝေးစေ၍ အပြစ်ကင်းသော စကြဝတေးမင်း ကျင့်ဝတ်ကိုမေး၏ … မေးသည်ရှိ
သော် ထိုအမတ်တို့သည် အပြစ်ကင်းသော စကြဝတေးမင်း ကျင့်ဝတ်ကိုထိုမင်းအား ဖြေကြားကုန်၏ …
အမတ်တို့၏စကားကိုကြား၍ တရားနှင့်လျော်သော စောင့်ရှောက်မှု ကာကွယ်မှု လုံခြုံမှုကို စီရင်စေ
၏ … ပစ္စည်းဥစ္စာမရှိသူတို့အား ပစ္စည်းဥစ္စာကို မပေး … ပစ္စည်းဥစ္စာမရှိသူတို့အား ပစ္စည်းဥစ္စာ မပေးသည်ရှိ
သော် ဆင်းရဲ့ခြင်းပွားများလာ၏ … ဆင်းရဲခြင်းပွားများလာသောအခါ ယောကျ်ားတစ်ယောက်သည် သူတစ်
ပါးတို့မပေးသော ဥစ္စာကို ခိုးလိုသောစိတ်ဖြင့် ခိုးယူ၏ … ထိုယောကျ်ားကို ဖမ်းကုန်၏ … ဖမ်းပြီးလျှင် မင်း
မျိုးဖြစ်သော ဦးထိပ်၌ အဘိသိက်သွန်းပြီးသောမင်းအား “ မင်းမြတ် ဤယောကျ်ားသည် သူတစ်ပါးတို့မ
ပေးသော ဥစ္စာကို ခိုးယူလိုသောစိတ်ဖြင့် ယူပါ၏ ” ဟုဆိုပြကုန်၏ …
ရဟန်းတို့ ဤသို့ဆိုပြ၍ရသော် မင်းမျိုးဖြစ်သော ဦးထိပ်၌ ဘိသိက်သွန်းပြီးသော မင်းသည် ထို
ယောကျ်ားအား ဤစကားကိုဆို၏ “ အချင်းယောကျ်ား သင်သည် သူတစ်ပါးတို့ မပေးသော ဥစ္စာကို ခိုးလို
သောစိတ်ဖြင့် ယူ၏ဟူသည် မှန်သလော ” ဟုဆို၏ …
“ မှန်ပါသည် မင်းမြတ် ” ဟုလျှောက်၏ …
“ အဘယ်ကြောင့်ခိုးယူသနည်း ” ဟုဆို၏ …
“ မင်းမြတ် အသက်မွေးမှု မလုံလောက်သောကြောင့်ပါတည်း ” ဟုလျှောက်၏ …
ရဟန်းတို့ ထိုအခါ မင်းမျိုးဖြစ်သော ဦးထိပ်၌ ဘိသိက်သွန်းပြီးသော မင်းသည် “ ယောကျ်ား သင်သည်
ဤဥစ္စာဖြင့် ကိုယ်တိုင်လည်း အသက်မွေးလော ၊ မိဘကိုလည်း ကျွေးမွေးလော ၊ သားမယားတို့ကိုလည်း
ကျွေးမွေးလော ၊ အလုပ်အကိုင်လည်း လုပ်ကိုင်လော ၊ အထက်ဘုံသို့ ရောက်စေသည့် အကျိုးရှိသော
ကောင်းမြတ်သော အကျိုးဆယ်ပါးကို ဖြစ်စေတက်သော ချမ်းသာသော အကျိုးရှိသော နတ်ပြည်၌ ဖြစ်စေ
တက်သော အလှူကို သမဏဗြာဟ္မဏ တို့၌ တည်စေလော ” ဟုဆို၍ ထိုယောကျ်ား အားဥစ္စာကိုပေး၏ …
ရဟန်းတို့ ထိုယောကျ်ားသည် “ မင်းမြတ် ကောင်းပါပြီ ” ဟု မင်းမျိုးဖြစ်သော ဦးထိပ်၌ဘိသိက်သွန်းပြီး
သောမင်းအားဝန်ခံ၏..
ရဟန်းတို့ ယောကျ်ားတစ်ယောက်သည်လည်း သူတစ်ပါးတို့ မပေးသော ဥစ္စာကို ခိုးလိုသောစိတ်ဖြင့်
ယူ၏ … ထိုယောကျ်ားကိုဖမ်းကုန်၏ ၊ ဖမ်းပြီးလျှင် မင်းမျိုးဖြစ်သော ဦးထိပ်၌ ဘိသိက်သွန်းပြီးသော မင်းအား
“ မင်းမြတ် ဤယောကျ်ားသည် သူတစ်ပါးတို့ မပေးသော ဥစ္စာကို ခိုးလိုသောစိတ်ဖြင့် ယူပါ၏ ” ဟုဆို၍ ပြ
ကုန်၏ … ရဟန်းတို့ ဤသို့ဆို၍ပြသော် မင်းမျိုးဖြစ်သော ဦးထိပ်၌ ဘိသိက်သွန်းပြီးသော မင်းသည်
ထိုယောကျ်ားအား ဤစကားကိုဆို၏ “ အချင်းယောကျ်ား သင်သည် သူတစ်ပါးတို့ မပေးသော ဥစ္စာကို
ခိုးလိုသော စိတ်ဖြင့်ယူ၏ ဟူသည် မှန်သလော ” ဟုဆို၏ …
“ မှန်ပါသည် မင်းမြတ် ” ဟုလျှောက်၏ …
“ အဘယ်ကြောင့် ခိုးယူသနည်း ” ဟုဆို၏ …
“ မင်းမြတ် အသက်မွေးမှု မလုံလောက်သောကြောင့် ပါတည်း ” ဟုလျှောက်၏ …
ရဟန်းတို့ ထိုအခါ မင်းမျိုးဖြစ်သော ဦးထိပ်၌ ဘိသိက်သွန်းပြီးသော မင်းသည် “ ယေားကျ်ား သင်
သည်ဤဥစ္စာဖြင့်ကိုယ်တိုင်လည်းအသက်မွေးလော၊မိဘကိုလည်းကျွေးမွေးလော၊သားမယားကိုလည်း
ကျွေးမွေးလော ၊ အလုပ်အကိုင်တို့ကိုလည်း လုပ်ကိုင်လော ၊ အထက် အထက်ဘုံသို့ ရောက်စေသည့်
အကျိုးရှိသော ကောင်းမြတ်သော အကျိုးဆယ်ပါးကို ဖြစ်စေတက်သော ချမ်းသာသော အကျိုးရှိသော
နတ်ပြည်၌ ဖြစ်စေတက်သော အလှူကို သမဏဗြဟ္မဏတို့၌ တည်စေလော ” ဟုဆို၍ ထိုယောကျ်ားအား
ဥစ္စာကိုပေး၏ …ရဟန်းတို့ ထိုယောကျ်ားသည် “ မင်းမြတ် ကောင်းပါပြီ ” ဟု မင်းမျိုးဖြစ်သော ဦးထိပ်၌
ဘိသိက်သွန်းပြီးသောမင်းအား ဝန်ခံ၏ …
ရဟန်းတို့ လူတို့သည် “ အချင်းတို့ သူတစ်ပါးတို့ မပေးသာ ဥစ္စာကို ခိုးလိုသော စိတ်ဖြင့် ယူသော
သူတို့အား မင်းသည် ဥစ္စာကိုပေးသတတ် ” ဟု ကြာကြကုန်၏ … ယင်းသို့ကြားသဖြင့် “ ငါတို့သည်
သူတစ်ပါးတို့ မပေးသော ဥစ္စာကို ခိုးလိုသောစိတ်ဖြင့် ယူရမူ ကောင်းလေစွ ” ဟု အကြံဖြစ်၏ …
ရဟန်းတို့ ထိုအခါ တစ်ယောက်သော ယောကျ်ားသည် သူတစ်ပါးတို့ မပေးသော ဥစ္စာကို ခိုးလိုသော
စိတ်ဖြင့် ယူလေ၏ … ထိုခိုးသူ ယောကျ်ားကို ဖမ်းကုန်၏ …ဖမ်းပြီးလျှင် မင်းမျိုးဖြစ်သော ဦးထိပ်၌
ဘိသိက်သွန်းပြီးသောမင်းသည် ထိုခိုးသူယောကျ်ားအား ဤစကားကိုဆို၏ “ အချင်းယောကျ်ား သင်သည်
သူတစ်ပါးတို့ မပေးသော ဥစ္စာကို ခိုးလိုသောစိတ်ဖြင့် ယူ၏ဟူသည် မှန်သလော ” ဟုဆို၏ …
“ မှန်ပါသည် မင်းမြတ် ” ဟုလျှောက်၏ …
“ အဘယ်ကြောင့် ခိုးယူသနည်း ” ဟုဆို၏ …
“ မင်းမြတ် အသက်မွေးမှု မလုံလောက်သောကြောင့်ပါတည်း ” ဟုလျှောက်၏ …
ရဟန်းတို့ ထိုအခါ မင်းမျိုးဖြစ်သော ဦးထိပ်၌ ဘိသိက်သွန်းပြီးသော မင်းအား ဤသို့သော အကြံသည်
ဖြစ်၏ …
“ သူတစ်ပါးတို့ မပေးသော ဥစ္စာကို ခိုးလိုသောစိတ်ဖြင့် ယူသောသူအား အကယ်၍ ငါသည် ဥစ္စာပေး
အံ ၊ ဤသို့ ပေးနေခဲ့လျှင် ဤခိုးယူမှုသည် တိုးပွားလတ္တံ ၊ ငါသည် ဤခိုးသူ ယောကျ်ားကို ကောင်းစွာ
နှိပ်ကွပ်ခြင်းဖြင့် နှိပ်ကွပ်ရမူ ကောင်းလေစွ ၊ ခိုးမှုအမြစ်ပြတ်အောင် ပြုရမူ ကောင်းလေစွ ထိုသူ၏ ဦး
ခေါင်းကို ဖြတ်ရမူကောင်းလေစွ ” ဟု အကြံဖြစ်၏ …
ရဟန်းတို့ ထိုအခါ မင်းမျိုးဖြစ်သော ဦးထိပ်၌ ဘိသိက်သွန်းပြီးသော မင်းသည် မင်းချင်ယောကျ်ားတို့
ကို အမိန့်ပေး၏ …
“ အချင်းတို့ ထိုသို့ဖြစ်လျှင် ဤခိုးသူ ယောကျ်ားကို မြဲမြံခိုင်ခံသော ကြိုးဖြင့် မြဲမြံစွာ လက်ပြန်ကြိုးတုပ်
နှောင်လျက် ခေါင်းတုံးရိတ်ပြီးလျင် အသံပြင်းသော ထက်စည်ကိုတီးကာ လမ်းမတစ်ခုမှ လမ်းမတစ်ခုသို့
၊လမ်းဆုံတစ်ခုမှ လမ်းဆုံတစ်ခုသို့ ခေါ်ဆောင်၍ တောင်တံခါးမှ ထွက်ပြီးသော် မြို့၏ တောင်ဘက်၌
ကောင်းစွာ နှိပ်ကွပ်ခြင်းဖြင့် နှိပ်ကွပ်ကုန်လော … အဆုံးစီရင်ခြင်းဖြင့် အမြစ်ပြတ်အောင် ပြုကုန်လော ၊ ထိုခိုးသူယောကျ်ား၏ဦးခေါင်းကို ဖြတ်ကုန်လော ” ဟု အမိန့်ပေး၏ …
ရဟန်းတို့ ထိုမင်းချင်းယောကျ်ားတို့သည် “ မင်းမြတ် ကောင်းပါပြီ ” ဟုမင်းမျိုးဖြစ်သော ဦးထိပ်၌ ဘိ
သိက်သွန်းပြီးသော မင်းအားဝန်ခံ၍ ထိုခိုးသူ ယောကျ်ားကို မြဲမြံခိုင်ခံ့သော ကြိုးဖြင့် မြဲမြံစွာ လက်ပြန်
ကျိုး တုပ်နှောင်လျက် သင်တုံးဖြင့် ခေါင်းတုံးရိတ်ပြီးလျှင် အသံပြင်းသောထက်စည်ကို တီးကာ လမ်းမ
တစ်ခုမှလမ်းမတစ်ခုသို့ ၊ လမ်းဆုံတစ်ခုမှ လမ်းဆုံတစ်ခုသို့ ခေါ်ဆောင်၍ တောင်တံခါးမှ ထွက်ပြီးလျှင်
မြို့၏ တောင်ဘက်၌ကောင်းစွာနှိပ်ကွပ်ခြင်းဖြင့် နှိပ်ကွပ်ကုန်၏ … အဆုံးစီရင်ခြင်းဖြင့် အမြစ်ပြတ်အောင်
ပြုကုန်၏ … ထိုခိုးသူယောကျ်ား၏ ဦးခေါင်းကို ဖြတ်ကုန်၏ …
ရဟန်းတို့လူတို့သည် “ အချင်းတို့ သူတစ်ပါးတို့ မပေးသာ ဥစ္စာကို ခိုးလိုသော စိတ်ဖြင့် ယူသောသူ
တို့ကို မင်းသည် အပြီးတိုင် နှိပ်ကွပ်၏ … အဆုံးစီရင်ခြင်းဖြင့် အမြစ်ပြတ်အောင် ပြု၏ … ထိုခိုးသူ
ယောကျ်ား၏ဦးခေါင်းကို ဖြတ်၏ ” ဟုကြားကုန်၏ … ယင်းသို့ကြားသဖြင့် “ ငါတို့သည်လည်း ထက်သောလက်နက်တို့ကိုပြုလုပ်စေကုန်အံ … ထက်သောလက်နက်တို့ ပြုလုပ်စေပြီးလျှင် အကြင်သူ
တို့မပေးသော ဥစ္စာကို ခိုးလိုသောစိတ်ဖြင့် ခိုးယူကုန်အံ့ ၊ ထိုဥစ္စာရှင်တို့၏ ဦးခေါင်းကို ဖြတ်ကုန်အံ ”
ဟုအကြံဖြစ်၏ … ထိုသူတို့သည် ထက်သော လက်နက်တို့ကို ပြုလုပ်စေကုန်၏ … ထက်သောလက်နက်
တို့ကို ပြုလုပ်စေပြီးလျှင် ရွာကို လုယက်ဖျက်ဆီးခြင်းငှါလည်း အားထုတ်ကုန်၏ … နိဂုံးကို လုယက်ဖျက်
ဆီးခြင်းငှါလည်း အားထုတ်ကုန်၏ … မြို့ကိုလုယက်ဖျက်ဆီးခြင်းငှါလည်း အားထုတ်ကုန်၏ … လမ်း၌
စောင့်၍ လုယက်ဖျက်ဆီးခြင်းငှါလည်း အားထုတ်ကုန်၏ …
ထိုသူတို့သည် အကြင်သူတို့ မပေးသော ဥစ္စာကို ခိုးလိုသောစိတ်ဖြင့် ယူကြကုန်၏ … ထိုဥစ္စာရှင်တို့
ကို အပြီးတိုင် နှိပ်ကွပ်ကုန်၏ … အဆုံးစီရင်ခြင်းဖြင့် အမြစ်ပြတ်အောင် ပြုကုန်၏ … ထိုဥစ္စာရှင်တို့၏
ဦးခေါင်းကို ဖြတ်ကုန်၏ …
ရဟန်းတို့ ဤသို့ဆိုလျှင် ပစ္စည်ဥစ္စာမရှိသူတို့အား ပစ္စည်းဥစ္စာကို မပေးသော်လည်း ဆင်းရဲ့ခြင်းပွား
များလာ၏ … ဆင်းရဲ့ခြင်းပွားများလာသော် မပေးသော ဥစ္စာကို ခိုးယူမှုပွားများလာ၏ … ခိုးယူမှုပွားများလာ
သော်လက်နက်ပွားများလာ၏…လက်နက်ပွားများလာသော်အသက်သတ်မှုပွားများလာ၏…အသက်သတ်မှု
ပွားများလာသော် ထိုသတ္တဝါတို့၏ အသက်သည်လည်း ဆုတ်ယုတ်လာ၏ … အဆင်းသည်လည်း
ဆုတ်ယုတ်လာ၏ … အသက်အားဖြင့်လည်း ဆုတ်ယုတ်ကုန်သော အဆင်းအားဖြင့်လည်း ဆုတ်ယုတ်
ကုန်သော အနှစ်ရှစ်သောင်း အသက်ရှည်ကုန်သော ထိုသူတို့၏ သားသမီးတို့သည် အနှစ်လေးသောင်း
အသက်ရှည်ကုန်၏ …
ရဟန်းတို့ အနှစ်လေးသောင်း အသက်ရှည်ကုန်သော လူတို့တွင် တစ်ယောက်သော ယောကျ်ားသည်
သူတစ်ပါးတို့ မပေးသော ဥစ္စာကို ခိုးလိုသောစိတ်ဖြင့် ယူ၏ … ထိုခိုးသူကို ဖမ်းကုန်၏ … ဖမ်းပြီးလျှင်
မင်းမျိုးဖြစ်သော ဦးထိပ်၌ အဘိသိက်သွန်းပြီးသော မင်းအား “ မင်းမြတ် ဤယောကျ်ားသည် သူတစ်ပါးတို့
မပေးသောဥစ္စာကို ခိုးလိုသောစိတ်ဖြင့် ယူပါ၏ ” ဟု ဆို၍ပြကုန်၏ … ရဟန်းတို့ ဤသို့ဆို၍ပြသော်
မင်းမျိုး၌ဖြစ်သောဦးထိပ်၌ ဘိသိက်သွန်းပြီးသော မင်းသည် ထိုယောကျ်ားအား ဤစကားကိုဆို၏
“ အချင်းယောကျ်ား သင်သည်သူတစ်ပါးတို့ မပေးသော ဥစ္စာကို ခိုးလိုသောစိတ်ဖြင့် ယူ၏ ဟူသည်
မှန်သလော ” ဟုဆို၏ …
“ မမှန်ပါ မင်းမြတ် ” ဟု သိလျက် မဟုတ်မမှန်သော စကားကိုဆို၏ …
ရဟန်းတို့ ဤသို့ဆိုလျှင် ပစ္စည်းဥစ္စာ မရှိသူတို့အား ပစ္စည်းဥစ္စာကို မပေးသော် ဆင်းရဲ့ခြင်း ပွားများ
လာ၏ … ဆင်းရဲ့ခြင်းပွားများလာသော် မပေးသော ဥစ္စာကို ခိုးယူမှုပွားများလာ၏…ခိုးယူမှုပွားများလာ
သော်လက်နက်ပွားများလာ၏ … လက်နက်ပွားများလာသော် အသက်သတ်မှုပွားများလာ၏ … အသက်
သတ်မှုပွားများလာသော် မဟုတ်မမှန်ပြောမှု ပွားများလာ၏ … မဟုတ်မမှန်မပြောမှု ပွားများလာသော် ထိုသတ္တဝါတို့၏အသက်သည်လည်းဆုတ်ယုတ်လာ၏…အဆင်းသည်လည်းဆုတ်ယုတ်ယုတ်၏…
အသက်အားဖြင့်လည်းဆုတ်ယုတ်ကုန်သောအဆင်းအားဖြင့်လည်းဆုတ်ယုတ်ကုန်သော အနှစ်လေး
သောင်း အသက်ရှည်ကုန်သောထိုသူတို့၏ သားသမီးတို့သည် အနှစ်နှစ်သောင်း အသက်ရှည်ကုန်၏ …
ရဟန်းတို့ အနှစ်နှစ်သောင်း အသက်ရှည်သော လူတို့တွင် တစ်ယောက်သောယောကျ်ားသည် သူ
တစ်ပါးတို့ မပေးသော ဥစ္စာကို ခိုးလိုသောစိတ်ဖြင့် ယူ၏ … ထိုသူကိုတစ်ယောက်သော ယောကျ်ားသည်
မင်းမျိုးဖြစ်သော ဦးထိပ်၌ ဘိသိတ်သွန်းပြီးသော မင်းအား “ မင်းမြတ် ဤမည်သော ယောကျ်ားသည်
သူတစ်ပါးတို့ မပေးသော ဥစ္စာကို ခိုးလိုသောစိတ်ဖြင့် ယူပါ၏ ” ဟု ကုန်းချောခြင်းကိုပြု၏ …
ရဟန်းတို့ ဤသို့လျှင် ပစ္စည်းဥစ္စာမရှိသူတို့အား ပစ္စည်းဥစ္စာကို မပေးသော် ဆင်းရဲ့မှု ပွားများလာ၏ .
ဆင်းရဲမှုပွားများလာသော် မပေးသော ဥစ္စာကို ခိုးယူမှု ပွားများလာ၏ … ခိုးယူမှုပွားများလာသော် လက်နက်
ပွားများလာ၏ … လက်နက်ပွားများလာသော် အသက်သတ်မှုပွားများလာ၏ … အသက်သတ်မှုပွားများလာ
သော် မဟုတ်မမှန်ပြောမှု ပွားများလာ၏ … မဟုတ်မမှန်ပြောမှုပွားများလာသော် ကုန်းချောမှု ပွားများလာ၏ …ကုန်းချောမှုပွားများလာသော် ထိုသတ္တဝါတို့၏ အသက်သည်လည်း ဆုတ်ယုတ်၏ … အဆင်းသည်လည်း
ဆုတ်ယုတ်၏ … အသက်အားဖြင့်လည်း ဆုတ်ယုတ်ကုန်သော အဆင်းအားဖြင့်လည်း ဆုတ်ယုတ်ကုန်သော
အနှစ်နှစ်သောင်း အသက်ရှည်ကုန်သော ထိုသူတို့၏ သားသမီးတို့သည် အနှစ် တစ်သောင်း အသက်ရှည်ကုန်၏ …
ရဟန်းတို့ အနှစ်တစ်သောင်း အသက်ရှည်ကုန်သော လူတို့တွင် အချို့သတ္တဝါတို့သည် အဆင်းလှ
ကုန်၏ … အချို့သတ္တဝါတို့သည် အဆင်းမလှကုန် … ထိုသူတို့တွင် အဆင်းမလှသော သတ္တဝါတို့သည် အ
ဆင်းလှသော သတ္တဝါတို့ကို တပ်မက်ကုန်၍ သူတစ်ပါးတို့၏ သားမယားတို့ကို လွန်ကျူးကုန်၏ …
ရဟန်းတို့ ဤသို့လျှင် ပစ္စည်ဥစ္စာမရှိသူတို့အား ပစ္စည်းဥစ္စာကို မပေးသော် ဆင်းရဲမှု ပွားများလာ၏ ..
ဆင်းရဲမှုပွားများလာသော် ကာမဂုဏ်တို့၌ မှားယွင်းစွာ ကျင့်မှုပွားများလာ၏ … ကာမဂုဏ်တို့၌ မှားယွင်းစွာ
ကျင့်မှုပွားများလာသော် ထိုသတ္တဝါတို့၏ အသက်သည်လည်း ဆုတ်ယုတ်၏ ၊ အဆင်းသည်လည်းဆုတ်
ယုတ်၏ … အသက်အားဖြင့်လည်း ဆုတ်ယုတ်ကုန်သော အဆင်းအားဖြင့်လည်း ဆုတ်ယုတ်ကုန်သော
အနှစ်တစ်သောင်း အသက်ရှည်ကုန်သော ထိုသူတို့၏ သားသမီးတို့သည် အနှစ်ငါးထောင် အသက်ရှည်ကုန်၏ …
ရဟန်းတို့ အနှစ်ငါးထောင် အသက်ရှည်ကုန်သော လူတို့တွင် ကြမ်းတမ်းသော စကားပြိန်ဖျင်းသောစ
ကားဟူသော တရားနှစ်ပါးတို့ ပွားများလာကုန်၏ … တရားနှစ်ပါးပွားများလာကုန်သော် ထိုလူတို့၏ အသက
်သည်လည်း ဆုတ်ယုတ်၏ … အဆင်းသည်လည်း ဆုတ်ယုတ်၏ … အသက်အားဖြင့်လည်း ဆုတ်ယုတ်ကုန်သော အဆင်းအားဖြင့်လည်း ဆုတ်ယုတ်ကုန်သော အနှစ်ငါးထောင် အသက်ရှည်ကုန်သော ထိုသူတို့၏ သားသမီး
အချို့တို့သည် အနှစ်နှစ်ထောင့်ငါးရာ အသက်ရှည်ကုန်၏ … အချို့သော သားသမီးတို့သည် အနှစ်နှစ်ထောင်
အသက်ရှည်ကုန်၏ …
ရဟန်းတို့ အနှစ်နှစ်ထောင့်ငါးရာ အသက်ရှည်ကုန်သော လူတို့၌ လိုချင်တပ်မက်ခြင်း “ အဘိဇ္ဈာ ”
ပျက်စီးစေလိုခြင်း “ ဗျာပါဒ ” တရားတို့ ပွားများလာကုန်၏ … လိုချင်တပ်မက်ခြင်း “ အဘိဇ္ဈာ ” ပျက်စီးစေ
လိုချင်း “ ဗျာပါဒ ” တရားတို့ပွားများလာကုန်သော် ထိုသတ္တဝါတို့၏ အသက်သည်လည်း ဆုတ်ယုတ်၏ …
အဆင်းသည်လည်း ဆုတ်ယုတ်၏ … အသက်အားဖြင့်လည်း ဆုတ်ယုတ်ကုန်သော အဆင်းအားဖြင့်လည်း
ဆုတ်ယုတ်ကုန်သော အနှစ်နှစ်ထောင့် ငါးရာအသက်ရှည်ကုန်သော ထိုသူတို့၏ သားသမီးတို့သည် အနှစ်
တစ်ထောင် အသက်ရှည်ကုန်၏ …
ရဟန်းတို့ အနှစ်တစ်ထောင် အသက်ရှည်ကုန်သော လူတို့၌ မှားသော အယူဝါဒတို့ ပွားများလာ၏ …
မှားသော အယူဝါဒတို့ပွားများလာသော် ထိုသူတို့၏ အသက်သည်လည်းဆုတ်ယုတ်၏ … အဆင်းသည်လည်း
ဆုတ်ယုတ်၏ … အသက်အားဖြင့်လည်း ဆုတ်ယုတ်ကုန်သော အဆင်းအားဖြင့်လည်းဆုတ်ယုတ်ကုန်သော
အနှစ်တစ်ထောင် အသက်ရှည်ကုန်သော ထိုသူတို့၏ သားသမီးတို့သည် အနှစ်ငါးရာ အသက်ရှည်ကုန်၏ …
ရဟန်းတို့ အနှစ်ငါးရာ အသက်ရှည်ကုန်သော လူတို့၌ မတရားသော တပ်မက်ခြင်း “ အဓမ္မရာဂ ” ၊
အလွန်အကြူးတပ်မက်ခြင်း “ ဝိသမလောဘ ” ၊ မှားသောအကျင့်တရား “ မိစ္ဆာဓမ္မ ” ဟူသော တရားသုံးပါး
တို့ များပြားကုန်၏ ၊ တရားသုံးပါးတို့ များပြားကုန်သော် ထိုသတ္တဝါတို့၏ အသက်သည်လည်း ဆုတ်ယုတ်
ကုန်၏ ၊ အဆင်းသည်လည်း ဆုတ်ယုတ်ကုန်၏ ၊ အသက်အားဖြင့်လည်း ဆုတ်ယုတ်ကုန်သော အဆင်းအား
ဖြင့်လည်း ဆုတ်ယုတ်ကုန်သော အနှစ်ငါးရာ အသက်ရှည်ကုန်သော ထိုသူတို့၏ သားသမီးတို့ အချို့သည်
အနှစ် နှစ်ရာငါးဆယ် အသက်ရှည်ကုန်၏ … အချို့သော သားသမီးတို့သည် အနှစ်နှစ်ရာ အသက်ရှည်ကုန်
၏ …
ရဟန်းတို့ အနှစ်နှစ်ရာ့ငါးဆယ် အသက်ရှည်ကုန်သော လူတို့၌ -
အမိ၌ ကောင်းစွာပြုသင့်သော ဝတ်ကို မပြုခြင်း …
အဖ၌ ကောင်းစွာပြုသင့်သော ဝတ်ကို မပြုခြင်း …
သမဏတို့၌ ကောင်းစွာပြုသင့်သော ဝတ်ကို မပြုခြင်း …
ဗြဟ္မဏတို့၌ ကောင်းစွာပြုသင့်သော ဝတ်ကို မပြုခြင်း …
အမျိုး၌ ကြီးသောသူတို့ကို ရိုသေတုပ်ဝတ်မှု မပြုခြင်းဟူသော ဤတရားတို့သည် ပွားများလာကုန်
၏ …
ရဟန်းတို့ ဤသို့လျှင် ပစ္စည်းဥစ္စာမရှိသောသူတို့အား ပစ္စည်းကို မပေးသော် ဆင်းရဲ့ခြင်းပွားများလာ
၏ ၊ ဆင်းရဲ့ခြင်းပွားများလာသော် သူတစ်ပါးတို့မပေးသော ဥစ္စာကို ခိုးယူမှု ပွားများလာ၏ ၊ ခိုးယူမှုပွား
များလာသော် လက်နက်ပွားများလာ၏ ၊ လက်နက်ပွားများလာသော် အသက်သတ်မှု ပွားများလာ၏ ၊
အသက်သတ်မှုပွားများလာသော် မဟုတ်မမှန်ပြောမှု ပွားများလာ၏ ၊ မဟုတ်မမှန်ပြောမှု ပွားများလာသော်
ကုန်းချောမှုပွားများလာ၏ ၊ ကုန်းချောမှု ပွားများလာသော် ကာမဂုဏ်တို့၌ မှားယွင်းစွာ ကျင့်မှုပွားများလာ၏ ၊
ကာမဂုဏ်တို့၌ မှားယွင်းစွာ ကျင့်မှု ပွားများလာသော် ကြမ်းတမ်းသောစကား ပြိန်ဖျင်းသောစကား တရားနှစ်ပါးတို့
ပွားများလာကုန်၏ ၊ တရားနှစ်ပါးတို့ ပွားများလာကုန်သော် လိုချင်တပ်မက်ခြင်း “ အဘိဇ္ဈာ ” ၊ ပျက်စီးစေလိုခြင်း
“ ဗျာပါဒ ”တို့ပွားများ လာကုန်၏ ၊ လိုချင်တပ်မက်ခြင်း “ အဘိဇ္ဈာ ” ၊ပျက်စီးစေလိုခြင်း “ ဗျာပါဒ ” တို့ပွားများလာ
ကုန်သော် မှားသောအယူဝါဒ ပွားများလာ၏ ၊ မှားသော အယူဝါဒ ပွားများလာသော် မတရားသောတပ်မက်ခြင်း
“ အဓမ္မရာဂ ”၊အလွန်အကျူးတပ်မက်ခြင်း “ ဝိသမလောဘ ” ၊ မှားသောအကျင့်တရား “ မိစ္ဆာဓမ္မ ” တရားသုံးပါးတို့
ပွားများလာကုန်၏ … တရားသုံးပါးတို့ ပွားများလာကုန်သော် ...
အမိ၌ ကောင်းစွာ ပြုသင့်သော ဝတ်ကို မပြုခြင်း …
အဖ၌ ကောင်းစွာ ပြုသင့်သော ဝတ်ကို မပြုခြင်း …
သမဏတို့၌ ကောင်းစွာ ပြုသင့်သော ဝတ်ကို မပြုခြင်း …
ဗြဟ္မဏတို့၌ ကောင်းစွာ ပြုသင့်သော ဝတ်ကို မပြုခြင်း …
အမျိုး၌ ကြီးသောသူတို့ကို ရိုသေတုပ်ဝပ်မှု မပြုခြင်းဟူသော ဤတရားတို့သည် ပွားများလာကုန်၏ …
ဤတရားတို့ ပွားများလာကုန်သော် ထိုသူတို့၏ အသက်သည်လည်း ဆုတ်ယုတ်၏ ၊ အဆင်းလည်း
ဆုတ်ယုတ်၏ ၊ အသက်အားဖြင့်လည်း ဆုတ်ယုတ်ကုန်သော အဆင်းအားဖြင့်လည်း ဆုတ်ယုတ်ကုန်သော
အနှစ်နှစ်ရာငါးဆယ် အသက်ရှည်ကုန်သော ထိုလူတို့၏ သားသမီးတို့သည် အနှစ်တစ်ရာ အသက်ရှည်ကုန်
၏ …
ဇော်လေး ( ၅ . ၃ . ၂၀၁၁ )
Subscribe to:
Post Comments (Atom)
-
အခါတစ်ပါး၌ မြတ်စွာဘုရားသည် သာဝတ္ထိပြည် အနာ ထပိဏ်သူဌေး၏ နှလုံးမွေ့လျော် ပျော်ဖွယ်ရာဖြစ်သော ဇေတဝန် ကျောင်းတော်၌ သီတင်းသုံးနေထိုင်...
-
စကား စကား ပြောပါများ စကားထဲက ဇာတိပြ ၊ တရား တရား ဟောပါများ တရားထဲက ပါဠိရ ဆိုသော စကားတစ်ခွန်းရှိသည် ... လူ့လောကတွင် လူသားတစ်ယောက်အဖြစ် အ...
No comments:
Post a Comment